အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ ရပ်စဲပေးဖို့၊ ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေကို တောင်းပန်ဖို့နဲ့ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်ဖို့ အတွက် အဲဒီမှာရှိကြတဲ့ မြန်မာ နိုင်ငံသားတွေက ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။

လူအင်အား ၅ဝ ကျော်လောက်က  ဆန္ဒပြသူတွေက သံဃာတော်တွေကို တောင်းပန်ရေး၊ လက်ပန်းတောင်းတောင်စီမံကိန်း ချက်ချင်းရပ်၊ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ ဖမ်းခံထားရသူတွေ လွှတ်ပေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ရွှေဝါရောင်ကျောင်းတိုက်ဆရာတော် ဦးပညာဇောတက RFA ကို အခုလို မိန့်ကြားပါတယ်။

ဦးသိန်းစိန်အစိုးရကို ဘာဖြစ်လို့ ဦးဇင်းတို့ ဆန္ဒပြရသလဲဆိုလို့ရှိရင် နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင်ပရောဂျက် သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာ ရက်စက်တုန်းဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို  ဒီမှာလာပြောတာပါ

အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့မှာ အိန္ဒိယသမ္မတ (Pranab Mukherjee) ပရာနက် မူခါဂျီ ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အစည်းအဝေးပွဲ ပထမရက်မှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တက်ရောက်ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အပြန်အလှန် ကူးလူးဆက်ဆံရေးတွေကို တိုးချဲ့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ မဟာဗျူဟာ လမ်းမကြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ဖို့နဲ့ အဲဒီလမ်းကို လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံအထိ တိုးချဲ့နိုင်ငံရေးအတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။ နောက်ပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံကို ဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာလမ်းမကြီး ဆောက်လုပ်နိုင်ရေးအတွက်လည်း လုပ်ဆောင်သွားမယ်လို့ မန်မိုဟန်ဆင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်တဲ့အပြင် အိန္ဒိယကလုပ်လိုတဲ့ မဟာဗျူဟာလမ်းစီမံကိန်းတွေဟာလည်း ပြည်သူပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်တဲ့အတွက် မျှော်လင့်ချက်နည်းနိုင်တယ်လို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ ညပိုင်း အစည်အဝေးအပြီးမှာ Confederation of Indian Industry လုပ်ငန်းအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ညစာစားပွဲ တက်ရောက်ဖို့ မွန်ဘိုင်းမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

RFA Burmese

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်။ Photo: President office's website

အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ Reviewed by သစ်ထူးလွင် on 23:49 Rating: 5

57 comments:

ဖြိုးသီဟ said...

သမတကြီးကိုရိုင်းရိုင်းစိုင်းစိုင်းမှတ်ချက်ရေးးမိတဲ့အတွက်သမတကြီးအကိုအမများကိုအထူးအလေးနက်ထားဦးခိုက်ပြီးလေးလေးစားစားတောင်းပန်အပ်ပါသည်။ကျွန်တော်၏ရိုင်းစိုင်းသောအပြုအမှုအားသီးခံခွင့်လွတ်ပေးပြါရန်အထူးတောင်းပန်ပါသည်။စတ်ရင်းအမှန်ကမဟုတ်ဘူးသတိလက်လွတ်ဖြစ်ပြီးရေးမိခဲ့ခြင်းသာဖြစ်ပါသည်။မသိနားမလည်လို့ပျော်စေပျက်စေလို့တွေးမိပြီးရေးခဲ့မိပါသည်။ဒီလိုရိုက်ခတ်သွားလိမ်မယ်ဆိုတာတကယ်မသိရိုးအမှန်ပါ။ခုလိုကို။မှားကိုအကိုတွေအမတွေကထောက်ပြမှတကယ့်အမှားကြီးကိုကျူးလွန်လိုက်မိပါလားဆိုတာသိလိုက်ရတာပါ။အဲဒီအမှားအတွက်ခုကျွန်တော့်ရင်ထဲမှာနောင်တရားတွေနဲ့တကယ်ကိုမွန်းကျပ်နေပါပြီ။အဲမွန်းကြပ်နေတဲ့ဒဏ်တွေကိုမခံစားနိုင်လို့တာဝန်သိသိနဲ့ဝန်ချတောင်းပန်လိုက်ရပါတယ်။ကိုယ့်ကိုကိုယ်ပြန်စဉ်းစားမှငါဟာတကယ်ကိုအဆင့်တန်းမရှိအောက်တန်းကျနေတယ်ဆိုတာသတိထားမိလာတယ်။ကိုယ့်ကိုကိုယ်ပင်ပြန်းပြီးမုန်းတီးနေမိပါတယ်။ကျွန်တော်ဟာဒီလောက်အသိညဏ်မကင်းမဲ့ပါဘူး။ဘာသာတရားလည်းကိုင်းရှိုင်းပါတယ်။အခုတော့လဲဘယ်သူမပြုမိမိမှုပါဘဲ။ကိုယ့်အဆင့်တန်းကိုလူဘုံလည်မှာထုတ်ပြလိုက်တာနဲ့အတူတူပါဘဲ။ကျွန်တော်ကိုခင်များတို့မသိကြပေမဲ့ကိုလိပ်ပြာကိုမလုံဘူးအရမ်းကိုရှက်မိတယ်။ကိုယ်ပြောလိုက်တဲ့စကားလေးတခွန်းစာလေးတလုံးဟာတဘက်ကလူအတွက်ဘယ်လောက်အရေးပါနေတယ်ဆိုတာခုမှာကောင်းကောင်းနားလည်ပါတယ်ကျွန်တော်အရမ်းကိုရိုင်းလွန်းသွားပါတယ်အခုကိုမှားကိုအားလုံးသောဘော်ဒါအပေါင်းကထောက်ပြကြလို့ဘဝရဲ့တန်ဘိုးမဖြတ်နိုင်တဲ့သင်ခန်းစာတခုကောင်းကောင်းရလိုက်ပါတယ်။အားလုံးသောသူငယ်ချင်းတွေစောစောရေးသားထားသောစာကိုဖတ်ထားသူတွေကျွန်တော်ကိုနားလည်ခွင့်လွတ်တယ်ဆိုတဲ့မှတ်ချက်လေးတွေကိုမျော်လင့်နေပါတယ်ကျွန်တော်ရဲ့မဟာအမှားလို့ပဲပြောပါရစေ။ခုလို့တောင်းပန်ခြင်းအားဖြင့်တင်ရှိနေသောအပြစ်ပေါင်းတို့အားကျေအေးပါရစေ။စားချင်စိတ်မရှိအောင်ကိုစိတ်ကိုတုဆပ်နေုာင်ခံနေရပါတယ်ဒီသင်ခန်းစာလေးဟာကျွန်တော်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတပါးပါ။မထမဦးဆုံးမနောကံလို့ပဲပြောရမလားသမတကြီးကိုဦးခိုက်တောင်းပန်ပါသည်။ဒုတိယကတော့ကိုသစ်ထူးလွင်ရဲ့ဝက်ဆိုဒ်။ဘလော့မှာရေးခဲ့မိလို့ကိုသစ်ထူးလွင်ကိုတောင်းပန်ပါတယ်။ကိုသစ်ထူးလွင်ခွင့်လွတ်တ

shan said...

ကဲဖိုးသားကြီး သမ္မတကြီး မိန်မိန်ကြီး နဲ့ပါလား ဘာတွေတွေးနေလဲ ပိုက်ဆံချေးမလို့လား ဘာဘူတွေကအတိုးများတယ်နော် တာကော်တွေကမှပါးပါးလီမှာ ဖိုးသားကြီးက စပေးဘောဆိုတော့ လည်ပင်းတွေ ရှည်ရဦးမှာနော်ကြံစမ်းပါဦး ခေတ်သစ်ရဲ့ ခေါင်းဆောင်သစ်တယောက် အနာဂတ်မှာ ပြန်ပြောရအောင် တို့မြန်မာတွေ ရဲ့ ရှေ့ဆောင် အာရှမှာမကအိုဗားမားနဲ့ ဖခုံးချင် ဖက်ရအောင်

shan said...

အေးဆေးပါကွာ

ဖြိုးသီဟ said...

ကိုသစ်ထူးလွင်မှတ်ချက်လေးတဆောင်လောက်ပြန်ရေးပါဦးဗျာ။တကယ်ကိုမွန်းကျပ်နေလို့ပါ။တတိယအနေနဲဘော်ဒါအားလုံးကိုအနူညွတ်တောင်းပန်ပါသည်။ရိုသေလေးစားစွာဖြင့်

Unknown said...

ဖြိုးသီဟ သူငယ်ချင်း နောင် သမ္မတကြီးကို မပြောမိရင် တခါတော့ အားလုံး ခွင်လွတ်ကြမယ်လို့ ကျွန်တော် ပြောချင်ပါတယ် ဖြိုးသီဟအတွက် ကျွန်တေည်လည်းဝိုင်းပြီတောင်းပန်အပ်ပါတယ် ကြီးသူရိုသေ ရွယ်တူလေးစား ငယ်သူသနားဆိုလိုပါပဲ ဒီတခါတော့ခွင်လွတ်ပေးပါလို့ ကျွန်တော် ပီရအောင်ဝိုင်ဝင်းတောင်းပန်အပ်ပါတယ့့် 

Unknown said...

ကိုင်းဗျာ ! ခွင့်လွှတ်လိုက်ကြပါ။

Unknown said...

ကိုင်းဗျာ ! ခွင့်လွှတ်ပေးလိုက်ကြပါ။

Median Eye said...

ဘယ် page မှာဘာ comment ရေးမိလို့ သူ့ ခမျာဒီလောက်ခံစားနေရတာလဲ။

Unknown said...

သိဘူး။ ရမ်းပြီး ကူညီတောင်းပန်ပေးနေတာ။

Unknown said...

ဖြိုးသီဟ ဆိုတဲ့ကောင် မူးပြီး ကြောင်တောင်တောင် ဖြစ်နေတာ များလား?

Unknown said...

ဖြိုးသီဟ
ဘယ်သူမှ အမှားမကင်းပါဘူး။ အမှန်သိလာတယ်ဆိုရင်ခွင့်လွှတ်ကြမှာပါ
မီဒီယာဆိုတာ မျှတစွာတွေးပြီး မျှတစွာနဲ့ အပြုသဘောဆောင်ရေးမှ စတုတ္ထမဏ္ဏိုင်
ဖြစ်လာမှာပါ။လမ်းဘေးက ဂျာနယ်၃စောင်လောက်ဝယ်ဖတ်ကြည့်ပါလား။ ရေးတာတွေအားလုံး တဖက်သတ်ဖြစ်နေတာ တူနေကြတာတွေ့ရမယ်။

Unknown said...

I won't believe Myanmar media

Unknown said...

ငါလည်းဒါကိုစဉ်းစားနေတာ ရှာလို့လဲတွေ့ဘူး ဒီကောင်ဘာထွင်တာလဲသိဘူး

Unknown said...

ဖြိုးသီဟ

မင်းလဲငကြောင်ပဲ

saw kt oo said...

အန္ဒိယကလုပ်စားတွေ၅၀လောက်နဲ့ဆန္ဒပြ၊နေကြတာပါ။အဲဒီအကျင့်တွေကြောင့်လဲအခုထိလူမွှေးမ ပြောင်ကြတာ
ဘုန်းကြီးတွေလဲ့နိုင် ငံရေးနားလည်တာလဲမဟုတ်တော့သာသနာရေး
ဘာဝနာရေးကိုဘဲကြိုးစားလုပ်တော်မူကြပါဘုရား။

tms said...

ယဉ်ကျေးလိုက်တာ။ကိုဖြိုးကလက်ရှိအစိုး၇ကိုတောင်းပန်နည်းသင်တန်းတွေပေး၇မှာ။ဒါမှဒီမိုအစစ်။မှား၇င်မှားတယ်ပေါ့။

KO NYI said...

ဘီလူးဟာဘီလူးဘဲ၊မင်းသားဖြစ်လာမှာမဟုတ်ဘူးအရောင်ဆောင်ရင်လဲခဏ

Unknown said...

ဖြိုးသီဟကို ခွင့်လွှတ်လိုက်ကြပါ ဖြိုးသီဟ ရေ ကိုယ့်ထက် အသက် သိက္ခာ ဂုဏ်ဝါကြီးတဲ့သူကို ပြစ်မှားမိရင် လက်တွေ့ခံစားရတယ် အမှားကိုသိပြီး တောင်းပန် ရဲတဲ့ မင်းစိတ်ဓါတ်နဲ့သတ္တိ ကိုလေးစားပါတယ်

Unknown said...

Pyo thi ha just want to teach myanmar military government.He does not do anyting wrong.Everybody be wise!

Charlie Romeo said...

Sadhu! Sadhu! Sadhu!

lcd said...

လက်ပန်းတောင်းသံဃာတော်တွေကိုတမင်မီးလောင်တိုက်သွင်းတာပါ။ရေကိုအနှံ့ရွှဲနေအောင်ဖြန်းပြီးမှမီးထလောင်စေတဲ့ဗုံးကိုအပေါ်ကိုပစ်ပြီးသံဃာတော်တွေကိုမီးနဲ့ရှိုတာပါ။အာဏာအရှိဆုံသူမှာအဓိကအပ်ြစ်ရှိပါတယ်။ဖြိုးသီဟရေစိတ်မကောင်းမဖြစ်နဲ့။မင်းမမှားဘူ။

skyworld said...

ကိုယ်လုပ်တာ ကိုယ်မှားတာကို ၀န်ခံတာ သူရဲကေါင်းပဲလေ။ အမှားဆိုတာ မ
တော်လို့ မှားတာရယ်၊တမင်မှားချင်လို့ မှားတာရယ်၊ကျုပ်တို့ မြန်မာပြည်မှာက
တော့... မှားတာကေါင်းလွန်းလို့ ကို မှားတာ၊မှားချင်လွန်းလို့ ကို မှားတာ၊
တမင်တကာကို မှားလိုက်တာ၊မရ ရအောင်ကို မှားတာ ပီးရင်တောင်းပန်
မယ်လေအဲတော့ ကြေသွားရော...ကျေနပ်သွားတာပြောတာနော်...ကဲသိပြီ
နော်...ဖြိုးသီဟ က အဲဒါကိုပြောနေတာလို့ မြင်ပါတယ်... Bro Phyo..sorry..

Unknown said...

အပြုသ ဘောဆောင်ပြီး အကောင်းဘက်ကနေရူမြင် ပူးပေါင်းကြပါ

KO NYI said...

စိတ်မကောင်းဘာဘူးပြောယုံနဲ့၊လုံလောက်မှာလား၊သူဟာလက်ရှိနိုင်ငံတော်အကြီးအကဲ၊သူ့မှာတာယ၏၀န်အရှိဆုံးနဲ့၊သူအသိဆုံး။

right said...

သူဘယ်လိုတာဝန်ယူပေးမလဲလို့ကျွန်တော်တို့စောင့်ကြည့်
ကြရမယ်လေ။စုံစမ်းရေးကော်မရှင်ရဲ့လုပ်ဆောင်ချင်နဲ့အဖြေကိုလည်းလေ့လာသင့်တယ်။
တရုတ်ကုမ္ပဏီကိုတော့လုံးဝနှင်ထုတ်ပစ်ရမယ်။
ဒီနောက်ဦးပိုင်ကိုပါသင်ခန်းစာပေးရပါမယ်။
နိုင်ငံထဲကိုသိက္ခာရှိတဲ့ကုမ္ပဏီတွေကိုသေခြာစီစစ်ပြီးမှဝင်
စေသင့်ပါတယ်။

ဖြိုးသီဟ said...

ကျွန်တော်ကအစိုးရကိုတောင်းပန်တာမဟုတ်ရပါ။ကိုယ့်ထက်သက်ကြီးဝါကြီးသူကိုမပြောသင့်မဆိုထိုက်တဲ့အင်္သုးအနှုံးကိုသုံးမိတဲ့အတွက်ယဉ်ကျေးမှူအရတော်တော်ရိုင်းသွားလို့ပါ။ဒါကြောင့်စိတ်မကောင်းဖြစ်မိတာပါ။ပြီးတော့ဘန်းကြီးတွေဖြိုခွင်းလို့မီးလောင်ဒဏ်ရာရတဲ့ထဲမှာကျွန်တော်တို့ကိုရင်လေးလည်ပါတော့ရုတ်တရက်ဒေါသကတိုင်ထိပ်ကိုရောက်သွားလို့ပါ။

Unknown said...

မင်းကစစ်ခွေးပဲဖြိုးသီဟ

Maung Win said...

ဒေါ်စုက လောလောဆယ် တရား ဥပဒေ ညီမျှရေး, ရန်ကုန်
ဆေးရုံကြီးနဲ့ ရန်ကုန် တက္ကသိုလ် အဆင့်မြင့်ရေး လုပ်နေ
သလို ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ၏ အသက် ဖြစ်
သော အစိုးရ , ဥပဒေပြု လွတ်တော် , တရားစီရင်ရေး အ
ဖွဲ့ တို့ကို သီးခြား စီ လွတ်လပ်သော အဖွဲ့ များ အဖြစ်
အကောင်အထည် ဖေါ်ရင်း ငြိမ်းချမ်းရေး, ဖက်ဒရယ် နှင့်
တိုင်းပြည် တိုးတက်ရေး ကို ဆောင်ရွက် နေသည် ဟု
မြင်ပါသည် ။

Unknown said...

ဆန္ဒပြတဲ့လူတွေကို အကောင်းမြင်ပါတယ်။ဒီမိုကရေစီနိုင်ငံမှာ ကိုယ့်ဆန္ဒကိုထုက်ဖော်ခွင့်ရှိပါတယ်။

Unknown said...

ယခုလိုမျိုးအမှားကိုသိတော့မင်္ဂလာတစ်ပါးပေါ့ကွာ

Unknown said...

ကောင်းပါတယ်ကိုဖြိုးရယ်

Unknown said...

ကောင်းပါတယ်ကိုဖြိုးရယ်

Anonymous said...

ဆန္ဒပြနိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သာသနာ့ဘောင်ထဲမှာရှိနေတဲ့ ဦးဇင်းတို့တွေ နဲ့မဆိုင်ပါဘူး။ တကယ်လို့ လောကီရေးဝင်ပါမယ်ဆိုရင် သာသနာ့ဘောင်ကနေစွန့်ပီး နိုင်ငံရေးလောကထဲ ၀င်လိုက်ပါ။ အခုဟာက သင်္ကန်းဝတ်ကြီးတွေနဲ့ကြည့်လို့မသင့်တော်ပါဘူး။ ဘယ်ရာဇ၀င် ကျမ်းဂန်ထဲမှာမှ သာသနာ့ဘောင်ထဲက နေ ဆန္ဒပြတဲ့အကြောင်း မဖတ်ဘူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကီအရေးစိတ်ကုန်သွားလို့ နိဗ္ဗာန်ရောက်ကြောင်းတရားဘဲ ရှာဖွေတော့တာကိုး။ တကယ်လို့လုပ်ခဲ့ရင်လဲ မဟာယန ဘာသာဝင်ဘဲဖြစ်မှပေါ့။ အခုဖြစ်တဲ့ မီးလောင်ဗုန်းကိစ္စကလဲ အရည်အသွေးမမီတဲ့ မီးခိုးဗုံးတွေကြောင့်ဘဲ။ ဈေးပေါပေါနဲ့ ၀ယ်လို့ရတာကို သုံးရတာကိုး။ ဘယ်နိုင်ငံမှာမဆို ဆန္ဒပြတာကို လိုအပ်ရင် ဖြိုခွင်းဘို့ အခွင့်ရှိကြပါတယ်။ အချိန်သတ်မှတ်ပေးပါတယ်။ ပြီးရင်တော့ အမိန့်အတိုင်းလုပ်ရတာဘဲ။ လုံခြုံရေးဝန်ထမ်းဆိုတာကလဲ လူတွေပါဘဲ အချိန်ကြာလာရင် စိတ်မထိမ်းနိုင်တော့ လက်လွန်ခြေလွန်ဖြစ်ကုန်တာဘဲ။ မိမိကိုယ်တိုင် ထမင်းမစား ညမအိပ် ဘဲနေကြည့်ပါလား ဒေါသက အလိုလိုထွက်လာတာဘဲ။ ဆန္ဒပြတာမှန်လားမမှန်လား အချိန်အခါကြည့်ပြီးဆုံးဖြတ်ရမှာပါဘဲ။

Unknown said...

အမှားကိုအမှန်သိပြီးကိုယ်ကိုတိုင်တောင်းပန်တဲ့ စိတ်ဓတ်ကိုချီးကျူးပါတယ်။နောက်ဆင်ခြင်ပေါ့။

byby said...

You are well come.

shwe man thar said...

ခမြာကြီးမှာလဲဘုန်းကြီးအမှုနဲ့၇ွာမပတ်၇ုံမက
ကမ္ဘာပါပတ်နေ၇ှာပေါ့။

အာဏာကိုပြည်သူအများစုဆန္ဒနဲ့တည်ဆောက်၇တာမလွယ်မှန်းသိပလား။

တကယ်မတော်၇င်၊ဒို့မယ်တော်ကိုသာလွှဲပေးလိုက်တော့။

Unknown said...

မျှမျှတတတွေးကျပါဗျာ။ကျွန်တော်ဘယ်သူ့ဘက်မှလိုက်မပြောပါဘူး။
သမ္မတကြီးကလည်း လက်ရှိသူထမ်းဆောင်နေရတဲ့ နိုင်ငံတော် အပေါ်နဲ့ ပြည်သူတွေအပေါ်ကိုကောင်းသထက်
ကောင်းအောင်ကြည့်။ဘုန်းကြီးတွေကလည်းဘာသာရေးနဲ့သာသနာရေးကိုတိုး
တက်ပြန့်ပွားအောင် အားထုတ်။ဒီလိုဆိုရင်အားလုံးOKမယ်ထင်တယ်။

haymar said...

Hi Mr. President, you should do internal things.

You do not settle properly within the country how safety for country people yet.

Now you doing the huge project to connect foreign countries. Did you consider for country people safety especially ordinary class?
You should be shame a lot!

You, guys team always think about how to make money with betraying/cheatging from the country and to put yr. pocket like China.

The best is, we want you and team remove from the present situation.

Honestly, we do not want Military Governors or Ex. Military Governors or Changed fm Military Governors.


WE DO NOT TRUST YOU, BETRAYERS FOREVER!

Han said...

ငါတိုတွေတော်တော်ဆန္ဒပြနိုင်တာဘဲ

Unknown said...

စောက်ရူး

Unknown said...

ကောင်းတယ်

Unknown said...

သံဃာတွေက ကိုယ့်ဆွမ်းလှူတဲ့ဒကာ ဒကာမရဲ့ ဒုက္ခကိုကိုယ့်ဒုက္ခလိုသဘောထားပြီး ဂရုဏာစိတ်နဲ့ ပြည်သူရှေ့ကရပ်တည်ပေးတာ။သံဃာတွေမှာအပစ်မရှိပါဘူး။

Unknown said...

ဖြိုးသီဟဆိုတဲ့အကောင် မင်းဟာလေ စိတ်ဒါတ်မခိုင်
မြဲတဲ့ အထည်းမှာ ထိပ်ဆုံးကပါတဲ့အကောင် ပူစာစ ပူစမင်္ဂလံ တဲ့ကွ ရိုသေထိုက်သူကို ရိုသေလေးစားကြ
ရသလို ခေတ်သစ်သဘောတရားအနေနဲ့ လည်း ပြော
သင့်ပြောထိုက်တဲ့နေရာမှာ ပြောရတယ်ကွ အစက မင်း
ဟာ မှန်ကန်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါလျှက်နဲ့  ဘုန်း
ကြီးတွေကိုတောင် မီးလောင်တိုက်ကို သွင်းရဲ ခွေး
လောက်မှ စောက်အသိညံ မရှိတဲ့ ဒေါ်သိန်းစိန်ကို
သွားတောင်းပန်လိုက်တာ မင်းဟာ အဇာသတ က ဝေဒါဓ်
ကိုဆရာသွားတင်တာထက် ပိုပြီးဆိုးသွားတယ်ဆိုတာ
မင်းကို မင်းပြန်စဉ်းစားသင့်တယ် မင်းလို စိတ်ဓာတ်
မခိုင်မြဲတဲ့ လူတွေရှိနေလို့  ဒို့ မြန်မာပြည်ကြီးကို အခုလို
စစ်ခွေးတွေလက်ထည်းက ရုံးမထွက်နှိုင်ကြတာကွ
ခွေးကို ခွေးလို့ ပြောတာ အပြစ်ကျစရာလားကွာ
ရိုသေသမှု အလေးပြုတဲ့အထည်းမှာ အသက်ကြီးတဲ့
ခွေးအစိုးရတွေမပါဘူးကွ ဒါကြောင့်ငါပြောလိုက်မယ်
မင်းလိုလူမျိုး ဒို့ မြန်မာနှိုငံမှာ တစ်ယောက်နှမရှိလေ
ကောင်းလေပဲ မင်းလို ခုမျိုးတွေရှိနေသမျှတော့ မြန်
မာနှိုင်ငံမှာ ဒီမိုကရေစီဆိုတာကို ဘယ်တော့မှရလာမှာ
မဟုတ်ဘူးမှတ်

Unknown said...

အပေါ်မှာရေးထားတာက တစ်ယောက်မှမရှိလေကောင်းလေ
နဲ့ 
မင်းလိုလူမျိုးတွေ လို့ ပြင်ဖတ်ကြပါ

user said...

လေးစားပါတယ်ဖြိုးသီဟရေ
အမှားကို အမှားမှန်းသိတဲ့သူ
အထူးသဖြင့် အမှားကို အမှားလို့
ဝန်ခံရဲတဲ့ သတ္တိရှီတဲ့ ကိုယ့်ညီရဲ့စိတ်ဓါတ်ကို
လေးစားတာပါ။
ကိုယ့် comment တစ်ခုမှာရေးဘူးပါတယ်။
ပုထုဇဉ်မှန်သမျှ အမှားမကင်းပါဘူးလို့
အချို့ အာသဝေါကုန်ခမ်းပြီးတဲ့ ရဟန္တာ
ပုဂ္ဂိုလ်ကြီးတွေတောင် အာပတ်သင့်မိတာရှိတယ်လို့
ကြားဖူးပါတယ်။ဦးသိန်းစိန်ကိုတောင်းပန်လို့
ဖါးပြီးရေးနေတာမဟုတ်ပါ။ခဏခဏ မမှားမိအောင်
ကြိုးစားပါ။ မရေးခင် အကြောင်းအရာ ရည်ရွယ်ချက်
ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သေသေချာချာ
အချိန်ယူစဉ်းစားပြီးမှရေးပါ။ပြင်မရတဲ့အမှားကြီးတွေ
မမှားမိပါစေနဲ့လို့ စေတနာများစွာဖြင့်
အကြံပြုပါရစေ။ စိတ်ဓါတ်မကျပါနဲ့။ပျက်အစဉ်
ပြင်ခဏတဲ့။

Unknown said...

ဟေ့ကောင် jully soe
ဘုန်းကြီးတွေကို အကြမ်းဖက်နှိမ်နင်းတာကိုတော့
ငါလည်းမကြိုက်ဘူး။
ဒါပေမဲ့ မင်းထက်တော်လို့ သမ္မတ လုပ်နေတာ။
စစ်မှန်တဲ့ဒီမိုက ရေ စီ နိုင် ငံ ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ
သမ္မတ တစ်ယောက်အ နေနဲ့ ဒီလိုအမိန့်မ ပေးလောက်ဘူး။
မင်းမှာဦးနှောက်ပါရင် သေ သေချာချာစဉ်း စား စမ်းပါ။
ကြားလားစောက် ရူး

user said...

lcd မြှေက်မပေးပါနဲ့
အခုဟာက သု့စိတ်ဓါတ်ကို ပြုပြင်ပေးနေကြတာ
အပေါ်က ဦးထွေးစန်းဦးရဲ့ comment ကို
ဖတ်ကြည့်ဦး။

user said...

မင်းမှန်တယ်ညီ
ဂုဏဝုတ္တိ ဝရဝုတ္တိဆိုတာ အဲဒါပဲ။
မင်းသမ္မတကြီးရဲ့ လုပ်ရပ်ကို မကြိုက်ရင်
မင်းကြိုက်သလိုဝေဖန်ခွင့်ရှိတယ်။
ဒါပေမယ့်သူ့မှာ ဦးထွေးစန်းဦးပြောသလို
အသက် သိက္ခာ ဂုဏ်ဝါရှိတယ်။
အဲဒါကိုလေးစားရမယ်။
ယဉ်ကျေးစွာ ဝေဖန်ပေါ့။

Unknown said...

ဟေ့ကောင်ye thu သိန်းစိန်ကမင်းfatherလားကွ

KO NYI said...

Ya Thu ဦးသိန်းစိန်အမိန့်မပေးဘူးဆိုရင်တောင်၊သူကနိုင်ငံတော်အကြီးအကဲတစ်ယောက်၊လက်ရှိပြသာနာတွေသူရှင်းပေးရမည်၊ရဟန်းတွေဟာဒကာ၊ဒကာမအထောက်အပံ့နဲ့မှီတင်းသီတင်းသုံးနေရတာ၊သူတို့ရဲ့ဒကာ၊ဒကာမစိတ်မချမ်းမသာဖြစ်တာ၊သူတို့ဖြစ်တာနဲ့အတူတူဘဲ၊ဒါကြောင့်ကြားကနေနှစ်ဖက်စလုံးပြသာနာမကြီးအောင်ဆောင်ရွက်ပေးတာပါ၊အဲဒါကိုအစိုးရကအမှားနည်းနိုင်သမျှနည်းအောင်ဖြေရှင်းပေးရမည်။

zaw said...

ဘေးကနေ ဝေဖန်မနေကြနဲ့ မင်းတို့သာ မြန်မာပြည်အစိုးရ နေရာမှာသာဆိုရင်... ဘယ်လိုလုပ်မလဲဆိုတာ အရင်စဉ်းစားကြည့်လူထုရဲ့ဆနကို လိုက်လျောပြီး လူထုဖြစ်ချင်တာ အကုန်လုပ်ပေးမလား ဒါမှမဟုတ် စဉ်းစားချင့်ချိန်ပြီး သူများတိုင်းးပြည်တွေနဲ့ တန်းတူ ဖြစ်အောင်ကြိုးစားမလား ဆိုတာပေါ့ အိမ်မှာဆိုရင် မိဘစကားနားမထောင်ရင် သားသမီးဆိုတာ အရိုက်ခံရတာပဲလေ

zaw said...

ဘေးကနေ ဝေဖန်မနေကြနဲ့ မင်းတို့သာ မြန်မာပြည်အစိုးရ နေရာမှာသာဆိုရင်... ဘယ်လိုလုပ်မလဲဆိုတာ အရင်စဉ်းစားကြည့်လူထုရဲ့ဆနကို လိုက်လျောပြီး လူထုဖြစ်ချင်တာ အကုန်လုပ်ပေးမလား ဒါမှမဟုတ် စဉ်းစားချင့်ချိန်ပြီး သူများတိုင်းးပြည်တွေနဲ့ တန်းတူ ဖြစ်အောင်ကြိုးစားမလား ဆိုတာပေါ့ အိမ်မှာဆိုရင် မိဘစကားနားမထောင်ရင် သားသမီးဆိုတာ အရိုက်ခံရတာပဲလေ

KO NYI said...

့ZAW သူတို့ရိုက်လာတာနှစ်ပေါင်းလေးဆယ်ကျော်ပြီ၊အားလုံးလဲဖွတ်ဖွတ်ညက်ညက်ကြေနေကြပါပြီ။

Unknown said...

who is judge?

Unknown said...

ကိုဖြိုး
ကျွန်တော် ၀င်ရေးတာမကြာသေးပါဘူး
အိမ်တစ်အိမ်မှာ ဖခင်တစ်ယောက်က အရေးကြီးဆုံးပဲ
တိုင်ပြည်က အိမ်ဆိုရင် ဖခင်က ဘယ်သူလဲ
စကားပုံတစ်ခုရှိတယ်
သားသမီးမကောင်းတော့ မိဘခေါင်း
မိဘမကောင်းတော့ ဘယ်သူ့ကို ပြောရမလဲ
သမ္မတကြီးကို မကောင်းပြောတာ မဟုတ်ပါ
ဝေဖန်တဲ့ လူလည်းရှိရမယ်
စကားလုံးရွေးတော့ပိုကောင်းတာပေါ့

Unknown said...

ဟုတ်တယ်ဟုတ်တယ် အဲ့ဒါဟုတ်တယ်

driver said...

ဖြိုးသီဟ နိုင်ငံတော်သမ္မတကြီးကို သီပေါမင်းစံအိမ်တော်သွား သတင်းမှာ (လေယာဉ်ပျက်လျှင် သူတယောက်ထဲသေပါစေ)ဟု ဆုတောင်းလိုက်သည်..။

Powered by Blogger.