ဆေးရုံတက်နေတဲ့လက်ပံတောင်းမှကလေးများအား ဒေါ်အောင် ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသမှ ရန်ကုန်မြို့ ကလေး ဆေးရုံကြီးသို့ ရောက်ရှိ ကုသနေသော ကလေးငယ်(၄)ဦးအား ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ(၁၂)ရက်နေ့ ညနေ ၆ နာရီခွဲခန့်က သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့ ကြည့်ရှုအားပေး ပြီးသည့်နောက်တွင် ကလေးဆေးရုံမှ ၀န်ထမ်းများက ယင်းတို့နေထိုင်ရာ ၀န်ထမ်းတန်းလျားကို လာရောက် ကြည့်ရှုပေးပါရန် တောင်းဆိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

"လူတစ်ယောက်စာ နေရာလောက်မှာ လူလေးငါးယောက်လောက် နေရသလို ဖြစ်နေတဲ့အပြင်၊ တန်းလျားတွေက အတော် အခြေအနေ ဆိုးနေတာကို တွေ့ရတယ်။ ဒီကိစ္စကိုလဲ မီဒီယာတွေမှာ ပါစေချင်တာကြောင့် ခုလိုပြောပြရတာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးစိုးဝင်းကပြောသည်။

AHNYK-Popular Myanmar News Journal


ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်နေသော လက်ပံတောင်းမှ ကလေးများအား ဒ်ါအောင်ဆန်းစုကြည်သွားရောက်ကြည့်ရှုအားပေး။ ဓါတ်ပုံ - ကိုဆန်နီ

ကလေးများ ကြည့်ရှု အပြီး ဆေးရုံဝန်ထမ်းများ နေအိမ် တန်းလျားရှိ မိသားစုကို သွားရောက်ကြည့်ရှု ။ ဓါတ်ပုံ - ကိုဆန်နီ


ဆေးရုံတက်နေတဲ့လက်ပံတောင်းမှကလေးများအား ဒေါ်အောင် ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေး ဆေးရုံတက်နေတဲ့လက်ပံတောင်းမှကလေးများအား ဒေါ်အောင် ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေး Reviewed by သစ်ထူးလွင် on 12:19 Rating: 5

2 comments:

pyisoe said...

မြင့်မြတ်သူအဖို့ ဝမ်းနဲ့မလွယ် ရင်မှမမွေး တိုက်ကျွေးနို့ချို မပြုပေလင့် ငါ့တိုင်းငါ့ပြေ ငါ့ပြည်သူကား ငါ့သွေးငါ့သား ငါ့သမီးတို့တည်း။ ဆင်းရဲဒုက္ခ တွေ့မြင်ရမူ နှလုံးမသာ ရင်၌မချိ တကယ်တိတိ အမေ့မေတ္တာ ပေးဝေပက်ဖြန်း အးချမ်းအောင်ပြု မှုရပေသည်၊ မိခင်အစစ် မေတ္တာတည်း။ အမေစု၌ သားသမီးမရှားပါ။ သားများအနား မရှိလည်း မလွမ်းတတ်သော အမေသို့။

shwe man thar said...

တကယ်တော့ အမေစုကိုလွှတ်တော်အမတ်နေ၇ာလေး

ပေးပြီးဘာလုပ်ပိုင်ခွင့် မှတ၇ားဝင်ပေးမထားပါ။ ၀န်ကြီးအ

ဆင့်လုပ်ပိုင်ခွင့်တောင်မ၇ပါ။ဒါပေမဲ့သူ့အချိန်နဲ့ ၇ှိသမျှအင်

အားကိုပြည်သူနဲ့တသားထဲဖြစ်စေသူပါ။ကမ္ဘာကသိတဲ့

မြန်မာ့ခေါင်းဆောင်အစစ်ဟာဒို့အမေပါ။ဒါကိုတောင်ထိုက်

တန်တဲ့နေ၇ာပေးဖို့ ဖင်လှည့်ခေါင်းလှည့်လုပ်နေတာငါတို့

ပြည်သူအားလုံးကိုစော်ကားနေတာပါ။

Powered by Blogger.