အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ

ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း စည်းကမ်းမဲ့ မောင်းနှင်မှုများ၊ မလိုလား အပ်သော ရမ်းကားမှု ဖြစ်စဉ်များ မဖြစ်ပွားရေး အတွက် အထူးစီမံချက်အဖွဲ့မှ ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း သိရပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက်ပိုင်း၌ ခရိုင်မှူးများ ဦးစီးသည့်‌  မီးတန်းယာဉ် အုပ်စုများဖြင့်‌ အချက်  အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ၊ ရပ်ကင်း လှည့်‌ကင်းများ ပြုလုပ်ခဲ့ ရာတွင် ပြိုင်ကား (၂)စီး နှင့်‌ မဝင်ရနယ်မြေတွင်  ဝင်ရောက်မောင်း နှင်သည့်‌  ဆိုင်ကယ်(၂)စီးတို့အား ဖမ်းဆီး ရမိပြီး  ကညန မှတ်တမ်းဝင် ယာဉ်များ  ဟုတ်/မဟုတ် စိစစ် ဆောင်ရွက်လျက်ရှိ ကြောင်း  Myanmar News Now မှ သတင်းရရှိပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက်ပိုင်း အထူးစီမံချက်အဖွဲ့မှ အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။


အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ Reviewed by သစ်ထူးလွင် on 09:58 Rating: 5

7 comments:

Unknown said...

ဘာဖြစ်တာလည်း ? ဘာပြစ်မူတွေကျူးလွန်လိုလည်း?
ဥပဒေအထက်က လူတွေမိုလိုလား? ပြည်သူလူထု တိတိကျကျသိအောင်ပြောလို့ မရဘူးလား?
ထိုင်းမှာ ဖာရာရီ ကားနဲ့ ရမ်းကားတာကိုဖော်ပြသလို လုပ်ရင် ပိုထိရောက်မယ်ထင်တယ်

san san said...

ပြိုင်ကားမောင်းတာ လူ့မလိုင်တွေ လေ။ကောင်းပါတယ်။စောစော အနားယူနိုင်တာပေါ့

ပန်းလေပြေ said...

ရဲတပ်ဖွဲ့မှာ Spike တွေဆောင်ထားဖို့လိုပြီဗျာ။ ပြီးတော့ ပြိုင်ကားတွေကို ယှဉ်မောင်းနိုင်တဲ့ ရဲကားတွေလည်း ရှိဖို့လိုပြီ....

chitthu said...

ဘယ်လောက်ကြာကြာလုပ်နိုင်မလဲတော့ မသိဘူး။ လုပ်ပြနေပြန်ပြီ။ တရားဥပဒေစိုးမိုးမှုမရှိဘာ ဘယ်လောက်ကြာပြီလဲဆိုတာကို ပြနေတာပဲ။

မျီုး ချစ် said...

ဖမ်းပြီးလွှတ်ပေးဦးမှာဘဲလား ( လူကြီးသား ဒါမှမဟုတ် သူငှေးကြီးသားမို့လို့) ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးလိုက်တယ်ဆိုပြီး လူစားဝင်ပြီး ထောင်ကျခံနေတာ တပုံကြီးဘဲ အမှန်ဖြစ်စေချင်ပါတယ်။

Thar Kyaw @Taunggyi said...

ပညာပေးပြီးပဲ ပြန်လွတ်ရမှာပဲ။ ဒီလူတန်းစားက လူမလိုင်တွေ။ အလေးတောင်ပြုနေရအုံးမယ်။ ဒါလဲ စီးပွားရှာနေတာ ပဲလား

ဗမာပြည်သား said...

လူတွေမပြောင်းလဲမူတွေတော့ပြောင်းပေးကြပါ။

Powered by Blogger.