ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက်





ရန်ကုန်မြို့မှ ရမည်းသင်းမြို့အထိ ရန်ကုန် - မန္တလေး အဝေးပြေး ကားလမ်းမကြီး အတိုင်း ခြေလျင်ခရီး လျောက်၍ ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအဖွဲ့ တောင်ငူမြို့သို့ ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါ အလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ အင်အား (၈၁) ယောက်ဖြင့် စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတလျှောက် ရာသီဥတု ပြင်းထန်မှုနှင့် လမ်းလျှောက် ဆန္ဒပြသူ အချို့၏ ကျန်းမာရေး အခြေအနေကြောင့်  တောင်ငူမြို့သို့ ရောက်ရှိချိန်တွင် အင်အား (၆၀) ကျော် ခန့်သာ ကျန်ရှိကြောင်း၊  လမ်းလျှောက် ဆန္ဒပြ အဖွဲ့သည် (၁၆-၁၁-၂၀၁၂) ရက်နေ့  ညတွင်  တောင်ငူမြို့၊ စည်ပင်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တရပ်နားပြီး ညအိပ်တည်းခိုခဲ့သည်။ (၁၇-၁၁-၂၀၁၂) ရက်နေ့ တွင် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရပါသည်။

By Myanmar News Now

ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက် ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက် Reviewed by သစ်ထူးလွင် on 05:25 Rating: 5

2 comments:

Unknown said...

သနားပါတယ်။တာဝန်ရှိလူကြီးမင်းများအမြန်ဖြေရှင်းပေးကြပါအုံး
လူတိုင်းမလုပ်ရဲတဲ့မိုင်းအလုပ်လုပ်တဲ့လူတွေကိုအားပေး၇မယ်
အစားဒုက္ခပေးနေကြတယ်။စားဝတ်နေရေးခက်ခဲလွန်းလို့သာဒီ
မိုင်းတွင်းအလုပ်ကိုလုပ်ချင်ကြတာပေါ့ဒါတောင်မှအေးအေးဆေး
ဆေးလုပ်ခွင့်မပေးချင်ကြဘူးဆိုတော့မြန်မာပြည်ကဘာဖြစ်နေ
ပြီလဲ။သူတို့ရဲ့ဇွဲနဲ့အင်အားစိတ်ဓါတ်တွေကိုအကျိုးရှိတဲ့နေရာသုံးလိုက်ရင်တိုင်းပြည်အတွက်ဘယ်လောက်တောင်အကျိုးရှိလိုက်
မလဲ။ကျုပ်သာဆိုရင်ဘယ်လောက်ဘဲဆင်းရဲဆင်းရဲအန္တရယ်
ကြီးတဲ့မြေတွင်းထဲလုံးဝဝင်အလုပ်မလုပ်ဘူး။

Anonymous said...

၁၇ရက်နေ့ မထွက်ဖြစ်ပါဘူး၁၈ရက်နေ့ မှထွက်မှာပါတောင်ငူတစ်ညထပ်နားဦးမှာပါ

Powered by Blogger.