ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ

ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့် အခါ ရထားပေါ်သို့ ဈေးသည် ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ် ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာ တွဲများပေါ်သို့ လူခွဲ တက်ရောက်လာပြီး ရထားထွက်သည့် အခါ ညအမြန် ရထားများ၊ နံနက်စောစောဆိုက် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ Reviewed by သစ်ထူးလွင် on 15:25 Rating: 5

3 comments:

နွယ်နီ said...

ပဲခူးဘူတာမှာလေ ငနဲသခိုးလူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ထန်းခေါက်ဖာ တလုံးနဲ့ရယ်...
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးထားတဲ့ လေးချိုးကြီးထဲက စာသားဟာ
ပဲခူးသားတွေကို ပြောတာ မဟုတ်ဘူးတဲ့.. ဆရာချစ်ဦးညိုက ရှင်းပြတယ်..
အခုတော့ တကယ်ပဲ ဖြစ်နေသလားနော်...

Unknown said...

ပဲခူးသားတွေ ဇာတိဂုဏ် မညိုးနွမ်းအောင် ဝိုင်းဝန်းဖြေရှင်းပေးကြပါ

zaylattworld said...

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် က ဒုစရိုက်သမားတွေ၊ ပြစ်မှုတွေ အားလုံးက ပဲခူးဘူတာက ပဲခူးသားများ လုပ်တယ်လို့ မပြောယုံတမယ်ပါပဲ။ တစ်ခြားဘူတာကြီးတွေက သူတွေကရော မလုပ်ကြတော့ဘူးလား။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘူတာကြီးတွေမှာ ဖြစ်တက်တဲ့ပြစ်မှုတွေပါ။

ပြောဆို ပဲခူးဘူတာကလဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ထက်ကထဲက နာမည်ပျက်နေတာ။ (ပဲခူးဘူတာမှာ..သခိုးလူညာတွေ.................။.လေးချိုး ပြန်ကြည့်) ပဲခူးဘူတာက ဒုစရိုက်သမားတွေ သောင်းကြမ်းနေတာ အစဉ်အလာလိုဖြစ်နေပြီ။ ခေတ်အဆက်ဆက် ထိထိရောက်ရောက် အရေးမယူခဲ့တဲ့ အကျိုးဆက်တွေ။ သံဇကာ ကာလဲမရ၊ စီမံချက်လုပ်လဲခဏ။ မီးရထားရဲကလဲ လုပ်ရှာပါတယ် အမှုတွေနဲသွားအောင်။ ဒါပေမဲ့ပေါ့လေ... ပျောက်မသွားတာကတော့ ရွှေသမင်ဘယ်ကထွက်ဆိုသလိုပါပဲ။ ဘာကြောင့် ပဲခူးဘူတာက ဒုစရိုက်သမားတွေ သက်ဇိုးရှည်နေသလဲဆိုတာကတော့ ဘူတာနားနေတဲ့ ကလေးကအစသိတယ်။
ကျွန်တော့်အမြင်ကတော့ ဆင်းရဲမွဲတေမှု၊ လာဘ်စားမှုတွေရယ်၊ တရားဥပဒေ မစိုးမိုးနိုင်မှု(Lack of the Rule of Law ) တွေကြောင့်ပါ။

Powered by Blogger.