ဖွံ့ဖြိုးရေးကောလိပ် မန္တလေး ပြန်ရွှေ့မယ်

တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးကျောင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ လို့ သိရပါတယ်။

စစ်ကိုင်း ရွာသစ်ကြီး ကို ပြောင်းရွှေ့ ခဲ့ရတဲ့ ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား ၆ဝဝ က ရွာသစ်ကြီး မှာ မနေချင်လို့ မန္တလေး ကျောင်းကို ချီတက် ဆန္ဒပြလို့ စနေနေ့ နေ့ခင်းက နယ်စပ် ဖွံ့ဖြိုးရေး ဝန်ကြီး ဦးသိန်းဌေးက လာတွေ့ပြီး မန္ဒလေးကျောင်း ပြန်ပြောင်း နိုင်ကြောင်း ကတိပေးတယ် လို့ ဆန္ဒပြ ကျောင်းသားတွေ က ပြောပါတယ်။

အရင်က ဆန္ဒပြ ကျောင်းသား တွေရဲ့ မိဘ တွေ ကို ကျောင်းသား တွေ ကို ပြန်ခေါ်ဖို့ ဖိအားပေးတာ တွေ ရှိခဲ့ပါတယ်။

အခုတော့ မကြာခင် ကာလ အတွင်း ကျောင်းပြန်ပြောင်း ဖို့ ဖြေရှင်း ပေးမယ် လို့ ၀န်ကြီးက ပြောခဲ့ပြီး ကျောင်းသား တွေ အရင်နေခဲ့တဲ့ မန္တလေး က တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းဆောင် တွေ မှာ နေလို့ ရသွားပါတယ်။

ကျောင်းသားတွေ ဘက်ကလည်း ကျောင်းဆောင် ကနေ ဘယ်မှ မသွားဘဲ ငြိမ်းချမ်းစွာ နေဖို့ ကတိပေး ခဲ့တယ် လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စစ်ကိုင်း ကနေ မန္တလေး ကို ပြန်လမ်းလျှောက် ဆန္ဒပြ နေတဲ့ ကျောင်းသားတွေ


ဖွံ့ဖြိုးရေးကောလိပ် မန္တလေး ပြန်ရွှေ့မယ် ဖွံ့ဖြိုးရေးကောလိပ် မန္တလေး ပြန်ရွှေ့မယ် Reviewed by သစ်ထူးလွင် on 14:56 Rating: 5

No comments:

Powered by Blogger.