ဆမ်ဆောင်းဖုန်း ဈေးလျှော့ရောင်းမယ့် အစီအစဉ်ဖျက်သိမ်းလို့ လူကြီးမင်းဆိုင်တွေကို လူအုပ်ကြီးက တိုက်ခိုက် (ရုပ်/သံ)

ဆမ်ဆောင်းဂလက်စီ mini ဟန်းဆက်ဖုန်း တစ်လုံးကို ကျပ် ၅ထောင်နဲ့ အလုံး ၁၀၀ကျော်ကို ရောင်းချမယ်လို့ ကြေညာခဲ့ပြီးမှ ဆိုင်ပိတ်ချလိုက်တဲ့ လူကြီးမင်းဖုန်းဆိုင်တွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ခဲနဲ့ပေါက် ဆိုင်းဘုတ်တွေကို ဖျက်စီးခဲ့ပါတယ်။

လူကြီးမင်း ဖုန်းဆိုင်တွေရှိတဲ့ လသာ၊ ကမာရွတ်၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ စတဲ့မြို့ နယ် တွေက ဆိုင်ခွဲတွေမှာ ဦးရာလူစနစ် နဲ့ မဲနှိုက်ပြီး အထူးလျှော့ဈေးနဲ့ နိုဝင်ဘာ ၃ရက်နေ့မနက်(၇)နာရီမှာ ကျပ်ငွေ ၅ထောင်နဲ့ရောင်းမယ်ဆိုပြီး တရားဝင် ကြေညာခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဆမ်ဆောင်းဖုန်း ဈေးလျှော့ရောင်းမယ့် အစီအစဉ်ဖျက်သိမ်းလို့ လူကြီးမင်းဆိုင်တွေကို လူအုပ်ကြီးက တိုက်ခိုက် (ရုပ်/သံ) ဆမ်ဆောင်းဖုန်း ဈေးလျှော့ရောင်းမယ့် အစီအစဉ်ဖျက်သိမ်းလို့ လူကြီးမင်းဆိုင်တွေကို လူအုပ်ကြီးက တိုက်ခိုက် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 20:54 Rating: 5

11 comments:

Skyman said...

လူကြီးမင်းဆိုတဲ့ဆိုင်နာမည်နဲ့မလိုက်အောင် လူကြီးလူကောင်းမဆန်တဲ့လုပ်ရပ်နှင့် ပြောပြီးသားစကားမတည်တဲ့ဒီဆိုင်မျိုး ဝယ်ယူအားပေးဖို့မသင့်ကြောင်းကို သစ်ထူးလွင်မှတစ်ဆင့် customer များကိုတိုက်တွန်းနှိုးဆော်အပ်ပါသည်

aungmyinttun said...

အလကားစတန့်ထွင်နေတာ ဖင်မနိုင်ပဲနဲ့ ပဲကြီးစားသလိုမျိုး ခွေးမသားတွေ မရောင်းနိုင်ရင်မကျော်ငြာနဲ့ပေါ့ ဘာလို့ ပြည်သူလူထုကို လှည့်စားရတာလဲ ဆိုင်ပါ အမြစ်ပြုတ်အောင်ရိုက်ချိုးပစ်လိုက်ကွာ ဒါသက်သက်မဲံ့တခြားဆိုင်တွေကိုကော လူတွေကိုပါစော်ကားတာ ..

Maung Hman said...

ကောင်းတယ်..အဲဒီလို ပြည်သူလူထုကို လိမ်ချင်တဲ့ ကောင်တွေ အဲသလို ခံရမှ ကောင်းတယ်

Anonymous said...

Marketing လုပ်တာလား? ပြည်သူကိုမလိမ်နဲ့။ လူကြီးမင်းသူဌေး ရန်နိုင် စိုးမြင့်လူလိမ်။

Mee Mee said...

လူတွေရဲ့လောဘနဲ့ မောဟတွေကို လူကြီးမင်းဆိုင်က ဘယ်လိုပြန်ဖြေရှင်းပေးမလဲမသိဘူးနော်

Anonymous said...

ခိခိ.......မဟုတ်ဘဲနဲ.ကြော်ငြာတာကိုးးးး

meme said...

မြန်မာပြည်မှာ အဲလိုမျိုးတွေလုပ်လို့ ရနေသေးတာကိုး...
အစိုးရအနေနဲ့  ပြင်းထန်စွာအရေးယူသင့်ပါတယ်
နိုင်ငံတကာမှာ ပြည်သူလူထုကိုလိမ်တာ ..အရေးယူနေပါပြီ

aristhteinwin said...

ဒီလုပ်ရပ် ကို အပြည့်အ၀ ထောက်ခံပါတယ်။ မရောင်းနိုင်လျှင် အစကထဲက မကြေငြာနဲ့ ပေါ့ ဗျာ- ကြေငြာထားလို့ အလုပ်အပျက်ခံပြီး စောစောစီး လာရောက် စောင့်ဆိုင်းနေရတာ ဒီလို လုပ်တာ နဲတောင် နဲပါသေးတယ်- နောင်လဲ ချဗျာ- အားပေးတယ်။

Unknown said...

အခြားလူကြီးမင်းများလည်းသင် ခန်းစာယူကြပါ။စကားကိုထိန်းထိန်းသိမ်းသိမ်းပြောဖို့ နဲ့ ကိုယ့် စကားကိုယ်တာဝန်ယူဖို့ အလွန်အ ရေးကြီးပါတယ်။

jon said...

နဲတောင်နဲသေးတယ် ဘယ်သူကသူကိုရှေပြီးရောင်းခိုင်းတာမိုလို့ လဲ

ငပြောကြီး said...

မဆန်းပါဘူးဗျာ၊ လောဘသမားတွေကို ၀ိသမလောဘသမားက လိမ်လည် လှည့်စားမှုသာ ဖြစ်ပါတယ်။

Powered by Blogger.