ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်

မြန်မာ စစ်တပ်နဲ့ ကချင် သူပုန်တွေကြား တိုက်ပွဲ သတင်းတွေကြောင့် နုနယ်သေးတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်မှု အတွက် ပြည်တွင်း မှာရော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်းမှာပါ စိုးရိမ်မှုတွေ တိုးပွား လာစေပါ တယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟာလည်း ကချင်ပြည်နယ်တွင်း အခြေအနေမှန်ကို သိရှိနိုင်ရေး အတွက် ကချင် ပြည်နယ်ကို ပထမဆုံး အကြိမ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ တော်ကနေ ဗွီအိုအေ သတင်းထောက် Deniel Schearf ပေးပို့ထားတဲ့သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာအစိုးရတပ်တွေဟာ ရုရှားလုပ် စက်သေနတ်တင် ရဟတ် ယာဉ်တွေ အသုံးပြုပြီး တရုတ်နယ်စပ်အနီးမှာ အခြေစိုက်တဲ့ ကချင် လက်နက်ကိုင် တပ်တွေ ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ပြည်ပ အခြေစိုက် မြန်မာသတင်း ဌာနတွေ က ဖော်ပြခဲ့ကြပါတယ်။

အစိုးရတပ်တွေဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်စခန်းနဲ့ သိပ်မဝေးတဲ့ နေရာ အထိ လာ ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပြောခွင့်ရ ဦးလာနန် ပြောကြား ချက်ကို ကိုးကားပြီး  ကချင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ခွဲ တစ်ခုက ကချင်လက်နက်ကိုင်တချို့နဲ့ တိုက်ခိုက်မှုတွေအတွင်း မြန်မာစစ်သား ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့ ဦးလာနန်က ပြောပါတယ်။

ဒီဒေသက ဝေးလံခေါင်သီပြီး မြန်မာအစိုးရကလည်း ဒီလို တိုက်ပွဲသတင်းတွေကို ထုတ်ပြန်မှု သိပ်မရှိလှတာကြောင့် သတင်းတွေကို အတည်ပြုချက်ရယူဖို့ကတော့ ခက်ခဲပါတယ်။

အရာရှိတွေက စစ်တပ်က ထိုးစစ်ဆင်နေတယ်ဆိုတာကို ငြင်းနေကြပေမယ့် တကယ်မှာတော့ အစိုးရ တပ်တွေက တိုက်ခိုက်နေပါတယ်လို့ လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဒေါ်ဒွဲဘူက ပြော ပါတယ်။

“လွှတ်တော်မှာ မေးမြန်းတဲ့အခါမှာလည်း တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ဖြေဆို သွားတာ ကတော့ သူတို့အနေနဲ့ သမ္မတကြီး ပြောတဲ့အတိုင်းပဲ ထိုးစစ်တွေမဆင်ပါဘူးလို့ လွှတ်တော်မှာ လာရောက်ဖြေဆိုသွားပါတယ်။ အဲလိုပဲ သမ္မတဘက်ကလည်း အောက်ခြေမှာ ဒီလိုမျိုးဖြစ်နေတာ တွေဟာ ပြင်းပြင်းထန်ထန် မဖြစ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အောက်ခြေက လူထုကိုယ်စား လှယ်တွေ အနေနဲ့ရော၊ လူထုတွေ အနေနဲ့ရော သိတာကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီ တပ်မတော်တွေသာ ကချင်ပြည်နယ်ဘက်ကို ထိုးစစ်လာ မဆင် လို့ရှိရင်တော့ ဒီပြဿနာတွေက ဖြစ်ပွားမှာ မဟုတ်ပါဘူး။”

ဦးမင်းဇော်ဦးကတော့ ရန်ကုန် အခြေစိုက် မြန်မာ ငြိမ်းချမ်းရေး စင်တာက အပစ်အခတ် ညှိနှိုင်းရေးနဲ့ အကောင်အထည်ဖော်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ စစ်တပ် ဘက်ကတော့ သူပုန်တွေက တိုက်ခိုက်တာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ လို့ ပြောဆိုနေကြောင်း သူက ပြောပါတယ်။

“ကချင်တွေဘက်က ပြီးခဲ့တဲ့နှစ်က စစ်တပ်ဘက်က သိမ်းယူလိုက်တဲ့ သူတို့ရဲ့ နယ်မြေ ကို ပြန်ရဖို့ တိုက်တာ ဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာဘဲ မြန်မာ့ တပ်မတော်ဘက်ကလည်း ဒီဒေသတွင်း ထောက်ပံ့ရေးနဲ့ ဗျူဟာကျတဲ့ လမ်းမကြီးတွေကို ကာကွယ်ဖို့ တပ်အင်အားကို တိုးနေပါတယ်။”

အင်္ဂါနေ့တုန်းကတော့ ကချင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတစ်ခုကို KIA ဘက်က ၀င်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ရပါတယ်။

KIA နဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေက အပစ်အခတ်ရပ်စဲထားတာ ၁၇ နှစ်တာ ကာလ နောက်ပိုင်း ပြီးခဲ့တဲ့နှစ်ဇွန်လက ပြန်ဖြစ်ခဲ့တာပါ။ မြန်မာအစိုးရက လက်နက်ကိုင် တိုင်းရင်းသား သူပုန်တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့ တာကလည်း တိုက်ပွဲတွေ ပြန်ဖြစ်စေခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ KIO တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတော်များများ လုပ်ခဲ့ပေမယ့်လည်း ဖြစ်ထွန်းမှုကတော့ သိပ်မရှိလှပါဘူး။ KIO ဘက်က အတိမ်းအစောင်း မခံတဲ့ ကိစ္စ တခုဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စကို ဆွေးနွေးချင်နေပေမယ့် အစိုးရ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကိုပဲ အာရုံစိုက် ဆွေးနွေးချင်နေတာပါ။

မြန်မာ ငြိမ်းချမ်းရေး စင်တာဘက်ကနေ နှစ်ဘက်စလုံးကို တပ်တွေရုပ်သိမ်းဖို့ တိုက်တွန်း ခဲ့ပေမယ့် KIO ဘက်ကတော့ မြန်မာအာဏာပိုင်တွေကို အယုံအကြည် မရှိဘူးလို့ ပြောဆို ထားပြီး ဆုံးဖြတ်ချက် ချခွင့်ရှိတဲ့ စစ်ဦးစီးချုပ်တယောက် စေလွှတ်ဖို့ဆိုတာကိုလည်း သဘောမတူ ဖြစ်နေပါတယ်။

တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေပေမယ့်လည်း အစိုးရ စစ်တပ်ဘက်က စိုးရိမ်မှုတချို့ရှိနေပြီး သူပုန်တွေကို အပြုတ်တိုက်မယ့်ပုံတော့ မရှိဘူးလို့ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါ တယ်။ လတ်တလော တိုက်ပွဲတွေက တဖက်နဲ့တဖက် စစ်ဆင်ရေး အကဲစမ်းမှုလုပ်တဲ့ ပွင့်လင်းရာသီနဲ့လည်း တိုက်ဆိုင်နေပါတယ်လို့ ဦးမင်းဇော်ဦးက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲဖို့ရာက နှစ်ဘက်လုံးအနေနဲ့ စွန့်စားရမှာ ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အနည်းဆုံးတော့ အချိန်သိပ်မကြာစေဘဲ တပ်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ ပြန်လည်နေရာ ချထားဖို့ လုပ်ကြရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အခုလို ပွင့်လင်းရာသီမှာ ပဋိပက္ခတွေ ပိုပြီး ဆိုးလာနိုင်ပါတယ်။”

အရပ်သားအစိုးရရဲ့ သမ္မတအဖြစ် ဦးသိန်းစိန် တာဝန်ယူလိုက်ချိန်ကစပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသား သွေးစည်းညီညွတ်မှုတွေကို ထိပ်တန်း ဦးစားပေးအဖြစ် အရေးယူ လုပ်ဆောင်ခဲ့ပါတယ်။

သူပုန်အဖွဲ့အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ လက်မှတ်ရေး ထိုးခဲ့သလို ထိုးစစ်ဆင်တာတွေကိုလည်း အဆုံးသတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် သမ္မတက စစ်တပ်ကို ထိန်းချုပ်မှုမရှိသေးတဲ့အပေါ်မှာတော့ စိုးရိမ်မှုတွေ တိုးလာပါတယ်။

ကုလသမဂ္ဂကတော့ KIA ထိန်းချုပ်ရာ ကယ်ဆယ်ရေး စခန်းတွေမှာ လူသားချင်းစာနာမှု အထောက် အပံ့တွေ ပေးခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အရင်တုန်းကတော့ အစိုးရက ဒီလို အထောက်အပံ့တွေကို အကန့်အသတ်နဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီလတွေအတွင်းမှာတော့ ဒေသ မအေးချမ်းတာကို အကြောင်းပြပြီး ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတဲ့ ကယ်ဆယ်ရေး စခန်းတွေကို အကူအညီပေးခွင့် ပိတ်ပင်ထားပါတယ်။

အစိုးရစစ်တပ်က သူပုန်တွေကို ထောက်ပံ့ရေး ဖြတ်တောက်ပြီး ဖိအားပေးချင်တာ ဖြစ်တယ် လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်ဟာလည်း နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို ဒီသီတင်းပတ်အတွင်း သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သူ့အနေနဲ့ ဇူလိုင်လက သံအမတ်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်ဟာ KIA ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေအပါအ၀င် ကယ်ဆယ်ရေးစခန်းတွေဆီကို သွားရောက် ခဲ့ပြီး ဒေသခံ ခေါင်းဆောင်တွေနဲ့လည်း လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ 
 
မသိင်္ဂီထိုက် (ဗွီအိုအေ)
ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်  ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင် Reviewed by သစ်ထူးလွင် on 11:06 Rating: 5

36 comments:

koko said...

December 21 မာယာတွေရဲ့ကောလဟာလ
ဘယ်လိုနေမလဲမသိ ?

Unknown said...

ကချင်တိုက်ပွဲမဟုတ်ဘူးကွ

ကျောက်စိမ်းတိုက်ပွဲကွ

user said...

မာယာတွေရဲ့ ကောလဟာလကို အသေအချာ
မသိပါ။ သိတဲ့သူများ ရေးပေးကြပါ။ ဖတ်ချင်လို့

yeeyee363 said...

ကိုယ့်လူမျိုးကိုပြန်သတ်နေတာလား?ဘိုးစဉ်ဘောင်ဆက်
မနောပွဲလုပ်လာတာ ကိုယ့်လက်ထက်ကြမှ စဉ်းစဉ်းစား
စားလုပ်ကြပါ KIO တို ရယ်။

တိုးတက်အောင် said...

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရင် kiaနဲ့kioတိုက်အုံးမှာ မင်းတို့လက်နက်ကိုင်ကြောင့် တပ်မတော်ကိုယ်စားလှယ်၂၅ရာခိုင်နှုန်းလဲ လွှတ်တော်ထဲကထွက်မှာမဟုတ်ဘူး မိုးရာသီရောက်မှ ငြိမ်းချမ်းရေး စကားပြန်ပြောကြတာပေါ့။

Unknown said...

ဘယ်သူ့က မှန်တယ် ... ဘယ်သူက မှားတယ် ဆိုတာမသိတော့ပါဘူးရှင်

Unknown said...

ဒီKIOကိုအမြစ်ပါနှုတ်ပလိုက်။လူပါးဝတာများနေပြီ။

Unknown said...

ဒီKIOကိုအမြစ်ပါနှုတ်ပလိုက်။လူပါးဝတာများနေပြီ။

Numega said...

ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတွေကို အသက်ဆုံးရှုံးစေတာတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတာတွေ၊ တိုးတက်မှုတွေမဲ့နေပြီး ဆုတ်ယုတ်လာတာတွေဟာ KIO ကြောင့်ဆိုတဲ့ အမြင်ကို ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတွေ စိတ်ထဲ မကိန်းအောင်းခင် အမြန်ဆုံးပြုပြင်ပြောင်းလဲ စေချင်ပါတယ်။

kyarlay said...

မင်္သီဂီထိုက်ရေခင်ဗျားယောက်ကျားကကေဒိာုင်အေကထင်တယ်။ကိုယ်နိင်ငံကိုယ်ကိုတိုင်ဒုက္ခပေးရတာအားမရလို့ယောက်ကျားတွေဘက်ကနေအာပေးနေတာလား။ခင်ဗျားရဲ့သုံးသပ်ချက်တွေကတော့တကယ်ကိုပဲစံတင်ပါပေတယ်။ဒီလိုမျိုး Idea ကိုအများဖတ်ဖို့တင်ပေးတဲ့သူကလည်းတင်ပေးတယ်။ခေါင်းမပါဘဲအိပ်စားကာဆမလောက်ဘဲသိတဲ့တိရိစ္ဆာန်သာသာသာရှိတဲ့ပိုက်ဆံရပြီးရောဘာမဆိုလုပ်မယ်ဆိုတဲ့ခင်ဗျားတို့လိုလူမျိုးတွေကလည်းပြောတယ်။ခင်ဗျားတို့ကိုယ်နိုင်ငံအတွက်ဘာလုပ်ပေးပြီးပြီလဲဆိုတာလေးပြန်တွေးပြီးပြောပြကြပါအုံးဗျာ

kyarlay said...

မင်္သီဂီထိုက်ရေခင်ဗျားယောက်ကျားကကေဒိာုင်အေကထင်တယ်။ကိုယ်နိင်ငံကိုယ်ကိုတိုင်ဒုက္ခပေးရတာအားမရလို့ယောက်ကျားတွေဘက်ကနေအာပေးနေတာလား။ခင်ဗျားရဲ့သုံးသပ်ချက်တွေကတော့တကယ်ကိုပဲစံတင်ပါပေတယ်။ဒီလိုမျိုး Idea ကိုအများဖတ်ဖို့တင်ပေးတဲ့သူကလည်းတင်ပေးတယ်။ခေါင်းမပါဘဲအိပ်စားကာဆမလောက်ဘဲသိတဲ့တိရိစ္ဆာန်သာသာသာရှိတဲ့ပိုက်ဆံရပြီးရောဘာမဆိုလုပ်မယ်ဆိုတဲ့ခင်ဗျားတို့လိုလူမျိုးတွေကလည်းပြောတယ်။ခင်ဗျားတို့ကိုယ်နိုင်ငံအတွက်ဘာလုပ်ပေးပြီးပြီလဲဆိုတာလေးပြန်တွေးပြီးပြောပြကြပါအုံးဗျာ

ချစ်စေတမန် said...

စစ်ဆိုတာဘယ်စစ်မှမကောင်းပါဘူးနော်အင်းစစ်ဖြစ်တဲ့အကြောင်းကိုရှာတော့
လောဘ ဒေါသ မောဟ မာန တွေကြောင့်ဖြစ်ကြတာများတယ်နော်ဒါပေ
စစ်ဖြစ်လို့ခံရတာကတော့အပြစ်မရှိတဲ့သူတွေကများတယ်နော်ဒါကြောင့်စစ်ကို
မဖြစ်အောင် လောဘ ဒေါသ မောဟ တွေနဲအောင်လုပ်ကြပါလို့

လူပေလူတေ said...


ဘယ်တိုင်းရင်းသားမဆိုလက်နက်ကိုင်ရင်စစ်ထဲဝင်ပြီးမြန်မာနိင်ငံကိုကာကွယ်သင့်ပါသည်
မြန်မာနိင်ငံသည်တိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသောနိင်ငံဖြစ်သည်

greenlover said...

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ၉/၆/၂၀၁၁ နေ့မှာစတင်ခဲ့တဲ့ တာပိန်မြစ် ရေအားလျှက်စစ်စက်ရုံ လုံခြုံရေးကို အကြောင်းပြုပြီး ဖြစ်ခဲ့သည့် စစ်ပွဲဟာ ယခင်တိုက်ပွဲများနှင့်၎င်း၊ အခြားသော တိုင်းရင်းသားဒေသများမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်၎င်း မတူခြားနားကြောင်း၊ တာပိန်ရေးအားလျှက်စစ်စက်ရုံ မတည်ဆောက်မီ ချဉ်းကပ်လမ်းကြောင်း ရှာဖွေချိန်ကစပြီး စက်ရုံပြီးစီး၍ လျှက်စစ်မီးရရှိသည်အထိ (စက်ရုံပြီးစီးသည်အထိ) K.I.O/K.I.A လုံခြုံရေးအောက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံမှာလည်း K.I.O/K.I.A ထိန်းချူပ်နယ်မြေအတွင်းတွင် တည်ဆောက်ထားသော စက်ရုံဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန်(ထိုစဉ်က ဝန်ကြီးချူပ်) ကိုယ်တိုင်လာရောက် ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကဘာလုံခြုံရေး ပြဿနာမျှ မရှိခဲ့ကြောင်း၊ စက်ရုံဖွင့်ပြီး တစ်နှစ်နှီးပါး ကြာလာသည့်အခါမှ စက်ရုံလုံခြုံခြင်းစကားပြောလာခြင်း ဖြစ်ကြောင်း၊သိရပါသည်။
လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ရန်လိုအပ်လျက်ရှိပါတယ်။ လုံခြုံရေးယိုယွင်းနေတယ်ဆိုတာဟာ ဘယ်လောက်ခိုင်လုံမှုရှိသလဲ၊ ဘာအထောက်အထားပေါ်အခြေခံပြီး ပြောတာလဲ၊ လုံခြုံရေးလိုအပ်ကြောင်း တိုင်ကြားချက်ရှိပါသလား၊ မည်သူမည်ဝါက တိုင်ကြားသလဲ၊ အကယ်၍ လုံခြုံရေး အမှန်တကယ်လိုအပ်တယ်ဆိုလျင် အင်အားမသုံးဘဲ အချင်းချင်း ညှိနှိုင်းပြောဆို၍မရနိုင်ဘူးလား၊ ဘာကြောင့် အင်အားသုံးဝင်ရောက် တိုက်ခိုက်ပြီးမှ ငြိမ်းချမ်းရေးစကား ပြောရသလဲ၊ ဒီလိုဝင်တိုက်မဲ့ကိစ္စကို ကချင်ပြည်နယ်အစိုရနှင့် ကြိုတင်ညှိနှိုင်း အသိပေးမှုကောရှိခဲ့ပါသလား၊ ကချင်ပြည်နယ် အစိုးရကလည်း မိမိအုပ်ချူပ်နယ်မြေထဲကို တိုက်ခိုက်လာတာကို ဘာဖြစ်လို့ ငြိမ်နေသလဲ၊ သမ္မတကြီးကိုကော ဒီကိစ္စတင်ပြခဲ့ဘူးတာရှိသလား ဆိုသည့် မေးခွန်းများစွာပေါ်ထွက်နေတာ တွေ့ရှိရပါတယ်။
ဒါကြောင့် ယခု K.I.O/K.I.A နှင့် တိုက်နေတဲ့ တိုက်ပွဲတွေဟာ ၉၀% သောတဖက်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးဘို့ တိုက်နေတဲ့တိုက်ပွဲတွေဘဲ ဖြစ်ပါတယ်။ ကောင်းကောင်းမမြင်တတ်ရင် (အပြင်ကကြည့်ရင်) တော့ K.I.O/K.I.A နှင့် အစိုးရတပ်တို့ တိုက်နေကြတယ်လို့ဘဲမြင်မှာပါ။ အမှန်တကယ်တွင် သုံးပွင့်ဆိုင်ဖြစ်နေပါတယ်။ တဖက်နိုင်ငံကနောက် ကွယ်မှာရှိနေတယ် ဆိုတာကိုမြင်ဘို့ လိုပါတယ်။
ဒီတိုက်ပွဲဟာဘာနှင့် နှိုင်းလို့ရမလဲဆိုရင် ဆဒ္ဒန်ဆင်မင်း ဝတ္ထုနှင့် နှိုင်း၍ရမယ်ထင်ပါတယ်။ အစွယ်လိုသူကမိဖုရား၊ စေခိုင်းသူက ဘုရင်မင်းမြတ် မျှားပစ်သူက တောနုတ်ဒရမုဆိုး၊ အပစ်ခံရသူက ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း၊ အခုလည်း အစွယ်လိုသူက တဖက်နိုင်ငံ (တာထန်းကုမ္ပဏီ) စေခိုင်းသူကအစိုးရ (ကာ/လုံ)၊ သွားပစ်သူက ရဲဘော်တပ်မတော်သား တွေဖြစ်ပါတယ်။ ဒီမှာမတူတာတခုရှိတာက ဆဒ္ဒန်မင်းက ဘုရားလောင်းဆိုတော့ အစွယ်ကို ကြည်ကြည်ဖြူဖြူ၊ လိုလိုလားလား ဖြတ်ယူခွင့်ပြုပြီး အသေခံတိုက်တယ်၊ K.I.O/K.I.A ကျတော့ ဘုရားလောင်းတွေ မဟုတ်ဘူး၊ ပုထုစဉ်လူသားတွေဆိုတော့ လွယ်လွယ်နဲ့ အသေမခံချင်ကြဘူး၊ မိမိကိုယ်ကို ခုခံကာကွယ်လာရတယ်ဆိုတော့ တိုက်ပွဲကရှည်နေတယ်။ နေ့စဉ် သေကြေပျက်စီးနေရတာ ခုအချိန်အထိပါဘဲ။
ဆဒ္ဒန်ဆင်မင်းကိစ္စက ဆဒ္ဒန်ရေအိုင်မှာ ရေကစားရင်း မိဖုရားကြီးကိုခါချဉ်ကောင်ခါချ ကြည်စားရာက စခဲ့တာပါ။ ဆဒ္ဒန်ဆင်မင်းကကြည်စားပေမဲ့ မိဖုရားက မခံမရပ်နိုင်ဖြစ်တော့ နောင်ဘဝတပါး ပြောင်းတဲ့အထိ အခဲမကြေဖြစ်ကာ ဆဒ္ဒန်ဆင်မင်း ဇီဝိန်ချုပ်သည်ထိ လက်စားချေခဲ့ပါတယ်။ ယခုလည်းအထောက်အထား ခိုင်လုံမှုမရှိ၊ အတိအကျ ပြောလို့မရတဲ့ လုံခြုံရေးကိစ္စကစခဲ့တာပါ။ ယခုသမ္မတကြီးဦးသိန်းစိန်ကလည်း K.I.O/K.I.A ကိုနိုင်ငံတော် စေတနာအပြည့်နဲ့ အမြောက်လက်နက်တွေနှင့် ကြည်စားတာလားတော့မသိဘူး K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲမှာ အောက်ပြည်အောက်ရွာကတပ်ရင်း၊ တပ်မတွေကို ၁၀၅/၁၂၀ မမ အမြောက်ကြီးများနှင့် တကွခေတ်မှီလက်နက်မျိုးစုံနှင့် ပို့လွှတ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တယ်ဆိုကာ ပစ်ခတ်ကြည်စားတာတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ခါချဉ်ကောင် ကလူကိုမသေစေနိုင်ဘူး၊ အမြောက်လက်နက်တွေက လူကိုသေစေနိုင်ပါတယ်။

wai la said...

KIAမင်းတို့အစိုးရကိုစိန်ခေါ်ရဲလား
ငါလိုးမကချင်တွေသူများသေတော့ပျော်
သူတို့သေတော့လူမျိုးတုန်းသတ်တာတို့ဘာတို့
နဲ့မင်းတို့လည်းသတ်ငါတို့လည်းသတ်မယ်
ကချင်ဆိုတာပြောက်သွားစေရမယ်

Unknown said...

မင်းတို့  စစ်ခွေးအစိုးရအုပချုပ်တဲ့အချိန်ကစပြီး တိုင်း
ရင်းသားတွေဟာ ဒုက္ခမျိုးစုံခံစားခဲ့ရတယ် လယ်မြေတွေကို
မတရားသိမ်း လူကိုသတ် မဒိန်းကျင့် လက်နက်ကိုပြပြီး
ဒါးပြတိုက် ဒါလားကွ ပြည်သူ့ တပ်မတော်ဆိုတာ KIA
လို တော်လှန်ရေးတပ်မတော်ဟာ တိုင်းရင်းသားအား
လုံးမှာရှိသင့်ပြီ လက်ရှိငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်း
သား တော်လှန်ရေးအဖွဲ့ တွေအနေနဲ့  စစ်ခွေးတွေကိုပြန်
ချသင့်နေပြီ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီးတိုင်းရင်း
သားတော်လှန်ရေးတပ်တွေကိုအမြတ်ထုပ်ဖို့ ကြိုးစားနေတာ အခုအချိန်မှာ အားလုံးသဘောပေါက်
သင့်ပြီ စစ်ခွေးတွေကို တိုင်ူရင်းသားတွေအကုန်လုံးက
ဝိုင်းပြီးတိုက်သင့်တဲ့အချိန်ကိုရောက်နေပြီနော် မဟုတ်ယင်
နောက်ကျသွားလိမ့်မည်

ဖြိုးသီဟ said...

သမတကြီးကထိုးစစ်တွေရပ်ခိုင်းတယ်။တပ်မတော်သားတွေကလည်းထိုးစစ်ဆင်နေတယ်။ငါတဘက်ကနေကြားကောင်းအောင်ဒီလိုပြောမယ်မင်းတို့ကလုပ်စရာရှိတာဆက်လုပ်ဒါဘဲလေ။လွတ်တော်ထဲမှာလဲတပ်မတော်ကိုယ်စလှယ်တွေကထိုးစစ်မဆင်ပါဘူး။ဟိုမှာကြတော့တိုက်လို့ခိုက်လို့မဆုံးတော့ဘူး။အစိုးရကဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီလိုဘဲကြေငြာနေကြဘဲ။ရွေဝါရောင်တော်လှန်ရေးမှာဆိုလည်းဘူန်းကြီးအတုတွေတဲ့ဒေါ်စုကိုအသေလုပ်ကြံတဲ့ဒီပဲယင်းအရေးခင်းလဲသူတို့မဟုတ်သလိုလက်ရှိအစိုးရဟာပရိယာယ်များတယ်ဆိုတာသတိထားစေချပါတယ်ခုလိုတိုင်းရင်းသားချင်းသတ်ဖြတ်နေတာဟာကိုယ်အချင်းချင်းသတ်နေတာပဲ

Unknown said...

မင်းတို့  စစ်ခွေးအစိုးရအုပချုပ်တဲ့အချိန်ကစပြီး တိုင်း
ရင်းသားတွေဟာ ဒုက္ခမျိုးစုံခံစားခဲ့ရတယ် လယ်မြေတွေကို
မတရားသိမ်း လူကိုသတ် မဒိန်းကျင့် လက်နက်ကိုပြပြီး
ဒါးပြတိုက် ဒါလားကွ ပြည်သူ့ တပ်မတော်ဆိုတာ KIA
လို တော်လှန်ရေးတပ်မတော်ဟာ တိုင်းရင်းသားအား
လုံးမှာရှိသင့်ပြီ လက်ရှိငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်း
သား တော်လှန်ရေးအဖွဲ့ တွေအနေနဲ့  စစ်ခွေးတွေကိုပြန်
ချသင့်နေပြီ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီးတိုင်းရင်း
သားတော်လှန်ရေးတပ်တွေကိုအမြတ်ထုပ်ဖို့ ကြိုးစားနေတာ အခုအချိန်မှာ အားလုံးသဘောပေါက်
သင့်ပြီ စစ်ခွေးတွေကို တိုင်ူရင်းသားတွေအကုန်လုံးက
ဝိုင်းပြီးတိုက်သင့်တဲ့အချိန်ကိုရောက်နေပြီနော် မဟုတ်ယင်
နောက်ကျသွားလိမ့်မည်

Unknown said...

မင်းတို့  စစ်ခွေးအစိုးရအုပချုပ်တဲ့အချိန်ကစပြီး တိုင်း
ရင်းသားတွေဟာ ဒုက္ခမျိုးစုံခံစားခဲ့ရတယ် လယ်မြေတွေကို
မတရားသိမ်း လူကိုသတ် မဒိန်းကျင့် လက်နက်ကိုပြပြီး
ဒါးပြတိုက် ဒါလားကွ ပြည်သူ့ တပ်မတော်ဆိုတာ KIA
လို တော်လှန်ရေးတပ်မတော်ဟာ တိုင်းရင်းသားအား
လုံးမှာရှိသင့်ပြီ လက်ရှိငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်း
သား တော်လှန်ရေးအဖွဲ့ တွေအနေနဲ့  စစ်ခွေးတွေကိုပြန်
ချသင့်နေပြီ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီးတိုင်းရင်း
သားတော်လှန်ရေးတပ်တွေကိုအမြတ်ထုပ်ဖို့ ကြိုးစားနေတာ အခုအချိန်မှာ အားလုံးသဘောပေါက်
သင့်ပြီ စစ်ခွေးတွေကို တိုင်ူရင်းသားတွေအကုန်လုံးက
ဝိုင်းပြီးတိုက်သင့်တဲ့အချိန်ကိုရောက်နေပြီနော် မဟုတ်ယင်
နောက်ကျသွားလိမ့်မည်

ဖြိုးသီဟ said...

သမတကြီးကထိုးစစ်တွေရပ်ခိုင်းတယ်။တပ်မတော်သားတွေကလည်းထိုးစစ်ဆင်နေတယ်။ငါတဘက်ကနေကြားကောင်းအောင်ဒီလိုပြောမယ်မင်းတို့ကလုပ်စရာရှိတာဆက်လုပ်ဒါဘဲလေ။လွတ်တော်ထဲမှာလဲတပ်မတော်ကိုယ်စလှယ်တွေကထိုးစစ်မဆင်ပါဘူး။ဟိုမှာကြတော့တိုက်လို့ခိုက်လို့မဆုံးတော့ဘူး။အစိုးရကဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီလိုဘဲကြေငြာနေကြဘဲ။ရွေဝါရောင်တော်လှန်ရေးမှာဆိုလည်းဘူန်းကြီးအတုတွေတဲ့ဒေါ်စုကိုအသေလုပ်ကြံတဲ့ဒီပဲယင်းအရေးခင်းလဲသူတို့မဟုတ်သလိုလက်ရှိအစိုးရဟာပရိယာယ်များတယ်ဆိုတာသတိထားစေချပါတယ်ခုလိုတိုင်းရင်းသားချင်းသတ်ဖြတ်နေတာဟာကိုယ်အချင်းချင်းသတ်နေတာပဲ

Unknown said...

စစ်အစိုးရအနေနဲ့ အလိမ်အညာများတော့ KIO/KIAတို့မယုံတာ ဖြစ်သင့်ပါတယ်။သူတို့မပြောနဲ့ ကျုပ်တို့လိုဗမာတွေတောင် မယုံရဲဘူး။

user said...

လုတို့
ဝီလို ဝီလို ဖစ်နေတော့
ဝ တိတ်ပျော်လာဘဲဝေ့

pawgyi32 said...

တကယ်တော့စစ်တပ်က ကချင်တွေကိုမမုန်းပါဘူး မြစ်ဆုံစီမံကိန်းတွေ သစ်တောတွေ မှာပေါက်ဖော်ကြီးတို့အေးအေးချမ်းချမ်း အလုပ် လုပ်နိုင်အောင်နယ်မြေရှင်းတဲ့သဘောပါ ဒါပြီးရင် ကရင်တွေအလည့်ပေါ့ ယိုးဒယားအတွက်. . . .

Unknown said...

အခုတိုက်နေတဲ့စစ်ပွဲတွေကိုဘယ်ကောင်အမိန့်ပေးလဲ။သမ္မတကလည်းထိုးစစ်ရပ်ပါပြီလို့ပြောတာတောင်ရဟတ်ယာဉ်နဲ့တောင်ပစ်နေပြီငကြောက်တွေ။မင်းတို့လိုချင်တာကျောက်စိမ်းမဟုတ်လား။

Toe tae said...

.......

Toe tae said...

မင်းတို့လည်းတိုက် ငါတို့လည်းတိုက်မယ်...........နောက်မှ လူမျိုးတုန်း စစ်ဆင်ရေးတို့......ဟိုဟာနဲ့ပစ်နေပါပြီ...ဒီဟာနဲ့ပစ်နေပါပြီ
မပြောနဲ့ မင်းမှာ လည်းရှိတာနဲ့ပစ်............

Unknown said...

KIA ကိုယ်ပိုင်အုပ်ချုပ်ရေး လိုချင်တာက သေနတ်မချဘူး၊ လိုချင်တဲ့ အခွင့်အရေးပေး၊မပေးရင် စစ်တိုက်မယ်။ငြိမ်းချမ်းရေးဆိုတာ KIA လုံးဝ နားလည်ဟန်မတူပါဘူး။ စစ်ဖြစ်ရင်တော့ စစ်တိုက်ရမှာပဲ။ဘာနဲ့ ပဲတိုက်တိုက် တရားတယ်။

saw kt oo said...

မှန်တယ်၊ကေအိုင်အေကိုအကုန်သေကုန်အောင်ဆော်ပစ်

မေ၀မ် said...

စစ်သားတွေကျဆုံး(သေ)နေပြီး မိမရှိ/ဖမရှိ ဆွေမျိုးမရှိ လည်းမဟုတ်ကြတော့ အသံတွေညံစီလာပြီး လူသိလိုက်တာ။
ကြားဖူးသလောက်ကတော့ ထိပ်ပိုင်းကလူကြီးတွေက အရာရှိလောက်မှ ပိုအရေးထား တန်ဖိုးထားသိမှတ်နှမြောကြတာတဲ့။
စစ်ပွဲတွေဖြစ်နေသ၍တော့ တစ်ဖက်အဖွဲ့အစည်းမှာသာမက စစ်တလင်းဖြစ်ရတဲ့ဒေသက အရပ်သားတွေပါ အချောင်ကြားက သေကြေဒါဏ်ရာရ ထိခိုက်ကြတာလည်းမနည်းပါဘူး။
စာနာနားလည်သိမှတ်ပေးကြသူရှိပေမယ့် တကယ့်ကိုလူနည်းစုလေးမျှသာပါပဲ။
အရေးထဲမှာ အမိန့်နာခံကာ ထိုးစစ်ရပ်ထားရလို့သာ သေရတယ်လို့ယုံသူကရှိသေးတယ်။
သေကိုမသေဘူး အပြတ်သာတယ် အပြုတ်တိုက်မယ်လို့လေကြီးကျယ်သူလည်းမနည်းလှဘူးပေါ့။

ဗိုလ် တေ ဇ said...

အဲ ဒီ လို တော့ က ချင် လူ မျိုး တစ် ခု လုံး ကို မ ပြော ပါ နဲ့ ပြော ခြင် ရင် ကေ အိုင် အေ/အို ကို ပြော ပါ့ သူ တို့ အ ဖွဲ့ က က ချင် လူ ထု ကို ကိုယ် စား မ ပြု ခဲ့ တာ ကြာ ပါ ပြီ့ က ချင် လူ ထု အ ပေါ် လဲ လက် နက် ကိုင် အ နိုင် ကျင့် ရမ်း ကား လွန်း လို့ ကေ အိုင် အေ ကို ရွံ ရှာ မုန်း တီး နေ တာ လဲ ကြာ ပြီ့ က ချင် သည် လဲ မြန် မာ တိုင်း ရင်း သား လူ မျိုး များ ဖြစ် ကြ သည့့် ကေ အိုင် အေ/အို သည် အ သား ထဲ မှ လောက် ထွက် သော သစ္စာဖေါက် ကောင် များ ဖြစ် သည့့် ထို သူ တို့ သည် ကျ ဆုံး တော့ မည် ဖြစ် သည့့် တံ လျှပ် ကို ရေ ထင် အောင် မှိုင်း တိုက် ခံ ထား ရ သော အောက် ခြေ မှ ကေ အိုင် အေ တပ် သား များ အ မြင် မှန် ရ ၍ ပြည် နယ် တိုး တက် အောင် ပူး ပေါင်း ဆောင် ရွက် နိုင် ကြ ပါ စေ

Unknown said...

ကိုယ့်လူမျိုးကိုချစ် ရင် Kiaနဲ့ငြိမ်းချမ်းရေးရတာကြာလှပါပြီ
Kiaချစ်တာလူမျိုးမဟုတ်ဘူး ကချင်ပြည်နယ်က ရတနာတွေ

Unknown said...

ကိုယ့်လူမျိုးကိုချစ် ရင် Kiaနဲ့ငြိမ်းချမ်းရေးရတာကြာလှပါပြီ
Kiaချစ်တာလူမျိုးမဟုတ်ဘူး ကချင်ပြည်နယ်က ရတနာတွေ

ဗိုလ် တေ ဇ said...

ဂျူ လီ စိုး ရေ မင်း က ကေ အိုင် အေ ထဲ က တစ် ယောက် ပဲ ထင် တယ့့် ဒါ မှ မ ပာုတ် လဲ သူ တို့ ရဲ့ ပေး စား ကမ်း စာ စား နေ ရ တဲ့ သူ ဖြစ် မည့့် မင်း သိ ထား ဖို့ ရာ က မင်း တို့ ကေ အိုင် အေ က ခု လက် ရှိ ငြိမ်း ချမ်း ရေး မ လုပ် ပဲ စစ် တိုက် နေ လို့ က ချင် ပြည် နယ် က အ ခြား ပြည် နယ် ထက် ဖွံ့ ဖြိုး မှု နောက် ကျ နေ တာ အား လုံး အ သိ ပဲ့ အ ခြား သော လက် နက် ကိုင် အ ဖွဲ့ တွေ က သူ တို့ ပြည် နယ် ဖွံ့ ဖြိုး ရေး ကို ရှေး ရှု ပြီး ငြိမ်း ချမ်း ရေး တည် ဆောက် ပြီး ဆွေး နွေး ပွဲ တွေ လုပ် နေ ကြ ပြီ ကွ့ သ တင်း ထဲ မှာ ထည့် သွင်း ကြေ ငြာ ပြီး ဆွေး နွေး နေ ကြ တာ ကွ့ မင်း တို့ က နောက် ဖေး လမ်း ကြား ထဲ မှာ ထင် နေ လို့ လာ့း့ ဒီ လို ခက် ခက် ခဲ ခဲ သွေး ချွေး တွေ ရင်း ပြီး ရ လား ခဲ့ တဲ့ သွေး စည်း ရေး ကို နှစ် ဖက် အ မျှော် အ မြင် ရှိ တဲ့ခေါင်း ဆောင် တွေ က မင်း တို့ လို အာ ဏာ ရူး တွေ အ တွက် အ ပျက် စီး ခံ မယ် ထင် နေ တာ လာ့း့ မှား သွား မယ့့် ကေ အိုင် အေ မင်း တို့ ရဲ့ တစ် ကိုယ် ကောင်း ဆန် အာ ဏာ ရူး မှု ကြောင့် လက် အောက် ခံ (အဓမ္မစုဆောင်းခံ) က ချင် စစ် သည် များ နဲ့ ဒေ သခံ လူ ထု ရဲ့ အ သက် အိုး အိမ် စည်း စိမ် မြောက် များ စွာ ပျက် စီး ခဲ့ ရ ပြီ့ ကေ အိုင် အေ / အို ခေါင်း ဆောင် ပိုင်း တစ် စု ရေ မင်း တို့ နဲ့ ထိုက် တန် တာ က သေ ခြင်း တ ရား ပဲ့

ဗိုလ် တေ ဇ said...

ကျောက် စိမ်း တော့ မ ပာုတ် လောက် ဘူ့း့ ကေ အိုင် အေ / အို ခေါ် ဓား မြ အ ကြီး စား ဆန် ကုန် မြေ လေး တွေ ကို သုတ် သင် ဖို့ ထင် တယ် ကွ့ ဒါ မှ တို့ ရဲ့ က ချင် သွေး ချင်း တွေ နေ ထိုင် တဲ့ က ချင် ပြည် နယ် ငြိမ်း ချမ်း မှာ လေ့ မင်း မ သိ ဘူး လား ပာ င တုံး ရ့

ဗိုလ် တေ ဇ said...

လေး ဂွ နဲ့ ပြစ် လိမ့် မယ် ပာ ရ ပာတ် ယဉ် တွေ ကို

ဗိုလ် တေ ဇ said...

အ စိုး ရ စစ် သား တွေ ကျ ဆုံး တာ က နိုင် ငံ ရဲ့ ကြီး မား တဲ့ ဆုံး ရှုံး မှု ပဲ့ ကေ အိုင် အေ ကျ ဆုံး တာ တော့ က ချင် ပြည် နယ် ကို ဒု က္ခ ပေး နေ တဲ့ သူ တစ် ယောက် လျှော့ တာ ပဲ့

Powered by Blogger.