မလေးရှားနိုင်ငံ၊ Johor ဂျိုဟိုးပြည်နယ်၊ ပါကန်းနာနတ်စ်မြို့က လဝကထိန်းသိမ်းရေးစခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သားတွေဟာ စခန်းတာဝန်ကျ အရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေ ရင်ဆိုင်နေရပြီး အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။
ရက် ၂ဝ ကျော်ထောင်ကျခံခဲ့ရပြီး ခေါင်းကိုက်ဝေဒနာကြောင့် ဆရာဝန်အကြံပြုချက်နဲ့ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မမာလာ က ထောင်မှာစားရတဲ့ထမင်းက ကျောက်ခဲလိုမာတောင့်နေတယ်လို့ ဆိုပါတယ်။ ကျွေးမွေးတဲ့ ဟင်းကလည်း ပဲပြားဆိုရင် တော်တော်ကိုသေးပြီး၊ ခရမ်းသီးဗူးသီး ဟင်းအရည်ဆိုရင် ဆားမပါဘဲ ဒီအတိုင်းကျွေးတာကြောင့် ဘယ်သူမှစားမဝင်ဘူးလို့ ပြောပါတယ်။ ဆေးကုသခွင့်နဲ့ ပြင်ပဆက်သွယ်ခွင့် စတဲ့ အကျဉ်းသားအခွင့်အရေးတွေလည်း ပိတ်ပင်ခံနေရကြောင်းကိုလည်း အခုလိုပြောပါတယ်။
"အိမ်သာကလည်း ဘယ်လိုလဲဆိုတော့ အယောက် ၃ဝ ကျော်မှာ အိမ်သာလေးတလုံးပဲ အဲဒီအထဲထဲမှာ၊ အဲဒီနားလေးမှာပဲ အိပ်ရတာ၊ အဲဒီနေရာမှာပဲ ဘုရားရှိခိုးရတာ၊ မနက်ဆိုရင် ၅ နာရီပုံမှန်နိုးရတယ်၊ နောက်နေထိုင်မကောင်းရင်လည်း ဆေးတွေဘာတွေ တောင်းရင်လည်းမပေးဘူး၊ ခေါင်းတွေဘာတွေ ကိုက်တယ်ဆိုရင်၊ နောက်ဖုန်းတွေ ဘာတွေဆက်မယ်ဆိုရင်လည်း မပေးဘူး ဖုန်းဖြတ်တယ်လို့ ပြောတယ်၊ ကျမသူငယ်ချင်း ကောင်မလေး တယောက်ရှိတယ် ပဲခူးကနေပြီးတော့ သူ့ကိုအရမ်း အလုပ်ခိုင်းတာပဲ မနက်မိုးလင်း သူတို့စားပြီးတဲ့ ပန်းကန်တွေကော ကျမရင်ထဲမှာ တော်တော်ဆို့တယ်၊ အကုန်လုံးသူ့ကို ခိုင်းတယ် သူတို့အိပ်ယာတွေကအစ သွားသိမ်းပေးရတယ် မလိုအပ်တဲ့ အလုပ်ကိုသူက လုပ်နေရတယ်”
မအယ်သွယ်ဖြိုးလို့ခေါ်တဲ့ ဒီအမျိုးသမီးဟာ ပတ်စပို့စ်သက်တမ်းကုန်လို့ ထောင်ကျခံနေရတာ ၅ လကျော်နေပြီ ဖြစ်တယ်လို့လည်း မမာလာက ဆိုပါတယ်။
အဲဒီစခန်းမှာ မြန်မာအမျိုးသမီး ၁ဝ ဦးရှိပြီး၊ အမျိုးသားများ အပါအဝင် ဦးရေ ၁၅ဝ ခန့်ရှိမယ်လို့လည်း သိရပါတယ်။ Burma Campaign Malaysia(BCM) က ကိုထွန်းထွန်းက ဒီလိုဖြစ်ပျက်နေရခြင်းရဲ့ ပြဿနာက အကျဉ်းသားအခွင့်အရေး ချိုးဖောက်နေမှုကို အစိုးရတာဝန်ယူ ဖြေရှင်းမပေးတဲ့အပြင် သတင်းထောက်တွေနဲ့ NGOs တွေကို စခန်းတွေထဲ ဝင်ရောက်စစ်ဆေးခွင့် မပေးတာတွေက အခြေခံအကြောင်းရင်းပဲလို့ ပြောပါတယ်။
အဲဒီစခန်းမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူပေါင်း ၅ဝဝ လောက် အထိန်းသိမ်းခံနေရကြောင်း၊ ဒီလိုစခန်းမျိုး မလေးရှားနိုင်ငံအတွင်းမှာ ၁၃ ခုရှိပြီး မြန်မာနိုင်ငံသား ၂ဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ကိုထွန်းထွန်းက ပြောပါတယ်။
RFA Burmese

မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားတွေ အခွင့်အရေး ချိုးဖောက်ခံရ
Reviewed by သစ်ထူးလွင်
on
19:43
Rating:
18 comments:
သြော်မလေးရှားမလေးရှား... အခုလိုမျိုးတွေမြင်နေကြားနေရတာမလေးရှားရောက်နေတဲ့၁နှစ်ခွံသက်တမ်းအတွင်းမှာကိုမနည်းတော့ပါဘူး။ သူတိုတွေဘယ်လိုခံစားရမယ်ဆိုတာနားလည်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့လို professional pass နဲ့ကျောင်းလာတက်နေ့တဲ့သူတွေအပေါ်မှာတောင် အရမ်းကိုလူမျိုးရေးခွဲခြားတာ လူအခွင့်ရေးချိုးဖေါက်တာခံနေရတာကိုး။ သူတို့မှာမူစလင်နဲ့ non muslim ဆိုတာပဲရှိတယ်။မူစလင်မဟုတ်တဲ့လူတွေအပေါ်ထားတဲ့သဘောထားကလဲတော်တော်ကိုဆိုးလွန်းပါတယ်။ အရင်ကကုလားဆိုတာလုံးဝကိုမမုန်းခဲ့ဖူးပါဘူး။ ကုလားသူငယ်ချင်းတွေလဲရှိခဲ့တာပဲ။ ဒါပေမယ့်ဗျာ ၁နှစ်ခွဲဆိုတဲ့အချိန်အတွင်းမှာပဲကုလားဆိုတော်တော်ကိုမုန်းသွားတာဗျာ။အဲဒီလောက်ကိုဆိုးလွန်းပါတယ်။ ကျွန်တော်တို့မြန်မာတွေဒီမှာ အနှိမ်ခံရတယ်ဆိုတာ တိုင်းပြည်ရဲ့အခြေနေကြောင့်ပါ။ တချိန်ကျရင်တော့ကိုယ်တွေအလှည့်ကိုပြန်ရောက်ချင်ပါတယ်။
ဒုက္ခအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။
ကိုယ့်တိုင်းပြည်မှာသုခရှားတောသူများတိုင်ပြည်မှာဒုက္ခများပြီပေါ့။
ဒို့ မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။
ကိုယ်ချင်းစာပါတယ်၊မလေးရှားရောက်မြန်မာပြည်သားအားလုံး UNHCR အကူညီနဲ့၊တတိယနိုင်ငံများသို့အမြန်ထွက်ခွာနိုင်ပါစေ။
ဆိုးတော့ ဆိုးပါတယ် ခံနေရတဲ့ လူတွေကို ကိုယ်ချင်းလဲ စာပါတယ် ဒါပေမဲ့ မြန်မာပြည်က အကျဉ်းစခန်းတွေထက်တော့ သာတယ်ဗျို့
Your nation က လဝက like this par .
အဓိက တရားခံကတော့ အမိမြန်မာပြည်ဘဲဗျို့
မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ယူပါတယ် ဆိုတဲ့ လူတွေများရှိသေးလား..ငယ်ငယ်က ဖတ်စာတွေထဲမှာတော့ ခနခန တွေ့ဖူးတဲ့စကားလေးပါ
ကိုယ့်တိုင်းပြည်ကိုကမဟုတ်တာ သူများနိုင်ငံမှာဆိုတော့ပိုဆိုးတာပေါ့ဗျာ...
အလုပ်သမားသံအရာရှိထားဆိုရင်လဲ အမြန်ဆုံးထားပြီး ရွှေ့ပြောင်းအလုပ်သမားအရေးဖြေရှင်းရင်လဲ အကောင်းဆုံးဖြစ်အောင် လာဘ်စားမှုကင်းအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ် ကိုယ့်လူမျိုးအချင်းချင်းကြမှ ခွေးမျိုးတွေထက်ပိုမဆိုးစေချင်ပါဘူး အမျိုးသားရေးစိတ်ဓာတ်ရှိဖို့ အရေးကြီးကြောင်းပါ။

လုံးဝမဖြစ်နိုင် ပါ
လုံးဝမဖြစ်နိုင် ပါ
မ လေးရှားမှာ လူမိုးရေးခွဲခြားမှုက အများကြီးပါဘဲ အိမ်တွေ စက်ရုတွေမ လေးဝယ် ရင် ဈေးပေါတယ် တရုတ်တို့ အခြားဘာသာဝင် တွေဝယ် ရင်ဈေးကကြီးတယ် အဲဒါကအစိုးရကကို အဲဒီလို သတ်မှတ်ထာတာ လုပ်ငန်ခွန်ဆိုလဲ မလေး စက် ရုံဆိုရင် အခွန်နဲတယ် အခြားလူမိုး တွေစက် ရုံဆိုရင် အခွန်များတယ်
ကဲကြားလား UNHCR ခိုးဝင်လာတဲ့ ဘကုန်းကုလာားကြတော့ ရိုဟင်ဂျာဆိုပြီအမြန်ကူညီတယ်၊တကယ့်အကူညီလိုအပ်တဲ့သူတွေဆီအမြန်ဆုံး သွားရောက်ကူညီပေးပါ။
ကိုယ်တွေကြုံဖူးတဲ့လူတွေသိကြပါတယ်ဗျာ။အားလုံးမကောင်းဘူးလို့ဝါးလုံးရှည်နဲ့သိမ်းမရမ်းချင်ပါဘူး။ဒါပေမယ် ၉၀%လောက်မကောင်းဘူးဆိုတာတော့သေချာပါတယ်။ discrimination ဆိုတာကိုဒီနိုင်ငံရောက်မှပိုသဘောပေါက်လာတာပါ။ အရင်တုန်းကနိုင်ငံသုံးနိုင်ငံရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်ဒီနိုင်ငံလောက်တော့ဆိုးဆိုးဝါးဝါးမဖြစ်ဖူးပါဘူး။ မြန်မာတွေဆိုတော်တော်ဆိုးဆိုးဝါးဝါးဆက်ဆံတာပါ။ ခံရဖူးမှသိတာပါ။

Post a Comment