မန်းသံဃာအပါးများ၏ အိမ်တော်ရာထိုင်သပိတ်စတင်

မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း အတွင်းယနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည် (၁)နာရီဝန်းကျင်၌ မန်း သံဃာတော် အပါး(၁၀၀)မှ ထိုင်သပိတ် စတင်ပြီဖြစ်သည်။

မန်းသံဃာများ ထုတ်ပြန် တောင်းဆိုထားသည့် အချက်များမှာ (၅)ရက်အတွင်း ထူးခြားမှု မရရှိသဖြင့် ယခုကဲ့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။

ထိုင်သပိတ်ပါ ကိုယ်တော်များမှ  ကြေးနီတောင် စီမံကိန်းကိစ္စကို ဒေသခံပြည်သူများ ကျေနပ်သည် အထိ ဆောင်ရွက်ပေးရန် ၊ အကြမ်းဖက်နှိမ်နင်းရာတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူဆောင် ရွက်ရန်၊ နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး ၀န်ချတောင်းပန်ရန်နှင့် မီးလောင်ဗုံးသင့် သံဃာတော် ဓါတ်ပုံ ပိုစတာများနှင့် သာသနာ့အလံများ ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup



မန်းသံဃာအပါးများ၏ အိမ်တော်ရာထိုင်သပိတ်စတင် မန်းသံဃာအပါးများ၏ အိမ်တော်ရာထိုင်သပိတ်စတင် Reviewed by သစ်ထူးလွင် on 14:11 Rating: 5

No comments:

Powered by Blogger.