ရန်ကုန်၊ နိုဝင်ဘာ-၁၇
အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်တွင် တစ်ကြိမ် ညနေတွင် တစ်ကြိမ် ပိတ်ထားမည်ဟု သတင်းရရှိသည်။
''မနက်ပိုင်းက ၈ နာရီကနေ ၉ နာရီထိ တစ်ကြိမ် ပိတ်မယ်။ ညနေပိုင်းက ၃ နာရီကနေ ၄ နာရီထိ ပိတ်မယ်'' အေးရှားဝင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ပုံမှန် ၈နာရီ ၄၀ မိနစ်တွင် ပျံသန်းသော ရန်ကုန်-စင်ကာပူ ခရီးစဉ်အား မိနစ် ၄၀ စော၍ နံနက် ၈ နာရီတွင် ထွက်ခွာမည်ဟု အမ်အေအိုင် လေကြောင်းလိုင်းဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။
ထို့အပြင်အခြားသော ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းမှာလည်း နိုဝင်ဘာ ၁၉ ရက်တွင် ပျံသန်းမည့် လေယာဉ်အချိန်များကိုအပြောင်းအလဲလုပ်ထားကြောင်း ပြည်တွင်း၊ ပြည်ပလေကြောင်း လိုင်းအချို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။
7Day News Journal

အိုဘားမားကြောင့် ရန်ကုန်လေဆိပ် နှစ်နာရီကြာ ပိတ်မည်
Reviewed by သစ်ထူးလွင်
on
20:15
Rating:
1 comment:
ကျွန်တော်တို့ တိုင်းပြည်ရဲ့လင်းရောင်ခြည် ထွန်းလင်းလာတဲ့ အမှတ်သင်္ကေတလို့မှတ်ယူပြီးသောင်းသောင်းဖျဖျ ကြိုဆိုထိုက်ပါတယ်
နိုင်ငံတော်သမ္မတကြီး နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အထူးကျေးဇူးတင် ရှိပါတယ် အခွင့်အလမ်းတွေပေါ်လာတုံး မြန်မာလူငယ်များ ဒီမိုကရေစီကို ခုတုံးလုပ်
မင်းမဲ့စရိုက်ရမ်းကားမှု့တွေ ရပ်တန်းကရပ်ပြီး ကမ္ဘာနိုင်ငံများနှင့် ရင်ဘောင်
တန်းနိုင်အောင်(နည်းပညာ)/စည်းကမ်းအရှိဆုံး ဒီမိုကရေစီ နိုင်ငံတော်သစ် ကိုဦးဆောင်သွားကြပါလို့လေးလေးနက်နက်တိုက် တွန်းလိုက်ပါတယ်
Post a Comment