ကချင်ပြည်နယ် ဟိုပင်မြို့ ပါ KIO ဆက်ကြေးကောက်ပြီ

ကချင်ပြည်နယ် ဟိုပင်မြို့ တွင် မှီတင်း နေထိုင်ကြသော ဆိုင်ပိုင်ရှင်များကို သက်ဆိုင်ရာ ကေအိုင်အေ တပ်စခန်းရုံးမှ အကောက် ခွန်တော်ငွေ ကိစ္စနှင့် ပတ်သတ်၍ စာဖြင့် ညွန်ကြားလိုက်ပါတယ်။ ဟိုပင်မြို့ ဆိုင်ရှင်များမှ အခွန်ငွေ ကျပ်သိန်း (၂၅၀) သိန်းနှစ်ရာငါးဆယ်ကို နိုဝင်ဘာလ(၃) ရက်နေ့ အရောက် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကချင်ပြည်နယ် ဟိုပင်မြို့ ပါ KIO ဆက်ကြေးကောက်ပြီ ကချင်ပြည်နယ် ဟိုပင်မြို့ ပါ KIO ဆက်ကြေးကောက်ပြီ Reviewed by သစ်ထူးလွင် on 03:34 Rating: 5

6 comments:

union said...

ဒီကောင်တွေက မူလအကျင့်ကို ပြတာပါ။ ဒီကောင်အဆင့်က ငြိမ်းချမ်းဆွေးနွေးဖို့ မဟုတ်ဘူး။ ဓားပြတိုက်တာ ရပ်ဖို့ပဲ။

Min Htet said...

အခုမှစတင်ကောက်ခံနေတာမဟုတ်ပါ။ကချင်တော်လှန်ရေးစတင်ကတည်းကပါ။အားလုံးကလည်းကချင်လူမျိုးလွတ်မြောက်ရေးအတွက်မို့ လက်ခံကြပါတယ်။

အမျိုးသားနိုင်ငံရေးဝါဒီ said...

ကချင်ပြည်သူတွေကိုသာ ကိုယ်စားပြုတယ်ဆိုရင် ဒီလိုမလုပ်သင့်ပါဘူး

မျီုး ချစ် said...

ဒါဆိုရင် တပ်သားစုရင် ကချင်ဘဲစုလေ ဘာဖြစ်လို့. တခြားလူမျီုးတွေ ကို အတင်းအကြပ် စုရတာလဲ ။ အားလုံးကလက်ခံကြတယ် ဆိုရင် ဒီစာရွှက် အင်တာနက်ပေါ် ရောက်လာစရာ အကြောင်းမရှိဘူး ။

ရာရာ said...

ကိုမင်းထက်ရေ...စဉ်းစဉ်းစားစားလေးပြောပါဗျာ...။ ဘိန်းကုန်ကူး၊ ဆက်ကြေးကောက်၊ စုဆောင်းရေးဆွဲ၊ ရထားလမ်းမိုင်းထောင်၊ ကားလမ်းမိုင်းထောင်၊ တံတားတွေချိုး...အမျိုးမျိုးနှိပ်စက်နေတဲ့ ဒီကေအိုင်အေကို ကျွန်တော်တို့ ကချင်ပြည်နယ်သားတွေအကုန်လုံး ဘယ်သူကမှ ဘယ်တုန်းကမှ ဘယ်အချိန်ကမှ လက်မခံခဲ့ကြပါဘူး..။ ကချင်လူမျိုးလွပ်မြောက်ရေးလို့ ပြောရအောင် ကချင်လူမျိုးတွေက မလွတ်မြောက်ကြလို့လား..ဘယ်သူတွေက နှိပ်စက်နေသလဲ..ကြည့်ပါ..။ ကိုယ့်လူမျိုး..ကိုယ့်ရေမြေကို ဘယ်သူဖျက်စီးနေတာလည်း...ခင်ဗျားကြည့်ပါ...

Unknown said...

ကျောချမှဓါးပြမှန်းသိကြတော့မှာလား ကိုယ့်လူတို့ ကိုယ့်လူမျိုးကိုယ်ပြန်ပေးဆွဲ ရှေ့တန်းမှာ လူသားဒိုင်း အဖြစ်သုံး ခြေပြတ် လက်ပြတ် ဒုက္ခိတဖြစ် သွေးမြေကျ အရိုးတောင်လိုပုံ ဒါဟာတော်လှန်ရေးလား ရှာထားတဲ့ချွေးနှဲစာ ဆက်ကြေးကောက် ဒါရန်ပုံငွေလား မသထာရေစါလား ဘယ်တိုင်းရင်းသားကိုဘဲမေးကြည့်မေးကြည့် စစ်ကိုလိုလားတဲ့လူဆိုတာမရှိဘူး စစ်ဆိုတာအကြောင်းပြပြီး ကိုကျိုးရှာနေတဲ့ အာဏာရှင်ခေါင်းဆောင် တစ်ချို့ရဲ့ ဝါဒဖြန့်လုပ်ကြံမူအောက်မှာ ဘယ်လောက်တောင်သေခဲ့ကြပြီလဲ ဘယ်လောက်တောင်ထပ်ပြီးသေကြမှကျေနပ်ကျမှလဲ လူကြီးမင်းတို့ပိုင်ဆိုင်ထားတဲ့ ဥစ္စာဓန တန်ဖိုးဟာ သာမန်ပြည်သူတွေဆယ်သက်ထိုင်စားလို့ မကုန်နိုင်ပါဘူး ဒါပေမဲ့ စစ်ကိုဘာကြောင့် ဆက်လက်အသွင်းနေကြသလဲ အဖြေကတော့ရိုးရှင်းပါတယ် စစ်ပွဲဆိုတာမရှိတော့ရင် လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ မလိုတော့ဘူးလေ ဒါဆိုရင်လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဌ ဟာဘာလဲ ဘယ်လဲ နောက်အဲ့ဒီတိုက်ပွဲနွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ crony အုပ်စုတွေရှိတယ် သူတို့ရနေ ရောက်နေတဲ့ အခွင့်အာဏာ အကျိုးစီးပွါးတွေ ရုပ်လျော့ ဆုံးရူံးမှာစိုးရိမ်တဲ့အတွက် စစ်ကိုဖန်တီးနေကြတာပါ အော်ချက်ထုတ်နေတာကတော့ ကျုပ်တို့ပြည်နယ် လွတ်လပ်ရေး အတွက်လုပ်နေတာဘာညာဆိုပြီးသူတို့ကအခွင့်ထူးခံ ပြည်သူတွေမှာတော့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်စခန်းမှာ မျက်ရည်နဲ့မျက်ခွက် အဲဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် လူကြီးမင်းတို့ရဲ့ လက်နက်ကိုင် အင်အားစုနှစ်ခုလုံး ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်စလုံး အကျိုးစီပွား နဲ့ အခွင့်အာဏာတွေကို နဲနဲစီလောက် လျော့ပေးနိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် တကဲ့ကို မင်္ဂလာပါလို့ပဲ ထင်မြင်ယူဆမိပါတယ်

Powered by Blogger.