ဒီမိုကရေစီ လမ်းပေါ် လျှောက် နိုင်အောင် ယခင် စစ်အုပ်စု ခေါင်းဆောင်တွေ လုပ်ပေး ခဲ့တယ်ဆိုတာ လုံးဝ လက်မခံ ပါဘူး
“ဒီမိုကရေစီ လမ်းပေါ် လျှောက် နိုင်အောင် ယခင် စစ်အုပ်စု ခေါင်းဆောင်တွေ လုပ်ပေး ခဲ့တယ်ဆိုတာ လုံးဝ လက်မခံ ပါဘူး´´၀ါရင့် နိုင်ငံရေး သမားကြီး ဟံသာဝတီ ဦးဝင်းတင် နှင့် တွေ့ဆုံခြင်း
လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့် ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly သတင်းထောက်မှ တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ် ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား မေးမြန်းဖြစ်ခဲ့သည်။
လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။
ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင် ယခင် နှစ် နှစ်ဆယ်ကျော်ထဲက ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ် ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့ ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။
၁၉၉၀ အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနိုင်ရ NLD ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။
အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ် တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင် နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့ ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။ အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။
အဲဒီတုန်းက အနိုင်ရတဲ့ NLD က လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက် ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။
၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။ အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင် ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။ အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။ အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ် တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့ သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။
အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာတို့၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တာရော ရှိခဲ့ပါသလား။
အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ် အခတ်ရပ်စဲရေးဆိုတာလည်း လုပ်ခဲ့တာ ပဲ။ ပြဿနာကို အဖြေရှာခဲ့ကြတာပဲ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံ ရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။ အဖြေမရှာနိုင်ခဲ့ဘူး။ အဲသလို ဘာမှ အဖြေတိတိကျကျ မထွက် ခဲ့တဲ့ ညီလာခံက ထွက်ပေါ်လာတဲ့ အခြေ ခံဥပဒေလည်း ဘာမှ အသုံးမကျဘူး။ တိုင်းပြည်အတွက်ရော ညီလာခံတက်ခဲ့ တဲ့ တိုင်းရင်းတွေအတွက်ရော ဘာမှ အသုံးမကျခဲ့ဘူး။
ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါလို့ ပြောတယ်။ မသိတဲ့ လူကျတော့ ဒီအစိုးရ သိပ်ကောင်းတာပဲ။ သိပ်ပွင့်လင်းတာပဲ။ သင်ကြမယ်။ တကယ်တော့ ဒီလိုလုပ်နေတာတွေ၊ ဒီလို ပြောနေတာတွေဟာ ဒီမိုကရေစီကို သူတို့ပေးတာ၊ ဒီမိုကရေစီကို သူတို့ဖန်တီး တာဆိုတာမျိုး ဖြစ်အောင်ပြောနေတာ ကျွန်တော်က ဒီလိုပဲမြင်တယ်။
ဘဘခင်ဗျား… လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။
လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့ စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊ ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။ ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။ သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့ ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့ ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။
ခန့်ခန့်(ဒဿနိက) Hot News

Reviewed by သစ်ထူးလွင်
on
14:04
Rating:
128 comments:
အမြင်ဆိုတာ နှစ်ဖက်ရှိတယ် အချိန်ကအဖြေပေးသွားပါလိမ့်မယ်
အစွဲဆိုတာလည်း နှစ်ဖက်လုံးမှာရှိနေကြတယ်။
သူတို့ပြောတာမှန်ပါတယ်အဘေ၇။စစ်အုပ်စုကအပင်ပန်းခံ၇ာထောင်ချီပြီးလူတွေသတ်ပေးလို့ သာယနေ့ ပြည်သူတွေနာကျင်မူ့ တွေနဲ့ အတူဒီမိုလမ်းကြောင်းပေါ်ေ၇ာက်လာတာပါ။
သိပ်ကြိုက်တယ် မှန်ချက်ကလန်ထွက်နေတာဘဲ။
သိပ်ကြိုက်တယ် မှန်ချက်ကလန်ထွက်နေတာဘဲ။
သိပ်ကြိုက်တယ် မှန်ချက်ကလန်ထွက်နေတာဘဲ။
သိပ်ကြိုက်တယ် မှန်ချက်ကလန်ထွက်နေတာဘဲ။
အစွဲဖြောက်ဘို့ နောက်မှပြောပါ ။ လက်ပန်တောင်း တောင် ကိစ္စဘဲ အရင်ကြည့်ပါဦး ။ နောက်ပြီး ဝန်ကြီးဌာနတွေရဲ့ ငွေအလွဲသုံးစားမှူအပေါ် ပေးတဲ့အပြစ်တွေ ဒါတွေကို ကြည့်ရင် စွဲသလား မစွဲသလား ဖေးသလား မဖေးသလား ပြန်စဉ်းစားကြည့်ရင် သိနိုင်ပါတယ် ။ No one above the law ဆိုတာကို မြောင်းထဲလွှင့်ပစ်လိုက်သလိုဘဲ ။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှူအပေါ် Action ယူပုံလေးက မသင်းဘူးလား ။
ဘဘအသက်လဲကြီးပြီခောတ်တွေလည်းစုံခဲ့ပြီ မကောင်းမြင်တာလေးတွေနည်းနည်းလျှော့သင့်ပြီ အလုံပိတ်ထားတာကိုသူတို့ဟမပေးဘဲဝင်လို့မရနိုင်ပါဘူးတိုက်လာတာ တောင်းလာတာနှစ်၁၀နဲ့ချီနေပြီ။ ငါတို့ကြောက်လို့တံခါးဟလာတာလို့ကြည့်မထင်ပါနဲ့ လူခြင်းမတူတော့ အပညြ့်ထိုင်နေရာကနေဘေးနည်းနည်းကပ်ပေးပြီးထိုင်ခိုင်းရဲတာကိုဦးသိန်းစိန်အုပ်စုကိုလဲသူရဲကောင်းစာရင်းသွင်းသင့်ပါတယ်။ဘယ်သူမှကိုယ့်နေရာဖယ်မပေးချင်ပါဘူးအခုကြည့်လေ လက်ပန်ဒေါင်း လယ်သမား ဈေးသည် ကျူးကျော် အားလုံးကကိုယ့်နေရာလေးပျောကမှာစိုးလို့လေ ဒီနေရာထက်အဆပေါင်းရာထောင်သာတဲ့နေရာကိုရထားတဲ့အုပ်ချုပ်သူတွေကပိုနေရာပျောက်မှာကြောက်တာပေါ့ ဖယ်မပေးသေးပေမယ့် ဘေးနဲနဲကပ်ပြီးရန်သူကိုထိုင်ခိုင်းနိုင်တဲ့စိတ်ကိုတော့ချီးကြူးပေးသင့်တယ်ဗျာ။
မပြည့်ဝသေးတဲ့ဒီမိုကရေစီဆိုတာလည်းမှန်ပါတယ်။ယခင်စစ်အာဏာရှင်တွေရဲ့မီးစိမ်းပြလို့ဒီမိုကရေစီလမ်းလို့ပြောရမဲ့ဒီမိုကရေစီဆိုတာလည်းဟုတ်ပါတယ်။ဒါပေမယ့်ဒီမိုကရေစီဆိုတဲ့အနှစ်သာရပြည့်တဲ့စကားလုံးနဲ့တော့ယခုသွားနေတဲ့။ယခုဖြစ်ပျက်နေတဲ့အခြေအနေနဲ့တော့မထိုက်တန်သေးတာလည်းအမှန်ပါဘဲ။ဘာဘဲဖြစ်ဖြစ်အရွေ့တစ်ခုတော့ရွှေုသွားတယ်လို့မြင်မိပါတယ်။

Inn
Inn
ကြောက်လို့ဖွင့်တာမဟုတ်ပါ။စား၇မဲ့သောက်၇မဲ့ဘ၀ေ၇ာက်ပြီးတ၇ုပ်အားကိုးပုဆိန်၇ိုးဘ၀ကနေမဖွင့်မဖြစ်ဖွင့်လာ၇တာပါ။(ဦးအောင်မင်းသက်သေ၇ှိပါတယ်)၇မ်းပြောတာမဟုတ်၇ပါ။မြေလေးနဲနဲပိုင်ပြီးပင်ပင်ပန်းပန်းထွန်ယက်ရှာဖွေစာဒသောက်နေ၇တဲ့လယ်သမားကြီးပိုင်ဆိုင်မူ့ နဲ့ ထားစ၇ာမ၇ှိအောင်ချမ်းသာုပီးလိုတ၇နေတဲ့လူ၇ဲ့ပိုင်ဆိုင်မူ့ ကိုယှဉ်ပြီးပြောသွားတဲု့ပြည်ချစ်သူကြီး၇ဲ့ ပြည်ချစ်cmကိုအံ့သြမိတယ်ဗျာ။(ခငဗျားမနက်ကစားခဲ့ တဲ့ထမင်း/ဆန်တောင်လက်ပံတောင်းတောင်ဦးကြီးတွေစိုက်တာလားမသိဘူးနော်)
သစ်ထူးလွင်ရေ မိမဆုံးမ ဖမဆုံးမတွေရဲ့ comment တွေကိုဖြုတ်ပေးပါ။ဖတ်တဲ့သူတွေ အကုသိုလ်များလို့ပါ။
U Win Tin is just like the negative viewer of opposition group.He is
always thinking negatively concept .
tms မင်းပြောနေတာနဲ့ငါဆိုလိုတာနဲ့ဦးဝင်းတင်ဆိုလိုတာနဲ့ဘာမှကိုမဆိုင်ဘူး သေသေချာချာဖတ်ပါကွာ ဆင်းရဲသားတောင်နေရာပျောက်မှာကြောက်ရင်သူဌေးကပိုကြောက်တယ်ကွာ တရုပ်ကြီးကြောက်လို့ဘာဖွင့်ပေးစရာရှိလဲအာဏာရှင်ဆက်လုပ်နေမှာပေါ့ သနားလို့ရှင်းပြနေတာနောက်တစ်ခါsorryဘဲမင်းလိုနလဘိန်းကဆဲလဲငါကအရေးလုပ်ပြီးဖြေရှင်းနေမှာမဟုတ်တော့ဘူး ပြည်ချစ်သူကတိုင်းပြည်နဲ့လူမျိုးဘဲချစ်တယ်ဘယ်နိုင်ငံရေးဘိုးအေ ဘယ်အစိုးရဘက်မှ မလိုက်ဖူးကွ
ဦးသိန်းစိန်မကောင်းကြောင်းတော့မရေးကြပါနဲ့ဗျာ..သူ့ခမျာ အာဏာမရှိရှာပါဘူး...KIA နဲ့အပစ်အခတ်ရပ်စဲဖို့ ပြောခဲ့တာကိုပဲကြည့်လေဗျာ...ဘယ်မှာရပ်သွားလို့လဲ...
သူတတ်နိုင်တဲ့ ဘောင်ထဲကနေတော့ ကောင်းအောင်လုပ်ရှာပါတယ်..
ဒါပေမယ့်သူမှမတတ်နိုင်တာ....
အမည်ခံသမ္မတလေးပါဗျာ...
သနားပါတယ်..။
ဒီမိုကရေစီလမ်းပေါ်လျှောက်
လှမ်းနိုင်အောင်ယခင်စစ်အစိုးရ
ခေါင်းဆောင်ကြံ့ဖွံ့ဥက္ကဌတပ်ချုပ်ကြီး
ဦးသန်းရွှေကကြံ့ဖွံ့အဖွဲ့ဝင်ဦးသိန်းစိန်
ကိုမဲခိုးပြီးသမတကြီးလုပ်ခိုင်းလိုက်
တာလေဘယ်မှာဒီမိုကရေစီရသေးလို့လဲ
မြွေအရေခွံလဲအဆင့်ဘဲရှိသေးတယ်
ပြည်ချစ်သူ မင်းကတိုင်းပြည်နဲ့လူမျိုးချစ်တယ်ဆိုတော့ ဒီမိုကရေစီရအောင် မင်းတော်တော်ကြိုးစားခဲ့ရတယ် ထင်တယ်နော်။
ဘဘရေ အမှန်တကယ် တိုင်းသူပြည်သားအတွက် လုပ်တဲ့အစိုးရမဟုတ်တာကြောင့် ကမ္ဘာမှာ အစစအရာရာ ပြည်သူတွေ နိမ့်ကျနေရတာပေါ့ အစိုးရလုပ်စားသွားတဲ့လူတစ်စုချမ်းသာမှုက ပြောမနေနဲ့ တော့
ညီတေဇ
ဘယ်သူ့ကိုမှ မယုံပါ ကုလားထိုင်နဲ့အာဏာ တပဲ သားလောက်ရရင်
ဗမာအကျင့်ဆိုးအတိုင်းလေသံတွေပြောင်းကုန်တာပဲ။အပြောနဲ့အလုပ်
ညီဖို့လိုတယ်။
ညီတေဇ
ဘယ်သူ့ကိုမှ မယုံပါ ကုလားထိုင်နဲ့အာဏာ တပဲ သားလောက်ရရင်
ဗမာအကျင့်ဆိုးအတိုင်းလေသံတွေပြောင်းကုန်တာပဲ။အပြောနဲ့အလုပ်
ညီဖို့လိုတယ်။
အိုဘားမား=သတင်းစာဆရာကြီး(ဟံသာဝတီ)ဦးဝင်းတင်
မကောင်းတဲ့ လမ်းကို ဘယ်သူေ တွကဖျက် ခဲ့
ရတာလဲ။
ပြည်သူတွေလို့ပြောရင် ရမလား။
ကောင်းတဲ့ လမ်းသစ်ကို
ဖေါက်နိုင်ဘို့ ဘယ်သူတွေက လမ်းစကို
ပျိုးခဲ့သလဲ။
ယခင် အစိုးရလို့
ပြောရင်ရမလား။
အစပျိုး ထားတဲ့ လမ်းကို
ဘယ်သူတွေဆက်ဖေါက်
နေသလဲ။
လက်ရှိအစိုးရ လို့
ပြောရင်ရမလား။
အဓိက က
ဘယ်သူဖန်တီးတယ် ဆိုတာက
အရေးမကြီးဘူး
အဓိက က
လမ်းကြောင်း
ပြောင်းမသွားဘို့
လမ်းကြောင်း
ပျောက်မသွားဘို့နဲ့
လမ်းကြောင်းကို
ကောင်းသွားဘို့
ဘယ်လိုရှေ့ဆက်ကြမလဲ။
ဒါဘဲဆွေနွေးကြပါ။
ဝေဖန် လေကန်ပြီး
သူများစောက်တင်းပြောလို့
တိုင်းပြည်တိုးတက်မလာဘူး
ဝေဖန်တာတွေလျှော့ကြပြါ။
အမှန်ကို မျှမျှတတ ပြော တဲ့ သူကို မင်း ခွေးလို ယုတ်ယုတ်မာမာ ဟောင် လိုက် ပါဦး tms ရ
ဆွေးနွေးပြီး ငြင်းရုံ တင် မဟုတ်ပဲ မင်းက တဖက်လူ ရဲ့ အမည် ကို တောင် ခနဲ့ လိုက် သေးတယ်။
မင်း ကို ဆုံးမ ချင် လို့ ငါ ဒီဆိုက် ကို ဝင် ရေးတာ။
ခါတိုင်းဆို သူများcomment တွေ ဖတ် ရုံ ပဲ။
ကောင်းတဲ့ comment တွေ့ ရင် သ ဘော ကျ သလို
မင်းလို စိတ်ဓာတ်ညံ့ တဲ့ လူရဲ့ comment တွေ့ တော့
အမြင် ကတ် လို့ ကွ။
ကျန်တဲ့ လူတွေ တော့ ဘယ်သူ့ မှ မဆဲ တော့ ပါဘူး
မင်း လို ဆွမ်းဆန်ထဲ ကြွက်ချီးရော နေတဲ့ ခွေးကို တော့
ငါ အမြင် မ တော် ရင် ဆုံးမ ရ မယ်
Akyaw moeပြောတာအပြည့်အဝထောက်ခံတယ်ဒီလူတွေကဝေဖန်ဖို့လောက်ပဲတက်တာပြီးတော့ခေတ်အဆက်ဆက်ဘာစောက်လုပ်မှမလုပ်ပဲသီတင်းစာပဲထိုင်ဖတ်ပြီးဝေဖန်ရေးလေကန်ရေးလုပ်နေကျသူများမကောင်းပြောပြီးမှထမင်းစားရတဲ့သီတင်းစာဗန်းပြတဲ့သူတောင်းစားကြီး
ဦးဝင်းတင် ခင်ဗျား ဆေးမှန်မှန်သောက်ပါ တရားလေးဘာလေးထိုင်ဗျာ ခင်ဗျားကကွန်မြူနစ်ဖြစ်နေပြီ
ဘိုးတော်သေသင့်ပြီအလကားလူNLDက ကောင်တွေလီးပဲ
RIGHT
Hi...Pyi Chit thu
I agree with u, you are right man who stands on your own thoughts.You can think logically and you walk on the middle way.
It is impossoble to believe absolutely as U wintin said because he is also a Pu Du ZIn.He can be wrong . So we no need to believe as U wintin said , we have right to think about it ourself.
I think that level of Democracy depends upon people's knowledge level.
Why had regime government govern our country ?
Do you know Mr, pyi chit thu ?
Our knowledge levels had deserved regime government.
So they governed us for 24 years.
It is my point of view. You have right to think about it urself.
ဘိုးတော်ပုံကို ကြည့်ပါလား
တကယ့် ကလိန်ကကျစ်ရုပ်
မင်းတို့ကကိုယ့်အဆင့်အတန်းကို ဖော်ပြနေတာ။
ဗမာမပြီးခင် ----မမြင်စေနဲ့တဲ့ အခုအပင်စိုက် အခုအသီးစားချင်လို့ ရမလား အချိန်တစ်ခုတော့ စောငိ့မှပေါ့
အဘိုးကြီး အသက်ကြီးပြီး အတင်းပြောတုန်းဘဲလား
ဒီလောက်ရှင်းနေတာကို အမြင်အစွဲနှစ်ဖက်ရှိတယ် ပြောနေသေးတယ်။
တစ်ဘို့သမားတွေတိုင်းပြည်ကို နှစ်ပေါင်းများစွာဖျက်ဆီးပြီးကိုယ်ကျိုးရှာ
ခဲ့ကြတာ။ သူတို့ဘဝတွေအာမခံချက်ရှိမှ အပြောင်းအလဲအနည်းငယ်
လုပ်ပေးတာဟာ ဒီမိုကရေစီကိုပုံဖော်ပေးတာလားဗျာ။
သိပ် မဆဲ ကြပါ နဲ့ တော့
ဘိုးတော် က အဆိုးမြင် ဝါဒ နဲ့ ပြောနေတာ ပါ။
အ ကောင်းဖက် ရောက် အောင် စေတနာ နဲ့ ဝေဖန် ထောက်ပြတဲ့
စကား ၁ လုံးမှ မပါဘူး။
သူလဲ သေ တော့ မှာပါ မကြာပါဘူး
အားလုံးကျမ္မာချမ်းသာကြပါစေ။
ဘဘက အမှန်တွေပြောတာပါဗျာ။ လက်မခံနိုင်သူများ မိမိလက်ရှိအနေအထားကိုသာ
ပြန်ကြည့်ကြပါ။ ကျွန်တော်တို့လို လွတ်ကင်းသူများကတော့ အပြည့်အဝ
ထောက်ခံပါတယ်။
မျက်စိတောင်လည်တယ်
ပေါ်ကယောင်ကြီးတို့အားလုံးကိုလီးဘဲလို့အရင်ဆုံးပြောချင်ပါတယ်။မြန်မာနိုင်ငံရေသ မားအားလုံးဟာလေကြီးဖင်
ကျယ်တွေပါ။တယ်ကယ်မျိုးချစ်ရင်susideလုပ်ပါလား။မြန်မာနိုင်ငံမှာ
မြီးရှည်အစွယ်ကားကားသတ္တာဝါ၁၀ယောက်
၁၅ယောက်လောက်ကလက်ဝါးကြီးအုပ်ချယ်
လှည်နေတာပါ။
ကတုံးဆိုတဲ.အကိုမျက်ကပ်မှန်လေးတပ်ကြည်.ပါ ညီကNLD ကပါဒါပေမဲ.အကုန်လုံးကိုဘက်မလိုက်သံယောင်မလိုက်ဘူး
nyanlin အဆင်.တန်.မြင်.တာစကားလုံးတွေက
အပြောင်းအလဲကိုကြည်.တာထက်ပြောင်းလဲမူရဲ.အနှစ်သာရကိုမြင်အောင်ကြည်.ရမှာ ဘဘမှန်တယ်ဆက်လုပ်
ပြည်.ဖြိုးအောင်ရိုင်းလိုက်တာလူကြီးကိုဒီလိုပြောရတယ်လို.ဘယ်သူကသင်ပေးလဲ
တကယ်စစ်စစ်ပြောင်းလဲသေးတာမဟုတ်သေးဘူးနောက်ကကြိုးကိုင်ထားတုံးရှိသေးတယ်
Absolutely agree.
http://www.youtube.com/watch?v=wYb-ZmjIeG4
အဲ.ဒါကိုရှာကြည်.ပါ
အမေစုကအားလုံးကိုလူထုကိုပေးဆပ်နေတာရိုင်းစိုင်းတဲအမူအရာနဲ.မပြူမူပါနဲ.
အိမ်ကမိဘတွေရဲ့အဆင့်အတန်းကိုပါပေါ်လွင်အောင်ဆဲပြနေတာကိုး ခွေးထက်မိုက်တဲ့ကောင်ဘဲကွာ
ဘယ် ဘက် က မှ နေတာမဟုတ်ပါ
ကိုယ့် အမြင် ကို ပြော တာပါ
ဘယ်သူ ဘာလုပ်လုပ် ကောင်းရင် ထောက်ခံ
မ ကောင်း ရင် ထောက်ပြ ဝေဖန် ရမှာပါ
ဘိုးတော် က အဆိုးမြင် စကားတွေ ချည်း ပဲ မို့ပါ
Toe Lin ရေမင်းကိုလည်းသနားသဖြင့်တစ်ခါတော့ရှင်းပြပေးမယ်ဒီမိုကရေစီရဖို့ဆန္ဒပြ ထောင်ကျခံမှတိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်လို့ဘယ်သူကပြောလဲ ကျန်စစ်သား ဘုရင့်နောင် ဗန္ဓုလ ကနောင်မင်းသား ယောမင်းကြီးဦးဘိုးလှိုင် ပညာဝန်ဦးဖိုးကြား ဒါကနေရာစုံခောတ်စုံအောင်ပြောတာဘယ်ခောတ်ဘယ်စနစ်ဖြစ်ဖြစ်တိုင်းပြည်လူမျိုးကောင်းစေချင်တဲ့စေတနာနဲ့လူတွေကို ကာကွယ်ပေးတာ တီထွင်ပေးတာ သင်ကြားပေးတာ စိတ်ဓါတ်ကောင်းတွေရအောင်မြှင့်တင်ပေတာ ကိုယ့်နိုင်ငချစ်တာဘဲကွ စာသင်ပေးနေတဲ့ကျောင်းဆရာတစ်ယောက်ကဝမ်းရေးကြောင့်ဆန္ဒမပြရဲပေမယ့်ကလေးတွေကို စာရိတ္တ စိတ်ဓာတ် အကောင်းဆုံးမြှင့်တင်ပေးနေရင် မျိုးချစ်စိတ်ရှိတာဘဲ မင်းရဲ့နားဝေးမှုတွေ လျော့နည်းပါစေ ငါကနောက်ထပ်မင်းကိုထပ်ဖြေရှင်းနေမှာမဟုတ်လို့နားလည်အောင်တစ်ခါတည်းစဉ်းစားကွာ။
ပြည်ချစ်သူေ၇..ညီပြောတဲ့ဘက်၂ဖက်မျှတွေးခြင်းကို သဘောကျတယ်ကွာ..
ဒီတော့ ဒို့ နိုင်ငံကို ငြိမ်းချမ်းဖို့ ဖြစ်ဖြစ်..တိုးတက်ဖို့ ဖြစ်ဖြစ်..ပြောင်းလဲဖို့ ဖြစ်ဖြစ်..
ဒီမိုကေ၇စီအေ၇းအတွက်ပဲဖြစ်ဖြစ်..အကို ဘယ်သူ့ ကိုယုံကြည်၇မလဲ..
ဘယ်သူ့ ကိုအားကိုး၇မလဲ..ညီလေး မျှတွေးပြီး ရှင်းပြပါဦးနော်...။ဒီထောင်ကျခံကျ၇တဲ့သူတွေကပဲမှားနေတာလား..။ကိုယ်ကျ၇ာတာဝန်ကိုမျိုးချစ်စိတ်အပြည့်နဲ့ ကျေပွန်စွာထမ်းဆောင်ပေး၇င်လုံလောက်မလား။ဒါမှမဟုတ် ကိုယ်နေ၇ာလေးနဲနဲဖယ်ပေးပါတယ်ဆိုတဲ့(ညီပြောတဲ့)သူတွေကိုဘဲလား...။..ဘယ်သူမှမတောင်းဆိုပါဘဲ..(နေ၇ာမ၇၇။ထောင်ပဲကျကျ)ဆိုပြီးဝမ်းေ၇းမငဲ့ရုံမက အသက်တွေ ဘ၀တွေ စတေးပြီးအမိုက်ခံတောင်းဆိုနေတဲ့သူတွေကိုဘဲလား..။ကိုယ်ကတော့နဲနဲဝေးတယ်ကွာ..တဆိတ်လောက် ညီကကူညီရှင်းပြစေချင်တယ်..
*
ခွေးသည်လူကိုကိုက်သည်။
လူသည်ခွေးကိုမည်သည့်အခါမှပြန်မကိုက်။
တီအမ်အက်စ် AD 2012
လိုချင်တိုင်း တောင်းရင်ပေးမလား?အပြစ်လိုက်ရှာတာကပညာမပါဘူး။ခွေးသည်လူကိုကိုက်သည်။ခွေးတိုင်းလူကိုမကိုက်ဘူး။ကိုက်တဲ့ခွေးကိုဘယ်သူမွေးလဲ။ဘယ်သူမှမမွေးဘူး။လိုချင်တာပဲတောင်းဆိုမယ်။ကိုယ့်ဘက်ကဘာပေးနိုင်လဲဆိုတာပဲပြောကြ။
တ၇ုပ်ကြီးကြောက်လို့ ဘာဖွင့်ပေးစ၇ာလိုလဲဆိုတဲ့စကားစုကိုတော့ဦးအောင်မင်းနဲ့ပဲအချင်းချင်း၇ှင်းလိုက်ကြပါ။ခင်ဗျားနဲ့ ကျနော်ဘယ်သူနလပိန်းတုံးလဲဆိုတာစာဖတ်တဲ့ လူတိုင်းသိကြပါတယ်။သေချာမဖတ်တာခင်ဗျားပဲဖြစ်မယ်,ကျနော့်စာထဲမှာဆဲတာတလုံးမှမပါပါဘူး။ဆဲတဲ့cmတွေကိုလဲမပြန်တော့ဘူး။အဆင့်ခြင်းမတူပဲ၇ွံစ၇ာကောင်းလို့ ပါ။ဆင်း၇ဲသားတွေထက်သူဌေးတွေကဆင်း၇ဲမှာပိုကြောက်တယ်ဆိုတဲ့ခင်ဗျားcmကိုဖတ်၇င်ခင်ဗျား၇ဲ့ အင်မတန်မြင့်မြတ်တဲ့မျိုးချစ်စိတ်ဓါက်ကိုအကဲခတ်မိပါတယ်။အကြံပေးချင်တာကတော့နံမည်ပြင်ပြီးမှcmဆက်ေ၇းသင့်ပါတယ်။
ဒီနိုင်ငံအဆင့်နဲ့တန်တဲ့အဆင့်ပဲတောင်းဆိုသင့်တယ်လေ။ဒီမိုကရေစီမဟုတ်တဲ့ တရုတ်ကို ဘယ်နိုင်ငံကဘာပြောရဲလဲ။ရှင်းရှင်းပြောရရင်ဘုရင့်နောင်သိမ်းပိုက်ခဲ့တဲ့ထိုင်းမပြောနဲ့၊ ဖိလစ်ပိုင် အဆင့်တောင်မယှဉ်နိုင်တာ တောင်းဆိုမှုကတော်တော်များတယ်။
လူ့အခွင့်အရေးတောင်းဆိုမှုကအမေရိကန်တောင်လိုက်လျောနိုင်မှာမဟုတ်ဘူး။အကုန်လုံးလိုက်အပြစ်ပြောနေလို့ကတော့ ငါ့မှာသာအခွင့်ရှိရင်အခုအပြစ်ကြီးပဲလိုက်ပြောနေတဲ့သူကို နိုင်ငံတော်ကိုအုပ်ချုပ်ခိုင်းမယ်။လက်ပံတောင်းတောင်မှအဆင်ပြေအောင်မညှိနိုင်တာသူများကိုအပြစ်လိုက်ပြောမနေနဲ့။
အားလုံး အကောင်းမြင်ဝါဒလေး ရှိကြပါ။
မှန်တယ် ဘေးထိုင်ပြီးဘုပြောတာတော့လူတိုင်း
လုပ်တတ်တယ် ကိုယ်တိုင်တော့လာမှစောက်ဖြစ်
မရှိဘူး
U Win Tin they are fighting for your talking.
Speaking, eating,sitting is very easy to every
body.You are too old and cannot become a leader.
So please don't disturb to the young and want to
ask you ,what do you do for this country.you will
get the life same to your sense.Don't you afraid?
I'm strongly supporting for "Pyi Chit Thu and Yan Oo" comments ,those are right.
ကိုသစ်ေ၇,တောင်းဆိုတဲ့လူတွေများနေပြီနော်။မဲခွဲဆုံးဖြတ်ပြီးအမြန်အတည်ပြုပေးပါတော့ဗျို့ ။
၁၉၆၂ကနေ၂၀၁၂ကမ္ဘာပဲပျက်ခါနီးနေပြီ။ဆက်စောင့်၇အုံးမှာလား။
Daddy နဲ့  mummy ကသင်ပေးတာ။
ပြည်ချစ်သူကိုသူဌေးချစ်သူလို့ ပြောင်း၇မှာ။
စေတနာဆိုတာ အလုပ် အလုပ်ပြီးမှကံဆိုတာ
လာတာ
ဥပမာ ကျွဲ နွားသတ်တာလည်းစေတနာ
ကောင်းမူကုသိုလ် လုပ်တာလည်းစေတနာ
အားလုံးက အလုပ်တွေဘဲ ပြီးမှကံဆိုတာပေါ်တာ။
ဆဲတဲ့လူတွေအားလုံးးကို နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းပို့ရမယ်။
မင်းဖအေနဲ့ အဘိုးလား
သူပြောတော့ သူ့စကား။ ငါပြောတော့ ငါ့စကားပေါ့။ ဘယ်အရာမှ မမြဲဘာဘူး။
လွတ် လပ် စွာ ဝေ ဖန် ပိုင် ခွင့် နဲ့ လွတ် လပ် စွာ ရေး သား ခွင့် ရှိ ရ မည့့် ဒီ မို က ရေ စီ ခေတ် ထဲ မှာ့ နိုင် ငံ တွင်း မီ ဒီ ယာ လွတ် လပ် ခွင့် တောင်း ဆို နေ တာ ကို မင်း တို့ က ဘာ ကို တား ဆီး ခြင် တာ လဲ့ မင်း တို့ နဲ့ အ တွေး အ ခေါ် တူ မှ မှန် တယ် ထင် ရင် တော့ sorry ပဲ ငါ့ ကောင် တို့ မင်း တို့ လူ တစ် စု ပဲ ကိုယ် သ တင်း ကိုယ် တင် ပြီး ကိုယ့် ကို ကို ပဲ မန့် ရေး နေ လိုက် တော့
မှန်လှကြောင်းပါဖျာ့
အ ကြောင်း အ ရာ တစ် ခု ကို ဆွေး နွေး တာ ငြင်း ခုန် တာ ပာာ အ ဖြေ ရှာ တာ ပာာ ဒီ မို က ရေ စီ ရဲ့ အ နှစ် သာ ရ ပဲ
ဘယ်သူပဲ လုပ်လုပ် ကောင်းဖို့ အရေးကြီးတယ်
ကျွန်တော်တို့နိုင်ငံဆိုတဲ့လှေကြီး တိုးတက်ဖို့အတွက်နိုင်ငံသားအားလုံး တက်ညီလက်ညီ လှော်ခက်ဖို့အတွက်အချိန်ရောက်နေပြီလို့ထင်ပါတယ် အဘရေ
အဘလည်းအသက်ကြီးပါပြီ နိုင်ငံရေးလုပ်ခဲ့ကျိုးနပ်ပြီလို့အနည်းကျဉ်း
ပဲထင်ရင်တောင် ခုအသက်အရွယ်ဟာအေးအေးချမ်းချမ်းနဲ့ ကိုယ့်နောက်ပါမယ့် တရားဓမ္မကိုသာလုပ်သင့်ပါတယ်
negative လေးကနေ positive ဘက်လေးနည်းနည်းပြောင်းတွေးကြရအောင်ဗျာ
အမေစု ကိုယ်တိုင်ဝင်လှော်ခက်နေတဲ့ ဒီလှေကြီးဟာသေချာပေါက်အောင်မြင်မှာပါ အဘစိတ်ချလို့ရပါတယ်
စိတ်ချလက်ချအနားယူပါ ဘုရားတရားလုပ်ပါအဘရေ
ပြည်ချစ်သူဆိုတဲ့ညီလေးရေ ပြည်သူတွေရဲ့အခက်အခဲတွေကိုမြင်ရဲ့လား ပြည်ကို
ဘဲမချစ်ပါနဲ့ကွာ အောက်ခြေက ပြည်သူပြည်သားတွေတွေကိုလဲချစ်တတ်ပါစေ
ကွာ..ပြည်သူတွေဘယ်လောက်ဆင်းရဲတွင်းနက်နေကြလဲ..လေ့လာပါ..စစ်ဗိုလ်
ချုပ်တွေထားစရာမရှိအောင်ဘယ်လောက်ချမ်းသာနေလဲ.လေ့လာကြည့်ပါ..သူတို့
ရွှေမျိုးသားချင်း ဘယ်နှစ်သက်စားလို့မကုန်အောင် ရှိနေပြီ်လဲစုံစမ်းလိုက်ပါအုံး..
ဒီတော့ဖယ်ပေးခြင်ရင်နဲနဲမဟုတ်ဘူး..အကုန်လုံးဖယ်ပေးလို့ရတယ်..ဘာလို့
ဖယ်မပေးတာလဲဆိုတော့..ခေတ်ကြီးကပြောင်းသွားပြီ..သူတို့ကြမ္မာတပါတ်
လယ်လာမှာကြောက်လို့ပါ..ဒါပေမဲ့ပြည်သူတွေက သူတို့လိုမရက်စက်ကြပါဘူး
စေတနာ=စေ့ဆော်တိုက်တွန်းမှု
ကံ= ကာယ/ဝဇီ/မနောတို့ဖြင့်
ပြုမူ ပြောဆို ကြံစည်မှု(အလုပ်)
ကံ၏အကျိုး=စေတနာဟူသောစေ့ဆော်တိုက်
တွန်းမှုကြောင့် ပြုမူ ပြောဆို ကြံစည်ခြင်း
အကြောင်းကြောင့် ဖြစ်ပေါ်လာသော
အကျိုးရလာဒ်
ပြည်ချစ်သူဆိုတဲ့ညီလေးရေ ပြည်သူတွေရဲ့အခက်အခဲတွေကိုမြင်ရဲ့လား ပြည်ကို
ဘဲမချစ်ပါနဲ့ကွာ အောက်ခြေက ပြည်သူပြည်သားတွေတွေကိုလဲချစ်တတ်ပါစေ
ကွာ..ပြည်သူတွေဘယ်လောက်ဆင်းရဲတွင်းနက်နေကြလဲ..လေ့လာပါ..စစ်ဗိုလ်
ချုပ်တွေထားစရာမရှိအောင်ဘယ်လောက်ချမ်းသာနေလဲ.လေ့လာကြည့်ပါ..သူတို့
ရွှေမျိုးသားချင်း ဘယ်နှစ်သက်စားလို့မကုန်အောင် ရှိနေပြီ်လဲစုံစမ်းလိုက်ပါအုံး..
ဒီတော့ဖယ်ပေးခြင်ရင်နဲနဲမဟုတ်ဘူး..အကုန်လုံးဖယ်ပေးလို့ရတယ်..ဘာလို့
ဖယ်မပေးတာလဲဆိုတော့..ခေတ်ကြီးကပြောင်းသွားပြီ..သူတို့ကြမ္မာတပါတ်
လယ်လာမှာကြောက်လို့ပါ..ဒါပေမဲ့ပြည်သူတွေက သူတို့လိုမရက်စက်ကြပါဘူး
တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ဝေဖန်တာတွေမလုပ်ကြဘဲ ... တကယ်ကိုယ့်နိုင်ငံအတွက် ကိုယ့်ပြည်သူတွေအတွက်စဉ်းစားကြတယ်ဆိုရင် .... ကျွန်တော်အကြံပြုတာပါ ..... သူငယ်ချင်းတို့ရေ ... ဘာပဲပြောပြော အပြုသဘောဆောင်တဲ့ cm လေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် ဆွေးနွေးအကြံပြုပေးကြပါ ... အားလုံးတော့ ဘယ်ကောင်းနိုင်ပါ့မလဲ ... ဆုံးပြူးဆိုတာတော့ ရှိသမြဲပါပဲ ... ကျွန်တော်တို့ပြည်သူတွေ ခါးသီးတဲ့ ပင်ပန်းဆင်းရဲမှုတွေ နှစ်အတော်ကြာ နေခဲ့ကြရတာကို သင်ခန်းစာယူစေချင်တယ် .... နောက်ကြောင်းပြန်ပြီး အပြစ်တင်တာ၊ ဝေဖန်အတင်းပြောတာတွေဟာ အခုကျွန်တော်တို့ရရှိနေတဲ့(ဖော်ဆောင်ဆဲ) ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဟန့်တားနေတဲ့ လူတွေပဲဖြစ်တယ် ... ဒီလူတွေကို လက်တွဲခေါ်ပါ .... လက်ရှိဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေတဲ့ အစိုးရနဲ့ နိုင်ငံရေးပါတီအားလုံးကို အပြုသဘောဆောင်ပေးကြပြီး အကောင်းမြင်ပေးကြပါ .... ဘယ်ပါတီ၊ ဘယ်အစိုးရပဲအုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့နိုင်ငံသားတိုင်း လိုလားနေကြတဲ့ ဒီမိုကရေစီစနစ်ကိုရောက်အောင်၊ အမှန်တကယ် ပြည်သူတွေအတွက် လိုအပ်နေတဲ့ အခက်အခဲတွေ ပြေလည်အောင်၊ အားလုံးလူတန်းစေ့ ဖွံ့ဖြိုးတိုးတက်လာအောင် လက်ရှိအစိုးရကို နိုင်ငံချစ်နဲ့ ဖိအားပေးပြောဆိုကြဘို့ ဆွေးနွေးကြရန် အကြံပြုပါတယ် ... ဒါမှမဟုတ် ကျွန်တော်တို့ ရရှိပြီးဖြစ်တဲ့ လူတိုင်းပါဝင်ခွင့်ရတဲ့ ဒီမိုကရေစီ ဖော်ဆောင်ခွင့်ရတဲ့ လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်စေပြီး နောက်ကြောင်းပြန်လှည့်ကြမလားဆိုတာ စဉ်းစားကြပါဗျာ ... ခင်ဗျားတို့(အများစု) အားပေးထောက်ခံနေတဲ့ အမေစုကို ကြည့်ပါ .. သူများယောင်လို့ လိုက်ယောင်ပြီး ထောက်ခံတာမျိုးမလုပ်ပါနဲ့၊ ကိုယ်အားပေးထောက်ခံထားတဲ့ ပုဂ္ဂိုလ်ကို ကြည့်ပါ ... အခုဘာတွေလုပ်နေသလဲဆိုတာ ... ဖြစ်ပျက်ခဲ့ပြီးသား အရာတွေကို သင်ခန်းစာယူပြီး လက်ရှိအစိုးရနဲ့ လက်တွဲဖော်ဆောင်နေတာပါ ... ပြည်သူတွေအတွက် စဉ်စားပြီး ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ်ကိုသာ လက်တွဲဆောင်ရွက်နေတာပါ .... ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားပဲ အကောင်းမြင်ကြည့်ကြပါ ... လက်ရှိသွားနေတဲ့ ခြေလှမ်းကိုသာ တွန်းအားပေးပြောဆိုကြပါ၊ ဒါမှသာ ကျွန်တော်တို့ပြည်သူပြည်သားတွေလိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီဟာ မြန်မြန်ရရှိကြမယ်ဆိုတာ့ သတိရှိရှိဖြင့် ဥာဏ်နှင့်ယှဉ်ပြီး စဉ်းစားသုံးသပ်စေချင်ပါတယ် ...
အန်ကယ်ဦးဝင်းတင် ဟာ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ယောက်ဆိုတာ အများအသိဖြစ်ပါတယ် .. ယခင်အစိုးရစနစ်တုန်းက ဝေဖန်ပြောဆိုတာ၊ အတိုက်အခံပြုလုပ်ခဲ့တာတွေဟာ တကယ့်ပြည်သူ့တွေအတွက် စဉ်းစားပြီး ကိုယ်ကျိုးမငှဲ့ ဘ၀အနစ်နာခံခဲ့တယ်ဆိုတာ ကျွန်တော်လက်ခံပါတယ် ... ဒီလိုအနစ်နာခံခဲ့တဲ့ နိုင်ငံရေးသမားအားလုံးကိုလည်း လေးစားပါတယ် ... ဒါပေမယ့် လက်ရှိပြောင်းလဲနေပြီဖြစ်တဲ့ ဒီမိုကရေစီစနစ်ကာလ ရောက်နေပြီဆိုတာကို မသိရှိနိုင်တဲ့ ၀ါရင်နိုင်ငံရေးသမားကြီး တစ်ယောက်ရဲ့အတွေးအမြင်တွေဟာ တကယ့်ကို ၀မ်းနည်းစရာကောင်းပြီး သေးသိမ်ရာကျပါတယ် ... ကိုယ်နဲ့အတူ အတိုက်အခံပြုလုပ်ခဲ့သည့် နိုင်ငံရေးသမားအားလုံးခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို သင်ခန်းစာမယူနိုင်ပဲ ... ယနေ့ထိ ဆန့်ကျင်ဘက်အမြင်များကိုသာ ပြောဆိုနေတာဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် မည်သည့်ကောင်းကျိုးမျှရရှိခံစားရမည်မဟုတ်ပဲ အနာဂတ်လူငယ်များအတွက် လွဲမှားတဲ့အယူအဆတွေဖြစ်ပေါ်စေပြီး လက်ရှိဖော်ဆောင်နေသည့် ဒီမိုကရေစီစနစ်ကိုသာ ပိုပြီးကြံ့ကြာစေနိုင်သည်ဟု ယူဆပါသည်။ တကယ်ပြည်သူတွေအတွက်ဆောင်ရွက်ခဲ့တယ်ဆိုလျှင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သင်ခန်းစာယူပြီး ယနေ့ခေတ် ပြည်သူများအနေဖြင့် စစ်မှန်သည့်ဒီမိုကရေစီစနစ်ခံစားနိုင်ရန် ရရှိပြီးအခွင့်အလမ်းများကိုအမိအရဖမ်းဆုပ်ပြီး ပြောင်းလဲနေပြီဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို အားလုံးအတူတကွ ပူးပေါင်းပါဝင်ပြီး တိုင်းပြည်ပိုမိုဖွံ့ဖြိုးတိုးတက်ရန် မည်သို့အကောင်းဆုံးဆောင်ရွက်သင့်သည်ကို အနာဂတ်လူငယ်များအား လမ်းမှန်ပေါ်သို့ရောက်အောင် အပြုသဘောဆောင်ပြောဆိုဆွေးနွေးသင့်သည်ဟု ထင်မြင်ပါကြောင်း။ အများပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေမှုကို ကြံ့ကြာစေရန် ယနေ့ခေတ်ကာလထိ ဆန်ကျင်ဘက်အမြင်အယူဝါဒများအား ပြောဆိုနေခြင်းကိုလည်း ပြင်းထန်စွာ ရှုတ်ချပါကြောင်း ဖော်ပြအပ်ပါသည်။ မိမိသည်လည်း မည်သည့်နိုင်ငံရေးပါတီ/အဖွဲ့အစည်းကမျှမဟုတ်ပါ၊ နိုင်ငံသားထဲက နိုင်ငံသားတစ်ဦးသာဖြစ်ပါသည်။
မှန်လိုက်လေဗျာ။
ko luck ကမြန်မာနိုင်င့မှာနေတာ
မဟုတ်လောက်ဘူးထင်တယ်။
Time of user is 3:54am
ဆိုတော့နောက်နိုင်ငံကမှာနေတါလား.?
မြန်မာပြည်သူတွေ ဆင်းရဲတာ ခေတ်အဆက်ဆက်
အစိုးရနဲ့တိုက်ရိုက် မပါတ်သက်ဘူး ။ရိုးသားကြိုးစား
တဲ့ပြည်သူတွေ မချမ်းသာတောင် မဆင်းရဲကြဘူး။
ဝင်ငွေနဲ့ ထွက်ငွေမမျှအောင်ဖြုံးလိုက်ကြတာ မကောင်းတဲ့ နေရာမှန်သမျှ ကိုယ့်ဗမာ။ချွေတာသုံးပြီး
အလုပ်ကြိုးစားတဲ့သူအတွက်မြန်မာပြည်ဟာနိဗ္ဗာန်ပါ။
ဦးဝင်းတင်အပါအဝင် မကောင်းမြင်ဝါဒီတွေအတွက်တော့
ဘာဖြစ်မလဲ.....?
ကျွန်တော်တို့နိုင်ငံ ကံဆိုးမိုးမောင်းကျခဲ့တာ ဒီအာဏာရူး စစ်ဗိုလ်ချုပ် တွေကြောင်းဆိုတာ တစ်ကမ္ဘ္ဘ္ဘ္ဘာလုံး သိတယ်။
ကမ္ဘ္ဘာ မကြေးဘူး။
ကျွန်တော်တို့နိုင်ငံ ကံဆိုးမိုးမောင်းကျခဲ့တာ ဒီအာဏာရူး စစ်ဗိုလ်ချုပ် တွေကြောင်းဆိုတာ တစ်ကမ္ဘ္ဘ္ဘ္ဘာလုံး သိတယ်။
ကမ္ဘ္ဘာ မကြေးဘူး။
အကိုရေ တစ်ခုခုကိုရချင်ရင်နည်းလမ်းပေါင်းစုံသုံးရမှာလေအချေအနေအချိန်အခါလိုက်ပြီးသူတို့ဘေးကပ်ပေးတုန်းရတဲ့နေရာဝင်ထိုင်ပြီးဖြည်းဖြည်းချင်းအာဏာရအောင်လုပ်သင့်တယ်အမေစုကိုယ်တိုင်လည်းဒီသဘောမျိုးပါဘဲအလုံးစုံဆန့်ကျင်ရေးဆိုတာကကွန်မြူနစ်ဆန်သွားပြီ ဆန္ဒပြထောင်ကျခံနေရတဲ့လူတွေကိုမကောင်းမပြောပါဘူးသူတို့လိုလုပ်မှ သူတို့ကြည့်ဘဲတိုင်းပြည်ကိုချစ်တာမဟုတ်ကြောင်းဖြေရှင်းပြတာပါ။နှစ်ပေါင်းဆယ်ချီပြီးတိုက်ခဲ့ကြပြီဘဲ၂၀၁၅ရွှေးကောက်ပွဲအတွက်အမေစုရဲ့ကြိုးစားအားထုတ်မှုကိုလိုက်ပါပြီးစောင့်သင့်သလားလို့ပြည်သူတွေတကယ်ညီရင်အပြည့်မဟုတ်တောင်တစ်ဝက်တော့ရရမှာပေါ့။

အပေါ်မိုက်ရိုင်းတဲ့ကောင် ရိုင်းတယ်ဆိုတာ လူတိုင်းရိုင်းတတ်တယ်ကွ။ဦးဝင်းတင်ဆိုတာ မင်းတို့အဖေတွေထက်ကြီးတယ်။မမိုက်ရိုင်းနဲ့။မင်းတို့က မင်းတို့ပထွေးတွေထိလို့နာတာလား။ဒါမှ မဟုက် အရိုးရင်းလေးမကိုက်ရမှာစိုးလို့နာတာလား။မင်းတို့ အဖေ အဖေ ခေါ်နေတဲ့ မင်းတို့ပထွေးတွေကို ပြောလိုက်။ခွေးရူးကောင်းစာ တမွန်းတည့်ပဲဆိုတာ။မင်းတို့လည်းမှတ်ထားအုံး။သခင်အားရ ကျွန်ပါးမဝနဲ့။
ဦးကျော်ဆန်းရဲ့ တပည့်ဟောင်းတွေကလည်း-သစ်ထူးလွင် comment ကိုတောင်
စာပေစီစစ်ရေးလုပ်ချင်နေကြတယ်။ ဦးဝင်းတင်ခမျာလည်းအမေးခံရလို့ သာဖြေရ
တာ(ကိုယ်ထုတ်ပေးထားတဲ့မေးခွန်းကိုယ့်ဖာသာကိုယ်ပြန်ဖြေတာမဟုတ်လျင်ပေါ့)
တကယ်တော့-မေးခွန်းကိုကအမှားကြီး၊ မြန်မာတွေက ကုလားထိုင်တို့ ၊ role
တို့ လုဖို့ ကအလျင်၊အလုပ်ဖြစ်အောင်လုပ်ဖို့ ကနောက်၊ ဒါကြောင့်သူများနောက်
ကျကျန်ခဲ့တာ၊ ဒီအတိုင်းဆက်သွားနေကြလျင်ဘယ်တော့မှမှီမှာမဟုတ်ဘူး။
ကြိုက်တယ်ကွာ
စစ်အစိုးရနဲ့ သံယောဇဉ်မကင်းသေးတဲ့ 
မင်းတို့ အယူအဆနဲ့ တူမှမှန်တယ်ထင်တဲ့ ကောင်တွေပါ
လူကြီးအိမ်က ထမင်းချက်နဲ့  ခင်တာလောက်နဲ့ 
နာနေတတ်တဲ့ ကောင်တွေ
အင်မတန်မှ ရွံဖို့ ကောင်းတယ်
I m agree with u..win tun tun.
I m agree with u..win tun tun.
I m agree with u..win tun tun.
median eye မေးခွန်းမှားနေရင် မှန်တာလေးပြောပေးပါလား။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသည်
ဒီထဲမှာတော့ သုံးဖွဲ့ ကွဲနေတယ်
၁။စစ်အစိုးရ
၂။လက်ရှိကို စိတ်ကျေနပ်သူ
၃။ဒီမိုကရေစီ အစစ်သာလိုချင်သူ
မှန်တယ် ကိုတေဇ, justice, min khant တို့
tms ဆိုတဲ့ တိရစ္ဆာန် ကိုယ် နဲ့ မတူ ရန်သူ ဆိုတဲ့ စိတ်နဲ့ လိုက် ကိုက်နေတာ။
ကျွန်တော် လဲ ဆဲတာပါပဲ ။
သိပ် မရိုင်း အောင် ထိန်းရ မှာ ပေါ့ ။
ပုဂ္ဂိုလ် ရေး လိုက် ကိုက်, မိန်းမလို မိန်းမရ ပြော နေ ကျ
ခွေးလိုကောင် ကို တော့ ခွင့် လွှတ် လိုက်ကြပါ။
ကျုပ် ဆုံးမ လို့ ဒီကောင် နာမည် ပြောင်းပြီး ဟောင် တော့ မှာပါ။
ဒီ ဘ လော့ မှာ ဒီကောင် မ ဟောင် ပဲနဲ့ မ နေ နိုင် ပါဘူး
ပြည်ချစ်သူ မင်းကဆရာကြီးဆိုတော့ သူများကိုပဲဝေဖန်ပေါ့ကွာ။ငါတို့ကတော့ မင်းလောက်မသိရင်တောင် မင်းထက်တော့ အမြင်ကျယ်ပါတယ်ကွာ။ငါက မင်းလိုတော့ သူများအထင်မသေးတတ်ဘူးကွ။ငါက ထောင်ကျတဲ့နိုင်ငံရေးသမားရော ထောင်မကျတဲ့နိုင်ငံရေးသမားရော နိုင်ငံအတွက်လုပ်တဲ့လူကို အကုန်လေးစားတယ်ကွ။ စာသင်ဆရာဆိုပြီး မင်းလိုဘဝင်မရူးဘူး နားလည်လား။မင်းပြောတဲ့စကားတွေကို မင်းစာသင်တဲ့ကလေးသွားပြောလိုက်။တလောကလုံး မင်းတယောက်သိတာမဟုက်ဘူး ။
ဒီမှာ comment ဖတ် သူတိုင်း သိပါတယ် ကွ။
ကိုယ်နဲ့ အယူဆ မတူသူကို ခနဲ့ စော်ကား တတ်တဲ့ မင်းအကျင့် မင်း အဆင့် အတန်း ကို။
သူများတွေ က နာမည် ပြောင်းစရာ မလို ဘူးကွ။
မင်း သာ ရှက် ရမ်း ရမ်း ပြီး နာမည် ပြောင်းမှာ။
ငါ ဘာမှ မဆဲ ဘူးနော်။မင်းကို ဆဲရမှာ ပါးစပ် သန လာလို့
ဟားးးးးးဟာ
တစ်ဖွဲ့ ကျန်သေးတယ်။
(၄)ဒီမိုကရေစီအစစ်ဆိုတာဘာမှန်းနားမလည်ပဲအစိုးရဆန့် ကျင်လျင်
လူတော်၊လူကောင်း၊Hero-ဖြစ်ပြီထင်နေကြတဲ့ hysteria/hypomanic
တစ်ဖွဲ့ 
စောက်ရူးတွေရေ ..... မင်း တို့ အဘိုးဦးဝင်းတင်ဆိုတာ မင်းတို့ စစ်အစိုးရရဲ့ နိုင်ငံရေးကို အရည်ကြိုသောက်လို့ရတယ် သူတောင်းစားတွေရေ။
ငြင်းမနေနဲ့ကြနဲ့။ မင်းတို့အဖေ စစ်အစိုးရ ကာဆုတ်ဆုတ်နေတာ ကို ငါတို့မသိဘူး မထင်နဲ့ ခွေးတွေရေ။ မှတ်ထားဖို့က စောက်ရှက်တစ်စက်မှ မရှိတဲ့ မင်းတို့အဖေ စစ်အစိုးရဆိုတာပဲ။ အခုလို မီဒီယာခေတ်ကိုရောက်လာတဲ့အချိန်မှ မင်းတို့အဘ သန်းရွှေဆက်ထိန်းထားနိုင်မယ်ထင်လား။ အခုအချိန်သာ ရှေ့ကသွားလေသူတွေရဲ့ ပိုင်ဆိုင်မှုတွေ မသမာမှုတွေ ဖော်ထုတ်မယ်လို့သာ ပြည်သူတစ်ရပ်လုံး ကြွေကြော်ကြည့်
နောက်ပြန်မလှည့်ပါဘူးလို့ မင်းတို့ ပြောင်ကြီး အာမခံနိုင်လား။ သိနေတော့ ကောင်းပါတယ်လို့ပြောနေတဲ့ မင်းတို့ပါးစပ်တွေ ချီးကျွေးချင်တယ်။ -ီးပဲကွာ။ ကိုယ့်နိုင်ငံ ခွေးဖြစ်နေတာတောင် မင်းတို့ အဘတွေကို ဘောမနေကြတုန်းပဲ။ မင်းတို့ ပြည်သူတွေကို တကယ်သနားရင်း အဲခွေးတွေကို ဘောမမပါနဲ့။ ဒီလောက်ပဲ။ တောက်။
ဦးဝင်းတင်ပြောတာ အမှန်တွေပဲ..လက်ရှိ အခြေ အနေကို အဆင့်မြင့်မြင့် သုံးသပ်သွားတာ...မြင်တတ်ကြပါစေဗျာ
စောက်ရုးတွေ ခွေးတွေ သ ဒေါင်းစားတွေမိုးမွှန် အောင် ဆဲပြီးဆရာလုပ်ချင် တာလား....သူ့အမြင် ကိုယ့်အမြင်
လွတ်လပ်စွာကွဲလွဲနေကြတာ..မင်းရော ကိုယ့်အစွဲနဲ့ ကိုယ်မဟုတ်လား..ခွေးက မွေးတဲ့ ခွေးလိုကောင်....မရိုင်းနဲ့
လူလိုပြော.ဝါးလုံးရှည်နဲ့ မရမ်းနဲ့..လူလိုပြောတတ်အောင် သင်ပေးရမလား..ခွေးမသား
မင့်းနဲ့ကွဲလွဲတိုင်းအစိုးရဘက်တော်သားတွေထင်နေလား..
ဘယ်သူကိုမှမျက်စိမှိတ်ပြီး ဖ အေ တော်တဲ့ကောင် မဟုတ်ဘူး လူလိုသိ.လူစကားပြော.အဲဒီချီးကိုမင်းသာစားလိုက်.မျက်စိတဖက်ပိတ်ဦးနှောက်မဲ့ တဲ့ ကောင်.ဒီဘလော့မှာ မင်းထက်ဦးနှောက်အဆင့်အတန်းပညာသာတဲ့သူတွေအများ
ကြီးကွ,ထပ်ပြောလိုက်မယ်.ဝါးလုံးရှည်နဲ့ပတ်မရမ်းနဲ့..
မြေမျိုသွားမယ်.လူလိုမသိတဲ့ကောင်
မင်းလေသံနားထောင်တာနဲ့မင်းဘယ်က ဆိုတာခန့်မှန်းလို့ရတယ်,nld သာ မင်းလို အမြင် မတူရန်သူ
မျက်စိပိတ်နားပိတ်ဖင် ပိတ် အော်မဲ့ ကောင်တွေကြောင့် မပျက်စီးပါစေနဲ့
မင်းတို့ ကဆဲပဲဆဲတတ်ကြတာကိုး။ဘယ်သူကအဖက်လုပ်ပြီးဆွေးနွေးချင်ပါ့မလဲ။ဒီမိုဆိုတာလွတ်လပ်စွာေ၇းသားခွင့် ဆိုတာနားမလည်၇ှာပဲဆဲလို့ ၇တယ်လို့ ထင်နေတာကိုယ့်အဆင့်ကိုcmနဲ့ ဖော်ပြသလိုဖြစ်နေတယ်။ဒီမိုဆိုတာ၇ိုင်းစိုင်းတဲ့လူ့ ဘောင်ကလူတွေကိုယဉ်ကျေးအောင်ပြုပြင်တဲ့ လမ်းစဉ်ပါပဲ။အနီးစပ်ဆုံးဥပမာပေး၇၇င်ဒစနက်ကြီး(ဂတုံး)ဆိုတဲ့ခလေးဆိုcmတိုင်းမှာ၇ိုင်းစိုင်းစွာဆဲဆိုတတ်သူဖြစ်ပေမဲ့ကျနေ့်ာ်cmတွေဖတ်ပြီးဆဲ၇တာ၇ှက်စ၇ာလို့ မြင်ပြီးအပေါ်ကcmမှာမဆဲတော့ပါဘူးဆိုပြီးဖြစ်လာတာကြည့်၇င်သိနိုင်ပါတယ်။ဒီလို၇ှက်တတ်လာတာကိုကကောင်းတဲ့အချက်ပါ။မင်းတို့လဲမဆဲကပြါနဲ့ ။ယဉ်ကျေးစွာဆွေးနေိွးပါ။အောင်မြင်လာပါလိမ့်မယ်။
median eye မင်းကဘယ်ထဲကလဲ။ငါထင်တယ် မင်းကဆရာကြီးဂိုဏ်ချုဖြစ်လိမ့်မယ်။
Me=myanmar expres
ko Justice ရေ
ကျွန်တော့် cm အပေါ် နားလည်ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိဖြစ်ပေါ်လာတဲ့အခြေအနေကိုပဲ ကျွန်တော်တို့ပြည်သူတွေအတွက် ကိုက်ညီမှုရှိ/မရှိ၊ ပိုပြီးဖွံ့ဖြိုးတိုးတက်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်အကြံဥာဏ်ပြုပြီး ယခုပစ္စုပ္ပန်အချိန်ကာလနဲ့ နောင်အနာဂတ်မျိုးဆက်သစ်များအတွက် ယခုထက်သာတဲ့ ဒီမိုကရေစီအခွင့်အလမ်းများခံစားနိုင်အောင် ၀ိုင်းဝန်းပူးပေါင်းဆွေးနွေးပြီး မတူသည့်အချက်များကို ပယ်၊ တူညီသည့်သဘောထားအမြင်များကို စုစည်းနိုင်အောင် နိုင်ငံသားအားလုံး တစ်သားတည်းဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်.... ပြီးခဲ့တဲ့နှစ်ပေါင်း(၂၀)ကျော်ကာလမှာ ကျွန်တော်တို့ပြည်သူတွေ ဘယ်လိုနေခဲ့ရတယ်ဆိုတာ နားလည်သဘောပေါက်သင့်ပြီ ... သင်ခန်းစာယူကြပါ .. တကယ်ပဲ မင်းတို့ခံယူထားတဲ့ ပြည်သူတွေနဲ့တသားတည်းရှိမယ်၊ ပြည်သူတွေအတွက် တကယ်ပဲစဉ်းစားပြီး လုပ်ကိုင်ကြမယ်ဆိုရင် လက်ရှိအခြေအနေကိုပဲ ဘေးကထိုင်ကြည့်ပြီး နောက်ကြောင်းပြန် ဝေဖန်တာတွေ၊ ဆန့်ကျင်ပြောဆိုနေတာတွေကို ရပ်တန့်သင့်သည့်ကာလဖြစ်ပါတယ်။ အခုထိ ဆန့်ကျင်တဲ့ဘက်မှာ ရပ်တည်နေပြီး ဝေဖန်ပြောဆိုနေတဲ့သူတွေအတွက် တကယ်ပဲဝမ်းနည်းစရာကောင်းပါတယ်။
{ ko "minkhant" ပြောတာမှန်ပါတယ်၊
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသည်
ဒီထဲမှာတော့ သုံးဖွဲ့ ကွဲနေတယ်
၁။စစ်အစိုးရ
၂။လက်ရှိကို စိတ်ကျေနပ်သူ
၃။ဒီမိုကရေစီ အစစ်သာလိုချင်သူ } အဲဒီ သုံးဖွဲ့ထဲမှာပဲ ''median eye" ဖြည့်စွက်ပြောသွားတဲ့
{ (၄)ဒီမိုကရေစီအစစ်ဆိုတာဘာမှန်းနားမလည်ပဲအစိုးရ ဆန့် ကျင်လျင်
လူတော်၊လူကောင်း၊Hero-ဖြစ်ပြီထင်နေကြတဲ့ hysteria/hypomanic
တစ်ဖွဲ့ } ပါ။ ဒီ အမှတ်စဉ်(၄)အဖွဲ့ထဲမှာ ဥပမာအနီးကပ်ဆုံးပြောရရင် "ကောင်လေး" cm ရေးတဲ့ ဆုံးပြူးငနာကောင်လေးဟာ တကယ်သနားစရာကောင်းလှပါတယ်၊ သူဟာ မသိတာလည်းမဟုတ်ပါဘူး သိသိကြီးနဲ့ပဲ အခုချိန်ထိ ဆန့်ကျင်ဘက်ဝါဒကို လက်ခံနေတုန်းပါပဲ၊ မင်းတစ်ယောက်ထဲပဲခံစားခဲ့ရတာမဟုတ်ဘူး။ ပြည်သူတွေတရပ်လုံး နှစ်ပေါင်း(၂၀)ကျော် ယခင်စနစ်အောက်မှာ နေခဲ့ကြရတာဖြစ်တယ်။ ဆန့်ကျင်ဘက်ဝါဒကိုစွဲကိုင်ထားတဲ့ကောင်တွေ မင်းတို့အခု ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်ကြည့်ကြအုံး၊ မင်းတို့တွေပဲ ပြည်သူတွေရဲ့နာကျည်းမှုတွေ ခံစားရပြီး အထီးကျန်နေခဲ့ရလိမ့်မယ်။ အားလုံးသဘောပေါက်ကြစမ်းပါ။ ယခင်စစ်အစိုးရအပေါ်မုန်းတီး မကြေနပ်ချက်တွေကို အခုအားလုံးပါဝင်ပူးပေါင်းပြီး ဒီမိုကရေစီဖော်ဆောင်နေတဲ့အစိုးရကို ဆန့်ကျင်ဝေဖန်ပြောဆိုနေတာတွေဟာ ပြည်သူတွေလိုချင်တဲ့ဒီမိုကရေစီသွားရာလမ်းမှာ နှောင့်နှေးစေတဲ့အတားအဆီးတစ်ခုသာဖြစ်ပါလိမ့်မယ်။ ၀ါရင့်နိုင်ငံရေးသမားကြီးက စစ်အစိုးရရဲ့နိုင်ငံရေးကို အရည်ကြိုသောက်လို့ရတယ်ဆိုတာ အဲဒီဆန့်ကျင်ဝေဖန်ပြောဆိုနေတဲ့ နိုင်ငံရေးလား ။ စစ်အုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ အများကြီးကွာခြားသလို ဒီမိုကရေစီစနစ်ရဲ့ နိုင်ငံရေးဟာလည်း ကွာခြားပါတယ်။ အဲဒီဆန့်ကျင်ဝေဖန် ပြောဆိုနေတဲ့ နိုင်ငံရေးကို လက်မခံပါဘူး။ ပြည်သူတွေအတွက် ယနေ့ခေတ်နိုင်ငံရေးဟာ နောက်ကြောင်းပြန်ဆန့်ကျင်ဝေဖန်ပြောဆိုနေရမှာမဟုတ်ဘူး။ လက်ရှိအစိုးရနဲ့ ပူးပေါင်းပါဝင်ပြီး အနီးကပ်စောင့်ကြည့်လေ့လာပြီး တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်ပေးနိုင်သည့် မူဝါဒတွေ ဖော်ဆောင်ပေးနိုင်သလား၊ ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဲဒီလိုမှ ဦးဆောင်မပေးနိုင်ဘူးဆိုရင် လက်ရှိအစိုးရထက်သာတဲ့ မူဝါဒတွေကို ပြည်သူလူထုကို ချပြ အာမခံချက်ပေးပြီး လက်ရှိအစိုးရကို အတိုက်အခံပြုလုပ်ပြောဆိုရမည့် နိုင်ငံရေးကာလလို့ပဲ ထင်မြင်သုံးသပ်မိပါတယ်။ ဒီမိုကရေစီစနစ်ဟာ ပြည်သူလူထုကိုအရင်းခံပြီး ပြည်သူထဲကပေါက်ဖွားလာတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်ဆိုတာ မမေ့ကြပါနဲ့။ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ပူးပေါင်းပါဝင်ပါမှ လိုရာပန်းတိုင်ကိုရောက်နိုင်မှာဖြစ်ပါကြောင်း .....
ွှToe Lin ရေ-
Median ဆိုတာဘာလဲ(မြန်မာ၊ပါဠိ)အဓိပ္ပါယ်တွေရှာကြည့်လိုက်။
ဒါမှမဟုတ်-သင်္ချာဆရာ၊စီးပွားရေးပညာရှင်တွေကိုမေးမြန်းကြည့်။
mean = တိုင်းတာထားတဲ့ကိုယ်ပိုင်တန်ဖိုးမဟုတ်ပဲအားလုံးပေါင်းတွက်ထားတဲ့
ဟိုစပ်စပ်ဒီစပ်စပ်တန်ဘိုး
mode = အများယောင်ရာလိုက်ယောင်တဲ့"ဝေလေလေ"
median = ဘယ်ထဲမှမဝင်(ဥပမာ-လမ်းစဉ်ပါတီ၊ပြည်ခိုင်ဖြိုး၊NLD)၊
ဘယ်အစွန်းမှမကပ်၊ကိုယ်ပိုင်တန်ဘိုးရှိသူ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်နဲ့ ဝါဒနောက်ကိုလူတိုင်းလိုက်ခဲ့ကြတာမဟုတ်ဘူး။
ဂဠုန်ဦးစောလိုနယ်ချဲ့ အင်္ဂလိပ်အစိုးရဘက်တော်သားတွေကမကြိုက်ခဲ့သလို-
ရလျင်ရ၊မရလျင်ချ၊ရရမရရချသာချ၊ဆိုတဲ့-hysteria/hypomanic
သခင်သန်းထွန်းတို့ လိုနံပါတ်(၄)အဖွဲ့ တွေလည်းဆန့် ကျင်ခဲ့ကြတာပဲ။
အဲဒါအမှန်အကန်သမိုင်းနော်-သမိုင်းဆိုတာသင်ခန်းစာယူဖို့ 
မင်းကိုတရားဟောခိုင်းတာမဟုက်ဘူး။ငါကြားဖူးတာကတော့ ဘယ်ဘာသာမှမဝင်းဘူးဆိုတဲ့လူတွေကိုက ဘာသာမဲ့ဆိုတဲ့ဘာသာကိုကိုးကွယ်ယုံကြတယ်လို့ဖက်ဖူးတယ်။အေး မင်းလည်အဲသည်လိုပဲ သူများကိုပဲဝေဖန်မယ်ဆိုတဲ့ ဝါဒကိုလက်ကိုင်ထားသာများလား။သူငယ်ချင်း တခုတော့ပြောမယ် လူတိုင်းအတ္တကိုစီရှိကြတာပဲ။ဒါပေမယ့် အစွန်းမရောက်ဖို့တောအရေးကြီးတယ်။ကိုယ်လုပ်တာပဲ မှန်တယ်ထင်နေရင်တော့မကောင်းဘူးပေါ့ကွာ။
Toe Lin ရေ-
မင်းရော၊ငါရော၊ဒီမှာ comment ပေးနေကြသူအားလုံးကော
ကိုယ့်ကိုယ်ကိုဝေဖန်နေသူတစ်ယောက်မှမတွေ့ သေးဘူး။ဘာတွေလျောက်
ပြောနေတာလဲ။
အစွန်းမရောက်ဖို့တော့အရေးကြီးတယ်။ကိုယ်လုပ်တာပဲ မှန်တယ်ထင်နေရင်တော့မကောင်းဘူးပေါ့ကွာ။ - 100% agree
ဦးနှောက် မရှိ စောက် ရူးလိုလို လူတော မတိုးတဲ့ ခွေးအဆင့် ရှိ တဲ့ ကောင် ကို များ ဗျာ။
ခင် ဗျားမို့ လို့ ရှင်းပြ နေ တယ် ။
ကျုပ် လို လူရိုင်း တောင် ဒီ ခွေးကို ဖက် မ ပြောဘူး
"ဘယ်ဘာသာမှမဝင်ဘူးဆိုတဲ့လူတွေကိုက ဘာသာမဲ့ဆိုတဲ့ဘာသာကိုကိုးကွယ်ယုံကြတယ်လို့ဖတ်ဖူးတယ်" - agree
"ဘယ်နိုင်ငံရေးဝါဒစွဲအဖွဲ့ ဘက်မှမလိုက်ဘူးဆိုတဲ့လူတွေကိုက ဝါဒစွဲကင်းနိုင်ငံရေးဝါဒသမားတွေ"လို့ ဘယ်မှာမှရေးထားတာမဖတ်ဖူးလို့ 
ငါ့ဖာသာငါပြောတယ်။ - Do you agree?
ငါ့မှာဘာ ism မှမလိုဘူး။ "Buddhism" ကိုစွဲမြဲပြီးသားမို့ -
(Buddhism လို့ သုံးတာ common term ပဥာတ် အနေနဲ့ ပြောတာနော်-
ဗုဒ္ဓတရားတော်ဟာ ism တွေလို အချိန်ကာလနေရာပုဂ္ဂိုလ်ပေါ်မူတည်ပြီးမှ
မှန်တဲ့တရားမဟုတ်ဘူး)
pp ရေ-
ကျွန်တော်စိတ်ရှည်ပါတယ်။တခြား comment တစ်ခုမှာလည်းပွင့်ပွင့်လင်းလင်း
ပြောပြီးသားပါ။ tms/ Toe Lin/ ကောင်လေး - တို့ လိုပြည်သူ/သားတွေ
နဲ့  debate လုပ်ချင်လို့ (အချိန်သိပ်မပိုသော်လည်း)ဒီဝိုင်းထဲဝင်လာတာပါ။
ကြိုက်သွားပြီဟေ့
ppခွေးစကားမပြောနဲ့။မင်းလိုလူတိုင်းရိုင်းတတ်တယ်။median eye မင်းပြောတဲ့ဝါဒကင်းနိုင်ငံရေးသမားဆိုတာကို အဓိပ္ပာယ်ဖွင့်ပြပါလား။ဟိုလူကိုဝေဖန်မယ် ဒီလူကိုဝေဖန်မယ် ကိုယ်ကိုတိုင်က ဘာမှမလုပ်တာကိုပြောတာလား။မသိလို့ပါကွာ။
ကြိုက်တယ်ဗျာ။ဒီလိုideaမျိုးပြောင်းလာတာကြိုက်တယ်။အဆဲသမားတွေကိုတော့လူယဉ်ကျေးတွေဖြစ်လာအောင်စည်း၇ုံးသင့်တယ်။အဆဲသမားတွေကိုထောက်ခံပြောဆိုချက်တွေဆို၇င်တော့အဆဲအုပ်စုထဲကလူလို့ ပဲထင်စ၇ာဖြစ်လာမှာပါ။လူပေါင်းမမှားစေချင်ပါ။
စောစောက comment မှာထဲကရှင်းပြပြီးသားကို-ငါ့စကားနဲ့ ငါ စိတ်ရှည်ရှည်
ရှင်းပြပါ့မယ်။
(၁)ဗိုလ်ချုပ်အောင်ဆန်းရဲ့  socialism အခုခေတ်မှာမှန်တယ်လို့ ထောက်ခံ
မယ့်သူရှာဖို့ ခက်တယ်။
လိစ္ဆဝီမင်းတွေကျင့်သုံးခဲ့ဖူးတဲ့၊ ခရစ်မပေါ်မီအနောက်တိုင်းဒသနပညာရှင်တွေ
ဟောပြောကျင့်သုံးခဲ့ဖူးတဲ့၊ခုခေတ်မင်းတို့ ငါတို့ ကြားမှာရေပန်းစားနေတဲ့-
ဒီမိုကရေစီဆိုတာလည်း-ခေတ်တိုင်းမှာ၊နေရာတိုင်းမှာ မှန်ခဲ့၊ကျင့်သုံးခဲ့ကြတာ
မဟုတ်ဘူး၊ ကွယ်လိုက်၊ပေါ်လိုက်၊ဖြစ်လိုက်၊ပျက်လိုက် ပဲ။
အဲဒီဖြစ်၊ပျက်တရား သာဗုဒ္ဓဟောကြားခဲ့တဲ့အမြဲမှန်တဲ့တရားပဲ။
မဇ္ဈိမလမ်းစဉ်သာအမှန်တရားကိုတည့်တည့်မြင်နိုင်တဲ့ ဘုရားဟောလမ်းစဉ်
အမှန်ပဲ။အဲဒါငါပြောတဲ့နိုင်ငံရေးဝါဒပဲ။
(၂)ငါ့ comment တွေကသူများကိုဝေဖန်တာ၊ကဲ့ရဲ့ တာသက်သက်ပဲလား။
ဆွေးနွေးအကြံပေးတဲ့ facts တွေမပါဘူးလား။ဆွေးနွေးအကြံပေးတာ
အလုပ်လုပ်တာမဟုတ်ဘူးလား။
ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့တယ်"အိမ်ရှင်မမီးဖိုချောင်ထဲမှာထမင်း၊ဟင်းချက်နေ
တာလည်းသူနိုင်ငံရေးလုပ်နေတာပဲ"တဲ့-
ငါ့ကိုကိုယ်တိုင်ကဘာမှမလုပ်ဖူးလို့  valid facts မပါပဲစွပ်စွဲဝေဖန်နေတဲ့
မင်းကသာ "ဟိုလူကိုဝေဖန်မယ် ဒီလူကိုဝေဖန်မယ် ကိုယ်ကိုတိုင်က ဘာမှမလုပ်" တဲ့သူမဟုတ်ဖူးလား။
tms-
ပြောပြီးသားထပ်ပြောရဦးမယ်။ သစ်ထူးလွင် comment ဝိုင်းထဲမှာငါ့အတွက်
ချစ်သူမရှိ၊ရန်သူမရှိ၊ debate လုပ်ပါတယ်ဆိုမှအမြင်မတူတာကိုပိုဦးစားပေး
ဆွေးနွေးတာပေါ့၊ ဒါပေမယ့်-ငါမှားတာထောက်ပြလျင်ယောက်ျားပီပီဝန်ခံပြီး
တောင်းပန်ရှင်းလင်းခဲ့တာ(၂)ကြိမ်ရှိပြီနော်-
median eye မင်းကစာအုပ်ဘေးထားပြီးစာအုပ်ထဲပါတာတွေလျောက်ပြောနေတာလား။ဗိုလ်ချုပ်လမ်းစဉ်ကို လူတိုင်းထောက်ခံတယ် မင်း၁ယောက်ပဲ ဟိုလို ဒီိလို။မင်းပြောသလိုအိမ်ထဲမှာပဲ ထမင်ချက်နေလို့ မြန်မာပြည်လွပ်လပ်ရေးရလာတာလား။မင်းပြောတဲ့တာကို နိုင်ငံရေးဆိုတာလက်ခံတယ်။အိမ်ရှင်မလုပ်တာနိုင်ငံရေးဆိုရင် ဗိုလ်ချုပ်လိုလူဘုံလယ်ထွက်လုပ်တာကရော နိုင်ငံရေးမဟုက်ဘူးလား။အိမ်ရှင်မလုပ်တဲ့နိုင်ငံရေးလောက်နဲ့ လူတကာကိုဝေဖန်နေတာကတော့ဘယ်ကောင်မလဲ။
စာကြွင်း။ ။ဗိုလ်ချုပ်က ဒီမိုကရေစီ လမ်းစဉ်ပဲချပြခဲ့တာ။မင်းတို့ဆရာကြီးတွေက ကလေးတွေကို လမ်းမှားအောင် မမှန်တာတွေ စာအုပ်ထဲလျှောက်ထည့်ပေထားတာ။မင်ကသူငယ်တန်းစာအုပ်လေးဘေးချပြီး မင်းဆရာကြီးတွေ သူတို့လုပ်ချင်တာလုပ်ရအောင်လိမ်ညာရေးထားတာတွေလျှောက်ပြောမနေနဲ့။
median eye ရေမင်းကအချိန်ပြည့်မအားဘူးဆိုတော့ နိုင်ငံကောင်းကျိုးတွေတော်တော်လုပ်နေတယ်ထင်တယ်။ဒါဆိုရင်တော့ ငါတို့လိုနိုင်ငံကောင်းကျိုးဘာမှမလုပ်ဘူးတဲ့ကောင်တွေကို ပြောပြမနေပါနဲ့ကွာ။ငါတို့ကနားလည်မှာမဟုက်ဘူး။မင်းအလုပ်သာများများလုပ်ပါကွာ။ဒါမှ ဒို့နိုင်ငံကြီးတိုးတတ်မှာ။
Ko Shwe Nga Lwin
We must be one , All person becareful.
ဘဘ ဦးဝင်းတင်အဆိုကိုထောက်ခံပါတယ်။စစ်အစိုးရဟာ အရပ်ဝတ်ပြောင်းထားတဲ့သူရော စစ်ယူနီဖောင်းဝတ်ထားတဲ့သူတွေရော ၉၅%လောက်ရှေ့မှာနေရာဦးပြီးမှ ကျန်တာကိုနာမည်ကောင်းယူဘို့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးခဲ့တာပါ။စစ်တပ်အနေနဲ့အစိုးရအဖွဲ့မှာရော အရပ်ဘက်ဌာနဆိုင်ရာမှာပါ နေရာယူထားတဲ့%ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှတိတိကျကျမဖော်ထုတ်နိုင်သေးဘူး။ စားလို့မကုန် လွှင့်ပစ်ရမှာအတူတူ စားချင်လာစားလို့ကျွေးတာပါ။စေတနာမပါနိုငါပါဘူး။
Post a Comment