ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT ကား |
ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရသဖြင့် ကားတန်ဖိုးမှာ လျှော့နည်းမှုများရှိ သွားပါသည်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ က မန္တလေးမြို့ လမ်း ၈၀ မီနီစတိုးရှေ့တွင် ရပ်ထားသော မီနီစတိုးပိုင်ရှင်၏ FORD ကားအား လည်းကောင်း/ ၆၃ လမ်း ၃၈.၃၉ ကြားတွင် ရပ်ထားသော ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT ကားအား လည်းကောင်း နံနက်ခင်း၌ သူ၏ ကားအားကြည့်သော အခါ နောက်မှန်ကိုဖောက်၍ ကားနောက် ခန်းထဲတွင် ကျောက်ခဲ တစ်လုံးကို တွေ့ရကြောင်း ကားပိုင်ရှင် ကိုမျိုးမင်း မှ ပြောပြပါသည်။
ကိုမျိုးမင်းမှာ မှန်ဆိုင်သို့သွား၍ မှန်သွားတပ်သောအခါ မှန်ဆိုင်၏ ပြောပြချက်အရ အစ်ကို့ကားကဲ့သို့ မှန်ထုခံရ၍ လာတပ်သောကားမှာ ယနေ့တွင် ၅ စင်းခန့်ရှိကြောင်း ပြောပြ၍ မိမိကို မကျေနပ်သူများက လုပ်ခြင်းမဟုတ်ပဲ သက်သက်မဲ့ ဖျက်လို့ဖျက်ဆီးဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခြင်းဖြစ်သည်ဟု နားလည်းသိရှိလိုက်သည်၊ ဤကဲ့သို့ ပြုလုပ်ခြင်းများသည် နေ့ကြီးရက်ကြီးများတွင် အဖြစ်များသည်ဟု ကိုမျိုးမင်း က ပြောပြပါသည်။
ထိုသို့ စိတ်ဓာတ်ရေးရာ အောက်တန်းကျ၍ နိုင်ငံကြီးသား မပီသသော မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန် ဖမ်းစီး အရေးယူ ပေးစေချင်ပါသည်။ ထိုသို့ဖြစ်ပွားနေကြောင်းကို ကားပိုင်ရှင်များနှင့် မန္တလေး ရဲတပ်ဖွဲ့ဝင်များ/ နယ်မြေခံတာဝန်ရှိသူများ သိစေချင်ကြောင်း ကိုမျိုးမင်း က ပြောပါသည်။
Wai Yan Shein htet
by Myanmar News Now
မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ
Reviewed by သစ်ထူးလွင်
on
20:09
Rating:
5 comments:
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အချိန်မှာ ဒါမျိုးတွေဖြစ်နေတာ တမင် လုပ်နေသလား ထင်ရတယ်.. လူတွေစိတ်ထဲမှာ ဒီမိုကရေစီဆိုတာ ဒါမျိုးလားလို့ အထင်မှားသွားအောင် လုပ်နေသလိုဘဲ.. အရင်အစိုးရတုံးက ဒါမျိုးမရှိဘူး.. ခုမှ ဒီလို မင်းမဲ့စရိုက်ပုံစံတွေ ဖြစ်လာတယ် ဆိုပြီး လူတွေက တမျိုးတမည် ဖြစ်လာအောင် လုပ်တာ.. ကားတွေနဲ့ ဝိုင်းညှပ်ပြီး ရမ်းကားတာ.. ဆိုင်ကယ်တွေနဲ့ ရမ်းကားတာ.. တမင်လုပ်နေတာ.. စစ်အုပ်ချုပ်ရေးများ ပြန်လုပ်ချင်နေလားမသိဘူး..။
လူတွေစရိုက်အရမ်းကြမ်းလာတယ်လို့ထင်တယ်
ရန်ကုန်မှာတော့ စည်းကမ်းမဲ့တွေ နှိမ်နင်းနေပြီ။ မန္တလေး ရဲတွေ လစာယူပြီး အိပ်နေကြတာလား။ မရှက်ကြဘူးလား
ကျုံးဘေးတောင်နိုင်အောင်မထိန်းနိုင်တဲ. ၇ဲ။
မိုး၇ာသီတောင်မီးမှန်မှန်ပျက်တဲ.မိုးနတ်မင်းမယ်တော်ကြီး၇ဲ.EPC။
ဒီနေ.ထွန်း၊ မနက်ဖန်ကျွမ်းတဲ.စည်ပင်၇ဲ. LED လမ်းမီး။
အလုပ်လက်မဲ.၊ အားနေတဲ.စိတ်ဓါတ်အောက်တန်းကျလူငယ်တွေ။
Tea ဆိုင်ထက်တောင်များအောင်ဖွင်.တဲ. Beer ဆိုင်။
အားလုံးပေါင်းလိုက်တော့
ကားမှတ်တိုင်၊ဆိုင်ေ၇ှ.ဆိုင်းဘုတ်၊MCDC အမှိုက်ပုံး၊ ဘာမှမခံနိုင်။
ကားပိုင်၇ှင်တွေသတိထားကျ။
တခြားကားတွေရိုက်ခွဲခံရတာတော့ သိပ်မသိဘူး။ မီနီစတိုးက ကားရိုက်ခွဲခံရတာပတ်သတ်ပီးတော့ ထင်မြင်မိတာကတော့.....အခါကြီးရက်ကြီးတိုင်းမှာ ၄င်းစတိုးဧ။်ရောင်းအားမြင့်တင်ဖို့ အရောင်းဝန်တမ်းများနှင့်ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ vibration အမြင့်ကြီးဖြင့် (ဘေးအိမ်များတွင် တပ်ဆင်ထားသော မှန်များတုံခါလောက်သော)သီချင်းများကို အခါကြီးရက်ကြီးမတိုင်မီ ၁ ပတ်၊ ၁၀ရက် ကြို၊ ဖွင့်လေ့ရှိခြင်းကြောင့် ဟုထင်ပါသည်။
Post a Comment