ဒီစကား

ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါတယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိတဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။ မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက်လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေးတက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော်က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက ရန်ကုန်လေယာဉ်နဲ့ ပြန်ဆင်း။

ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့လက်ကိုင်ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊ အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No" တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း တွေ့ချင်ပါတယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ သိနေပါပြီ။

ကျွန်မက ကားမူးတတ်လို့ ကားသွားရင်း စာမဖတ်နိုင်ဘူး။ ကံကောင်းထောက်မစွာ ဒေါက်တာတင်မာအောင်မှာ ဒီပြဿနာမရှိပါ။ ဒီတော့ကားထဲမှာပဲ ကျွန်မကို စာတွေ၊စာတမ်းတွေ ဖတ်ပြပြီး အလုပ်တချို့ကို ဖြတ်ရပါတယ်။ ခရီးရှည်သွားရင်တော့ အဆင်ပြေသလို အစား စားရတဲ့ အလုပ်က ပိုလာပါတယ်။ ပြည်ပ ခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ ထမင်းမစားနိုင်တာ ခဏခဏ ဖြစ်လို့ ရိက္ခာ အနည်းငယ် သယ်တဲ့အကျင့် ပါနေပါပြီ။ စားရပုံကလည်း တစ်တခါတလေ ရယ်ချင်စရာပါပဲ။ ဒေါက်တာ တင်မာအောင် သန့်စင်ခန်း မဝင်မနေနိုင်တော့ပါ ဆိုပြီး အတင်းခေါ်သွားတာ၊ သန့်စင်ခန်းထဲရောက်မှာ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ ရှိခဲ့ဖူးပါတယ်။ ကားထဲမှာ သွားရင်း လာရင်း စောင့်ကြိုနေတဲ့ ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာတင်မာအောင် ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာ စားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာတင်မာအောင်က ကျွန်မကို အစိုတစ်ရှုးစက္ကူ၊ အခြောက်တစ်ရှုးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလို လုပ်နေလို့ကတော့ အချိန်မီ စားပြီးမှာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မတစ်ခါတည်း လှမ်းယူဖန်များတော့လည်း ဆရာဝန်မကြီး လက်လျော့ရတာပေါ့။

လမ်းမှာစားလို့ အကောင်းဆုံးကတော့ ပြည်သူတေါ မေတ္တာနဲ့ ပေးတဲ့ မုန့်လေးတွေပါပဲ။ ဒီတခါ အညာခရီးမှာ ရွာလေးတစ်ခုက လူတွေပေးလိုက်တဲ့ ထန်းသီးမုန့် အဖြူနဲ့ အကြော်စုံလေးတွေက လတ်လတ်ဆတ်ဆတ် ဒေသလက်ရာတွေဆိုတော့ တကယ့်ကို အရသာရှိပါတယ်။ ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။ ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးတွေ သွားရတုန်းကနဲ့ မတူ၊ ထူးထူးခြားခြား မကွေးခရီးမှာ တရက်နည်းနဲ့ အသံဝင်၊ လည်ချောင်းနာချင်တာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာ များတာနဲ့ အားလုံး ပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေး တစ်ယောက်က ပန်းသီးလေး တစ်လုံး ပေးလိုက်တာ ချက်ချင်း ကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့ နေရာရောက်မှ ရေနွေးနဲ့ ဆားနဲ့ငုံ၊ ဖီးကြမ်းငှက်ပျောသီးနဲ့ ပျားရည်စားတာ စသဖြင့် လည်ချောင်းအမြန်ကုနည်းတွေ စမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန် မဖြစ်သေးပါဘူး။

နေပြည်တော်က မကွေးခရီးစဉ် တစ်လျောက် ရှုးခင်းတွေက စုံပါတယ်။ ပထမပိုင်းမှာ တောင်ပတ်လမ်းတွေနဲ့ လှပသာယာတယ်။ မြေပြန့်ကို ရောက်တော့ ထန်းတောလေးတွေ၊ ရွာတွေနဲ့ ခပ်ဝေးဝေးမှာ အိပ်စက်နေတဲ့ အုတ်ဂူလေးတွေကတော့ လွမ်းစရာ၊ စဉ်းစားစရာပါပဲ။ ခရီးသွားတိုင်း အမြင်သစ်၊ အတွေးသစ်တွေ အမြဲရပါတယ်။ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်"လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲ ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ကျွန်မခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုနဲ့ ကျွမခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။ ဒီတပတ်တော့ ဒီမျှသာ။

အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)
ဒီစကား ဒီစကား Reviewed by သစ်ထူးလွင် on 00:29 Rating: 5

71 comments:

shwe man thar said...

ဘာမှမေ၇းတော့ဘူးဟေ့။
အပေါ်ကဆောင်းပါးသာတလုံးမကြန်ဖတ်ကြ။
ပြီး၇င်ဘာမြင်သလဲမင်းတို့ သာဝိုင်းေ၇းကြတော့ချစ် friend တွေေ၇။

KO KO said...

ပညာရှိတို့ မည်သည်မှာ လောကကို အရှိကို အရှိတိုင်း မြင်ကြကုန်၏။ ရိုးသားခြင်းကို အဖော်ပြုကြကုန်၏။ ရိုးသားခြင်းမရှိသာသူသည် ပညာရှိမဖြစ်နိုင်ကုန်။ ရိုးသားခြင်း၏တဖက်မှာ သီလဆိုတာ ရှိ၏။ သီလ၏ အခြေခံအုတ်မြစ်သည်လည်း ရိုးသားခြင်းပင် ဖြစ်လေတော့၏...။

ရိုးသားခြင်းကြောင့်၊ သီလရှိခြင်းကြောင့်ပင် လူ့လောက၌ ဂုဏ်သတင်းကျော်ဇောကြကုန်၏။ သို့ပါသောကြောင့် ပညာရှိဖြစ်လိုသော၊ လောက၌ မြင့်မြတ်လိုသော အမျိုးကောင်းသားသမီးတို့သည် ရိုးသားမူကို အဖော်ပြုကြကုန်၏...။

Unknown said...

အမေစုကိုအရမ်းလေးစားပါတယ်။အမေကသာကျွန်တော်တို့ ဘဝအတွက်မျော် လင့်ချက်ပါ။

Unknown said...

အမေစုကိုအရမ်းလေးစားပါတယ်။အမေကသာကျွန်တော်တို့ ဘဝအတွက်မျော် လင့်ချက်ပါ။

Unknown said...

တိုင်းပြည်အတွက် မျှော်လင့်ချက်တွေ ဟာ အမေ နဲ့ အတူ လက်တွဲဆောင်ရွက်ရင် ရနိုင်မှာပါ အမေကျန်းမာပါစေ

Sunmoon said...

Best wishes to Amay Suu and Dr. Tin Mar Aung in happy new year 2013.

Unknown said...

Please ..... Don't die Daw Aung San Su Kyi !
Please ..... Take Care !

Unknown said...

Please ..... Don't die Daw Aung San Su Kyi !
Please ..... Take Care !

Unknown said...

Please ..... Don't die Daw Aung San Su Kyi !
Please ..... Take Care !

pyisoe said...

ခေါင်းဆောင်အစစ်၏ ဘဝပုံရိပ် ပန်းချီကားတစ်ချပ်။ နားနေရပြန်တော့လည်း အနှစ်နှစ်ဆယ်လုံးလုံး၊ သွားရပြန်ပြီဆိုတော့လည်း -- သြော် ကံဇာတ်ဆရာအလိုကျပေါ့ အမေရယ် -- ဒီဘဝက ဒီလိုဖန်လာတာကိုး။ သူများတိုင်းပြည်တွေတိုးတက်တာကြည့်ပြီးတော့ ကိုယ့်တိုင်းပြည်အားမလိုအားမရတော့ ဖြစ်မနေပါနဲ့။ အမေပင်ပန်းပါလိမ့်မယ်။ ဒီတိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အမေ့တစ်သက် နေ့ရောညရော မအိပ်မနေလုပ်နိုင်သည့်တိုင်အောင် မလွယ်လောက်ဘူးနဲ့တူတယ်။ အာဏာရှင်စံနစ်နဲ့ လွဲမှားစွာအုပ်ချုပ်နေတာကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ပြောင်းလဲသွားအောင် လုပ်ခဲ့တာနဲ့တင် ကျေးဇူးတင်ဝမ်းမြောက်လို့မဆုံးပါ။ လွဲနေတာကို ထိုးပြထောက်ပြတဲ့ လက်ညိုးကို ကျေးဇူးတင်ရကောင်းမှန်းမသိ၊ ကိုယ့်အလွဲကိုမမြင် လက်ညိုးညွှန်တာကို မကြည့်၊ လက်ညိုးကိုပဲ ခွေးဟောင်သလိုဟောင်နေတဲ့ ငတုံး ငအ ငကန်းဓားမနောက်ပိတ်ခွေးအုပ်စု မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် နောက်ထပ်တက်မလာနိုင်အောင်တော့ ကျကျနနလေး စီစဉ်ပေးသွားပါလို့တော့ မြန်မာပြည်သူတွေကိုယ်စား မဝံ့မရဲ တောင်းဆိုပါရစေ။ အမေကျန်းမာပါစေ၊ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ၊သူတော်ကောင်းနတ်ကောင်းမပါစေ။

Numega said...

ပြီးခဲ့တဲ့အပတ်ကပဲ ကျွန်တော့်မိတ်ဆွေ အန်ကယ်ဦးဝင်းသိန်းနဲ့ ဒီ ဘ၀သံသရာသီချင်းအကြောင်း FB မှာပြောဖြစ်သေးတယ်။

အခုလိုရေးလိုက်တာ ဒေါ်စု(အမေစု) ကျွန်တော်တို့အနားမှာ ထိုင်ပြီးပြောနေသလို ဖြစ်နေတော့ အလွန်ကို မိသားစုဆန်တဲ့ နွေးထွေးမှုကို ရလိုက်တာပါပဲ။

haymar said...

I love you, Mom Su, forever!

စီခရေဇီ said...

သနားလိုက်တာ အမေ....

user said...

အန်တီစုရဲ့စာကိုလည်း အလွန်ကြိုက်ပါတယ်။
ကိုကိုရဲ့ Comment ကိုလည်း ကြိုက်ပါတယ်။

ထိပ်တင် said...

ကျန်းမာပါစေ၊ရန်သူမျိုးငါးပါးမှကင်းဝေးပါစေ။
ပြည်သူအတွက်ပြည်သူဘက်ကအမြဲရှိနှိုင် ပါစေ။

driver said...

ဗိုလ်ချုပ်ရဲ့ သမီးပီသပါပေတယ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သူတွေနဲ့အရမ်းကွာပါတယ် ဒီလူတွေကတော့ ဗိုက်စာရင် နီးစပ်ရာမြို့နယ်ကို အကောင်းဆုံးစီစဉ် ခိုင်းပြီး စားတယ် ပြီးရင်အေးအေးဆေးဆေး ဇိမ်ယူပြီးမှ လိုအပ်တဲ့နေရာကိုသွားတယ် ရောက်ရင်ပြီးရော စေတနာကိုက အရမ်းကွာလှပါတယ် အမေစုကို ကျေးဇူးဆိုတဲ့စကားထက် ပိုပြီးလေးနက်တဲ့စကားတွေ နဲ့ပြောလိုက်တယ်လို့မှတ်ယူပေးပါခင်ဗျာ

မောင်ပြောချင် said...

ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းလေးစားကြည်ညို ပါတယ်။ဗိုလ်ချုပ်လိုနောက်တစ်ယောက်မရှိနိုင်တော့ဘူး။ဗိုလ်ချုပ်ရဲ့ပြတ်သားတဲ့စကားပြောရဲ့တဲ့သတ္တိက နာမည်ကျော်ကြားလိုမှု ကိုဂရုမစိုက် စေတနာမှန်ထားနိုင်အောင်ဥာဏ် အမြော်အမြင်လည်းကြီးပါပေတယ်။ အသက်မရှည်ပေမယ့် လည်း ဗိုလ်ချုပ် အတွေးအခေါ်၊စေတနာ၊ စိတ်ဓာတ်တွေကခုထက်ထိ ကျွန်တော်တို့ စံနမူနာထားနေရတုန်းပါ။

Unknown said...

အမေအောင် မြင်ပါစေ

myayeethway said...

အမေချစ်တဲ့ပြည်သူတွေအတွက် အမေအရမ်းပင်ပန်းနေတာ...
အမေဖြစ်စေချင်တဲ့ ပြည်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်သွားမယ်လို့.............။ အမေ ကျန်းမာပါစေ..။

မောင်ပြောချင် said...

ကိုယ့်ကိုကိုယ်promotion လုပ်တဲ့စာမျိုးရေးဖို့ ဗိုလ်ချုပ်မှာ အချိန်မရှိခဲ့ဘူး။တိုင်းပြည်အတွက်အရေးကြီးတယ်လိုအပ်တယ်လို့ထင်ရတဲ့ကိစ္စတွေကို သေသေချာချာသိအောင်လုပ်တယ်၊မှန်မှန်ကန်ကန်တွေးပြီး ပြတ်ပြတ်သားသားပြောတယ်။အားမနာဘူး။မဖားတတ်ဘူး။မျက်နှာနှစ်မျိုးမထားတတ်ဘူး။အပြောတစ်မျိုးအလုပ်တစ်မျိုးမလုပ်ဘူး။ ဗိုလ်ချုပ်က ကမ္ဘာ့ အဆင့်ခေါင်းဆောင်ပါ။ ဗိုလ်ချုပ်အကြောင်းကို ရုပ်ရှင်အဖြစ်နဲ့ မကြည့်ချင်ဘူးဗျာ။စာတွေဖတ်ပြီးအတွေးထဲမှာသူရဲကောင်းအဖြစ် ပုံဖေါ်ထားချင်တာ

squazt said...

Honesty is Best Policy

ှဲKaung said...

မောင်ပြောချင်ရယ်..
ခွေးကတ်မှာပဲ အေးအေးဆေးဆေး အိပ်နေပါ။
J မ၀င်ပါနဲ့ ။
မင်းပထွေး ဗိုလ်ချုပ်တွေနဲ့  ကွာလွန်းလို့ ပါ။

Unknown said...

အမေ လေးစားပါတယ်။

Unknown said...

အမေ လေးစားပါတယ်။

ဘ၀ said...

အမေ့အတွက် မေတ္တာဖြင့် comment ရေးပေကြသော မြန်မာ့အမျိုးကောင် ညီအကို အမများအာလုံးကို အစဉ်လေးစား အားပေလျက်

ဘ၀ said...

အမေ့အတွက် မေတ္တာဖြင့် comment ရေးပေကြသော မြန်မာ့အမျိုးကောင် ညီအကို အမများအာလုံးကို အစဉ်လေးစား အားပေလျက်

ဘ၀ said...

အမေ့အတွက် မေတ္တာဖြင့် comment ရေးပေကြသော မြန်မာ့အမျိုးကောင် ညီအကို အမများအာလုံးကို အစဉ်လေးစား အားပေလျက်

မောင်ပြောချင် said...

ဗိုလ်ချုပ်ဆိုတာ ဗမာ့ပြည်သူ့ တစ်ရပ်လုံး က အောင်ဆန်း (ထိန်လင်း၊ဗိုလ်တေဇ )လို့ နားလည်လက်ခံထားတာ။ဗိုလ်ချုပ် လို့ ရေးလိုက် ပြောလိုက် ခေါ် လိုက် ရင် လွတ်လပ်ရေးဖခင် အောင်ဆန်းမှန်း အားလုံးသိတယ်။ မင်းကမသိရအောင် မင်းအမေ လင် မိုက်ကယ်အဲရစ်ကိုတမ်းတနေ လို့လား။စာဖတ်လို့ နားမလည်ရင် comment ဝင်မရေးနဲ့။ ရှုး သွား --- သွား

ChitThu said...

I ever love our mother Suu.
I always support mother till i die.
I like all comment.

Unknown said...

မနေမနား ပြည်သူကြားမှာ ခရီးသွားပါမှ ပြည်သူ့ဘဝပစ္စက္ခကို သိနိုင်မှာ။အစည်းအဝေကျင်းပနေတဲ့ အဲယားကွန်းခန်းထဲမှ နေပြီး ပြည်သူအကျိုးဆောင်ရွက်နေပါတယ်ဆိုတဲ့ အာဏာရှင်ခေတ်လို ပြည်သူကို အာဏာနဲ့ ညာတာပါတေးလုပ်လို့မရတာ ဒီမိုကရေစီရဲ့အနှစ်သာရတစ်ပါးပါ။ဒီမိုခရီးသည်ကြီး အမေစု ခရီးလမ်းတစ်လျောက် ခလုတ်မထိ ဆူးမငြိဘဲ လိုရာပန်းတိုင်အရောက် ငြိမ်းချမ်းစွာ ခရီးဆက်နိုင်ပါစေသတည်း။

ဘီအီး said...

တိုင်းပြည်အတွက်အလုပ်လုပ်နေတဲ့သူတွေကိုအစဉ်လေးစားလျက်ပါ။

Unknown said...

အမေ ကျန်းမာပါစေ

ဘီအီး said...

တိုင်းပြည်အတွက်အလုပ်လုပ်နေတဲ့သူတွေကိုအစဉ်လေးစားလျက်ပါ။

ဘီအီး said...

တိုင်းပြည်အတွက်အလုပ်လုပ်နေတဲ့သူတွေကိုအစဉ်လေးစားလျက်ပါ။

ဘီအီး said...

တိုင်းပြည်အတွက်အလုပ်လုပ်နေတဲ့သူတွေကိုအစဉ်လေးစားလျက်ပါ။

Unknown said...

Dr. pl use hand gel, instead of wet tissue, to prevent both food related diseases and flu.

TODAYCOMPUTER said...

သူယုတ်မာ၏နှုတ်ဖျားမှ ကြမ်းတမ်းသောစကားများ ထွက်တတ်သည်...ရိုးသားခြင်းဟာ မင်္ဂလာတပါးလို့ ဘုရားရှင် အမြဲဆုံးမသည်။

ko myo said...

လေးစားဂုဏ်ယူလျှက်ပါ အမေစု

popmyitta said...

ကျွန်တော်တို့တွေ မရမ်းကုန်းမြို့နယ်မှာ NLD ကိုယ်စားလှယ်ကို မဲအများဆုံးထည့်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။ အခက်အခဲတစ်ခုရှိလို့ တင်ပြချင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နည်းနည်းတော့ အကူအညီပေးစေလိုပါတယ်...
ကူညီပေးစေလို့တဲ့ အကြောင်းကတော့ ....
သမိုင်းဘူတာရုံလမ်းပေါ်သို့ ၁၂ ပေခန့်ပို၍ဆောက်လုပ်ထားသော အဆောက်အဦး (Update)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်တခွင် လမ်းပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတားများကို တည်ဆောက် ဖြေရှင်းလျက်ရှိသည့်အတွက် များစွာ ၀မ်းမြောက်ဂုဏ်ယူကျေးဇူးတင်ရှိပါသည်။
သို့သော် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားအတွက် သမိုင်းဘူတာရုံလမ်းကို Survey စတင် ဆောင်ရွက်စဉ် (၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခန့်) ဘုရင့်နောင်လမ်းဆုံမှ အရှေ့ဘက် ၈ လမ်းထိပ်ထိ လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လခန့်တွင် ဒုတိယအကြိမ် Survey ဆောင်ရွက် သည့်အခါ အရှေ့ဘက် ၇ လမ်းထိပ်ထိလည်းကောင်း၊ Marking များကို လူနေရပ်ကွက်ဘက်တွင် ပလက်ဖောင်းအစပ်ထိ အမှတ် အသားများ ပြုလုပ်ခဲ့ပါသည်။ ယခင် စက်မှု(၁)ဝန်ကြီးဌာနမှ သားရေစက်ရုံခွဲ အား အောင်သပြေကုမ္ပဏီမှ ဝယ်ယူခဲ့ပြီး ရပ်ကွက်ဘက်သို့ ၇ လမ်းနှင့် ၈ လမ်းများနှင့်မျက်နှာချင်းဆိုင်တွင် အောက်ထပ်၌ စားသောက် ဆိုင်ခန်း၊ စတိုးဆိုင်ခန်း၊ အရောင်းဆိုင်ခန်းများနှင့် အပေါ်ထပ်တွင် ကာရာအိုကေခန်းများဖွင့်လှစ်ရန် သမိုင်းဘူတာရုံလမ်းပေါ်သို့ ရှေ့ထွက်ပြီးဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ လမ်းပေါ်သို့ထွက်နေသဖြင့် Composite ဆောင်ရွက်စဉ်က ဓါတ်ကြိုနှင့်ထိပြီး ဓါတ်လိုက်၍ ပြုတ်ကျခဲ့မှုများလည်း ရှိခဲ့ပါသည်။ ထိုသို့ ဒုတိယအကြိမ် Survey ဆောင်ရွက်စဉ် အဆိုပါသားရေစက်ရုံခွဲဘက်အခြမ်းသို့ ၁၂ ပေနောက်ဆုတ်ရန် အနီရောင်ဆေးများဖြင့် အုတ်နံရံ၌ ရေးသားခဲ့ပါသည်။
ထိုသို့ စည်းကမ်းမဲ့ဆောက်လုပ်ထားခြင်းအား မြို့တော်စည်ပင်သာယာမှ မည်သူခွင့်ပြုသည်ကို စဉ်းစားစရာ ရှိနေပါသည်။ ထိုအဆောက်အဦးပိုင်ရှင်များမှာ အောက်ထပ်များအား စဘော်ယူငှားရမ်းထားပြီး၊ အပေါ်ထပ်အား ဆိုင်းငံ့ထားသည်ကိုလည်းတွေ့ရှိရပါသည်။
၎င်းတို့မှ အောက်ထပ်ရှိ လူကြီးမင်းဖုန်းဆိုင်၊ ABC စတိုးဆိုင်၊ KSS ဒန်ပေါက်ဆိုင် အပါအ၀င် ငှားရမ်းထားသော ဆိုင်များမှ ဆိုင်ပိုင်ရှင်များအား အသနားခံစာစုပေါင်းရေးရန်နှင့် စည်ပင်သို့ တင်ပြရန် တစ်ရက်တွင် ဓါတ်ပုံများရိုက်၍ ဆောင်ရွက်ခဲ့သည်ကိုလည်းတွေ့ရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ပြီး များမကြာမီ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ် စနေ၊ တနင်္ဂနွေညများတွင် အဆိုပါ ခုံးကျော်တံတားဆောက်လုပ်ရေး အဖွဲ့မှ Final Survey ဆောင်ရွက်ပြန်ပါသည်။ ထိုသို့ဆောင်ရွက် သည့်အခါ ၎င်းတို့၏ သားရေစက်ရုံခွဲ (အဟောင်း)ဘက်အခြမ်းမှာ ပလက်ဖောင်းအစပ်ထိသာပါပြီး ရပ်ကွက်ဘက် အခြမ်းတွင် ပလက်ဖောင်အပြည့် နှင့်အချို့အိမ်များအတွင်း (၂)ပေခန့်ထိ အမှတ်အသားများ ပြုလုပ် သွားသည်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါသည်။
စက်ရုံဘက်ခြမ်းရှိလူနေအိမ်များ၏ မျက်နှာစာ အစသည် ကားလမ်းနှင့် ပေ ၃၀ ခန့်ခွာ၍ တည်ဆောက်ခွင့်ပြုထားပါလျက် အဆိုပါစက်ရုံကို ကားလမ်းပေါ်အထိ မည်သူ ဆောက်လုပ်ခွင့်ပြုခဲ့သည် ကိုလည်းကောင်း၊ ပိုင်ရှင်ဖြစ်သော အောင်သပြေ ကော်ဇော်ရောင်းဝယ်ရေးကုမ္ပဏီသည် စည်ပင်သို့ ၎င်းပိုင် အဆောင်အဦ မဖျက်ဆီးရအောင် စည်ပင်သို့ မည်မျှထပ်မံ ပူဇော်ခဲ့သနည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်နေပါသည်။ အများပြည်သူများနှင့် အဆိုပါ အခွင့်ထူးခံလူတန်းစားများ၊ အစိုးရအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသူများသည် မည်သည့် ဥပဒေကိုမျှ မမှုဘဲ ထင်သလို လုပ်ရာ ရောက်နေပါသဖြင့် တံတားစတင်မတည်ဆောက်မီ ပြည့်စုံစွာ လေ့လာပြီး ကူညီပေးပါရန် သစ်ထူးလွင် မှတစ်ဆင့် အကူအညီ တောင်းအပ်ပါသည်။

Unknown said...

အမေ့ကို ဝိုင်းဝန်းပံ့ပိုးကူညီမဲ့သူတွေ
အင်တိုက်အားတိုက်ရှိဖို့ လိုအပ်နေပါပြီ။
အမေ့ကို သက်တောင့်သက်သာနဲ့
ဆောင်ရွက်နိုင်အောင် ကူညီပေးရမှာပါ။

shwe man thar said...

ဟုတ်တယ်ဗျို။
မနေနိုင်လို့ပြော၇၇င်။
ဟိုငနဲကြီးတက်အုပ်ချုပ်သွားတာနှစ် ၂၀ လောက်။
မှတ်မှတ်၇၇ပြည်သူကိုတခါမှတိုက်၇ိုက်စကား
ပြောမသွားဘူး။
သူ့အသံဘယ်လို၇ှိတယ်ဆိုတာတောင်မသိ၇ဘူး။လူတွေမှာကိုယ့်တက်အုပ်ချုပ်နေတဲ့လူဟာဘယ်လိုလူမျိုးလဲမသိ၇ဘဲမတူမတန်ဆက်ဆံပုံကြီးနဲ့။
ပြည်သူကသူတို့ကိုတက်အုပ်ချုပ်တဲ့လူ၇ဲ့
အကြောင်းကိုသိလေကောင်းလေဘဲ။

user said...

ဗဟု=များပြားသော သုတ=အကြားအမြင် တဲ့
ဗဟုသုတများအောင် စာများများဖတ်
အတွေ့အကြုံများတဲ့သူတွေကို ချဉ်းကပ်
လေ့လာဖို့ kaung ကိုအကြံပြုလိုပါတယ်။

Anonymous said...

ဟုတ်တယ် ။ ဗိုလ်ချုပ် အ ကြောင်း ဘာရုပ် ရှင် မှ ရိုက် စ ရာ မလို ဘူး ။ ကြည်ဖြူ ရှင် တို့ ဇာ ဂ နာ ဆိုတဲ့
ကတုံး တို့ ကြောင့် ပျက် စီး တော့ မယ်

Median Eye said...

ဟုတ်ကဲ့-
ဗိုလ်ချုပ်ရုပ်ရှင်ဆိုလို့ စိတ်ထဲခုနေတာလေးဝင်ပြောလိုက်ဦးမယ်။
မကြိုက်သူများဆဲကြကုန်ရော့။
ဗိုလ်ချုပ်ရုပ်ရှင်မှာ-သရုပ်ဆောင်များဗိုလ်ချုပ်နဲ့ တူဖို့ ၊နိုင်ငံတကာအဆင့်မှီနည်းပညာ
တွေ၊directingတွေကောင်းဖို့ စတာတွေထက်-
ဇာတ်ညွှန်း၊dialogue တွေကအရေးကြီးမယ်လို့ ထင်တယ်။
မပါစေချင်တာချန်ခဲ့၊ဖြစ်စေချင်တဲ့ပုံစံအသာပြောင်းယူ၊ပါစေချင်တာအသာညှပ်ထည့်
အဲဒါမျိုးတွေဦးဇာကနာကြီးမလုပ်ပါဘူးနော်-
လုံးဝ(bias)ကင်းအောင်တည်းဖြတ်ခြင်း၊ပြင်ဆင်ခြင်း၊ထပ်ဆောင်းခြင်း၊
ထိန်ချန်ခြင်းများမပါပဲအမှန်တကယ်ဗိုလ်ချုပ်နှုတ်ကပြောခဲ့တဲ့စကားများကိုသာ
(solid)ခုခေတ်လုငယ်များကိုချပြစေချင်တယ်။ဒါကြောင့်-ဗိုလ်ချုပ်အောင်ဆန်း
ဇာတ်ကားအတွက်အရေးအကြီးဆုံးကဏ္ဍကတော့ သမာသမတ်ကျသော
သမိုင်းပညာရှင်များရဲ့ ကဏ္ဍပဲဖြစ်ပါတယ်။

myosanoo said...

ဒေါက်တာတင်မာအောင်ကိုမြန်မာနိုင်ငံသားတွေရဲ့ကိုယ်စားအထူးကျေးဇူးတင်လေးစားမိပါတယ်. ကမ္ဘာသူကမ္ဘာသားတွေချစ်တဲ့အမေစုကိုဂရုစိုက်ပေးလို့ပါ

shwe man thar said...

ဆ၇ာ့စာကဒေတာစုံတယ်။ ၇န်ကုန်စည်ပင်ဖြစ်ဖြစ်၊သမတ္တ၇ုံးဖြစ်ဖြစ်မိတ္တူပို့။
dvbလဲပို့။ အေ၇းယူဆောင်၇ွက်မှု၇ှိမ၇ှိစောင့်ကြည့်။
ဘာမှမထူး၇င်သစ်ထူးလွင်မှာထပ်တင်။
အတင်းဆောင်းပါးဖြစ်အောင်ထပ်ေ၇း။
ကိုယ့်ဘက်ကသာသေခြာနေ၇င်ဇွဲ၇ှိ၇ှိနဲ့အပြုတ်တိုက်ပါ။
ဘာစနစ်ကြီးပြောင်းပြောင်းခြစားတာတွေကို
နားလည်မှုပေးထားလို့မ၇ဘူး။
၇တ်၇ှားဒီမိုကေ၇စီစတိုင်ကိုတော့လုံးဝလက်
ခံပေးလို့မ၇ဘူး။

naythuya said...

ဗိုလ်ချုပ်အောင်ဆန်းကိုတော့ အစဉ်အမြဲ တိုင်းပြည်ဖခင်ကြီးတစ်ယောက် အဖြစ် အစဉ်လေးစားနေရပါတယ် ...
ရည်ရွယ်ချက်ကို ထိထိရောက်ရောက် လုပ်တယ် ..ပြတ်သားတယ် ရဲရင့်တယ် .....
ယခုမြန်မာပြည်မှာ တိုင်းပြည် လူမျိုး ဘာသာသာသနာ မပျောက်ပျက်ပဲ တည်ရှိ နေခြင်းဟာ ဗိုလ်ချုပ်ရဲ သွေး ချွေး စိတ်ဓာတ် ခွန်းအား ပင်ပန်းဆင်းရဲ အနစ်နာ ခံပြီး လုပ်ခဲ့တာ တို့တိုင်ပြည်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေမို့ ဘယ်တော့ မှ မမေ့နိုင်ပါ..
ဗိုလ်ချုပ်လမ်းစဉ်က ရရ ရ မရရင် ချ ဒါပဲ.. ရရင်ရ မရရင် ပေါင်းဆိုတာ မရှိဘူး...
ဒါပဲပြောချင်ပါတယ်...
အုတ်ရောရော ကျောက်ရောရော ကြားနေ ဆိုတဲ့ မှုဝါဒ လည်း ရဲရင် ပြတ်သားတဲ့ ဗိုလ်ချုပ် အတွက် ရှိမယ်မထင်ပါဘူး.....
မတရားရင် မတရားတဲ့ ဘက်ကရပ်တည်မှာ ဗိုလ်ချုပ်ပါ....

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန်တူးတူးကပြောတယ် သင်ဟာ ဖိနှိပ်သူ နဲ့ မတရားခံရသူ ကို ခွဲခြားသိနေပါရက် ..ကြားနေ .. နေမယ်ဆိုရင် ဖိနှိပ်သူကို ထောက်ခံအားပေးတာနဲ့ အတူတူပါပဲလို ပြောတယ်..ဒါပေမယ့်..

Median Eye said...

naythura- ကြည့်ရတာအမေစုကိုအမြင်မကြည်တဲ့ပုံပဲ။
ခင်ဗျားသာဗိုလ်ချုပ်နဲ့  same era မှာကြီးပြင်းခဲ့တဲ့သူဖြစ်လျင်-
ဗိုလ်ချူပ်ကိုအမြင်မကြည်တဲ့သခင်သန်းထွန်းတို့ ဖက်ပါမည့်သူပဲ။
ဗိုလ်ချုပ်ကခင်ဗျားထင်သလိုအစွန်းရောက်သမားမဟုတ်ဘူးဗျ။
ဘယ်သူပေးတဲ့ဆုမှမရဖူးတဲ့-ဗုဒ္ဓဘုရားရှင်ကပြောတယ်။
သတ္တဝါတွေဟာသူ့ ကံနဲ့ သူလာကြသူတွေချည့်ပဲတဲ့။ကယ်တင်ရှင်မရှိ၊ပြုစားခံရသူ
မရှိတဲ့၊ ဒါကြောင့်မြန်မာပြည်သူတစ်ဦးချင်းစီ ပစ္စုပ္ပန်ကံကောင်းအောင်ကျွန်တော်
တို့ တစ်ဦးနဲ့ တစ်ဦးဝိုင်းထိန်းကြရအောင်လား။
သြော်-ကျွန်တော့် comment ကိုဆဲတာမပါပဲပြန်ပြီး debate လုပ်ပေးပါ။
ကျေးဇူးပါ။

Unknown said...

အကိုမျိုးစံဦးပြောတာဟုတ်ပါတယ်။ထောက်ခံပါတယ်

naythuya said...

Median Eye ကျနော်မဆဲတတ်ပါဘူး...ခင်ဗျားရဲ့ ကွန်မက် တစ်ခုမှာ ဖတ်ရတယ်
နိုင်ငံရဲ့ အတိမ်းအစောင်းမခံတဲ့ အခြေအနေတစ်ခုမှာ အုတ်တချပ်သဲတစ်ပွင့် ၀င်ပါ မိတာဆိုတာ ကျနော်အဲဒီစကားကို လေးစားမိပါတယ် အခုလည်း ဝေဖန်တယ် ဆို တာ အပြစ်တင်တာမဟုတ်ပါဘူး ကျနော်ဝေဖန်တာ မှားရင် ထည့်တွက်စရာ မလိုပါ မှန်ရင် ပြင်သင့်တာပြင့်ပြီး လုပ်စေလိုတာပါ....၀ါရင်နိုင်ငံရေးသမားကြီးမှ မဟုတ်ပါဘူး လမ်းဘေးကသတောင်းစားလည်း စိတ်ဝင်စားမယ်ဆို ကိုယ့်နိုင်ငံရဲ့ အခြေအနေတစ်ခုကို ဝေဖန်းခွင့်ရှိပါတယ် ...
ဒါပေမယ့် လူတော်တော်များများကို ကြည့်ရတာ အမေစု ဆိုတာပဲ သိကြတယ် နိုင်ငံရေးဆိုတာ မသိကြဘူး ဆိုတာ မှန်နေသလိုပဲ
ကျနော် အာဏာရှင်စစ်အစိုးရဘက်က မဟုတ်ပါဘူး ...ဒါပေယ့် ခေါင်းဆောင် တစ်ယောက်ဆိုတာ အပြောတွေ အဟောတွေ ပဲ ချပြနေရုံပဲလား တစ်ခုခုကို ထင်ပေါ်အောင် ထင်ရှားအောင် အထင်ကရတိုးတက်ပြောင်လဲမှုဖြစ်အောင် လုပ်ပြဖို့ရောမလိုဘူးလား ......
Media Eye ကိုတစ်ခုပြောချင်တယ် လူတစ်ယောက်မှာ ရမ္မက်ဆိုတာ ပါလာရင် လောဘကို ထိန်းမနိုင်တော့ဘူး ဖြစ်ချင်နေတာက ဘာလဲ လုပ်နေတာက ဘာလဲဆိုတာ ခွဲခြားသိစေချင်ပါတယ်..
ဒါတွေပြောရင် ခုချိန်မှာ ကျနော်က လမ်းဘေးကခွေး ဟောင်နေသက်သက်လိုပဲ သတ်မှတ်မှာပါ တစ်နေ့တော့ ခင်ဗျားနားလည်မှာပါ အဖြူအမည်းကွဲလာမှာပါ.
သူဟာ ခင်ဗျားတို့ ကျနော်တို့ရဲ ခေါင်းဆောင်ပါ ခေါင်းဆောင်လုပ်တိုင်း အားလုံးသူ လုပ်သမျကို အမှန်လို့ ခင်ဗျား အမြဲတမ်းလက်ခံနေမှာလား အမှားဆိုတာ သူတို့ အတွက် မရှိခဲ့ဘူးလား မရှိတော့ဘူးလား ပြန်စဉ်းစားပါ ရခိုင်ကိစ္စ ..ကလားဆိုတဲ့ အသုံးအနှုန်းကို ဝေဖန်တဲ့ ကိစ္စ...အခု ကော်မရှင်မှာ ထွက်ဆိုလာမယ် အဖြေ....း)

naythuya said...

တရုတ်ကို လွန်ဆန်လို့ မရဘူးလို့ ဘယ်သူပြောချင်တာလဲ တရုတ်နဲ့ ဆက်ဆံရေး မပြေလည်ရင် တိုင်ပြည်ပျက်စီးသွားမှာလား မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် မှာ ရပ်ပြီး ညီညီညွတ်ညွတ် လျှောက်ကြမယ်ဆိုရင် ကျနော်တို့ နိုင်ငံက သဘ၀ သယံစာတတွေနဲ့ တင် သူများကို အမှီသဟဲ လုပ်စရာမလိုပါဘူး တရုတ်ဗီဒို သုံးခဲ့ လို ခုချိန်ထိ အာဏာရှင်လက်ထဲ က ရုန်းမထွက်နိုင်သးတာ ခင်ဗျားအသိပါ...အခု ဒီမိုကရေစီဆိုတာရော စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင့်တစ်ခုပေါ်ရောက်နေပြီ လား တရုတ်ကိုလွန်ဆန်လို့ မရတာ အဲဒီဗီဒိုသုံးပေးလို့ တစ်နေ့ ဦးသုံးကြိမ်လောက် ချအိပ်နေမယ့် အာဏာရှင်တွေပဲဖြစ်လိမ့်မယ် အဲဒါကြောင့် အမြဲတမ်း ဖင်ပေးပေါင်းနေတဲ့ အဏာရှင်တွေရဲ့ လုပ်ရပ်ကို မကြိုက်သလို သူတို့ ရဲ့ အဖေ တရုတ်ကိုလည်း လက်မခံတာ ပြည်သူတွေ ဦးနှောက်မရှိ လျှေက်လုပ်နေ တယ်လို ခင်ဗျားတို့ယူဆသလား တောသူတောင်သားတွေဆိုပေမယ့် ဘာမှ မသိဘူး အခုမှ ပရမ်းပတာ ဆန္ဒတွေပြနေတယ်လို့ ပြောချင်တာဘယ်သူတွေလဲ အဏာရှင်တွေရဲ့ ဖိနှိပ့်မှုတွေအောက်မှာ နှစ်ပေါင်းများစွား မျိုးသိပ်ထားတဲ့ ခံစား ချက်တွေ အခုမှ ပွင့်အံထွက်လာတာကို တောမှာ ထင်ခုတ် ကောက်စိုက်လောက် ပဲ သိပြီး ကျန်တာနားမလည်ပဲ ပရမ်းပတာ
လုပ်နေတယ်လို့ ခင်ဗျားတို့ ယူဆသလား ...

Anonymous said...

သေချာ ရေးပြီး ဓာတ်ပုံ တွေ နဲ့ တကွ facebook လို နေရာမျိုးမှာ တင် ပါ လို့ အကြံ ပေးချင် ပါ တယ်
The voice လို ဂျာနယ် တွေဆီ ကိုလဲ ပို့ ပါ
အမည် မ ဖော် ပဲ ရေးပို့ လို့ လဲ ရ မှာပါ

Median Eye said...

OK-naythura-my friend
(၁)သူဟာ ခင်ဗျားတို့ ကျနော်တို့ရဲ ခေါင်းဆောင်ပါ-right
(၂)ခေါင်းဆောင်လုပ်တိုင်း အားလုံးသူ လုပ်သမျကို အမှန်လို့ ခင်ဗျား အမြဲတမ်းလက်ခံနေမှာလား - no
အဲဒီလိုခေါင်းဆောင်လုပ်တိုင်းလုပ်သမျကို အမှန်လို့ ထင်ကြ(ကိုးကွယ်ကြ)
သူတွေဟာအာဏာရှင်စံနစ်ကိုသိစိတ်နဲ့ ဖြစ်ဖြစ်၊မသိစိတ်နဲ့ ဖြစ်ဖြစ်ကြိုက်ကြသူ
တွေဖြစ်တယ်။
(၃)ဒါကြောင့်-ကယ်တင်ရှင်မရှိ-ဆိုတဲ့ဗုဒ္ဓရဲ့ အဆုံးအမကိုကျွန်တော်ထည့်
ဆွေးနွေးတာပေါ့။
အမေစုကိုယ်တိုင်ကပြောတယ်လေ၊ ကျွန်မကိုချည့်ပဲအားမကိုးကြပါနဲ့ ၊
ပြည်သူတွကိုယ့်အားကိုယ်ကိုးကြပါလို့ -
welcome ပါသူငယ်ချင်း

Unknown said...

နိုင်ငံနှင့်လူမျိုးအတွက်ဝိုင်းကူလုပ်ကြပါစို့။အချင်းချင်းစကားနိုင်လု
ပြီးအချိန်တွေမကုန်သင့်ပါ၊ကျွန်တော်တို့တွေအချိန်များစွာအဟော
သိကံဖြစ်ခဲ့ရပြီးနောင်သားစဉ်မြေးဆက်တွေအတွက်ကျွန်တော်တို့
တွန်းလုပ်ရမဲ့အချိန်တွေအချင်းချင်းအငြင်းပွားပြီးအလဟဿမဖြစ်
သင့်ပါ။
စေသနာမှန်ဖြင့်အကြံပြုပရစေ။

Unknown said...

နိုင်ငံနှင့်လူမျိုးအတွက်ဝိုင်းကူလုပ်ကြပါစို့။အချင်းချင်းစကားနိုင်လု
ပြီးအချိန်တွေမကုန်သင့်ပါ၊ကျွန်တော်တို့တွေအချိန်များစွာအဟော
သိကံဖြစ်ခဲ့ရပြီးနောင်သားစဉ်မြေးဆက်တွေအတွက်ကျွန်တော်တို့
တွန်းလုပ်ရမဲ့အချိန်တွေအချင်းချင်းအငြင်းပွားပြီးအလဟဿမဖြစ်
သင့်ပါ။
စေသနာမှန်ဖြင့်အကြံပြုပရစေ။

Median Eye said...

အခု ဒီမိုကရေစီဆိုတာရော စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းတစ်ခုပေါ်
ရောက်နေပြီ လား - no
ဒါပေမယ့်-ဒီအဆင့်ကိုဒီလိုဖြတ်မှရမယ်။
မြတ်စွာဘုရားဟာလောဘမစင်လို့ ထိနမိဒ္ဒများတဲ့အကျင့်ကနေ၊ဗြုံးဆို-
ဒုက္ကရစရိယအကျင့်ကိုပြောင်းကျင့်တယ်။အကျိုးမဖြစ်ဘူး။
မဇ္ဈိမလမ်းကိုလျောက်မှဘုရားအဖြစ်ကိုရတယ်။

Ei said...

အမေစိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေ အမေအသက်ရှင်ခြင်းဟာသမီးတို့အတွက်မျှော်လင့်ချက်ပါအမေ။

Median Eye said...

debate လုပ်တယ်ဆိုတာစကားနိုင်လုတာမဟုတ်ဘူးခင်ဗျ။
ကျွန်တော်တို့ ပြည်သူတွေဟာနှစ်ပေါင်းများစွာမျိုသိပ်လာရတာကိုတလွဲနည်းနဲ့ 
ဖြေဖျောက်ကြမည့်အစား-အခုလိုအမြင်ချင်းဖလှယ်ပြီးရင်ဖွင့်တာအကျိုးရှိတယ်
ထင်လို့ ကျွန်တော်ဒီထဲရောက်လာတာပါ။ ကျွန်တော့်မှာအတ္တ၊ပရမျှတဲ့မယ်မယ်ရရ
အလုပ်အကိုင်ရှိပါတယ်။အချိန်လည်းပိုလျှံလှတာမဟုတ်ဘူးခင်ဗျ။ ပြည်သူသန်း
(၆၀)လုံး consensus ရမယ့်အဖြေဆိုတာမရှိနိုင်ပါ။ ဒါပေမယ့်-သူ့ အမြင်
ကိုယ့်အမြင်ဖလှယ်ရင်းပိုမိုနီးကပ်လာနိုင်ပါတယ်။

Median Eye said...

အမေရိကန်သမ္မတလောင်းနှစ်ဦး-တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်
debate လုပ်ကြတယ်။အကျိုးမဲ့အချိန်ဖြုန်းနေကြတာမဟုတ်ဘူး။
ခုလိုအချိန်ဟာအလုပ်ပြီးလို့ အနားယူကြချိန်ဖြစ်တယ်။ ဘီယာဆိုင်၊အရက်ဆိုင်
မှာမနားပဲသစ်ထူးလွင်ဘလော့မှာကျွန်တော်တို့ ဆြုံကတာအကျိုးရှိပါတယ်။
ဆုံကြသေးတာပေါ့။

win zaw latt said...

ဒေါ်စု ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုး မသိသလို မောင်ပြောချင် လည်းမသိရှာပါ့လား သနားစရာ ကျွတ်ကျွတ် ကျွတ်......

naythuya said...

ကဲ ကို Media Eye ရေ ခင်ဗျားကခေသူတစ်ယောက်မဟုတ်ဘူးဆိုတာ ကျတော် ရိပ်မိပါတယ်.. အားလုံးဟာ တလှေတ်ာစီးတစ်ခရီးကို ဦးတည်နေတာမို့ အမြင်မ တူကွဲပြားတာတွေရှိပေမယ့် အပြစ်မမြင်စေချင်လိုပါ.... ဆဲဆို ရိုင်းပြမှုတွေမပါပဲ နားမလည်ရင် နားလည်အော် မသိရင် သိအောင် အမြင်ဖလှယ် တာကောင်းကွက် တစ်ခုမို့ နောက်ဆုံဖြစ်ရင်လည်း ပြောကြတာပေါ့ဗျာ...

Median Eye said...

Media မဟုတ်ဖူးဗျ၊(ဖွဟဲ့)
Median = မြန်မာလို "အလယ်အလတ်"
= ပါဠိလို "မဇ္ဈိမ"
Median Wave = "မဇ္ဈိမလှိုင်း" ကိုးတိုးကြီးတို့ အဖွဲ့ ကိုသိမှာပါ။
မပူလွန်း၊မအေးလွန်းသောသံစဉ်များ-
အနောက်တိုင်းလည်းမဆန်လွန်း၊အရှေ့ တိုင်းဟန်လည်းပါသောဂီတ-
နေ့ ညမဟူ၊ပျော်ချိန်၊ညစ်ချိန်၊တက်ချိန်၊ကျချိန်၊အောင်ချိန်၊ရှုံးချိန်-ဘယ်အချိန်
နားထောင်ထောင်ခံစားမှုပေးစွမ်းနိုင်သော၊လိုက်ဖက်သောသီချင်းများ-
Median Wave လေဗျာ-

မောင်ပြောချင် said...

သိချင်တာက ဒီလောက်သွားတဲ့ခရီး ရခိုင် နဲ့ ကချင် ကိုဘာလို့ မရောက်တာလည်း။ သွားပါများ ခရီးရောက်ဆို ပေမယ့် အလာကောင်းပေမယ့် အခါနှောင်းတတ်သေးတယ်။ သြော် တိုင်ချီးတိုး လိုကောင်တွေ လည်းရှိသေး သ ကိုး။သခင်စွဲနဲ့ သခင် ဘာလုပ်လုပ် all right

shwe man thar said...

မဇ္စိမမြင်ကွင်းခင်ဗျား။

အဲဒီဇတ်ကားကို၇ုပ်၇ှင်အနေနဲ့ထွက်လာ၇င်မကြည့်ဖို့ဆုံး
ဖြတ်ထားပါတယ်။

စိတ်ထဲမှာနေ၇ာယူုပြီးဖြစ်တဲ့ဗိုလ်အောင်ဆန်းပုံ၇ိပ်ကို၇ုပ်၇ှင်
ဇတ်ကား၊သ၇ုပ်ဆောင်၊ဒါ၇ိုက်တာတို့ကပီပြင်အောင်သ၇ုပ်
ဖော်နိုင်မယ်မထင်လို့ပါ။ the lady ဇတ်ကားလိုပေါ့။

အဖြစ်နိုင်ဆုံးကတော့သတင်းဇတ်လမ်း၇ုပ်၇ှင် documentry
ကိုဖြစ်၇ပ်မှန်သတင်းဓါတ်ပုံ၊မှတ်တမ်း၇ုပ်၇ှင်များဖြတ်ညှပ်ထဲ့
ပြီးအကောင်းဆုံးတင်ပြနိုင်အောင်ကျိုးစား၇ိုက်ကူးစေလိုပါ
တယ်။
အင်္ဂလန်စာကြည့်တိုက်များမှာဒီမှာတောင်မ၇ှိတဲ့ဓါတ်ပုံ၊အမှန်
အကန်သတင်းဇတ်ကားတွေ၇ှိပါတယ်။

ဗိုလ်ချုပ်၇ဲ့ဘ၀တစိတ်တပိုင်းကို BBC ကတပိုင်းတစ၇ိုက်ကူး
ထားတဲ့သတင်းဇတ်လမ်းကိုကြည့်ဘူးပါတယ။
သူတို့၇ိုက်တာမျှပြီးသဘာဝကြလို့အ၇မ်းအဆင်ပြေပါတယ်။

naythuya said...
This comment has been removed by the author.
Median Eye said...

shwe man thar-
ခင်ဗျားအသက်ဘယ်လောက်လဲမသိတော့ကျွန်တော်နဲ့ ရွယ်တူလို့ ပဲထားလိုက်မယ်။
ခင်ဗျားတို့ ကျွန်တော်တို့ အရွယ်တွေကဗိုလ်ချုပ်ကိုရင်ထဲစွဲအောင်လုပ်ပေးတဲ့
ခေတ်(ဦးနေဝင်းကိုလွမ်းနေခြင်းမဟုတ်ပါ)ကိုဖြတ်ခဲ့ရတယ်။အခု generation
ကဗိုလ်ချုပ်ကိုဖျောက်ထားတဲ့ခေတ်မှာတဖက်က Korea ယဉ်ကျေးမှုလွှမ်းမိုးမှု
အောက်မှာကြီးပြင်းခဲ့ကြရတယ်။ ဒါကြောင့်- သူတို့ ရင်ထဲရောက်မယ့်
presentation မျိုးလိုတယ်လို့ တော့လက်ခံပါတယ်။ ဒါပေမယ့်-
ကျွန်တော်စိုးရိမ်တာ valid facts မပြည့်စုံမှာကိုပါ။ ဥပမာဗျာ-
(၂၁)ရာစုရောက်မှခေတ်နောက်ပြန်ဆွဲပြီး-ဆိုရှယ်လစ်စံနစ်ကိုပြန်သွားစရာ
အကြောင်းမရှိပေမယ့်၊ ဗိုလ်ချုပ်ကဆိုရှယ်လစ်လမ်းစဉ်ကိုချပေးခဲ့တယ်ဆိုတဲ့
အမှန်တရားမျိုးကို edit လုပ်ပြီး၊မချန်ပဲ-အဲဒီခေတ်ကသမိုင်းပေးအခြေအနေ
ကဘယ်လိုမို့ ၊ဗိုလ်ချုပ်ကသမိုင်းပေးလိုအပ်ချက်ကိုဘယ်လိုတာဝန်ကျေခဲ့တယ်ဆို
တာမျိုးအမှန်အတိုင်းချပြစေချင်တာပါ။
ခင်ဗျားမကြည့်တော့-ခင်ဗျား point of view ကဝေဖန်ပေးမှုကျွန်တော်တို့ 
မကြားရတော့ဘူးပေါ့ဗျာ။

KO KO said...

လောကမှာ လူမိုက်၁၀၀ ချီးမွမ်းတာထက် ပညာရှိတယောက် ကဲ့ရဲ့မှာကိုပဲ စိုးရွံ့မိပါတယ်။ ကျနော် ကွန်မန့်ရေးတာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ သဘောနဲ့ ရေးတာမဟုတ်ပါဘူး။ မင်္ဂလာတရားတော်နဲ့အညီ ကျေးဇူးရှိသောသူ၊ ဂုဏ်ပြုထိုက်သောသူကို ဂုဏ်ပြုချင်လို့ အားပေးချင်လို့ မဖြစ်စလောက် အတိုအစလေး ရေးလိုက်တာပါ။ အားပေးတဲ့ User အကောင့်ပိုင်ရှင်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ...။

Median eye ကိုလည်း အားပေးသွားပါတယ် ခင်ဗျာ့။ Median eye ဆိုတော့ မဇ္ဈိမဒဿန ရှိသူ (သို့) မဇ္ဈိမဒိဋ္ဌိ ရှိသူလို့များ ခေါ်မလားပဲ။ Right View သမ္မာဒိဋ္ဌိ ရှိသူဆိုရင်တော့ အကောင်းဆုံး ဖြစ်မလားပဲခင်ဗျာ့။ ဘယ်လိုပဲဖြစ်ဖြစ် Debate or Discussion လုပ်တာ ကောင်းပါတယ်။
"Reading makes a full man, conference a ready man and writing an exact man." By Francis Bacon

naythuya said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...

Dear Median Eye,
Thanks for your response and like to share, might have already known, take it reminding, there are two ways to sicilalism, one is leveling up and another is leveling down socialism in distribution of nation wealth( Adam Smith), I would like to highlight Bo Gyoke Aung San anticipated one is leveling up socialism ( refere homage book of whom I know Bo Gyoke written by Thet-ka-tho-nay win ) in one incident, he had been to university avenue with Bo Gyoke and out of jealousy he told Bo Guoke that we must nationalize one day we got independent but Bo Gyoke said to him that you were wrong, we had to lift up the living standard of our people upto that standard, that's why I can say Bo Gyoke's way to socialism is leveling up socialism.

Unknown said...

အမေစုကျန်မာပါစေ

Powered by Blogger.