သမ္မတ အိုဘားမား နှာတဖျား သာနေ

မစ်ချီဂန် နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ သမ္မတ အိုဘားမား အနိုင်ရသွား
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေးမှုတွေ ပြည်နယ် အများစုမှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

စစ်တမ်းတွေအရနဲ့ တခိျု့တဝက် ရေတွက်ပြီး ရလဒ်တွေ အရ ကတော့ သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် မစ်တ်ရွမ်နီ တို့ဟာ ဘယ်သူကမှ ပြတ်ပြတ် သားသား အနိုင်ရတာမျိုး မရှိသေးပါဘူး။

မစ်တ် ရွမ်နီ အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့ မစ်ချီဂန် နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ သမ္မတ အိုဘားမား အနိုင်ရသွားတယ်လို့ ဆိုပါတယ်။

ရှေးရိုးစွဲတွေ ပိုများတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာတော့ ထုံးစံ အတိုင်း ရီပါဘလစ်ကန်က မစ်တ် ရွမ်နီ အနိုင်ရနေပုံ ပေါ်ပါတယ်။

ဒါပေမယ့်လို့ အလွန်တရာမှာ အရေးကြီးလှတဲ့၊ ဘယ်သူ့ဘက်ကိုမှ ထောက်ခံမှု မများတဲ့ swing states တွေမှာတော့ ဘယ်သူ နိုင်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

ဒီနှစ်မှာ မဲဆန္ဒရှင် အများအပြား လာရောက်မဲ ပေးကြရာ၊ သတင်းထောက်တွေရဲ့ ယေဘုယျ ခန့်မှန်းချက် အရ ကတော့ ဒီမိုကရက် အိုဘားမားကို ထောက်ခံသူ များတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
သမ္မတ အိုဘားမား နှာတဖျား သာနေ သမ္မတ အိုဘားမား နှာတဖျား သာနေ Reviewed by သစ်ထူးလွင် on 10:40 Rating: 5

1 comment:

Unknown said...

နိုင်သူကိုရူံးသူကကျေနပ်စွာလက်ခံပုံကို ကျွန်တော်တို့ များစွာ အတုယူဖို့ လိုပါတယ်၊တိုင်းပြည်ကိုကောင်းအောင်လုတ်ဆောင်ကြမယ့် သူအချင်းချင်း ဘာမှအမုန်းပွားနေစရာမရှိပါဘူး၊ငါလုတ်မှကောင်းမယ်ဆိုတဲ့စိတ်ဟာအိုင်ထဲကဖားစိတ်ပါ၊ တပ်သိနားလည်တဲ့လူငယ်ခေါင်းဆောင်တွေကိုလဲအနာဂတ်အတွက်တာဝန်ပေးကြည့်သင့်ပါတယ်။

Powered by Blogger.