အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လေလေဝေး



ကချင်ပြည်နယ် အတွင်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်အောက်ခံ မြန်မာ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ် ပစ်ခဲ့သော ထိုတိုက် ခိုက်မှုများကား ထောင်ပေါင်းများစွာ သော ဒုက္ခသည် များနှင့် နေရပ်စွန့် ခွာထွက်ပြေးရသူ များကို ဖန်တီးခဲ့ ပြီး ကချင်ပြည်နယ်ကို မြန်မာနိုင်ငံ အတွင်း အရပ်သားများ အတွက် အန္တရာယ် အထူပြောဆုံး နေရာ တစ်ခု ဖြစ်အောင် လုပ်ဆောင် ခဲ့သည်။

ကျွန်တော်သည် ကချင်ပြည် နယ်မှဖြစ်ပြီး ဒုက္ခသည်များအကြား တွင် စေတနာ လုပ်အားပေးတစ်ဦး အဖြစ် လောလောဆယ် နေထိုင်လျက် ရှိသည်။ ဤဒုက္ခသည်များအတွက် အနာဂတ်ဆိုသည်မှာ မျှော်လင့်ချက် နည်းနည်း မျှသာ ရှိပါသည်။ မကြာခင်တစ်ချိန်ချိန်တွင် သူတို့၏ နေအိမ်များသို့ ပြန်နိုင်လိမ့်မည် ဟူ သော မျှော်လင့်ချက် နည်း နည်းလေး ဖြစ်ပါသည်။ ဤကြောက်မက်ဖွယ်ရာ လုံခြုံမှုကင်းမဲ့သော အခြေအနေတွင် ကလေး အများအပြား မှာ ကျောင်း တက်ရန် မတတ်နိုင်ကြပါ။

မြန်မာနိုင်ငံ၏ ဤတိုက်ပွဲဒဏ် ခံဒေသမှ ဒေသခံပြည်သူများ အတွက် အမေရိကန်သမ္မတဘားရက်အိုဘားမား ၏ မကြာမီက ဤတိုင်းပြည်သို့ လာရောက်သည့် သမိုင်းဝင်ခရီးစဉ် မှ မည်သို့သော မျှော်လင့်ချက်မျှ ထွက်ပေါ် မလာခဲ့ပါ။ အိုဘားမားက ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားရာတွင် ကချင်ပဋိပက္ခကို ထည့်သွင်း ဖော်ပြသွားသဖြင့် ကချင် အတော်များများ ပျော်ရွှင်နေကြစဉ် ဤရည်ညွှန်းပြောဆိုမှုက မြန်မာ အစိုးရကို ဤဒေသသို့ စစ်တပ်များ တိုးပို့အောင် ဆွပေးသလို များ ဖြစ်လေမလားဟု ခံစားနေရသူများလည်း ရှိနေပါသည်။

မကြာသေးမီ အစိုးရက ဤ ဒေသသို့ နောက်ထပ်တပ်များ ထောင်ချီပို့ခဲ့ပြီးနောက် ကချင်ပြည် နယ်တွင်း နေရာ အတော် များများတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်ခဲ့ပါ သည်။ ထို့ပြင် ကပ်လျက်ရှိသော မြောက်ပိုင်း ရှမ်းပြည်တွင်လည်း အလားတူဖြစ်ခဲ့ပါသည်။ အခြေအနေက ပို၍ပင် ဆိုးရွားလာခဲ့သည်။ အစိုးရ တပ်များနှင့် ကေအိုင်အို သူပုန် များကြား တိုက်ပွဲများနေ့စဉ်ပေါက် ကွဲဖြစ်ပွားနေပြီး အရပ်သားများမှာ ကျွဲနှစ်ကောင် ခတ်သည့်ကြားမှ မြေစာပင် ဖြစ်နေရပါသည်။

ရွာသားထောင်ပေါင်းများစွာမှာ သူတို့၏ နေအိမ်နှင့် လယ်ယာများ ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ အိမ်ရာပစ္စည်း အတော်များများမှာ အစိုးရတပ်များ၏ ဖျက်ဆီးခံကြရ သို့မဟုတ် တစ်တိတစ်တိ ခိုးယူခံကြ ရပါသည်။ အမျိုးသမီးများနှင့် ကလေးများအပါအဝင် ရွာသူရွာ သားအများအပြားမှာ ယခုအခါ ကချင်ပြည်နယ် တွင်း ခြေခင်း လက်ခင်း မသာသော တောကြိုအုံကြား တွင် ကုတ်တွယ်နေကြရပါသည်။ ထိုနေရာတွင် အေးခဲသော ရာသီဥတုဒဏ်ကို သူတို့ခံကြ ရသည်။ အမိုးအကာနေစရာ မရှိ၊ ရှားပါးသော အစားအစာ အထောက်အပံ့များ ကိုသာ မှီခိုနေကြရသည်။ စစ်သားများ၏ မတော်မတရားပြုမှုနှင့် အကြမ်းဖက် မှုများကို ကြုံတွေ့နေကြရသည်။

အစိုးရတပ်များ အတွက် ခဲယမ်း မီးကျောက်များ အတင်းအဓမ္မ သယ်ခိုင်းခြင်းနှင့် မိုင်းကာဒိုင်းများသဖွယ် လုပ်ဆောင် ခိုင်းခြင်းများ ခံစားနေ ကြကြောင်း၊ ဒေသခံပြည်သူ များက ကျွန်တော့်ကို ပြောပြကြသည်။ ဗလက္ကာရ ပြုမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု သတင်းများလည်း ကြားခဲ့ရ သည်။ တစ်ဖက်တွင်လည်း ကေအိုင်အို တပ်မှူးများ က ကျေးရွာသူ ကျေး ရွာသားများကို စစ်သားအဖြစ် အမှုထမ်းရန် ဆက်လက်စုဆောင်း နေကြပါသည်။ မကြာသေး မီက ဒုတိယကမ္ဘာစစ် အတွင်း ကျော်ကြားခဲ့သော လီဒိုလမ်းမပေါ်မှ ကာမိုင်းရွာကလေးတွင် အစိုးရတပ်များက လယ်သမားများ ကို ဝါးတုတ်များ ဖြင့် ရိုက်နှက်ညှဉ်း ပန်း မေးမြန်း စစ်ကြော ခဲ့ကြကြောင်း ဤအဖြစ်အပျက် ကို သိမြင်သူများ၏ အဆိုအရ ကြားသိရပါသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ အနှံ့အပြားရှိနေလင့်ကစား သမ္မတ ဦးသိန်းစိန်အစိုးရက ညှိနှိုင်းဖျန်ဖြေ သူများမှ တစ်ဆင့် ကေအိုင်အိုခေါင်း ဆောင်များနှင့် မကြာမီက ဆွေးနွေး မှုများအပါအဝင် နိုင်ငံရေးနည်းဖြင့် ပဋိပက္ခ ပြေငြိမ်းအောင် ရည်ရွယ် လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။ သို့တစေ ဆွေးနွေး မှုများ ပြုလုပ်စဉ်နှင့် ပြုလုပ် အပြီးတွင် နောက်ထပ် တပ်သားထောင်နှင့်ချီ၍ ပို့လိုက်ကြပြန်ပါသည်။

ဆွေးနွေးပွဲများ အကြိမ်ကြိမ် အလီလီလုပ်နေသော်ငြား အစိုးရ အနေဖြင့် အဆုံးတွင် ပဋိပက္ခကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရည်ရွယ် ထားသည်ဟု ကချင်ပြည်သူ အများအပြားက ခံစားနားလည်နေကြ သည်။ တိုက်ခိုက်မှုများ အရှိန်မြင့် လာခြင်းက ကချင်ပြည်နယ်တွင်း အခြေအနေများကို အန္တရာယ်နှင့် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ ထိခိုက်ခံရသည့် ကျေး ရွာများတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး သာမက အစိုးရက ချမှတ် ထားသည့် ညမထွက်ရ အမိန့်များကြောင့် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ကဲ့သို့ သော အခြေခံ လွတ်လပ်ခွင့်များ ပါ ဆုံးရှုံးနေကြရသည်။

ကေအိုင်အို အဓိက ထိန်းချုပ်ထားရာ ရှေ့တန်းနယ်မြေများသို့ အစိုးရက တပ်များထောင်သောင်းချီ ဖြန့်ချထား သော်လည်း တည်ငြိမ်မှု ကင်းမဲ့သော မြေဒေသများကို တည် ငြိမ်လုံခြုံအောင် မလုပ်နိုင်ခဲ့ချေ။ ဒေသခံ ကျေးရွာ သားများမှာ အခွင့် အရေးချိုးဖောက်မှုများသာ ခံစားခဲ့ ကြရပြီး ဒေသခံအန်ဂျီအိုအဖွဲ့များနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများမှ တည်ထောင်ထိန်းသိမ်းထားသည့် ယာယီသုံး ဒုက္ခသည်စခန်းများကိုသာ တိုးပွားလာ စေခဲ့သည်။

တကယ်ပင် ကချင်ပြည်နယ်ရှိ ပြည်သူအများက ဤတိုက်ခိုက်မှု များကို အလိုမရှိကြပါ။

ကချင်ပြည်နယ်တွင် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အစိုးရက အမှန်တကယ် ရိုးသားစွာ ပြန်လည် ထိန်းသိမ်းပေးမည် ဆိုပါက ဒေသခံပြည် သူများ၏ နှလုံးစိတ် ဝမ်းအေးချမ်းအောင် အားထုတ် လုပ်ဆောင်ရပါ လိမ့်မည်။ ယခုမူ ဒေသခံ ကျေးရွာသားများအဖို့ သူတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ဖျက်ဆီးပြုလုပ်ရန် စစ်သားများ ပို့လွှတ် ခဲ့သည်ဟု ခံစားနေကြရသည်။ တုံ့ပြန် လက်စားချေမည် စိုး၍ တပ်သား များကို မျက်လုံးချင်း ဆိုင်၍ပင် မကြည့်ဝံ့ကြောင်း သူတို့က ပြော ကြပါသည်။

ကချင်လူမျိုးအများအပြားက သူတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဇာတိမျိုးနွယ်ကြောင့် ဆယ်စုနှစ်ပေါင်း များစွာ ခွဲခြား ဆက်ဆံခံခဲ့ရသည်ဟု ခံစားနေကြရသည်။ အစိုးရ၏ ငြိမ်း ချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းမှု များကို ယုံကြည်သူ အနည်းငယ်သာရှိပါသည်။ အများ စုကမူ ကေအိုင်အိုသည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကပင် အပစ်အခတ်ရပ် စဲရေး လက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်း မှတ်ချက်ချကြပါသည်။

ကချင်ပြည်သူများအနေဖြင့် တိုက်ခိုက်မှုများကို စိတ်ကုန်၍ ငြိမ်း ချမ်းရေးကိုလိုလားသည်မှာ သေချာ ပါသည်။ သို့တစေ ကချင်ပြည် နယ်တွင် သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်မှု ရရှိရန်မှာ အစိုးရ အနေဖြင့် တိုင်းပြည်၏ မဖြေရှင်းရ သေးသော လူမျိုးစုပဋိပက္ခများကို နိုင်ငံရေး အဖြေ ရရှိရန် ရည်ရွယ်၍ မူဘောင်တစ်ခု ထူထောင်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ခန့်မှန်းခြေ တိုင်းရင်းသားလူမျိုးစု ၁၃၅ ခုလုံး က တရားမျှတမှု၊ တန်းတူမှုနှင့် လွတ်လပ်မှု တို့ကို ခေတ်မီငြိမ်းချမ်း သော မြန်မာနိုင်ငံသစ်ကြီးတွင် ခံစားချင်ကြပါသည်။ သို့တစေ ကချင်ပြည်နယ်အတွင်း အစိုးရ၏ အင်အား အလွန်အကျွံသုံးမှုနှင့် အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် အမျိုးသားပြန် လည်သင့်မြတ်ရေးမှာ မျှော်လေလေဝေးနေပေဦးတော့မည်။

ဤစာစုကို ရေးသားသူ Nhkum Gam မှာ မြန်မာနိုင်ငံ၊ မြစ်ကြီးနားမြို့အခြေစိုက်စေတနာ လုပ် အားပေး ကျောင်းဆရာ တစ်ဦး ဖြစ်ပါသည်။

Ref: atimes.com
မြန်မာအင်ဒီပဲန်ဒင့်

အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လေလေဝေး အမျိုးသား ပြန်လည်သင့်မြတ်ရေး မျှော်လေလေဝေး Reviewed by သစ်ထူးလွင် on 10:29 Rating: 5

17 comments:

Anonymous said...

ရေးတဲ့လူစောက်ပိုတွေ

ဗိုလ် တေ ဇ said...

က ချင် ပြည် နယ် ကြီး အား ငြိမ်း ချမ်း စေ ခြင် လျှင် အ စိုး ရ တပ် များ မှ ကေ အိုင် အေ ကို မြန် နိုင် သ မျှ မြန် မြန် တိုက် ခိုက် ၍ လိုက် ဇာ ကို သိမ်း သင့် သည် ။ ပြီး မှ သာ ဒေ သ ခံ လူ မျိုး စု များ အ မှန် တ ကယ် ကြည် ညို သော ပု ဂ္ဂိုလ် များ နှင့် သာ နိုင် ငံ ရေး အ ရ ဆက် လက် ဆွေး နွေး သင့် သည်။ ယ ခု တွင် မူ ဒေ သ ခံ များ မှာ ကေ အိုင် အေ ကို ကြောက် ၍ လက် ခံ ထား လျှင် လဲ စစ် တပ် မှ သူ ပုန် ပာု ယူ ဆ ခံ ရ မည် လော ၊ စစ် တပ် ကို လက် ခံ ထား ပြန် လျှင် ပို ဆိုး ၍ ကေ အိုင် အေ ၏ လူ မ ဆန် စွာ သတ် ဖြတ် ခြင်း ကို ခံ ရ မည် လော့စ သည် ဖြင့် ဒွ ပာ ပေါင်း စုံ ၊ ဒု က္ခ ပေါင်း စုံ ခံ စား နေ ရ ပါ သည် ။ နိုင် ငံ တစ် ခု တွင် လက် နက် ကိုင် တပ် မ တော် တစ် ခု သာ ရှိ သင့် သည် မှာ ထင် ရှား လှ ပါ သည် ။ သို့ ဖြစ် ၍ အ ရင် ဆုံး တိုက် ခိုက် နှိုမ် နှင်း ပါ ပြီး မှ နိုင် ငံ ရေး အ ဖြေ ရှာ ၍ အ မျိုး သား ရ င် ကြား စိ ရေး ကြိုး စား ပါ ။ ကေ အိုင် အေ ၊ ကေ အိုင် အို သည် မည် သည့် လူ မျိုး မှ ကိုယ် စား မပြု တော့ ပါ ။ ငှင်း တို့ အ ဖွဲ့ သည် ဓါး မြ အ ဖွဲ့ သာ သာ ရှိ တော့ သည်။

Anonymous said...

ရေးတဲ့လူစောက်ပိုတွေဆိုတဲ့သူက လူမဟုတ်တိရစာန်သာဖြစ်မည်... စာရေးသူ၏နှလုံးစကားသည် မှန်သောခံစားမှုဖြစ်သည်...

Anonymous said...

KIO သည်မိမဲ့ဖမဲ့အဖွဲ့အစည်းမဟုတ်ပါ... မယုံရင်လုပ်ကြည့်..KIO ကိုအပြတ်ရှင်းမယ်ဆိုတာ..ကချင်တစ်မျိုးလုံးကိုဆိုလိုခြင်းဖြစ်သည်... သည်လိုစိတ်ဓါတ်တာရှိနေမယ်ဆိုရင်... အားလုံးဟာ Kachin လူမျိုးတွေရဲ့ရန်သူပဲဖြစ်လာမယ်... သည်စစ်ဟာKIO ကတိုက်နေခြင်းမဟုတ်ပါ...Kachin လူထုမှ သည်းမခံနိုင်တဲ့နာကြည်မှုစိတ်တွေနဲ့ တိုက်စေခြင်းသားဖြစ်သည်...သည်စစ်မတိုက်ခင်း ကချင်လူထုထံအရင် KIO ကသဘောထားခံယူခြင်းပြုလုပ်ခဲ့သည်... နိုင်ငံတစ်နိုင်ငံမှာစစ်တပ်တစ်ခုတာရှိသင့်တာမှန်မယ်ဆိုရင်... စစ်အစိုးရမှ နောက်ဆုတ်သင့်တာကြာပါပြီး... သမိုင်းကြောင်းကိုပြန်ပြောရမယ်ဆိုရင်...မြန်မာဘုရင်သီပေါမင်းပါသောမူခဲ့စဉ်တုန်းက..English တွေကချင်ပြည်ကိုတက်လာပါတယ်...လွယ်လွယ်ရပြီဟုယူဆပေမည်...ကချင်တွေရဲ့တိုက်ထုတ်ခြင်းကိုခံခဲ့ရပါတယ်... သည်အဖြစ်ကိုကြည့်ခြင်းဖြင့် ကချင်းလူမျိုးတွေဟာဘယ်တိုင်းတစ်ပါးအောက်မှမရောက်ခဲ့ဖူးပါဘူး... ထို့အတူကချင်ဒေသဟာလည်း ဘယ်သူ့အုပ်ချုပ်မှု့ မည်သူမှပေးထားသောမြေနေရာမဟုတ်...ဘုရားပေထားတဲ့ကချင်ပိုင်နယ်မြေသာဖြစ်ပါတယ်...စစ်ရေးနဲ့သာ ဆက်လက်ဖြေရှင်းမယ်ဆိုရင် ကျန်နေတဲ့မြို့ပေါ်က ကချင်လူထုအားလုံးပါ စစ်အစိုးရကိုခုခံရလိမ့်မယ်... ဆိုလိုရင်းမှာ Kachinတိုင်းရင်းသားမှန်တဲ့သူ အားလုံးဟာ..KIO/KIA.. ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပါပဲ...

Anonymous said...

ကိုယောင်စိန်ရဲ့စိတ်ညံ့မှုအပေါ်.....KIO သည်မိမဲ့ဖမဲ့အဖွဲ့အစည်းမဟုတ်ပါ... မယုံရင်လုပ်ကြည့်..KIO ကိုအပြတ်ရှင်းမယ်ဆိုတာ..ကချင်တစ်မျိုးလုံးကိုဆိုလိုခြင်းဖြစ်သည်... သည်လိုစိတ်ဓါတ်တာရှိနေမယ်ဆိုရင်... အားလုံးဟာ Kachin လူမျိုးတွေရဲ့ရန်သူပဲဖြစ်လာမယ်... သည်စစ်ဟာKIO ကတိုက်နေခြင်းမဟုတ်ပါ...Kachin လူထုမှ သည်းမခံနိုင်တဲ့နာကြည်မှုစိတ်တွေနဲ့ တိုက်စေခြင်းသားဖြစ်သည်...သည်စစ်မတိုက်ခင်း ကချင်လူထုထံအရင် KIO ကသဘောထားခံယူခြင်းပြုလုပ်ခဲ့သည်... နိုင်ငံတစ်နိုင်ငံမှာစစ်တပ်တစ်ခုတာရှိသင့်တာမှန်မယ်ဆိုရင်... စစ်အစိုးရမှ နောက်ဆုတ်သင့်တာကြာပါပြီး... သမိုင်းကြောင်းကိုပြန်ပြောရမယ်ဆိုရင်...မြန်မာဘုရင်သီပေါမင်းပါသောမူခဲ့စဉ်တုန်းက..English တွေကချင်ပြည်ကိုတက်လာပါတယ်...လွယ်လွယ်ရပြီဟုယူဆပေမည်...ကချင်တွေရဲ့တိုက်ထုတ်ခြင်းကိုခံခဲ့ရပါတယ်... သည်အဖြစ်ကိုကြည့်ခြင်းဖြင့် ကချင်းလူမျိုးတွေဟာဘယ်တိုင်းတစ်ပါးအောက်မှမရောက်ခဲ့ဖူးပါဘူး... ထို့အတူကချင်ဒေသဟာလည်း ဘယ်သူ့အုပ်ချုပ်မှု့ မည်သူမှပေးထားသောမြေနေရာမဟုတ်...ဘုရားပေထားတဲ့ကချင်ပိုင်နယ်မြေသာဖြစ်ပါတယ်...စစ်ရေးနဲ့သာ ဆက်လက်ဖြေရှင်းမယ်ဆိုရင် ကျန်နေတဲ့မြို့ပေါ်က ကချင်လူထုအားလုံးပါ စစ်အစိုးရကိုခုခံရလိမ့်မယ်... ဆိုလိုရင်းမှာ Kachinတိုင်းရင်းသားမှန်တဲ့သူ အားလုံးဟာ..KIO/KIA.. ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပါပဲ...

Anonymous said...

ဟုတ်ပါတယ် KIA/KIO သည်ဓါးမြ သာသာ
အဖွဲ့သာဖြစ်လာသည် ကိုယ့်လူမျိုးပါမကျန်
ဆက်ကြေးကောက် အတင်းအဓမစစ်ထဲဝင်ခိုင်
ကချင်းလွတ်လပ်ရေးဆိုပြီး ကချင်းလူမျိုး
ဒုက္ခရောက်အောင်ပြုလုပ်နေတဲ့အဖွဲ့ပါ
စစ်မှန်တဲ့တည်ငြိမ်းအေးချမ်းရေးကိုရလိုလျင်
KIAကိုအမြစ်ပြတ်အမြန်တိုက်ပါ
နောက်ကချင်းလူမျိုစုခေါင်ဆောင်တွေနဲ့
ဆွေးနွေးပြီးကချင်းပြည်နယ်ကြီးတည်ငြိမ်း
အေးချမ်းလာအောင်ဆောင်ရွက်ပေးကြပါ

Anonymous said...

ဒီနေရာမှာတော့စစ်တပ်ကိုထောက်ခံရလိမ့်မယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲ
လုပ်တော့လည်းအဓိကဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေမလာဘူး။သူတို့က
ငြိမ်းချမ်းရေးလိုချင်တာမှမဟုတ်တာ။လက်ရှိအခြေအနေအတိုင်းဆပ်ကြေးတွေကောက်အခွန်တွေကောက်
ကိုယ့်လူမျိုးအချင်းချင်းနှိပ်စက်သူတို့သားသမီးတွေကိုနိုင်ငံခြားပို့သူတို့
ကိုယ်တိုင်ကတရုတ်နယ်စပ်မှာဇိမ်နဲ့နေသူများသားသမီးတွေကိုတော့
လွပ်လပ်ရေးအတွက်ဆိုပြီးတပ်ထဲဆွဲသွင်းဘယ်နေရာများကော။င်းတာရှိ
လဲ။Nhkum Gam ရေခင်ဗျားလဲသိမှာပါ

Unknown said...

နင်တို့ နှစ်ယောက်ရန်ဖြစ်နေမဲ့အစားကချင်သို့ သွားပြီးစစ်ပြေးဒုက္ခသည်တွေကိုကူညီသင့် တယ်

Maung Win said...

KIO ၌ စစ်ရေးတာဝန်ထမ်းဆောင်သူများ
အမြင်ကျယ်မှ အဆင်ပြေမည်ဟု မြင်ပါသည် ။

Unknown said...

မှန်တယ် မလေးရေ
်ူ

Anonymous said...

KIA/ KIO က ကချင်လူမျိုးစုအားလုံး ကို ကိုယ်စားပြုတယ်လို့ ဘယ်သူက
ပြောလဲ နိုင်ငံရေးအရဖြေရှင်းချင်တယ်ဆိုရင် တစ်ခြားကချင်အဖွဲ့ တွေလို
လွှတ်တော်ထဲကို သွားကြလေကွာ။

ဗိုင်းရပ်မေ said...

ချီးစားတဲ့ ဦးနှောက်ပိုင်ရှင်ရယ် စောက်သုံးကိုမကျတဲ့ကောင်

ဗိုလ် တေ ဇ said...

လွှတ် တော် ထဲ ရောက် အောင် ကြိုး စား နိုင် ရန် အ ရည် အ ချင်း မ ရှိ သော ကြောင့် သ ဖန်း သီး ခါး တယ် ပြော နေ သော မြေ ခွေး ဦး နှောက် နှင့် အ သက် ရှင် သော ကေ အိုင် အေ ခေါ် က ချင် အ မျိုး သား များ နှိပ် စက် ရေး ကော် မ တီ ၏ ရှေ့ ဆက် ဒေ သ ခံ က ချင် လူ မျိုး များ အ ပေါ် ဆက် ကြေး ကောက် ၍နှိပ် စက် က လူ ပြု မှု များ ကို ရင် နင့် စွာ နား ထောင် လျှက့့် ဆက် ကြေး ပေး မှ အ သ က် ရှင် မည့် သူ များ

Unknown said...

မြမာပြည်ကြီးငြိမ်းချမ်းပါစေ

Unknown said...

ကမ္ဘာမြေကြီးလဲ ငြိမ်းချမ်းပါစေ

Unknown said...

မြမာပြည်ကြီးငြိမ်းချမ်းပါစေ

Anonymous said...

ဗိုင်းရပ်မေက သူကိုယ်တိုင်လဲ ချီးစားထားတယ်နဲ့ တူတယ်ကွ နော်

Powered by Blogger.