မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း တိုင်းပြည်အကျိုးရှိရန် အဓိကဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

အင်တာနက် အွန်လိုင်း စာမျက်နှာ များတွင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပြောကြား ခဲ့မှုကြောင့် ဝေဖန် ခံခဲ့ရသည့် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မည်သည့် တိုင်းပြည်နှင့် ပေါင်းပေါင်း မြန်မာ
နိုင်ငံ အကျိုးရှိရန်သာ အဓိက ဖြစ်ကြောင်း ပြောသည်။ ''ခုတလော ဦးအောင်မင်း ကံမကောင်းဘူး။ လုပ်ပေးနေတာပဲ။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း တိုင်းပြည်အကျိုးရှိရန် အဓိကဟု ဝန်ကြီးဦးအောင်မင်း ပြောကြား မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း တိုင်းပြည်အကျိုးရှိရန် အဓိကဟု ဝန်ကြီးဦးအောင်မင်း ပြောကြား Reviewed by သစ်ထူးလွင် on 17:25 Rating: 5

14 comments:

aristhteinwin said...

ကြောလဲ ကြောတတ်တယ်နော်- ရှက်လဲ -ရှက်ဘူး-

pyisoe said...

အာဏာရှင်ခေတ်၏ လူကြီးများသည် ကိုယ့်စကားက ဘယ်ကိုရောက်သွားနိုင်တယ်ဆိုတဲ့ တွေးခေါ်မျှော်မြင်မှု အလွန်အားနဲကြသည်ကို သတိထားမိသည်။ ကိုယ့်ရောက်နေတဲ့နေရာနှင့် ကိုယ်ရောက်နေတဲ့ခေတ်ကို သတိကြီးစွာထားပြီး ဆင်ခြင်တုံတရားဖြင့် ပြောကြဆိုကြပါ။ အများပြည်သူများမှာ မိမိတို့၏အကြီးအကဲများအပေါ် အလွန်ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးမျိုးကို လိုလားတတ်ကြပါသည်။ ကိုယ့်တိုင်းပြည်ကောင်းစားရေးလုပ်ကိုင်ဆောင်ရွက်နေကြသည်ကို သိနားလည်ကြသော်လည်း အောက်တန်းနောက်တန်းကျသောစကားမျိုးပြောလျှင် အထင်နှင့်အမြင်လွဲ၍ စိတ်မချမ်းသာစရာ ဖြစ်သွားတတ်ပုံကို မမေ့ကြပါနှင့်ခင်ဗျား။

dhammarekkhita said...

အဓိပ္ပါယ်ကောက် မလွဲကြနဲ့ကျေးဇူးဝိုင်းတင်လိုက်ကြဟေ့မြန်မာပြည်ကြီးတိုးတက်ဖို့ ပြည်သူပြည်သားတွေကောင်းစားဖို့ သူခမျာ တရုတ်ကို မပေါင်းချင်ပဲပေါင်းနေရတာ့အားလုံးအတွက် အနစ်နာခံပေးဆပ်နေရတာ့ဘယ်သူကများ သူလို ကိုယ်ကျိုး မတွက် အနစ်ခံရဲမှာလဲ့နှစ်ပေါင်းများစွာ တရုတ်နဲ့ ပေါင်းလာလို့ အခုလို မြန်မာပြည် တိုးတက်နေတာကွ့ရင်လေးတယ်နော့် မြန်မာပြည် ဆင်းရဲ သွားမှာ စိုးလို့ ထင်ပါတယ့် နအဖ လက်ထက်တုန်း အရမ်းကိုပင်ပန်းရ အခုလဲ ကိုယ်အတွက် တပြားတချက်မှ မရပဲ အလုပ်တွေ လုပ်နေရတာ ဦးအောင်မင်းကို အနားပေးသင့်ပါပြီ့အားလုံးပဲ သူကို အနားယူဖို့ ခွင်ပြုလိုက်ကြပါနော့်

ဖာနိုင်ငံသားစစ်စစ် said...

ဘဘကံကောင်းပါတယ်ဘဘစေတနာကိုနားလည်ပါတယ်
လူနည်းစုနဲ့ပြောင်းလဲလိုမရဘူးလေးနောက်ကျောမှာသေနတ်တွေ
အများကြီးပဲ။အားတော့နာတယ်ဘဘရယ်အခုလည်းစကားထပ်
မှားပြန်ပြိံတိုင်းပြည်အကျိုးလို့မပြောပါနဲ့လားဘဘရယ်။တိုင်းပြည်
အကျိုးဆိုရင်အုပ်ချုပ်ရေးအာဏာပိုင်အစိုးရအဖွဲ့တွေပဲအကျိုးဖြစ်
ထွန်းသွားလို့ပါ။ပြောင်းပြောလို့ရရင်ပြောပေးပါပြည်သူလူထုအကျိုး
လို့ပေါ့။မရဘူးတဲ့အရသာလေးရသွာစေချင်လို့ပါ။ကျေးဇူး

Unknown said...

တရုတ်ကိုကြောက်ရတယ် လို့ ပြောတဲ့ကောင် ကိုယ့်အဆင့်ကိုယ်သိသင့်တယ်

Unknown said...

စိန်အောင်မင်းတို့ကတော့ ပြောလိုက်ငိုလိုက်နဲ့ ပြောချင်ရာပြော ငိုချင်သလိုငိုနဲ့ တရုပ်ကြီးကိုလဲ ကြောက့်ရတယ်ဘုရာ့ ဆိုတဲ့စကားလုံးက မြန်မာမှာတင် မဟုတ်ဘူး ကမ္ဘာမှာပါ ရာဇ၀င်တွင်သွာပြီနော်။ မြန်မာနိုင်ငံသားအားလုံးအတွက်လုပ် နေပါတယ်လို့ ပြောပြန်ပြီ တော်ပါတော့ စိန်အောင်မင်းရယ် ကိုယ့်အတွက်ကိုယ်လုပ်ပါဗျာ ကျနော်တို့ အခြေခံလူတန်းစားတွေကတော့ နင်းပြားက နင်းပြားပါဘဲ ခင်ဗျားစကားကို ယုံမိတဲ့ လက်ပတောင်းတောင်က ကိုယ်တော်တွေတောင် မီးပင်လယ်မှာ လက်ပြစ်ကူးရတာ သာမန် လူသားတွေဆိုရင်တော့ မတွေးရဲစရာပါဘဲ ... တော်ပါတော့ တော်ပါတော့

shwe man thar said...

ဟိုးထား။ ဆက်ပြော၇င် ထပ်မှားတော့မယ်။

ဂျာနယ်တွေကတော့ ၀န်ကြီးကတ၇ုတ်ကိုကြောက်၇တယ်

လို့ ပြောကြောင်းတိကြမှန်ကန်စွာသတင်းေ၇းကြတော့သူ

တို့ တာဝန်ပြီးပြီ။ ၀န်ကြီးမကောင်းကြောင်းတော့ သူတို့

ဝေဖန်ချက်အနေနဲ့ ဘယ်ေ၇းမလဲ။ ဖတ်၇တဲ့ သန်း၆၀လူ

ထုကမခံနိုင်လို့ ပွင့်လင်းမြင်သာစွာဝိုင်းဝေဖန်တာပါ။

တ၇ုတ်ကိုကြောက်၇တယ်ဆိုလို့မေးအုံးမယ်။

တ၇ုတ်၇ဲ့ဆ၇ာမန်ချူးတွေကိုလေးခါတိတိဆုံးမလွှတ်လိုက်

တဲ့ ဆင်ဖြူ၇ှင်တို့ ၊ ဗလမင်းထင်တို့ ၊ တိံ ကြားမင်းခေါင်

တို့ ဆိုတာ လက်ပန်းတောင်နားကမြန်မာအစစ်ကြီးတွေဗျ။

shwe man thar said...

တ၇ုတ်နဲ့ ပေါင်းခဲ့တာ န၀တ၊နအဖ တသက်ဆိုတော့

အကြောင်းတော်တော်သိပြီးပါပြီ။ေ၇အားလျှပ်စုပ်

ဒုံးကြည်၊မြောင်းဆီ၊နို့ မှုန့် အတု၊ ဉအတု၊ကင်ဆာကား။

ပြန်ပေး၇တာသယံဇာတကအစလူကုန်ကူးမိန်းမအဆုံး။

Unknown said...

ဂျာနယ်ထဲကို ထည့်ရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမှာပေါ့ ..အွန်လိုင်းမှာကျတော့ သိပ်ပြသနာ မရှိဘူးဆိုတာ သူမသိလေလျော့ သလား ..ပြန့် လွယ်တာကလည်းအွန်လိုင်းဘဲလေ....ခုကျမှ အလှည့်ကျမှာ ကြောက်နေသလိုကြီး ......

Unknown said...

ပြည်ထောင်စုအစိုးရအဖွဲ့မှာ လက်ရှိတာဝန်ထမ်းနေ ကြတဲ့ ဝန်ကြီးများ ဒုဝန်ကြီးများအား ကြံရည်ဖန်ရည် သင်တန်း အတ္တသင်တန်းများ ကောက်ကျစ်ယုတ်မာနည်း သင်တန်းများ ပို့ချလျှက်ရှိသော မြန်မာပြည်က သင်တန်း ကျောင်းတွေကို ပိတ်သိမ်းပြီး အဲဒီနေရာတွေမှာ မြန်မာ နိုင်ငံလုံးဆိုင်ရာ လူကြီးပြုတ်များ ဒုက္ခသည်စခန်း ဖွင့်သင့်နေပါပြီ

might said...

ိုကိုယ်ပြောတဲစကားကိုယ်တာဝန်မယူနိုင်တဲ့သူကိုများဝန်ကြီးဆက်ထားနေရသေးတယ်လို့ကွာ...သမ္မတကြီးခင်ဗျာ ကြည့်ကြပ်လုပ်ပါတော့ လူစွဲမထားသင့်တော့ဘူး
မသင့်တော်ဘူးထင်တဲ့လူထုတ်ပစ်သင့်တယ်

Unknown said...

ကုန်းဘောင်ခေတ် တုန်းက တရုတ်ကိုမြန်မာေ တွ လေးကြိမ်စစ်နိုင်ခဲ့။

Unknown said...

ပြောတာထက်လုတ်ပြတာက သက်သေပြမှာပါ

Unknown said...

ွအွန်လိုင်းဆိုတာရေးချင်တာရေးလို့ရတယ်၊သူများမကောင်းကြောင်းများများရေးခြင်းဖြင့်အမြန်ဆုံးနာမည်ကြီးလာမည်။နာမည်ကြီးချင်သူများဖြတ်လမ်းနည်းအဖြစ်အသုံးချကြလော့။

Powered by Blogger.