မန္တလေး၊အောက်တိုဘာ-၃၁
မန္တလေးမြို့တွင် ဗြောက် မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိုးကြိတ် ခံရသည့် ဖြစ်ရပ် တစ်ခု သီတင်းကျွတ် လပြည့်ညက ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
သီတင်းကျွတ် လပြည့်ည ၈ နာရီခွဲ အချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေ လှည့်ကင်းအဖွဲ့ ကင်းလှည့်စဉ် မန္တလေးမြို့၊ အောင်မြေ သာစံမြို့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက်တွင် ဗြောက်အိုးပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကားမပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/၃၃၃ ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ရပ်ရွာလုံခြုံရေးအပေါ် ထိခိုက်မှုရှိနိုင်သဖြင့် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရောင်းဝယ်ခြင်း မပြုရန် မန္တလေးတိုင်းအစိုးရအဖွဲ့မှ တားမြစ်ထားကာ တားမြစ်ချက်ကို မလိုက်နာသူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်မှ တရားလိုပြုလုပ်ကာ တရားဝင်ကြေညာချက်ကို ဆန့်ကျင်သည့် ပြစ်မှုပုဒ်မ-၁၈၈ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးငြိမ်းကပြောသည်။
လက်ထဲတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ့လျှင် ရောင်းသူ၊ ၀ယ်သူ၊ ပစ်ဖောက်သူ မည်သူကိုမဆို ဖမ်းဆီးအရေးယူနေကြောင်း ၄င်းကပြောသည်။
ရဲမှူးစိုးငြိမ်းက "ပင်ရင်းရောင်းတဲ့ဆိုင်တွေကို အဓိကဖမ်းချင်ပါတယ်။ သတင်းပေးတိုင်ကြားကြပါ"ဟု ပြောသည်။
မန္တလေးမြို့ပေါ်တွင် ဗြောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူများကို ဖမ်းဆီးအရေးယူမှုအနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ၄ မှု၊ ၂၉ ရက်တွင် ၉ မှု၊ ၃၀ ရက်တွင် ၁၈ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ လာမည့် တန်ဆောင်တိုင်ကာလ၊ ခရစ်စမတ်ကာလတွင်လည်း တင်းကြပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲမှူးစိုးငြိမ်းကပြောသည်။
ဖမ်းဆီးရမိသော ဗြောက်အိုး၊ မီးရှူးမီးပန်းများမှာ တရုတ်နိုင်ငံလုပ်များ အများဆုံးဖြစ်ပြီး ဗြောက်အိုးတစ်ခုချင်းစီ၏ တန်ဖိုးမှာ ကျပ်ရာဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ တန်ကြေးရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
7Day News Journal

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ
Reviewed by သစ်ထူးလွင်
on
14:28
Rating:
13 comments:
လူများစုဖြစ်တဲ့ပြည်သူတွေကလူနည်းစုဖြစ်တဲ့ဝန်ထမ်း
တွေအားအနိုင်မကျင့်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ရဲက ပြန်အထိုးခံရတယ်တဲ့
စကားတောင် မပြောနိုင်တော့ဘူးတဲ့
ဘယ်လိုကြီးလဲ
ရဲကိုတောင်ကို ပြန်ထိုးတယ်ဆိုတော့ ဒီကောင်က ရဲထက်အဆင့်မြင့်တဲ့အရာရှိတွေနဲ့ နီးစပ်နေသလား-ဒါမှ မဟုတ်- မူးရစ်ဆေးစွဲပြီး ဆေးကြောင်နေတာလား- ဒါမျိုးကျတော့ အစိုးရ လုပ်ရပ်ကို ကြိုဆိုပါတယ်။ ထိထိရောက်ရောက် အရေးယူပါ။
အေး... တရုပ်နှစ်ကူးကြရင်လဲ မဖေါက်စေနဲ့။ ဥပဒေကလူတိုင်း တမ်းတူညီမျှ ရှိပါစေ။
သိချင်လည်းသူတို့ မသိချင်လည်းသူတို့ပဲ..ဘယ်နားမှာဗျောက်ရောင်းတယ်ဆိုတာကလေးတောင်သိတယ်..
ဗြောက်ဖေါက်တာဘာဖြစ်လဲ
မြို့ရွာရပ်ကွက်လုံခြုံရေးကိုရဲနဲ့ဒေသခံတွေတာဝန်ယူရမှာပဲသီတင်းကျွတ် ၃ ရက်ကိုတော့ခွင့်ပြုသင့်ပါတယ်
ရဲတွေကဥပဒေအရဆိုပြီးတော့ မြင်လိုက် မမြင်လိုက်လုပ်နေတော့ဘယ်ပြည်သူကလေးစားမှာလဲ
လေးစားမှုလိုချင်ရင် ကိုယ်တိုင်ကမှန်ကန်ဖို့လိုပါတယ်
ရဲဆိုတာက ဥပဒေကို လက်တစ်လုံးခြားလုပ်တဲ့အဖွဲ့တွေပါ။ပင်ရင်းနေရာတွေကိုသူတို့ကောင်းကောင်းကြီးသိနေပါလျက်နဲ့သတင်းပေးခိုင်းနေတယ်။ရယ်ရတယ်ဟား ဟား ဟား ဟီး ဟီး ဟီး ဟား ဟား ဟီး ဟီး ဟားဟားဟီး;;;;
ထားဝယ်သားဖိုးဖိုး...
(ဗြောက်ဖေါက်တာဘာဖြစ်လဲ
မြို့ရွာရပ်ကွက်လုံခြုံရေးကိုရဲနဲ့ဒေသခံတွေတာဝန်ယူရမှာပဲသီးတင်းကျွတ် ၃
ရက်ကိုတော့ခွင့်ပြုသင့်ပါတယ်..)
ကလေးဘ၀ကအရမ်းပျော်ခဲ့ပါတယ်..ဆိုးကျိုးတွေက..အသက်အရွယ်ကြီးသူတွေ/ကျမ္မာရေးမကောင်းသူတွေနဲ့ဗြောက်အိုးသံကိုထိပ်လန့်ပြီးပြေးလွှား
သူတွေ ယာဉ်အန္တရာယ်တွေ /အနှေးယာဉ် အမြန်ယာဉ် များဟန်ချက်ပျက်လို့ထိခိုက်မှု့တွေ/မီးရှုး မီးပန်းကြောင့်နားမျက်စိထိခိုက်
သူတွေရှိကြပါတယ် မြို့နယ်အလိုက်ဗျောက်အိုးဖောက်ရန် ဘောလုံးကွင်း
လိုနေရာမျိုးမှာ မီးများရောင်စုံထွန်း၍သီးသန့်စီစဉ်ပေးလျှင်ပိုကောင်းမည်ဟုထင်ပါသည်။
ဘာမှမဝေဖန်တော့ပါဘူး မှားတယ် မှန်တယ်ဆိုတာကိုတော့သိဖို့ လိုနေပြီ
ငိုစားရီစားတွေဒီတခါတကယ်ငိုပြီးမှစားရတော့မယ်
ကျွန်တော်သူငယ်ချင်း၂၀၀၇လောက်ကဗျောက်ဖောက်လို့ အမှက်၅ကရဲကန်ခံရတာအဆုတ်ကွာပြီးသေသွားတာထက်စာရင်မဆိုးသေးပါဘူး
ဗြောက်ဖောက်တာဘာဖြစ်နိုင်လဲဆိုတာ မတွေးကြည့်ဖူးဘူးလားချာတိတ်ရာ။ ဒီလိုဗြောက်သံနဲ့ရောကြိတ် ပြီးဒုစရိုက်မှုတွေ ကျူးလွန်လာနိုင်တယ်ကွ။ အများပြည်သူအထိတ်တလန့်ဖြစ်စေတယ်။ မင်း အဖိုး အဖွား အဖေ အမေ မှာ နှလုံးရောဂါရှိနေရင် ဘယ်လိုလုပ်မလဲ။ မင်းပေးတဲ့ ၃ ရက်မှာ ကေတီဗွီ အသံလုံခန်းထဲ ထည့်ထားမှ ရမယ်။ ဒီဗြောက်သံနဲ့ရောပြီး မင်းအိမ်မှာ အနုကြမ်း စီးနိုင်တယ် ။ ဒီထက်ပိုပြီးအများပြည်သူအတွက် စဉ်းစားကြည့်ပေါ့ကွာ ထားဝယ်သားဖိုးဖိုး ချာတိတ်ရေ....
နိုင်ငံတကာမှာလည်းပွဲတော်ရက်တွေဆိုဗျောက်အိုးမီးရူးမီးပန်းတွေဗောက်ကြတာပဲဒီမှာကြမှပဲ
Post a Comment