ကျောင်းသားတွေ တံတားဖြတ် ချီတက် (ဓာတ်ပုံ ကိုမြင့်ဖေ) |
နယ်စပ် စည်ပင်ဌာနက ကျောင်းကို ပညာရေး ဌာန လွှဲပေးခဲ့ပြီးနောက် ကျောင်းသား တွေကို ရွာသစ်ကြီး ဖွံ့ဖြိုးရေး တက္ကသိုလ်ကို လွှဲပေးခဲ့တာပါ။
ရွာသစ်ကြီးမှာ နေရေးထိုင်ရေး ခက်ခဲပြီး ကျောင်းဆောင်ပါ မလုံလောက်လို့ ကျောင်းသား တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ကျောင်းဟောင်းကို ပြန်ရွှေ့ပေးဖို့ တောင်းဆို ပေမယ့် မထူးခြားလို့ ခုလို ချီတက်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို လမ်းမှာ ရဲကားနဲ့ လိုက်ပြီးတားဆီးခဲ့ကာ ကျောင်းကို ပြန်လိုက်ဖို့ ခေါ်တယ်လို့လဲ သိရပါတယ်။
သူတို့ကို ဗကသ အဖွဲ့၊ ဆရာများ သမဂ္ဂနဲ့ သတင်းထောက် တွေက စစ်ကိုင်း တံတားထိပ်က သွားကြိုပြီး ကျောင်းဟောင်းမှာပဲ ပြန်နေရာချ ပေးကြောင်း သွားတွေ့ခဲ့တဲ့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ကိုမိုးထက်နေက ပြောပါတယ်။
သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဖွံ့ဖြိုးရေး ကျောင်းသားတွေ ချီတက် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
11:04
Rating:
No comments:
Post a Comment