ဒေါ်အောင်ဆန်းစုကြည်၏ နတ်မောက်မြို့ လူထုဟောပြောပွဲ အကန့် အသတ်များနဲ့ ကြုံ

မကွေးတိုင်း နတ်မောက်မြို့တွင် ဒီဇင်္ဘာ (၈) ရက်နေ့တွင် ကျရောက်သော အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်မှ နေ့လည်ပိုင်းတွင် လာရောက်၍ လူထု
 ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပါသဖြင့် မြို့နယ် ကော်မရှင် ၊မြို့နယ် အထွေထွေ ဦးစီးဌာန တို့ ကို စာတင်ရာ ကော်မရှင်မှ အဖွဲ့အနေဖြင့် ဆုံးဖြတ် ပေးနိုင်စွမ်း မရှိကြောင်း အကြောင်း ပြန်ခဲ့ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်မှုး ဦးသန်းကိုမှ ညွှန်ကြားချက်ပါ အတိုင်းစီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေအရ လျှောက်ထားရန် ညွှန်ကြားလာပါသည်။ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေဖြင့် ထိုသို့ လျှောက်ထားရန် လုပ်နည်းလုပ်ထုံး ဥပဒေနှင့် မညီညွတ် ပါသဖြင့် မြို့နယ်မှုး ရဲတပ်ဖွဲ့ရုံးသို့ လျှောက်ထားမည် မဟုတ်ကြောင်း ပြန်ကြားခဲ့ဟု နတ်မောက်မြို့ နယ် NLD ပါတီ တာဝန်ရှိသူများက Myanmar News Now ကို ပြောပါသည်။

ကန့် သတ်ထားတဲ့ ညွှန်ကြားချက် မူရင်း ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည်၏ နတ်မောက်မြို့ လူထုဟောပြောပွဲ အကန့် အသတ်များနဲ့ ကြုံ ဒေါ်အောင်ဆန်းစုကြည်၏ နတ်မောက်မြို့ လူထုဟောပြောပွဲ အကန့် အသတ်များနဲ့ ကြုံ Reviewed by သစ်ထူးလွင် on 09:44 Rating: 5

No comments:

Powered by Blogger.