Samsung ၏ version အနိမ့်တစ်ခုဖြစ်သည့် Glaxy Mini ကို 5000 ကျပ်နုန်းဖြင့် လူကြီးမင်း ဖုန်းဆိုင်မှ ယနေ့ မနက်တွင် ဆိုင်ခွဲ တစ်ခုလျှင် 10 လုံးကျ မဲဖောက် ရောင်းချခဲ့ရာ လူကြီးမင်း ဖုန်းဆိုင်များတွင်လူထောင်နှင့်ချီ သွားရောက် စောင့်ဆိုင်းခဲ့သည်။
အချို့ မှာ မနက် 5 နာရီခန့် ကတည်းက စောင့်ဆိုင်းခဲ့သည်ဟု ဆိုသည်။
ဆိုင်ခွဲ တချို့တွင် လူထုက တိုးတိုက်ရင်းဖြင့် နံရံများမှန်များ ပျက်စီးခဲ့သည်။
လာရောက်သည့်လူတချို့လည်းဒါဏ်ရာရခဲ့ကြောင်း သိရသည်။
By Myanmar News Now
လူကြီးမင်းဘုရင့်နောင်တွင် ၀ယ်ယုရန်ကြိုးပန်းနေကြပုံ
အချို့ မှာ မနက် 5 နာရီခန့် ကတည်းက စောင့်ဆိုင်းခဲ့သည်ဟု ဆိုသည်။
ဆိုင်ခွဲ တချို့တွင် လူထုက တိုးတိုက်ရင်းဖြင့် နံရံများမှန်များ ပျက်စီးခဲ့သည်။
လာရောက်သည့်လူတချို့လည်းဒါဏ်ရာရခဲ့ကြောင်း သိရသည်။
By Myanmar News Now
လူကြီးမင်းဘုရင့်နောင်တွင် ၀ယ်ယုရန်ကြိုးပန်းနေကြပုံ
မြန်မာ ပြည်သူများ Samsung Glaxy Mini ကိုအလုအယက်ဝယ်ယူ
Reviewed by သစ်ထူးလွင်
on
11:05
Rating:
8 comments:
တန်းစီတတ်တဲ့အလေ့ကျင့်မရှိသောဒီမိုကရေစီနိုင်ငံပေါ့
သိတာလေးမျှဝေချင်တယ်။ internet စမ်းသုံးချင်တဲ့ မြန်မာများအတွက် sumsung galaxy mini ဟာအသင့်တော်ဆုံးပဲ။ပုံမှန်ဈေးက တစ်သိန်းတိတိလောက်ရှိတယ်။ မြန်မာစာ ဖတ် ရေးနိုင်တယ်။ netသုံးဖို့ဆိုရင် ဒီအချက်ကိုအရင်ဆုံးမေးသင့်တယ်။
လွန်ခဲ့တဲ့ ၆ နှစ်လောက်က အိန္ဒိယနိုင်ငံရှိ ယူပီပြည်နယ် လက္ခနောင်း မြို့ ကြီးမှာ နိုင်ငံရေးပါတီကြီးတခုက လူထုကို စည်းရုံးသည့်အနေဖြင့် ဈေးပေါတဲ့ အ၀တ်အစားတွေ- အစားအသောက်တွေ အခမဲ့ ပေးဝေတာကြောင့် တိုးကြ ဝှေ့ ကြလို့  တက်နင်းမိကြဖြစ်တာမို့ - လူ ၄။၅ ။၁၀ ယောက်လို့ သေဆုံးခဲ့ပါတယ်။ လုပ်တာတော့ လုပ်ပေါ့- စည်းကမ်းတကျ လုပ်ကိုင် ဆောင်ရွက်ဘို့ တော့လိုပါတယ်။ မတော်တဆ တခုခု အက်ဆီးဒင့်ဖြစ်လျှင် ကာကွယ်ဘို့ အစီအမံတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
လူကြီးမင်းမှာ တာဝန်အပြည့် ရှိပါတယ်
စေတနာမပါတဲ့  ကြော်ငြာတစ်မျိုးပါ
လက်လုပ်လက်စားတွေအတွက် ၁၀၀၀၀၀ိ ကျော်တန် ဟန်းဆက်ကို မ၀ယ်နိုင်လို့ လုယက်ဝယ်နေရတာဟာ မြန်မာနိုင်ငံရဲ့စားဝတ်နေရေးကြောင့်ပါ လူတစ်ယောက်လစာဟာ စားစရိတ်၊ နေစရိတ်၊ ကားခ၊ နဲ့တင်မလောက်ပါဘူး ဒီလိုလစာလေးနဲ့ ဟန်းဆက်ကောင်းကောင်းကိုင်ဖို့မဖြစ်နိုင်ပါဘူး လူးကြီးမင်းဖုန်းဆိုင်ကို ကျေးဇူးတင်သလို လုယက်ဝယ်တဲ့သူတွေကိုလည်း နားလည်ပေးပါတယ်
ယူတတ်ရင်တော့ အတွေ့ အကြုံပဲပေါ့ ၊အလွယ်တကူမစီစဉ်ကြဖို့ လိုပါတယ်၊အချိန်ကုန်ငွေကုန်ဖြစ်ကြတာပေါ့ 
်ဈေးပေါတဲ့ ဖုန်းလေးတစ်လုးံကိုင်ချင်လို့ မလွယ်ပါလား လူတွေ ကအလုပ်အကိုင်မရှိတော့ဝင်ငွေမရှိ ငွေမရှိတော့ သူများလို သူများတွေလိုအဆင့်မမြင့်ဘူးပေါ့ ဒါတွေ ကတော့ ဘယ်သူတွေမှာတာဝန်ရှိပါသလဲ
သတင်းတွေ့တာနဲ့ ဒီဖုန်းအကြောင်း ကျွန်တော်သိထားတာနဲ့တိုက်ဆိုင်နေလို့ အားသာချက်လေးတွေ comment ရေးလိုက်မိတော့ ကြော်ငြာသလိုဖြစ်သွားရင်ခွင့်လွှတ်ကြပါ။ ကျွန်တော်ရေးစဉ်က နောက်ဆက်တွဲပြသနာမတက်သေးပါ။
Post a Comment