မုံရွာဆေးရုံမှ ဝေဒနာပြင်းထန်သော သံဃာသုံးပါး မန္တလေးသို့ လွှဲပြောင်းကုသရန်စီစဉ်

မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများရှိ သံဃာတော်များကို ဝန်ချ တောင်းပန်ရန် စောင့်ဆိုင်းစဉ်။  ဓါတ်ပုံ - The Voice Weekly

လက်ပံတောင်းတောင် အရေးကိစ္စ၌ ဒဏ်ရာ ရရှိခဲ့သဖြင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသခံနေသော သံဃာတော်များ အနက် ဝေဒနာ ပြင်းထန်စွာ ခံစားနေရသည့် ဆရာတော် သုံးပါးအား မန္တလေးသို့ ပို့ဆောင်ကုသရန် ယခု(၁-၁၂-၀၂၊ နေ့လည် ၁နာရီ ၅၀ မိနစ်) စီစဉ်နေကြောင်း မုံရွာသို့ ကိုယ်တိုင် ကွင်းဆင်း သတင်း ရယူနေသော မြန်မာသံတော်ဆင့်၏ တာဝန်ခံ အယ်ဒီတာက သတင်းပေးပို့သည်။

မန္တလေး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသခံယူမည့် ဆရာတော် သုံးပါးအနက် တစ်ပါးမှာ အမောဖောက် နေပြီး ကျန်နှစ်ပါးမှာ မီးလောင် ဒဏ်ရာကြောင့် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသည် ဟု ၄င်းကဆိုသည်။

“ အဲဒီ ဘုန်းကြီးနှစ်ပါးက တော်တော် အခြေအနေ ဆိုးတယ်။ ခြေတွေ၊ လက်တွေတုန်နေတာ။ တစ်ပါးက အမောဖောက်နေတာ ” ဟု အဆိုပါ တာဝန်ခံအယ်ဒီတာ ဦးဆန်းဝင်းထွန်းက ပြောသည်။

မြန်မာသံတော်ဆင့်
မုံရွာဆေးရုံမှ ဝေဒနာပြင်းထန်သော သံဃာသုံးပါး မန္တလေးသို့ လွှဲပြောင်းကုသရန်စီစဉ် မုံရွာဆေးရုံမှ ဝေဒနာပြင်းထန်သော သံဃာသုံးပါး မန္တလေးသို့ လွှဲပြောင်းကုသရန်စီစဉ် Reviewed by သစ်ထူးလွင် on 15:13 Rating: 5

No comments:

Powered by Blogger.