အုတ်ခဲဖြင့်ထုပြီး ပုဆိုးကွင်းစွပ်ကာ ဆိုင်ကယ်ဖြင့်ဆွဲ၍ သတ်ဖြတ်

၃၀-၁၁-၂၀၁၂ ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၃)ရပ်ကွက်၊ တော်ဝင်လမ်းရှိ ““ဇူလိုင်မိုး”” တည်းခိုခန်းအနီး လမ်းမပေါ်၌ လူတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်း ရရှိသဖြင့် ရွှေပြည်သာ ရဲစန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ ရွှေပြည်သာမြို့နယ်၊ (၃)ရပ်ကွက်နေ ဂျပန်ကြီး(ခ)မြင့်သိန်း(၅၄)နှစ်ဖြစ်ပြီး ဒဏ်ရာများရရှိကာ လည်ပင်းတွင် ပုဆိုးကွင်းစွပ်လျက် ပက်လက်လဲကျ သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်ဆေး ဖော်ထုတ်ချက်အရ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ ထိပ်နီကုန်းရွာနေ ဇင်မင်းဦး(ခ) ဇင်မောင်(၂၇)နှစ်က အုတ်နီခဲဖြင့်ထုပြီး လည်ပင်း၌ ပုဆိုးကွင်းစွပ်ကာ ဆိုင်ကယ်ဖြင့်ဆွဲပြီး သတ်ခဲ့ကြောင်း သိရှိရသဖြင့် ၁-၁၂-၂၀၁၂ ရက်နေ့ ၀၀၁၅ အချိန် ဇင်မင်းဦး(ခ) ဇင်မောင် (၂၇)နှစ်အား ရွှေပြည်သာရဲစခန်း(ပ)၁၄၃၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် Facebook


အုတ်ခဲဖြင့်ထုပြီး ပုဆိုးကွင်းစွပ်ကာ ဆိုင်ကယ်ဖြင့်ဆွဲ၍ သတ်ဖြတ် အုတ်ခဲဖြင့်ထုပြီး ပုဆိုးကွင်းစွပ်ကာ ဆိုင်ကယ်ဖြင့်ဆွဲ၍ သတ်ဖြတ် Reviewed by သစ်ထူးလွင် on 02:19 Rating: 5

No comments:

Powered by Blogger.