လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ မုံရွာမြို့ပေါ်ရှိ အုတ်ကန်တောရ၊ ဇောတိကာရာမ စသည့် ကျောင်းတိုက်များ အပါအ၀င် သံဃာတော်အပါး ၅၀၀ ကျော် ယနေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ ဆန္ဒဖော်ထုတ် နေကြောင်း သတင်းရရှိသည်။
အုတ်ကန်တောရကျောင်းတိုက်မှ စတင်ထွက်ခွာခဲ့ပြီး ရွှေစည်းခုံစေတီ၊ ကမ်းနားလမ်း အတိုင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်နေကြကာ လက်ပံတောင်းတောင် စီမံကိန်းအား ဒေသခံ များနှင့် ပြည်သူတစ်ရပ်လုံး ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ရန် အကြမ်းဖက်နှိမ်နင်း မှုများအား သံဃာတော်များ လက်ခံသည်အထိ တောင်းပန်ရန်နှင့် အကြမ်းဖက် နှိပ်နင်းမှုတွင်
ပါဝင်သော ပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူပေးရန်စသော အချက် သုံးချက်ကို တောင်းဆိုနေကြကြောင်း သတင်းရရှိသည်။
သတင်း - 7Day News Journal

မုံရွာမြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်နေကြသော ဆရာတော်သံဃာ တော်များအား မုံရွာမြို့ ကမ်းနားဆိပ်တွင်တွေ့မြင်ရစဉ်။ ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း |
ဆရာတော်များ တောင်းဆိုချက်(၃)ချက်ကိုင်ဆောင်ကာ မုံရွာမြို့ရွှေစည်းခုံ မြတ်စွာဘုရားအတွင် တွေ့မြင်ရစဉ်။ သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း |
လက်ပံတောင်းတောင် အရေး မုံရွာမှာ သံဃာတော်အပါး ၅၀၀ ကျော် ဆန္ဒထုတ်ဖော်
Reviewed by သစ်ထူးလွင်
on
14:25
Rating:
9 comments:
နေရပ်စုံစမ်းတယ်ဆိုတော့ဘာဖြစ်လို့လဲ ဖမ်းချင်သေးလို့လား ????
ကံကြီးထိုက်မဲ့သူတွေ သူတို့ဆန္ဒအတိုင်း ငရဲပြည်ကို ဗီဇာမဲ့သွားကြပါစေ။
ငရဲမှာလဲမင်းတို့အတွက် စာရင်းမှတ်ပီး နေလောက် ပီ go to the hell
8.12.2012 ကျော်သူ(ကျောက္ကာမြောက်ရွာ) ဆိုတဲ့သတင်းနှင့်ပတ်သတ်၍ ကျောက်ကာမြောက်ရွာမှရွာသူရွာသားများက မကျေမနပ်ဖြစ်နေကြာင်း အဆိုပါကျော်သူသည်ကျောက်ကာမြောက်ရွာသားမှန်သော်လည်း ယခုကျောက်ကာရွာသားမဟုတ်တော့ကြောင်း ကျေးဇူးပြုပြီးပြန်လည်ဖြေရှင်းပေးပါရန်နှင့် အဆိုပါကျော်သူအားလည်း ရွာမှရွာသူ/သား များက မကျေမနပ်ဖြစ်နေကြကြောင်း တင်ပြပေးပါရန် ပန်ကြားအပ်ပါသည် ADMIN ခင်ဗျား
ကျော်သူကျောက်ကာမြောက်ရွာဆိုသည်နှင့်ပတ်သတ်၍ ကျောက်ကာတစ်ရွာလုံးနှင့်မဆိုင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသော သံဃာတော်များကိုလည်းကျောက်ကာတစ်ရွာလုံးမှ ဝင်ရောက်စွတ်ဖတ်ခြင်းမပြုပါကြောင်းကျောက်ကာမှတာဝန်ရှိရွာသားတစ်ရောက်အနေဖြင့်တင်ပြအပ်ပါသည်
စုံစမ်းစစ်ဆေးတယ်ဆိုပြီး သံဃာတော်တွေကိုကြောက်အောင်ခြိမ်းခြောက်တဲ့သဘောလားမသိဘူး
ဘာလို့နေရာစုံစမ်းနေတာလဲရှင့်။ထောင်နန်းမှာသီတင်းသုံးခိုင်းမလို့လားရှင်။
ရဲတွေ အရှက်မရှိကြပါလား
မဟုတ်မမှန်သတင်းတွေကလွှင့်သေးတယ်
rpalar k t
Post a Comment