ဘက်စ်ကားစီးခရီးသည်များ သတိထားသင့်

ယနေ့ နေ့လည် တစ်နာရီ ၀န်းကျင်ခန့်တွင် သာကေတမှ မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ်တွင် ခရီးသည် တစ်ဦး၏ ပိုက်ဆံအိတ် ပျောက်ဆုံးခဲ့သည့် အတွက် ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်းသို့ မောင်းနှင်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။

“ လမ်းမှာဆင်းတာက အများကြီးပဲလေ။ ဘယ်အချိန် ကပျောက်နေ မှန်းလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တာဝန်အရ စခန်းပဲမောင်းရတာပဲ” ဟု ၄င်းကားမှ ယာဉ်နောက်လိုက်က ပြောသည်။ ယခုကဲ့သို့ ဘက်စ်ကားပေါ်တွင် အလစ်သုတ် ခါးပိုက်နှိုက်မှုများ မကြာခဏ ကြုံတွေ့ ရသဖြင့် သတိပြုရန် သတိပေးစာများ ကပ်ထားသော်လည်း ခရီးသည်များ အနေဖြင့် ဂရုစိုက်မှုအားနည်း ကြောင်း၊ အထူးသဖြင့် လကုန်ရက်များ တွင် ပို၍ အဖြစ်များပြီး ခါးပိုက်နှိုက်များမှ လူကျပ်တတ်သည့် ယာဉ်လိုင်းများ
ပေါ်တွင် အများဆုံး ကျင်လည်ကျက်စား တတ်ကြကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ - AKS
Popular Myanmar News Journal



ဘက်စ်ကားစီးခရီးသည်များ သတိထားသင့် ဘက်စ်ကားစီးခရီးသည်များ သတိထားသင့် Reviewed by သစ်ထူးလွင် on 20:07 Rating: 5

3 comments:

ချိုလေးဇွန် said...

ခါးပိုက်နှိုက်ကအနည်းစု ဖြစ်ပါတယ်။ ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့် ဘတ်စ်ကားစီးပြည်သူများလက်တွဲပြီး ဖော်ထုတ်ပါကအောင်မြင်နိုင်ပါတယ်။

shwe man thar said...

ကားသစ်တွေသွင်း။

စီးနိုင်သူတွေဘာကားစီး၇မလဲေ၇ွး၇င်းစိတ်၇ှုပ်ကြ။

အခြေခံလူတန်းစားအတွက်ဘတ်စကားတွေကဒုံ၇င်း။

driver said...

ပုဒ်မ ၃၇၉(နှိုက်)ကရဲစခန်းတွေမှာ မထင်ရှားတာကြာခြဲ့ပီ ပြည်သူတွေကလည်း ဖြစ်လာရင် တန်ဖိုးထက် လက်ခ ကြီးလို့မတိုင်ကြတော့ရဲတွေလဲ မေ့နေလောက်ရောပေါ့ ဒါကြောင့် ခါးပိုက်နှိုက်လောက လူမသိ သူမသိ ကြီးထွားလာတာ..
“ငါတော့ဘယ်ကားပေါ်မှာ ဘယ်လောက်ပါသွားပြီ” ဆိုတာ အိမ်/၇ပ်ကွက်ရောက် မှပြောကြတယ် ရဲစခန်းမှာတော့ အလုပ်ရှုပ်/အချိန်ကုန် တယ်ဆိုပြီး အမှု့မဖွင့်ကြဘူး(များသောအားဖြင် တန်ဘိုးနဲရင်) ခါးပိုက်နှိုက်တွေကို အခွင့်အရေးပေးသလိုဖြစ်နေတယ်..
လှိုင်သာယာ စက်မှု့စုန်က အထည်ချုပ် အလုပ်သမတွေဆို တလလုံးပင်ပန်းခံ လုပ်ခဲ့တဲ့လစာလေးတွေ လစာထုတ်မှ ခါးပိုက်နှိုက်ခံရလို မျက်ရည်စမ်းစမ်းနဲ့ အိမ်ပြန်လာရတဲ့သူတွေ ခဏခဏကြုံတွေ့ ရတယ် ၊ဒီကောင်တွေကလည်း သူတို့ကိုဒုက္ခပြန်မပေး
နိုင်တဲ့ အခြေနေရှိသူကို ရွေးလုပ်တတ်တယ် ဒါကြောင့်မို့ခါးပိုက်နှိုက်ခံရလျှင် တန်းဘိုးနဲသည်ဖြစ်စေ များသည်ဖြစ်စေ
ရဲစခန်းမှာ အမှု့ဖွင့်တိုင်ကြားသင့်ပါတယ် ရဲတပ်ဖွဲ့အနေဖြင့်လည်း ခါးပိုက်နှိုက် စီမံချက်ကို ကာလတိုမျိုးဆောင်ရွက်ခြင်း မဟုတ်ဘဲ အရည်အချင်းပြည့်ဝသော တပ်ဖွဲ့ဝင်များနှင့် အမြဲမပြတ်ဆောင်ရွက်သင့်ပါတယ်

Powered by Blogger.