အုပ်စုဖွဲ့ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်းခြင်း မင်းမဲ့ စရိုက် ဆန်ဆန် ရမ်းကားမှုများ မဖြစ်ပွါး စေရေးအတွက် စီမံချက်ချ ဆောင်ရွက် နေခြင်းမှ စည်းကမ်းမဲ့ ပြိုင်ကား (၄)စီးအား နိုဝင်ဘာလ(၃)ရက်နေ့ (၃-၁၁-၂၀၁၂) ညဦးပိုင်မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အထူးစီမံချက် အဖွဲ့ များမှ ပြိုင်ကား(၄)စီးအား ထိန်းသိမ်းရရှိ ခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။ -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၃)ရက်နေ့  ညဦးပိုင်မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အထူးစီမံချက် အဖွဲ့ များမှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ပြိုင်ကား(၄)စီးအား တွေ့ ရစဉ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၃)ရက်နေ့  ညဦးပိုင်မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အထူးစီမံချက် အဖွဲ့ များမှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ပြိုင်ကား(၄)စီးအား တွေ့ ရစဉ်။
စည်းကမ်းမဲ့ ပြိုင်ကား (၄)စီးအား ထိန်းသိမ်းရမိ
Reviewed by သစ်ထူးလွင်
on
16:54
Rating:
11 comments:
ပြည်သူလူထုအေးချမ်းစွာသွားလာနေထိုင်ရေးအတွက်အရာရာတိုင်းသတိနဲ့လက်ဦးမှုရယူ
ထားတာအကောင်းဆုံးပါ
တကယ်လုပ်ရင်တကယ်ဖြစ်တယ်၊တရားဥဒေစိုးမိုးရေးကိုထိထိရောက်ရောက်ဆောင်ရွက်
ကြည့်ပါခေါင်းတောင်ဖေါ်ရဲမှာမဟုတ်ဖူး အခုလောက်ဆိုပြိုင်ကားတွေဂိုဒေါင်ထဲရောက်နေ
လောက်ပြီ။
အုပ်စုဖွဲ့ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်းခြင်း မင်းမဲ့ စရိုက် ဆန်ဆန် ရမ်းကားမှုများဆိုတာ ပိုက်ဆံတွေပေါနေတဲ့ ဗိုလ်ချုပ်၊ဝန်ကြီး၊ခရိုနီတွေရဲ့ သားသမီးတွေဘဲ လုပ်နေတာလေ။
အခုမှသောင်းကျန်းနေတာ မဟုတ်ဘူး၊နှစ်နဲ့ချီနေပြီ။အစောကြီး
ကတည်းက အရေးယူရမှာ။ဗိုလ်ချုပ်၊ဝန်ကြီး၊ခရိုနီတွေရဲ့ သားသမီးတွေမို့လို့ အလုပ်ပြုတ်မှာကိုကြောက်ပြီး နောက်ရက်တွေမှာ ပြန်လွှတ်
ပေးလိုက်ရင်တော့ ယာဉ်တိုက်မှု၊မင်းမဲ့ စရိုက်
ဆန်ဆန် ရမ်းကားမှု၊အုပ်စုဖွဲ့ရိုက်နှက်မှုတွေက နည်းပါးလာမှာ မဟုတ်ဘူး၊ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူဖို့ လိုပါတယ်။
နိုဝင်ဘာလ(၃)ရက်နေ့ (၃-၁၁-၂၀၁၂)ညနက်ပိုင်းမှာဖမ်းတာပါ။ စည်းမဲ့ကမ်းမဲ့ထက်စာရင် စီမံချက်နဲ့ဖမ်းတာပါ။ အမှန်ပြစ်မှူ့ကြူးလွန်နေတဲ့ကားတွေမဟုတ်ပါဘူး။ ပြိုင်ကားစီးသူတိုင်းက အတိုက်ခိုက် ပြောဆိုမှူ့များခံနေရတာပါ။ ပြိုင်ကားစီးပြီးပြသနာရှာတဲ့သူတွေတော့ရှိတာဝင်ခံပါတယ်။ ဒါပေမဲ့ပြိုင်ကားစီးတာအပြစ်မရှိပါဘူး အပြစ်ရှိတာပြသနာရှာနေသူများပါ။ :)
အော်းးးး သတိဘဲပေးတာပေါ့
ကားပိုင်ရှင်မရှိဘူးလား ဖမ်းပြီးပြန်ပေးလို့ရလား တစ်ယောက်တကြိမ်မှားနေရင် တန်ုင်ငံလုးံ တကြိမ်စီမှားကြရမလား လူးကြီးသားသမီး မို့လို့မဖမ်းရ ဥပဒေ ရှိပါသလား တရားဥပဒေ စိုးမီုးပါတယ်
အာဏာရှင်စနစ် ငွေရှင် စနစ် မပျောက်သေးပါ စစ်ယူနီဖေါင်းအောက်ကမလွှတ်သေးပါ ဘယ်သူဘာဘဲလုပ်လုပ် ဒီဘူတာဘဲပြန်လာတာပါ
ဘယ်သူတွေနဲ့ ပတ်သက်နေလို့ ခံဝန် နဲ့ လွှတ်လိုက်တာလဲ စံပြဖြစ်အောင် အရေးယူ ဆောင်ရွက်သင့်တယ်
ပြိုင်ကားစီး စည်းမဲ့ ကမ်းမဲ့  မောင်နှင်တော့ ပညာပေးလိုက်သတဲ့- ဆိုက္ကားသမားတို့ -တက္ကစီသမားတို့  တခါတရံ မီးပွိုင့်မီးနီစဉ် ဖြတ်သမ်းမောင်နှင်တာတို့ -ဘာတို့ ကျတော့ ဒဏ်ငွေ နစ်နေအောင် ရိုက်ထည့်လိုက်တာဗျာ- မရိုက်ရ မဟုတ်ပါဘူး-ဥပဒေချိုးဖေါက်ရင် ဥပဒေနဲ့ အညီ ကျောသား ရင်သားမခွဲခြားဘဲ တန်းတူ အပြစ်ပေး အရေးယူမှ တရားဥပဒေ စိုးမိုးမှူရှိပေလိမ့်မည်။။
သြော့့်  ဥပဒေ အထက်မှာ ပြိုင်ကားတွေ ရှိတာကိုး ။
ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး...မရှိစေရဘူး ..လို့
ကြားရတာ နှစ်ကြိမ်နှစ်ခါ တောင်ရှိ ခဲ့ပါပြီ....။
တပ်မတော်မှ ရာထူးကြီးကြီး လူကြီးတစ်ယောက် ထိန်းသိမ်း ခံရစဉ် က တစ်ခါ...၊တပ်မတော်မှရာထူးကြီးကြီး လူကြီး
အဖွဲ့ ဖြုတ်ပစ်စဉ်ကတစ်ခါ...။
ပြည့်သူ့ဝန်ထမ်း...မြန်မာနိုင်ငံ ရဲ ကလေး များကိုလည်း....
ကိုယ်ချင်းစာမိပါတယ်...။တာဝန် နဲ့ ထမင်းအိုး လဲ ရဲ လောက်
အောင်မစွန့်လွှတ်၊ မစွန့်စားရဲဘူးဆိုတာ။
ဒါပေမယ့်လည်း..ဥပဒေအထက် ကိုယ်ယောင်ဖျောက်ပြီး
တစ်ယေက်ယောက်ရှိလို့ရှိညား တွေးကာ ကြောက်မိတယ်..။
အင်း....ပြောရမှာတော့အတော်ခက်တယ်ဗျာ...ဘာမဟုတ်တဲ့အဌားယာဉ်တွေကြတော့ ပေးလိုက်တဲ့ပြစ်ဒဏ်တွေ(ကျပ်ငွေ)ယခုလိုနိုင်ငံတော်ကိုမလေးစားတဲ့လူတစ်ချို.ကိုကျတော့....ဟုတ်ကဲ့ပါခင်ဗျလို.တောင်းပန်ပြီးပြန်လွှတ်လိုက်ရတယ်မလား။
Post a Comment