ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း

ယနေ့ နိုဝင်ဘာလ(၁၂)ရက်နေ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ၏ ညွှန်ကြားချက်ဖြင့် ဗဟို အလုပ် အမှုဆောင်အဖွဲ့နှင့် လူမှု အထောက်အကူပြု အဖွဲ့တို့၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ငလျင်ဒဏ်ခံ ပြည်သူများ အတွက် ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည် ဖြစ်ကြောင်း သိရှိရပါသည်။

လှူဒါန်းငွေများကို အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ကိုယ်စားလှယ် များမှ တဆင့် ငလျင်ဒဏ်ခံ ပြည်သူများအား လှူဒါန်း သွားမည် ဖြစ်သည်။

နီးစပ်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်များမှ အဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့ တတ်အားသမျှ ငွေအား၊ လူအားဖြင့် ငလျင်ဒဏ်ခံ မြို့နယ်များသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါးများ ထောက်ပံ့ လှူဒါန်း ကြရန်လည်း တိုက်တွန်း နှိုးဆော် ထားကြောင်း Eleven Media Group - facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ။ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်

ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း Reviewed by သစ်ထူးလွင် on 13:06 Rating: 5

No comments:

Powered by Blogger.