လက်ပန်းတောင်း တောင် ဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ် ကော်မတီ နှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ချက် ပါဝင်တဲ့ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ခဲ့တဲ့အချက် ၆ ချက်နဲ့ ပတ်သတ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်က တာဝန်ခံ ကိုသောင်းထိုက်က RFA ကို အခုလိုပြောပါတယ်။
"လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ (၁)လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရန် (၂)၂၉ရက်နေ့က အကြမ်းဖက်ခဲ့တဲ့သူတွေကို ထိရောက်စွာ အရေးယူပေးရန် (၃)လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့အရပ်ဖက်လူ့အဖွဲ့အစည်းများကို အာမခံနဲ့မဟုတ်ပဲ ချွင်းချက်မရှိ လွှတ်ပေးရန်၊ (၄)ပြည်သူလူထုကရွေးချယ်တဲ့ ပြည်သူ့အစိုးရအဖွဲ့ ပြည်သူ့ဘက်က ကာကွယ်ရပ်တည်ရန်၊ (၅)မြန်မာနိုင်ငံတွင် အစိုးရဌာနများ၊ ကုမ္ပဏီများက မတရားသိမ်းယူထားတဲ့ လယ်ယာမြေများကို သက်ဆိုင်ရာ တောင်သူများထံ ပြန်လည်ပေးအပ်ရန်၊ (၆)နိုင်ငံတော်ရဲတပ်ဖွဲ့သည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ပြည်သူလူထုတစ်ရပ်လုံးဘက်က ရပ်တည်ပြီး တစ်သီးပုဂ္ဂလကုမ္ပဏီများကို အကာအကွယ်မပေးရန်"
ဒီအတောအတွင်း စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလည်ပတ်ဖို့အတွက် ကုမ္ပဏီဖက်က လုပ်ငန်းဆောင်ရွက်နေတာကို ရပ်တံ့ဖို့အတွက် ဒေသခံတွေက သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာနဲ့ ပတ်သက်လို့လဲ ကိုသောင်းထိုက်က အခုလို ဆက်ပြောပါတယ်။
"စုံစမ်းစစ်ဆေးရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တာကို ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကာလမှာ လုပ်ငန်းတွေမရပ်ဆိုင်းဘဲ ဆက်လုပ်နေတဲ့အတွက် ကျနော်တို့က ဒီလိုသပိတ်မှောက်နေရခြင်းဖြစ်ပါတယ်၊ ဦးတည်ချက်ကတော့ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့ပါပဲ၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကော်မတီ ဝင်တဲ့ကာလမှာ မြန်မာဝမ်ပေါင်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဖက်က လုပ်ငန်းတွေကို ရပ်ထားသင့်တယ်လို့ထင်ပါတယ်"
လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူတွေအနေနဲ့ အခုလ ၁၂ ရက်နေ့ကစပြီး လက်ပန်းတောင်းတောင်ခြေ အနီးအနားက ညောင်ပင်ကြီး-ဆားလင်းကြီးသွား ကားလမ်းမဘေး တုံရွာမှာ အခြေစိုက်ပြီး သပိတ်စခန်းဖွင့်နေတာဟာ ဒီကနေ့ဆိုရင် ဆယ်ရက်ရှိပြီလို့ သိရပါတယ်။ သံဃာ ၇ပါးနဲ့ ၊ ဒေသခံအင်အား ၁၅ဝနီးပါးဟာ နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး အလှည့်ကျ သပိတ်စခန်းဝင်နေကြတယ်လို့ သိရပါတယ်။
RFA Burmese

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်က ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်များနှင့် လယ်သိမ်းခံ တောင်သူလယ်သမားများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြနေကြစဉ်။ RFA |
လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန်
Reviewed by သစ်ထူးလွင်
on
23:45
Rating:
50 comments:
We are not with you. You all should follow our leader Daw Aung San Suu Kyi. But these your manners are disturbances for democracy.
အားလုံးပဲ တရားမျှတဖို့ရန် အဖက်ဖက်မှ အကြီးကဲ များ နောက်နောင်လာမည့်နေ့တွေမှာ ညှိနိုင်း ပေးပါလို့ တောင်းဆိုပါတယ် တမြေထည်းသားချင်း ညီညွတ်ဖို့ အနုညွတ်တောင်းဆိုအပ်ပါသည်
စီမံကိန်းလုံးဝရပ်ဆိုင်းဖို့ တောင်းဆိုတာကို သဘောမတူပါဘူး
မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့ ရေရှည်အမြင်ရှိဖို့ လိုပါတယ်
ဦးဆောင်တဲ့နိုင်ငံရေးသမားတွေ အမြင်ကျယ်ဖို့ လိုသလို လတ်တလောပေါ်ပြူလာဖြစ်ရင်ပြီးရောဆိုတဲ့
အတွေးမျိးမရှိသင့်တော့ပါဘူး
အမျိးသားရေးကိုတလွဲအသုံးချပြီး လူထုအကျိးမဲ့အောင် မလုတ်မိကြဖို့ ဂရုပြုသင့်ပါတယ်
အမေစုကိုအချိန်ပေးပါ၊လုပ်နည်းလုပ်ဟန်တွေကိုအတုယူပါ
လုတ်ရတာလွယ်ပါတယ်အကောင်းဆုံးအောင်မြင်ဖို့ ခက်တယ်ဆိုတာကိုသတိရှိကြပါ။
စဉ်းစားဉာဏ်လေးကိုနဲနဲလောက်ဖြစ်ဖြစ်သုံးဘူးတယ်၊ရှိ့အောင်၊တစ်ခါ
လောက်သုံးကြည့်ကြပါအုံး။ဒေါ်စုကိုတောင်တော်လှန်ခြင်နေကြတဲ့
သူတွေခင် ဗျား
ဘယ်လိုများတောင်းဆိုနေကြပါလိမ့်။လုပ်ငန်းလည်ပတ်ပါစေ။ဒါမှ ဒီလုပ်ငန်းရဲ့ ဆိုးကျိုးတွေ တွေ့ရှိလာမှာပေါ့။အဲဒီအတောအတွင်း တောင်တခုလုံးကုန်သွားမယ်ဆိုရင်လဲ သန်းခေါင်အပြင် ညမနက်တော့ပါဘူး။အဓိက က လုပ်ငန်းရပ်သွားဖို့ပဲ မဟုတ်လား။
ဒီ နိုင် ငံ မှာ ပြည် သူ ကို ခု တုံး လုပ်ြ ပီး ကိုယ့် ကို ကို တည် ဆောက် နေ တဲ့ ကောင် တွေ နိုင် ငံ ရေး ဇာတ် ခုံ ပေါ် တက် ချင် နေ တဲ့ ကောင် တွေ ကိုကြည့် ပြီး အ ကု သိုလ် ဖြစ် တယ်။
ဒီ နိုင် ငံ မှာ ပြည် သူ ကို ခု တုံး လုပ်ြ ပီး ကိုယ့် ကို ကို တည် ဆောက် နေ တဲ့ ကောင် တွေ နိုင် ငံ ရေး ဇာတ် ခုံ ပေါ် တက် ချင် နေ တဲ့ ကောင် တွေ ကိုကြည့် ပြီး အ ကု သိုလ် ဖြစ် တယ်။
ပြည်သူကိုခုတုံးလုပ်နိုင်ငံရေးအမြတ်ထုတ်သူအားလုံးကိုလုံးဝဆန့်ကျင်ပါတယ်။ပထမတောင်းဆိုတာကစုံစမ်းစစ်ဆေးဖို့ပြည်ူသူလူထုယုံကြည်တဲ့သူတွေပါဝင်တဲ့စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ပါ။အခုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ကော်မရှင်ဖွဲ့ပြီးပြီ။ဒါကိုအချိန်မပေးဘဲနိုင်ငံရေးအချောင်သမားတွေနောက်ပြန်လှဲ့ချင်သူတွေအကြံသမားတွေရဲ့ကြောင်တောင်နှိုက်လုပ်ရပ်ပါ။စဉ်းစားဥဏ်မဲ့လုပ်ရပ်တွေကိုဝိုင်းဝန်းဆန့်ကျင်ကြပါစို့။အခုကြေညာချက်ထုတ်တဲ့လက်ပန်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေကော်မတီနဲ့လက်ပတောင်းတောင်ကြေးနီစီမံကိန်းလေုံးဝရပ်ဆိုင်းရေးအထွေထွေသပိတ်ကော်မတီတွေရဲ့ခေါင်းဆောင်တွေကိုလုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်။
စုံစမ်းရေး ကော်မရှင်ကို ခေါင်းဆောင်နေတာ ဘယ်သူလဲဆိုတာ သိရက်သားနဲ့ အခုလို လုပ်နေတာ ကော်မရှင်ကိုစော်ကားတာနဲ့ အတုတူပါဘဲ ကော်မရှင်ရဲ့သုံးသပ်ချက်အစီရင်ခံစာ လည်း မထုတ်ပြန်သေးပါဘူး ကော်မရှင်ကိုတော့ ယုံကြည်သင့်ပါတယ် ကော်မရှင်ဥက္ကဌဟာ တရားဥပဒေစိုးမိုးရေးမှာလည်း ဥက္ကဌ ဖြစ်တာကြောင့် ဒေါ်စုအပေါ်တိုက်ရိုက် တိုက်ခိုက်နေတာလို့ထင်ပါတယ် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သုံးသပ်ချက်တွေ ထွက်လာမယ်လို့ ယုံကြည်ပါတယ်။
အမေစု, ကိုရုံယုံကြည်ကြည်နဲ့စောင့်ပေးပါ, မလိုလားအပ်တာတေမဖြစ်စေချင်ပါဘုး
ဟုတ်ပါတယ်။....ဟုတ်ပါတယ်။
ဆန္ဒုပြနေတဲ့ဆ၇ာတွေအကြာကြီး၇ပ်နေ၇လို့ခြေထောက်တွေတောင်ယောင်ကိုင်းနေတယ်ကြားလို့ဒဏ်ကြေလိမ်းဆေးဆီပုလင်းလေးတွေပို့
လိုက်ပါ့မယ်။
ဒါပေမဲ့အထူးသတိပြုပြီး။
အဲဒီဆီလေးတွေကိုယောင်သောနေ၇ာတွေမှာ
သာလူးပေးကြပါခင်ဗျား။
ကော်မရှင်ဝင်နေချိန်မှာတောင် လုပ်ငန်းမရပ်နားတာကြ ဘယ်လိုပြောမလဲ။ပြည်သူကသာ ဒေါ်စုကိုလေးစားတာ။ဟိုနွားတွေကရှိတယ်တောင်မထင်ဘူး။ကော်မတီနှစ်ရပ်လုံးကို လုံးဝထောက်ခံပါတယ်။တရုပ်ခွေးတွေလုပ်ချင်တိုင်လုပ်နေတာကို တားဆီးပါ။လက်ပတောင်းတောင် ဘယ်နားရှိလို့ရှိမှန်းမသိ ဘာမသိ ညာမသိလျှောက်ပြောနေတဲ့လူတွေ လာကြည်လညှ့်ပါ။ဒေသခံပြည်သူတွေ ဘယ်လောက်စိုးရိမ်နေကြလဲ ဘယ်လောက်မွဲတေနေလဲ ဆိုတာ။အနားမှာရှိတဲ့ ကြေးစင်တောင် မြေမှုန်ဖြစ်သွားပြီ အခုလက်ပတောင်းတောင် စဖြိုနေပြီ။ပြီးရင်စံပယ်တောင်အပါအဝင် တောင်စွယ်အားလုံးဖြိုမယ်။ဒေသခံပြည်သူတွေဘာဖြစ်လာမလဲ။လုပ်စားစရာမြေမရှိတော့ဘူး။သောက်ရေသန့် ဆိုတာမရှိတော့ဘူး။ဒီလိုဘဝတွေနဲ့ ဘယ်လိုဆက်ပြီးရပ်တည်မလဲ။ခင်များတို့ အိမ်ထဲမှာဖြစ်နေတယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကိုယ်ချင်းစာကြည့်ပါ။ခွေတရုပ်ကောင်းစားဖို့အတွက် မြန်မာပြည်သူတွေဘဝတွေကို စတေးရမှာလား။
နှစ်၅၀လုံးလုံးဒုက္ခတွေနဲ့နေခဲရတဲ့စစ် အာဏာရူးတွေရဲ့ကျွန်ဘ
ဝကိုပြန်ရောက်မှာကိုစိုးရိမ်မိတယ် ခုချိန်မှာစည်းစည်းလုံးလုံး
နဲ့ ရှေ့ ကိုဆက်သင့်နေပါပြီ ဒေါ်စုကိုတော့အချိန်ပေးသင့်ပါတယ် အားလုံးသတိထားရမှာ
က အစိုးရသစ် ရဲ့နောက်မှာ နောက်ကြောင်းပြန်ဖို့ အခွင့်ရေး
စောင့်နေတဲ့ စစ်ခွေးအုပ်စုရှိနေသေးတယ်ဆိုတာ ဒေါ်စုရဲ့ဆုံး
ဖြတ်ချက်ကို စိတ် ရှည် ရှည်နဲ့စောင့်ကြပါ
ကော်မရှင်ရဲ့စုံစမ်းမှုမှာ ရပ်ဆဲရန်မသင့်ဆိုလျှင် တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကတော့လက်ခံမှာ မဟုတ်ကြောင်းကိုတင်ပြလိုပါတယ်။ အကြောင်းမှာ ၄င်းလုပ်ငန်းသည် တိုင်းပြည်၏ ဘဏ္ဍာဆိုသော်လည်း ရသင့်ရထိုက်သော တန်ဖိုးကိုရရှိမည်မဟုတ်သည်က တစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီး ကုန်ထုတ်လုပ်နိုင်သည့်အခြေအနေတစ်ရပ်သို့ရောက်ရှိလာပါက မည်သည့်ကုန်ကြမ်းဖြင့် လုပ်ကိုင်ကြမည်နည်း၊ မိမိနိုင်ငံထွက်ကုန်ကြမ်းရှိမှ သာလျှင် ကုန်ချောအလွယ်တကူထုတ်နိုင်ပြီး အခြားသောနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အခြားသောနိုင်ငံမှ ကုန်ကြမ်းမှာယူထုတ်လုပ်မည် ဆိုပါက နည်းပညာနိမ့်ပါးမှုနှင့် ကုန်ကြမ်းဈေးမြင့်မှုကြောင့် နိုင်ငံထုတ်ကုန်သည် အခြားနိုင်ငံများနှင့်ယှဉ်ပြိုင်ဖို့ ဝေးစွ။ ပြည်တွင်းမှာပင် သုံးစွဲသူရှိမည်မဟုတ်ပါ။ ထိုထိုသောရေရှည်ကို ကြည့်ပြီးနိုင်ငံအတွက် ပြည်သူများလက်ခံကြမည်မဟုတ်ပါ။ သို့သော်အာဏာရှင်တို့သည် မိမိဝင်ငွေရရှိမှုသာ အဓိကထားနေသည်ဆိုလျှင်တော့ မတတ်နိုင်ချေ။
စီမံကိန်းက စတာကြာနေပြီ။ သဘောအားဖြင့် လက်လွန်နေပီ။ အခုမှရပ်ခိုင်းတယ်ဆိုရင် ဒီနိုင်ငံမှာ ပြင်ပကဘယ်သူတွေက လာပြီး လုပ်ငန်းလုပ်ရဲတော့မှာလဲ။ ဒါ့အပြင်ရပ်တန့်မှုကြောင့် လျှော်ကြေးပေးရရင် နိုင်ငံက ကော လျှော်နိုင်လောက် တဲ့အင်အားရှိလို့လား။ ၁ ဘီလီယံ + အချိန် + စာချုပ်ဖေါက်ဖျက်မှု အားလုံး လျှော်ရတော့ မှာ။ ဆိုးကျိုးက နိုင်ငံတော် လုံခြုံရေး ထိပါးလာတော့မယ်။ အခုတောင် ကချင်ဘက်မှာ ပြင်းထန်လာပြီ။ ဘုံဘေဘားမား ကုပ္မဏီ ကိစ္စလို ရာဇ၀င်တွေ ဖြစ်လာနိုင်တယ်။ မြစ်ဆုံ ဆည်ကိစ္စကို ကန့်ကွက်တာ လက်ခံလို့ရတယ်။ သဘောလည်းတူတယ်။ လုပ်ငန်းက မစတင်ရသေးတာကိုး။ နောက်တစ်ခုက မြန်မာပြည်လူတော်တော်များများဟာ မိမိကိုကြိုးကြည့်တာများတယ်။ အဖွဲ့အစည်း သဘောတရားကို နားမလည်သေးဘူး။ ဂိုင်းဂဏ တွေကလည်း ရှုတ်ရှက်ခက် နေတယ်။ ဒီမိုကရေစီလမ်းစဉ်အခြေခံသဘောတရားအမှန် မသိသေးဘူး။ ဒီအတိုင်းသာဆက်သွားနေရင် အရင်လို အာဏာရှင်စနစ်နဲ့ဘဲ ပြန်ကြုံတွေ့ရတော့မယ်။ ဆန္ဒပြတိုင်းကောင်းတယ် လို့မယူဆစေချင်ပါ။ မြန်မာနိုင်ငံဟာ အခုအချိန်မှာ ဘာအင်အားမှ မရှိပါဘူး။ အချိန်မရွေးသူများကျွန်ဘ၀ ကို လွယ်လွယ်ကူကူရောက်နိုင်ပါတယ်။ စဉ်းစားကြပါဦး။
တောင်းဆိုချက်တွေကလည်းများလှပါလား
Right
တောင်းဆိုချက်တွေကလည်းများလှပါလား
တောင်းဆိုချက်တွေကလည်းများလှပါလား
တောင်းဆိုချက်တွေကလည်းများလှပါလား
သမ္မတက-"နောက်ကြောင်းပြန်လှည့်မလှည့်ကပြည်သူတွေပေါ်မူတည်တယ်"
လို့ မီးစတစ်ဘက်ရေမှုတ်တစ်ဘက်လုပ်ထားတယ်။
လောကသဘာဝက"ရေများရေနိုင်၊မီးများမီးနိုင်"။
ရေများတဲ့အခြေအနေရောက်တဲ့အထိမစုထားနိုင်သေးပဲ၊ကိုင်ထားပေးတဲ့လက်ကို
သွားရိုက်မချိုးနဲ့ ။ မီးပြန်ဟပ်သွားလျင်ရေကွက်ကလေးရှဲကနဲအငွေ့ ပျံသွားမယ်။
အချိန်တန်လျင်-အဲဒီလက်လွှတ်ပေးလိမ့်မယ်။အဲဒီလိုမှလွှတ်မပေးလျင်ရိုက်ချိုးပစ်။
တောင်းဆိုချက်တွေကလည်းများလှပါလား
တောင်းဆိုချက်တွေကလည်းများလှပါလား
comment ရေးခြင်းသည် မိမိ အထင် အမြင် အတွေး အကြံ
အစည် များနိုးထ လာစေရန် အကျိုးကျေးဇူး များဖြစ်ထွန်း နိုင်
သလို စာဖတ် ပရိသတ် အတွက်လည်း အားနည်းချက်
အားသာချက် ဖော်ထုတ် ချက် အချို့ ကို ရရှိ နိုင် ပြီး၊ မိမိ ၏
ထင်မြင်ယူဆချက် ဘာလုင်သင့်သည်ကို စဉ်းစားခြင်းဖြင့်
အလေ့ အကျင့်ကောင်းများ လေ့ကျင့်ယူနိုင်သည့် အကျိုးကို
ရရှိစေနိုင်ပါသည်။
သို့သော်....ယဉ်ကျေးသိမ်မွေ့သော မြန်မာ လူမျိုးများဖြစ်သည်
နှင့်အညီ ရိုင်းပြသော စာလုံးများ မပါ လျှင် ပိုကောင်းမည်ဟု
ထင်မြင်ယူဆပါသည်။

ကော်မီတီနှစ်ရပ်လုံးကိုအကြံပေးလိုက်ပါရစေ ဒီနည်းတွေနဲ့လုပ်မစားပါနဲ့လားဗျာ။ ဒါ့ထက်နည်းနည်းသားနားတာကြံစည်ကြည့်ပါလားသံဃာတွေမီးလောင်တုန်းကဘယ်ရောက်နေကြတာတုန်း။
ပေါ်ပြူလာဖြစ်အောင် ၀မ်းနှုတ်ဆေး အချိန် အစိတ်လောက်သောက်ပြပါလား
ဂင်းနစ်လေးဘာလေးဝင်နိုင်တာပေါ့....
ဆီမှောင်ခိုတွေသောင်းကြန်းနေတာဒီလိုမယောင်၇ာဆီလူးကောင်တွေကြောင့်ပါ။
ကိုယ်ဟာကိုယ်အားတိုင်းယားတိုင်းဖွဲ့နေကြတဲ့ကော်မတီတို့သမဂ္ဂတို့အဖွဲ့ချုပ်တို့အစည်းအ၇ုံးတို့ဆိုတဲ့ကောင်တွေ၊အလုပ်မ၇ှိ၇င်တ၇ုတ်စာသင်ကြ။အလုပ်မ၇ှိလို့ဆန္ဒပြနေမဲ့အစားတော့ဝမ်ပေါင်မှာသာဝင်လုပ်ကြ။
ဘဖုန်းတွေခံလိုက်၇တုံးကဘယ်သွားမူးနေကြလဲ။
၇ဲပြေးမှတက်တူးထမနေနဲ့။
ဟိုကောင်ကိုင်ထားတဲ့တ၇ုတ်စာတန်း၇ဲ့အသံထွက်က"ကျဖင်ချုပ်"တဲ့။အဓိပါယ်တော့ဘာမှန်းမသိဘူး။
အထက်ပါ Naing Win Ko ကို ပြောတာကို လက်ခံပါတယ်...ဘာမဆို ရပ်ပေးပါ ..ဖြတ်သိမ်းပါ ပြောနေကြတော့...ဘယ်လို သူတွေကများ မြန်မာပြည်ထဲ ရင်းနှီးမြုပ်နံ ချင်ကြတော့မလဲ... တောင်းဆိုတာ မှန်ပါတယ်...ဒါပေမယ့် မလုပ်ခင်က ဘာလို့မတားကြလဲ...သတိရှိရှိနဲ့ တားကြလို့လား...အခုမှ အသံဟစ်နေကြတာတွေက မဖြစ်သင့်တော့ဘူးထင်တယ်...ခေါင်းဆောင်တဲ့ကောင်တွေကလည်း သွေးထိုးပေးနေတယ်...ဦးနှောက်ကို မရှိကြဘူး...တောင်းသာတောင်းဆိုနေကြတယ်...ကိုယ် တောင်းဆိုနေတာက ဘာမှန်းရော သိကြရဲ့လား...အကျိုးရှိတာကို တောင်းဆိုကြပါ...ဒဏ်ရရတဲ့ ဘုန်းဘုန်းတွေအတွက် ဆေး ကုသခွင့်...တောင်းပါ...ဒါမျိုးက အကျိုးရှိပါတယ်...သမ္မတ နှင့်တကွ အစိုးရအဖွဲ့များ ကိုယ်တိုင်လာရောက် ၀န်ချတောင်းပန်ရန်တို့လို့ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်တွေ ရှောင်ကြပါ...အစိုးရအဖွဲ့ဝင်တွေ အားယားနေကြတယ်များ ထင်ကြလား...မသိဘူးနော်...စီမံကိန်း ရပ်ဆဲရေး...အဲလို တောင်းဆိုနေမယ်ဆိုရင် မြန်မာပြည် ဘယ်တော့မှ စက်မှု့နိုင်ငံ ဖြစ်လာမှာ မဟုတ်တော့ဘူး...ဘာကတော့ ဘာဖြစ်လို့...ဒါကတော့ ဟိုဟာဖြစ်လိုနဲ့...အဲလောက်တာ ကြောက်နေကြရင် လယ်ကွက်ထဲက တက်မနေပါတော့နဲ့...နွားနဲ့ အပြိုင်ရုန်းပြီး လယ်ပဲ ထွန်စားကြပါတော့...တောင်းကြပါလား...ဒီစီမံကိန်းကြောင့် အနီးအနားမှာ ရှိတဲ့ ရွာသူရွာသားတွေအတွက် အလုပ်နေရာ ဘယ်နှစ်ရာခိုင်နူန်း ပေးနိုင်မလဲ...ဘာ အကျိုး ခံစားခွင့် ရနိုင်မလဲ...အနီးအနားမှာ ရှိတဲ့ ရွာတွေအတွက် ကျန်းမာရေး၊ နေထိုင်ရေးနဲ့ ပက်သက်လို့ ဘယ်လောက် အတိုင်းအတာထိ ဆောင်ရွက်ပေးနိုင်မလဲ...အစရှိသဖြင့် နှစ်ဦးနှစ်ဖက် စဉ်းစားပြီး တောင်းဆိုကြပါ...စီမံကိန်း ရပ်ဆဲရေး...ရပ်ဆဲရေးဆိုပြီး သိပ်မလုပ်ကြပါနဲ့...ဘယ်သူ့မှ လာပြီး ရင်းနှီးမြုပ်နှံရဲကြမှာ မဟုတ်ဖူးဆိုတာ ခေါင်းဆောင်တဲ့ ကောင်တွေ တွေးထားကြပါ...အရှေ့ကို တက်ပါ...သမိုင်းကို ပြန်ပြန်စွနေရင် အဲဒီ့ သမိုင်းဆီပဲ ပြန်ရောက်သွားကြမယ်နော်...အခုချိန်မှာ အားလုံးအလုပ်များနေကြတယ်...အနာဂတ်အတွက်ပဲ အလုပ်များကြပါ...ပြီးခဲ့တာတွေ ပြန်စွပြီး ရှေ့သွားနေတဲ့သူတွေကို အနှောက်အယှက်မပေးပါနဲ့...အခွင့်အရေးဆိုတာ ယူတိုင်းမကောင်းပါဘူး...ကြားလိုက်ရသမျှ ပြီးခဲ့တဲ့ ဘယ်နှစ်တွေတုန်းက ဘယ်သူတွေ သိမ်းထားတယ် ဆိုတာတွေကြီးပဲ...အခုမှ လာပြောနေလို့လဲ...နေ့ခြင်းညခြင်း ဘယ်အစိုးရကမှ ဖန်ဆင်းပေးနိုင်မှာ မဟုတ်ဖူး...အချိန်အတိုင်းအတာတစ်ခုထိ စောင့်ရမှာပဲ...Media တွေ၊ သတင်းတွေပေါ်မှာ ကြားချင်တာ စီမံကိန်းတွေ ရပ်ဆဲဖို့မဟုတ်ဖူး...နောက်ထပ် အကျိုးရှိမယ့် စီမံကိန်း အသစ်ကြီးတွေ ၀င်လာအောင် ဖိတ်ခေါ်ဖို့ပါ...သင်မလာရဲအောင်မလုပ်ပါနဲ့...လုပ်ပိုင်ခွင့်ကို ဥာဏ်နဲ့ ယှဉ်ပြီး အသုံးချကြပါလို ဆန္ဒပြုချင်ပါတယ်...
Than Shwe, See what you did, people cannot stay happily.
This is yr. and team's guilty!
ရင်နှီးမြုတ်နှံတယ်ဆိုတာ တောင်တွေကိုဖြိုမှ မြစ်တွေကိုဖြတ်မှ ရင်းနှီးမြုတ်နှံတာမဟုက်ဘူး။တိုင်းပြည်သယံဇာတထွေထုက်ရောင်းနေရုံနဲ့ မြန်မာပြည်ဘယ်တော့မှ ချမ်သာလာမယ်မထင်ဘူး။ပြည်သူတွေကိုမထိခိုကပဲ တိုင်ပြည်အတွက်အကျိုးရှိမယ့် ရင်းနှီးမြုတ်နှံမှုတွေ အများကြီးရှိမယ်ထင်ပါတယ်။အခုစီမံကိန်းက ပြည်သူအတွက်အကျိုးမရှိဘဲ ခွေးတရုပ်တွေအတွက် လုပ်တဲ့စီမံကိန်ဖြစ်နေတယ်ထင်တယ်။
မှန်တယ်။ထောက်ခံတယ်။
ဒါပေမယ့်-အဲဒီလိုအော်ခိုင်းတာ၊တောင်းဆိုခိုင်းတာတွေ
စီမံကိန်းအစကာလတုန်းကလုပ်ခဲ့မယ်ဆိုလျင်ပေါ့။
စိုးရိမ်တာက-
ဒေါက်တာမောင်မောင်လက်ထက်ကလည်း-ဒီလိုမလျော့တမ်းတောင်းမယ်ထင်
ရတဲ့သမဂ္ဂတွေ(ဂင်းနစ်စံချိန်ချိုးပြီး)ရာနဲ့ ချီပေါ်ခဲ့ဖူးတယ်။
ဦးစောမောင်လည်းတက်လာရော-ဦးစောမောင်ကတောင်ဖျက်ခိုင်းစရာမလိုဘူး
အလိုလိုကြက်ပျောက်ငှက်ပျောက်-ပျောက်ခဲ့ကြတယ်။
နောက်ကြောင်းပြန်လှည့်သွားတာပဲအဖတ်တင်တယ်။ဘာမှလည်းလက်ထဲ
မကျန်ခဲ့ဘူး။နောက်မှမီးစင်ကြည့်ကမယ့်အတူတူ-အနှစ်(၂၀)အစိတ်ထပ်နောက်
ကျမယ့်လမ်းကိုမရွေးစေချင်ဘူး။
Toe Lin ရေ တရုတ်တွေစီကလျောကြေးယူထားတာတွေရှိကြတယ်ဆို အဲ့ဒီ့ကောင်တွေကရောယူပြီကာမှဘာလို့ဆန္ဒဝင်ပြနေရတာလဲ စာရင်းတောင်လိမ်တင်ကြတယ်လို့ကြားတယ် အဲ့ဒါဟုတ်လား
((((( (၆)နိုင်ငံတော်ရဲတပ်ဖွဲ့သည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ပြည်သူလူထုတစ်ရပ်လုံးဘက်က ရပ်တည်ပြီး တစ်သီးပုဂ္ဂလကုမ္ပဏီများကို အကာအကွယ်မပေးရန်"))))) တဲ့
ပုဂ္ဂလိကကုမ္ပဏီများကိုညွှန်းလိုတာလို့တော့သိပါတယ်၊ တစ်သီးပုဂ္ဂလဆိုတာတော့အသုံးလွဲတယ်ထင်မိတယ်၊ တစုံတဦးက သူတို့(ကုမ္ပဏီများ)အပေါ်တရားမဲ့စွာ ထိခိုက်နစ်နာစေမယ်ဆိုလျှင် အကာအကွယ်ပေးရန်ရှိက ပေးကြပါစေ၊ ပြည်သူလူထုအပေါ်မဖေါက်ပြန်ဖို့နဲ့ ကုမ္ပဏီများရဲ့ လက်ကိုင်ဒုတ် မဖြစ်စေဖို့က အရေးကြီးတာမဟုတ်လား။
ကြာကြာစောင့်ကြည့်နေရင် တစ်ရုပ်တွေ ဖင်လိုးသွား
မှာနော် သူမလိုးခင် ကိုယ်အရင်လိုးထားမှ တော်ကာ
ကျမယ်ဆိုတာ သတိ
လက်ပန်းတောင်းတောင် ဒေသမှာ ဦးပိုင်နဲ့တရုတ် ကြိတ်ပုံးခုတ်လှုပ်ရှား ထုတ်စားနေကာ လုံခြုံရေးတွေထောင်ထောင် ထောင်ထောင်ဖြစ်နေအောင် အင်အားသုံးထားတဲ့နေရာကိုသွားပြီးမှ ပွင့်လင်းမြင်သာအောင်မလုပ်နိုင်ခဲ့လျှင်တော့ ဖုံးဖုံးဖိဖိနဲ့ ချောက်ထဲ မြောင်းထဲခုန်ဆင်းတာနဲ့တူနေမှာ စိုးရိမ်ရတယ်။
အကိုရဲ့အတွေးခေါ်ကိုထောက်ခံတယ်။အမေစုကိုယုံကြည်ကြပါ
တို့နိုင်ငံဟာ ဒီမိုကရေစီမရသေးဘူး။သွားနေတာပဲ့ရှိသေးတယ်။လွှတ်တော်ထဲမှာဥပဒေ ပြင်ဖို့ရှိသေးတယ်။အမေစုကိုယုံကြည်ကြပါ။ ပွဲကြမ်းရင် စစ်ခွေးတွေရဲ့အကြိုက်ဖြစ်သွား မယ်။ထောက်ချောက်ကိုပန်းခင်းလမ်းလို့ထင်နေကြလား
median eyeမင်းက စောမောင်လက်ထက်တုန်းက ဘယ်ရောက်နေတာလဲ။မသိလို့မေးတာနော်။မင်းပြောသလို ပျောက်သွားတာမဟုက်ဘူး။မှေးမှိုန်သွားတာ။ခုလိုမီဒီရာလွပ်လပ်ခွင့်မရှိလို့။စိတ်ဓာက်ကို သေနတ်နဲ့ ဖျက်စီးလို့မရဘူး။မင်းပြောသလို ဒီတောင်ကြီးတွေစဖြိုကတည်းက ဒေသခံတွေတားတာပဲ။မီဒီယာကထည့်လို့မရ စစ်ခွေးတွေကဖိနိုက်ထားနဲ့ ဘယ်လိုမှ မသိသာခဲ့တာ။မင်းလာကြည့်လှည့်ပါ။ဒေသခံပြည်သူတွေရဲ့ သဘောထားကို နားလည်သွားလိမ့်မယ်။
အေး-
ဒေသခံပြည်သူတွေကိုနားလည်တယ်(တစ်ခြားငါ့ comment တွေမှာသွား
ကြည့်လိုက်-မောတယ်)၊အမေစုလည်းနားလည်မယ်လို့ ယုံတယ်။
အမေစုတို့ အဆုံးအဖြတ်ကကိုယ်လိုတာမဖြစ်ဖူးလို့ ဘယ်သူပြောလဲ။
(နောက်ကကြိုးဆွဲတဲ့သူမရှိဘူးဆိုလျင်တောင်မှ)လုပ်နည်းလုပ်ဟန်ကိုတော့
သဘောမတူဘူး။ဖြစ်လာမဲ့ Impact ကကိုယ့်တစ်ဖို့ ထဲကိစ္စဆိုလျင်တော့
အကြောင်းမဟုတ်ဘူး။
ရွှေမန်းသားရေ-
ကျွန်တော့်အမြင်ကမယောင်ရာဆီလူးတာဆိုနည်းနည်းတော်သေးဗျ။
မယောင်ယောင်အောင်ထုနှက်ပြီးဆီမန်းမန်းပြချင်နေမှာစိုးလို့ ။
ဆရာများသားသေ။
ဆရာ-မများပဲတစ်ယောက်ထဲတိုက်တဲ့ဆေးမှားကြီးသောက်မိလည်းသေမှာပဲ။
right!!they are brainless animals.the useless dogs on the democracy way.
အမေစုကိုစုံစမ်းရေးကော်မရှင်ခေါင်းဆောင်ထည့်တာအစိုးရဲ့ထိုးနှက်ချက်ဘဲအမေစုမှားရင်ပြည်သူကယုံကြည်မူကင်းမဲ့လိမ့်မယ်.....အော်ပြည်သူထဲကအမေစု။
ဘယ်လိုများတောင်းဆိုနေကြတာပါလိမ့်။နားမလည်နိုင်တော့ဘူး။အခုမှရပ်တန့်ရင်ကော ထိုဒေသပြန်ကောင်းလာနိင်သလား။ကောင်းအောင်ဘယ်သူတွေ ဦးဆောင်ကြမလဲ။စုံစမ်းဆဲ ကာလမှာ လုပ်ငန်းရပ်ထားရင် ဘယ်လို စုံစမ်းမလဲ။ပြောစမ်း မင်းတို့ စွမ်းဆောင် နိင်လား။ပါးစပ်နဲ့ လူတိုင်းလုပ်နိင်တယ်။မင်းတို့ သိချင်တာ အဲဒီဒေသမှာ ဒီစီမံကိန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မူ့ ရှိမရှိ ပဲမဟုတ်လား။အဲလိုသိအောင်စုံစမ်းဖို့ လုပ်ငန်းလည်နေဖို့ အရေးကြီးတယ်ကွ။အဲဒီ စုံစမ်းဆဲကာလမှာ တောင်ကြီးတခုလုံးကုန်သွားပါစေ။သန်းခေါင်အပြင် ညမနက်တော့ပါဘူးကွ။ အဓိက က အဖြေမှန်သိဖို့ပဲ။ပတ်ဝန်းကျင်ကို များများထိခိုက်မူ့။နည်းနည်းထိခိုက်မူ့။လုံးဝမထိခိုက်မူ့။ဒါတွေနဲ့ လုပ်ငန်းကို ဆက်လုပ်ပိုင်ခွင့်ပေးမယ် မပေးဘူးဆုံးဖြတ်ရမှာကွ။ဒီလုပ်ငန်ူကို ဘယ်သူတွေ ချုပ်ကိုင်ထားတယ် ။ ဒါတွေကိုကြည့်နေလို့ မရဘူး။ပုဂ္ဂိုလ်ရေး မုန်းတီးမူ့တွေပါလာရင် ဘယ်လောက်ပဲ စုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့ပြီး လုပ်ပါစေခင်ဗျားတို့ လက်ခံမှာလား။ အခုက ဘယ်လိုအဖြေမျိုးထွက်ထွက် ခင်ဗျားတို့ လိုချင်သောအဖြေမရရင် ကန့်ကွက်မယ် ဆန္ဒပြမယ် ခင်ဗျားတို့ လိုချင်တာမရမချင်း ဒီလိုပဲ လုပ်နေမှာမဟုတ်လား။တို့အမျိုးသားခေါင်းဆောင်ဟာ ပြည်သူဘက်ကရပ်တည်တယ်ဆိုပေမယ့် အမှန်တရားဘက်ကပဲ ရပ်တည်မှာကွ။အဲဒီအဖြေ ဘယ်လိုပဲထွက်ထွက် ခင်ဗျားတို့လက်မခံဘူးဆိုရင် ခင်ဗျားတို့က ဘယ်သူတွေလဲ။တိုင်းပြည်တိုးတက်ရေးအတွက် ကန့်လန့်တိုက် လုပ်မယ်ဆိုသည့်သူတွေလား။တိုင်းပြည် နလန်မထူခဲ့တာ နှစ်ပေါင်းကြာပြီ ။
ဘာကြောင့်လဲပြန်စဉ်းစား။သူတလူ ငါတမင်း သူမှန်တယ် ငါမှားတယ်။ငါမှန်တယ် သူမှားတယ်နဲ့။အဆုံးကို မသတ်နှိင်ဘူး။အဲ့လိုနဲ့ တိုင်းပြည်ဟာ သူများနှင့်ယှဉ်ရင် ဟိုးအဝေးမှာကျန်ခဲ့တယ်။မြန်မာဆိုတာ သိသူနည်းပါးခဲ့တယ်။ဖြစ်ချင်တိုင်းသာ တောင်းရရင် ဖြစ်ချင်တိုင်းသာ ရမမယ်ဆိုရင် တောင်းလိုက်ချင်ပါတယ်။ဘယ်သူ ဖန်ဆင်းပေးနိင်မလဲ။ဘယ်သူမှ မဖန်ဆင်းပေးနိင်ဘူး။အေး တို့တိုင်းပြည်ဖခင်ကြီး၏သမီး
တို့နိင်ငံသားတရပ်လုံးရဲ့ခေါင်းဆောင်ဟာလည်း ဖန်ဆင်းရှင်မဟုတ်ဘူး။ခင်ဗျားတို့ ဖြစ်ချင်တိုင်းကိုပေးနိင်မှာမဟုတ်ဘူး။ဒါပေမယ့် အမှန်အတိုင်းတော့ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။

အေးခင်များကအဲဒီလိုပြောပြီး ဒုက္ခရောက်နေတဲ့သူတွေအတွက် ဘာလုပ်ပေးဖူးလဲ။
အဲဒီတောင်ရဲ့တန်ဖိုးက အခုရင်းနှီးထားတဲ့ပမာဏထက်အဆပေါင်များစွာ တန်ဖိုးရှိတယ်။လက်တဆုက်စာလူစု ကောင်းစားဖို့အတွက် လက်ညိုးထိုးရောင်းစားထားတဲ့ဟာကို ခင်များဘယ်လိုပြောမလဲ။ဒေါ်စုက ဒီလိုဖြတ်သိမ်းလိုကရင် ပြည်ပရင်နှီးမြုတ်နှံမှုတွေ နောက်ဆုက်သွားနိုင်တယ်ဆိုတာ ဆန္ဒထုတ်ဖော်နေတဲ့သူတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းပြောသွားတာ။ဒါကျုပ်တို့လည်သိတယ်။ခင်များတို့က ဒီစကားလေးတခွန်မှတ်ထားပြီးလျောက်ပြောမနေနဲ့။လက်ပတောင်းကိုလာခဲ့လိုက်။ဒေသခံတွေရဲ့သဘောထားကိုလာမေးလှည့်။ခင်များတို့ ဒီလူတွေအတွက် ရေသန့်ဘူး၁ဘူးလောက် ဒါမှမဟုက် ဆေးရုံတတ်နေရတဲ့ သူတွေအတွက် ဆေးတပြားလောက် လာလှုတာကပိုပြီးအကြိုးရှိလိမ်မယ်။အိမ်ထဲကနေ မပြောပါနဲ့။
ဆန္ဒပြတာကောင်းတယ် ဆန့်ကျင်တာကောင်းတဲ့သူတွေရှိတယ်။ဘယ်သူတွေလဲနိုင်ငံရေးအမြတ်ဝင်ထုတ်သူတွေနောက်ကြောင်းလှဲ့ချင်သူတွေအချောင်သမားတွေအူကြောင်ကြားတွေပါ။
အရင်းမစိုက်လှေထိုးလိုက်တဲ့ ဦးပိုင်ကိုထွက်ခိုင်းလိုက်
တရုတ်နဲ့မြန်မာအစိုးရတိုက်ရိုက်လုပ်
ပွဲညွန့်စားတဲ့ပွဲစား အလိုမရှိပါ

ဟားဟား။
ကတုံးကြီဒီနေ့မူးနေတယ်ဟေ့။
ဘိုလိုတွေဖိုက်နေတယ်။
ခြကွာချစ friend။
အလကားအားယားလို့လုပ်နေတာမှမဟုတ်ဘဲ။
တိုင်းပြည်ကိုချစ်လို့ပိုက်ဆံကုန်ခံကွန်မင့်တက်ေ၇း
နေတာ။
မဟုတ်တာမှန်သမျှအပြုတ်သာဆော်ပြစ်။
ဟုတ်တယ်လို့ယူဆ၇င်လဲအပြတ်ထောက်ခံပြစ်။
ခွပ်ဒေါင်းနဲ့ခေတ်ပြောင်းမယ်တဲ့။
ငါတို့ကကွန်မန့် အပီေ၇း၊ဒီမိုကေ၇စီမဝေးပေါ့ကွာ။
မင်းကဇ၇ှိပါတယ်။
Post a Comment