ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ပြီးဆုံး

အိန္ဒိယနိုင်ငံ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီး Jairam Ramesh ကနေ ရှင်းလင်းပြောကြား
အိန္ဒိယ နိုင်ငံကို ၅ ရက်ကြာ အလည် အပတ် ရောက်ရှိ နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ ညမှာ သူ့ရဲ့ခရီးစဉ်ကို အဆုံးသတ် ပြီး မြန်မာပြည်ကို ပြန်တော့မှာ ဖြစ်ပါတယ်။

စနေနေ့ မနက်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်က အန်နန်တပူမှာ ရှိတဲ့ မဟတ္တမဂန္ဒီ အမျိုးသား ကျေးလက် ဒေသ အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးရေး စီမံကိန်းကို သွားရောက် လေ့လာခဲ့ ပါတယ်။

ညနေပိုင်းမှာတော့ အိန္ဒိယ အိုင်တီ မြို့တော်လို့ နာမည်ကြီးတဲ့ ကာနာတကာ ပြည်နယ် ဘင်္ဂလောမြို့ အင်ဖိုစစ် နည်းပညာ ကုမ္ပဏီနဲ့ နည်းပညာ တက္ကသိုလ် တို့ကို သွားရောက် လေ့လာခဲ့ ပါတယ်။

တနင်္ဂါနွေနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ပြန်လည်
 ရောက်ရှိမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ပြီးဆုံး ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ပြီးဆုံး Reviewed by သစ်ထူးလွင် on 03:00 Rating: 5

No comments:

Powered by Blogger.