တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ

ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားစီရင်ရေး ကော်မတီ မှ ဥက္ကဌ သူရဦးအောင်ကို တို့မှ ပြည်နယ် နှင့်တိုင်း မှ တရားသူကြီးချုပ်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေရေးရာ ကိစ္စများတွင် တရားရေးမဏ္ဍိုင် ယိမ်းယိုင် တိမ်းစောင်းနေခြင်း၊လာဘ်ပေးလာဘ် ယူမှု များရှိနေခြင်းကို စီမံချက် တစ်ခု အနေဖြင့်ပပျောက်ရန် စီမံချက် တစ်ခု အနေဖြင့် ရှေ့ဆက် ပြောကြားနေကြောင်းသိရသည်။

တက်ရောက်သော တရားသူကြီးချုပ်များစာရင်းတွင် ဦးတူးဂျာ(ကချင်) ဦးကျော်လင်းမောင် (ကယား)၊ဦးစောစံလင်း( ကရင်)၊ဦးမြင့်ကျော်(ချင်း)၊ဦးစန်းကို(စစ်ကိုင်း)၊ဦးမြင့်ဝင်း (တနင်္သာရီ) ဦးစိန်ထွန်း (မကွေး) ဦးစိုးသိန်း(မန္တလေး) ဦးခင်မောင်ကြီး (မွန်) ဦးကျောက်(ရခိုင်) ဦးဝင်းဆွေ(ရန်ကုန်) ဦးကြွယ်ကြွယ်(ရှမ်း)ဦးသန်းထွန်း(ဧရာဝတီ) တို့ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal



တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ Reviewed by သစ်ထူးလွင် on 16:43 Rating: 5

3 comments:

မြင့်မိုးမြင့် said...

ဥက္ကဌကြီးတို့ကို အထူးကျေးဇူးတင်ပါသည်။မျှော်လင့်ယုံကြည်ပါသည်။
ကျွန်တော်တို့တောင်ကြီးမြို့ ပြည်နယ်တရားလွှတ်တော် အဆိုးဆုံးဖြစ်ပါသည်။
ပြည်နယ်ဥပဒေချုပ်ကြီး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့်ရှေ့နေကြီး တို့သည် ပူးပေါင်းပြီး ဂိုဏ်းကြီသဖွယ်ဖြစ်လျှက် တဘက်သို့ဘက်လိုက်ခြင်း
ငှင်းတို့ရုံးခန်းသို့ ခေါ်ယူခြိမ်းချောက်ခြင်းများရှိပါသည်။ အခွင့်သာသည်နှင့် အတိအကျ လူကိုယ်တိုင် နေပြည်တော်သို့ တက်ရောင်တိုင်ကြားလိုပါသည်။
အကူအညီပေးပါ။ ငွေပေးနိုင်။ ရာထူးကြီးနိုင်။ ၀င်ထွက်နှိုင်သူတို့နိုင်။ ငါ့မိတ်ဆွေနိုင်။ ငါ့အမျိုးနိုင်။ ဖြစ်နေပါသည်။ ဆက်သွယ်ရန်နှင့် လုပ်ဆောင်ရန် လမ်းပြပေးပါ။
အားကိုးစွာဖြင့် ကိုမြင့်မို ဟိုပုံးမြို့

Unknown said...

ပဲခူး ကတရားချုပ်ကြီးလဲမတွေ့ပါလား မအားတာလား စားပွဲ

အောက်ကလက်ကိုလှမ်းဆွဲနေတာလား

shein said...

နွားကို ပလာတာကြွေးတာကမှ နည်းနည်းသိဦးမယ်။ အဲဒီတရားသူကြီးချုပ်ဆိုတဲ့လူတွေကို လဘ်မစားဖို့ သွားပြောလဲ ဘားမှသိတဲ့လူတွေမဟုတ်ဘူး

Powered by Blogger.