၂၆-၁၁-၂၀၁၂ ရက်နေ့ ည (၉း၀၀)နာရီ ခန့်တွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်မော်ခေါင့်ဆင့်ကျေးရွာနေ NLD အဖွဲ့ဝင် ဦးဌေးမောင်အား ခလရ အမှတ်၅၁၆ တပ်ရင်းမှ ဗိုလ်ကြီးသန်းဝေဖြိုးနှင့် တပ်ကြပ်အောင်သန်းတို့မှ ဦးဌေးမောင်နေအိမ်တွင် လာရောက် ဆွဲခေါ်ယူကာ လက်မောင်း တစ်ယောက် တစ်ဖက်မကာ တပ်စခန်းကုန်းပေါ်သို့ ခေါ်ဆောင်သွားပါသည်။
တပ်စခန်းကုန်းပေါ်သို့ ရောက်သည့်အခါ ခလရ အမှတ်(၅၁၆)မှ ဗိုလ်မှူးရဲဝေစိုးမှ အသက် ၆၀ ကျော်ပြီဖြစ်သော မိမိအဖေအရွယ် ရှိသော ဦးဌေးမောင်အား လက်သီးဖြင့်တအား ထိုးကြိတ်ခဲ့ပါသည်။ သို့ပါ၍ ဦးဌေးမောင်တွင် သွားတစ်ချောင်းကျိုးကာ မျက်နှာတွင်
ဒဏ်ရာပြင်းစွာ ရရှိနေပါသည်။
၎င်းကိစ္စနှင့်ပါတ်သက်၍ အထက်လူကြီးများ အဆင့်ဆင့်သိရှိပြီး ထိရောက်စွာ အရေးယူပေးရန်နှင့် အပြစ်မဲ့ ပြည်သူများအား အနိုင်ကျင့်နေမှုများ မပြုလုပ်ရန် နမ့်စန်မြို့နယ်NLD အဖွဲ့မှ သတင်း ပေးပို့ ထားပါသည်။
by Myanmar News Now

နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်မှ ဗိုလ်မှူးက အဓမ္မထိုးကြိတ်
Reviewed by သစ်ထူးလွင်
on
15:10
Rating:
2 comments:
ဘာအကြောင်းကြောင့် ဖြစ်တယ်ဆိုတာမျိုး ပြည့်ပြည့်စုံစုံ
ထပ်တင်ပါဦး
ဒီလိုအနိုင်ကျင့်တာမျိုးတော့ တောင်ပေါ်သားတွေအတွက်၇ိုးနေပြီ တပ်မတော်သားတွေ ၇ှနေသေ၇ွ့ဆက်ဖြစ်နေအုံးမှာဘဲ အမြဲအနိုင်ကျင့်ခံနေ၇တယ်
Post a Comment