အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မကွေးမြသလွန် ဘုရားဝင်း အတွင်း ယနေ့ နံနက် မနက် ၇နာရီ ၄၅မိနစ်တွင် မိန့်ခွန်း စတင် ပြောကြား ခဲ့ပြီဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးလူထုကို မိန့်ခွန်းပြောကြားအပြီး မကွေးမြသလွန် စေတီတော်ကို တက်ရောက် ဖူးမြော်လျက်ရှိသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့များသို့သွားရောက်ကာ ဒေသခံများကို မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅နာရီကျော်အချိန်တွင် ညောင်ဦး လေဆိပ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ဒီဗွီဘီ

မကွေးလူထုကို မိန့်ခွန်းပြောကြားစဉ်။ (၉-၁၂-၂၀၁၂) ဓာတ်ပုံ - ကျော်ဇေယျာဝင်း |
ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မိန့် ခွန်းပြောကြား
Reviewed by သစ်ထူးလွင်
on
11:25
Rating:
1 comment:
အမေစု- ခုလိုမြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးကာလမှာ အမေစုရဲ့ အပြောအဆို၊ အပြုအမူများဟာ သမိုင်းတွယ်မဲ့အရာ အဖြစ် ကျန်ရစ်မှာ သေချာပါတယ်။ နိုင်ငံအတွက်လည်း သမိုင်းတွင်ကျန်ရစ်ရအောင် အမေစု မြန်မာနိုင်ငံသား/သူတွေရဲ့ လိုအပ်ချက်တွေကို နောက်မဆုတ်ဘဲ ရဲရဲဝံ၀ံ အချိန်ပြည့် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ချင်ပါတယ်။တစ်ချို့ကိစသေးသေးလေးတွေကို ရှောင်ရှားသင့် ပါတယ်လို့ အကြံပြုချင်ပါတယ်။
Post a Comment