စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည် နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူ စံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန်က စင်ကာပူ၌ ဆေးကုသ ခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြု ပြောကြားခဲ့ပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ- Eleven Media Group |
အဆိုတော် ခင်မောင်တိုး ကွယ်လွန်
Reviewed by သစ်ထူးလွင်
on
10:46
Rating:
23 comments:
ကျွန်တော် အရမ်းတန်ဖိုးထား မြတ်နိုး လေစားခဲ့ရတဲ့
ကိုတိုးကြီး ကောင်းရာ သုဂတိ လားပါစေ။
ဂီတတစ်ခုကိုမွေးဖွားပေးနိုင်ခဲ့တဲ့ကိုတိုးကြီးကိုအမြဲအမှတ်တရဖြစ်နေမှာပါ။တစ်ခါက ချင်းချောင်းခြံမောင်လှမျိုးရဲ့စာအုပ်တစ်အုပ်ရဲ့ နောက်ဆုံးနေရာလေးမှာစာ
စာတစ်ပိုဒ်ဖတ်ခဲ့ရဖူးတယ်။ သူ့ဘ၀မှာကော်ဖီတစ်ခွက်ရယ်၊ဆေးလိပ်တစ်လိပ်
ရယ်၊ကိုခင်မောင်တိုးရဲ့သီချင်းတစ်ပုဒ်ရယ် ရှိနေရင်ပြည့်စုံပြီတဲ့။ကျွန်တော့်အ
တွက်ကတော့ကိုတိုးကြီးရဲ့တေးသီချင်းပေါင်းများစွာဟာ မိတ်ဆွေတစ်ယောက်၊အားပေးသူတစ်ဦး၊ခွန်အားများစွာကိုပေးစွမ်းခဲ့သူတစ်
ဖြစ်ပေါ့ တကယ်ကိုနှမျောခဲ့ပါတယ်၊တကယ်ကိုလည်းအမှတ်တရတွေချန်
ထားနိုင်ခဲ့သူလို့ဆိုချင်ပါတယ်၊ ကိုတိုးကြီးကတော့ဘ၀ဆိုတာရဲ့အကြောင်း
ကိုသိရှိသူကိုယ်တိုင်သိရှိသွားခဲ့သလိုဂီတနဲ့တစ်မျိုး၊ဘ၀နဲ့ရင်းပြီးတော့တစ်ဖုံ
ပြသသွားခဲ့ပါပြီ။ကျွန်တော်တို့ကရော........
ကိုတိုးကြီးရဲ့ ပရိတ်သတ် တဦးအနေဖြင့် မိသားစု အပေါင်း
အသင်း သူငယ်ချင်း များနှင့် အတူ ထပ်တူ ထပ်မျှ ခံစား
ရပါသည်။
စိတ်မကောင်းလိုက်တာဗျာ..ပညာရှင်တစ်ယောက်ဆုံးရှံးသွားတာ ပဲ..ကိုခင်မောင်တိုးတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ....
စိတ်မကောင်းပါဘူး ကိုတိုးကြီးရယ်။ကိုတိုးကြီးတစ်ယောက် ကောင်းရာသူဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ ။ ကိုတိုးကြီးရဲ့ သီချင်းသံစဉ်တွေနဲ့ အတူ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ကိုတိုးကြီးလည်းအမှတ်တရ ရှိနေမှာပါ။
ကောင်းရာသုဂတိလားပါစေ.......ဝမ်းနဲခြင်းများစွာဖြင့်.........
ကိုတိုးကြီးတို့မှာ သားခြင်းမောင်နှမ တစ်ဆယ့်သုံးဦး တိတိရှိပါတယ်...သူက တတိယမြောက်သားပါ။ 2010 ဒီဇင်ဘာကိုးရက် အီလဲဗင်းမှာပါတာပါ..ခုက သုံးယောက်ဖြစ်သွားပြန်ရော...။
သင်္ခါရ သဘောဆိုပေမဲ့ အလွန်ဘဲဝမ်းနည်းမိပါတယ်...
ကိုတိုးကြီး ကောင်းရာသုဂတိရောက်ပါစေ။
ကိုတိုးကြီး ရောက်လေရာ ဘုံဘ၀မှာ သီချင်းတွေနဲ့လူအဖြစ် ပျော်ရွင်နိုင်ပါစေ...
များစွာ နှမြောတသ.. စိတ်မကောင်း ဖြစ်ရပါတယ်..
ဦးခင်မောင်တိုး ကွယ်လွန်သွားတဲ့အတွက်မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါတယ်
အရမ်းဘဲဝမ်းနည်းမိပါတယ် ကိုတိုးကြီး ကိုထီး ကိုဌက် တို့လိုအရေအချင်းပါရမီရှိတဲ့လူတွေသေမယ့်အစား ပိုက်ဆံရှိပြီးအရည်အချင်းမရှိ အသံကလဲစုတ်ပြတ်သတ်နေတဲ့အဆိုတော်တွေ သေပေးလိုက်ကြပါလား။
ကိုတိုးကြီးရဲ့ အသံတွေ ထာဝရ ပြန့်လွင့်နေမှာပါ။ကိုတိုး ကောင်းရာသုဂတိ ရောက်ပါစေ။
အရမ်းနှမြောမိပါတယ် ကိုတိုးကြီး ကိုထီး ကိုဌက်တို့သေမယ့်အစား ပိုက်ဆံပေါပြီးတစ်နှစ်ကိုသုံးလေးခွေလောက်ထွက်နေတဲ့အဆိုတော်တွေသေပေးလိုက်ကြပါလား။
ဆည်းလည်းလေးများ လှူပ်ခတ်ရိုက်သံတွေကိုကြားရောင်နေမှာပါ။
ကိုတိုးကွယ်လွန်ကြောင်းသိရတဲ့အတွက်မိသားစုနှင့်ထပ်တူကြေ ကွဲဝမ်းနည်းရပါတယ်။ကိုတိုးတစ်ယောက်ကောင်းရာသုဂတိလားပါစေ။
ဂီတလောကအတွက်အ၀မ်းနည်းဆုံးပါဘဲ။
ကြိုးကြာသံနဲ့ လူတယောက်ကိုဝမ်းနည်စွာပဲနူတ်ဆက်လိုက်ပါတယ်၊ကောင်မွန်သောနေရာမှာကောင်မွန်သောအသံနဲ့ ကောင်းမွန်စွာသီကြူးနေရင်းဖြစ်လေရာဘဝအဆက်ဆက်ပျော်ရွင်စွာသံသရာပျက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ကိုတိုးကြီးရေ့ 
ကြွေလွင့်ပြန်ပီ
နောက်တပွင့်
ဦးတိုးကြီး ကောင်ရာသုဂတိ ရောက်ပါစေ။
ခေါင်းလောင်းထိုးသံသဲ့သဲ့လေးကြားနေတယ်
ကိုခင်မောင်တိုး လောက အတွက် သီးချင်းတွေ နဲ့ တာဝန် ကျေခဲ့ပါပြီ
ခရမ်းရောင်ပန်းတွေမြင်တိုင်း အမြဲသတိရနေမှာပါ သံသရာမှာ သီချင်းတွေနဲ့အမြဲ ပျော်ရွှင်နိုင်ပါစေ
Post a Comment