ဒေါ်အောင်ဆန်းစုကြည်က ‘Burma’ လို့ပဲ ဆက်ခေါ်မည်

မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ် သုံးစွဲသွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆိုလိုက်သည်။ တိုင်းတပါး အစိုးရများက မြန်မာနိုင်ငံအား Myanmar ဟု အင်္ဂလိပ်လို ခေါ်ဝေါ်နေကြသည်ကို စိတ်ပျက်မိကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်းစုကြည်က ‘Burma’ လို့ပဲ ဆက်ခေါ်မည်  ဒေါ်အောင်ဆန်းစုကြည်က ‘Burma’ လို့ပဲ ဆက်ခေါ်မည် Reviewed by သစ်ထူးလွင် on 20:14 Rating: 5

1 comment:

touttout said...

အများမညီပဲ ဤကို ကျွှဲဖတ်တဲ့ကိစ္စဟု ဆိုချင်ပါသည်။ အမိမြန်မာပြည်ကို မြန်မာပြည်သူများအားလုံးပိုင်သည်၊ ဆိုင်သည်။ ဗမာကို မြန်မာလုပ်ချင်လျှင်လည်း မြန်မာပြည်သူပြည်သားများ အားလုံး၏ သဘောတူညီချက်တောင်းခံဘို့ ဒီမိုကရေစီကျင့်ထုံးအရ လိုအပ်နေသေး၍ ဒေါ်အောင်ဆန်းစုကြည်က Burma ဟု ဆက်သုံးသည်ကို ဒီမိုကရေစီဝါဒသက်ဝင်ရှင်သန်မှုကို လိုလားသော ဗမာတစ်ယောက်အနေနှင့် ကောင်းစွာသဘောပေါက် နားလည်ပါသည်။ ဒီမိုကရေစီ ဟု ဆိုလျှင် ပြည်သူလူထု၏ သဘောဆန္ဒဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြလိုပုံရသည် ဟု ထင်မြင်မိပါသည်။ အမည်ကလေးပြောင်းတာကအစ ပြည်သူ့ဆန္ဒအရေးကြီးလျှင် ကျန်တဲ့ကိစ္စကြီးတွေ ဆိုရင်တော့ ပြောမနေနှင့်တော့ပေါ့။ ပြည်သူ့ဆန္ဒမပါပဲ လုပ်ခဲ့တဲ့ကိစ္စကြီးတွေ အခု ဘယ်လိုဖြစ်နေပြီလဲ။ အမေစုခင်ဗျား ဒီမိုကရေစီသံစဉ်များကို များများတီးခတ်ပေးပါခင်ဗျား။ အာဏာရှင်နို့နံ့များ မကင်းကြသေးသော လူကြီးလူငယ်များအား ဒီမိုကရေစီ အငွေ့အသက် အနံ့အရသာကို များများလေးကျွေးပေးပါ။ သူများတိုင်းပြည်က မြွတ်ချွေသော ဒီမိုကရေစီမိန့်ခွန်းမျိုးထက် ကိုယ့်တိုင်းပြည်ကိုယ့်ခေါင်းဆောင်တွေ ပြောသော ဒီမိုကရေစီစကားသံများ (စာရွက်မကြည့်ပဲ စိတ်ထဲရှိတာ လက်တန်းပြောသော) သမိုင်းဝင် ဒီမိုကရေစီ မိန့်ခွန်းများကို ဘယ်တော့ကြားရမည်နည်း ဟုမျှော်လင့်နေကြပါသည်။ reform လုပ်ရမည့်ကိစ္စတွင် ပြည်သူပြည်သား လူအများ၏ အထူးသဖြင့် အရာရှိအရာခံ ဝန်ထမ်းများ၏ စိတ်ဓာတ်ကို ဒီမိုကရေစီစိတ်ဓာတ်သို့ပြောင်းအောင် ခေါင်းဆောင်များ၏ မိန့်ခွန်းများဖြင့် စိတ်ပိုင်းဆိုင်ရာ reform လုပ်ပေးဘို့လည်း လိုအပ်နေသည် ဟုထင်မြင်ယူဆကြောင်းပါ ခင်ဗျား။

Powered by Blogger.