"စစ်ဆေးရေး အဖွဲ့မှ စက်သုံးဆီ မပြည့်သဖြင့် သတိပေးစာ ပေးပို့ ထားသော်လည်း သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ပြည်သူလူထုအား ရောင်းချရမည့် ဆီများအား ပွဲစားများအား ခိုးထုတ်ရာင်းချလျှက်ရှိ"
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှု အကြောင်း အများပြည်သူ အကြား ကျယ်ကျယ် ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်း ရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက် နေ့များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီးနောက် ၂၁ ဆိုင်တွင် စက်သုံးဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။
စစ်ဆေးရေးအဖွဲ့မှ အခြင်အတွယ် လျော့နည်းနေသည့် ဆိုင်များ၊ ဆိုင်ဖွင့်ထားသည့် လုပ်ငန်းရှင်များအားပထမ အကြိမ်အဖြစ် တရားဝင်သတိပေးစာ ပေးပို့ထားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကိုပါ ပြန်လည်သုံးသပ်အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း အမှတ် ၂၂၇၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းဒေါင့်၊လမ်းမတော်မြို့နယ်ရှိ သူရိယစွမ်းအင်စက်သုံးဆီဆိုင်မှာ စက်သုံးဆီ အခြင်အတွယ်မပြည့်သဖြင့် စစ်ဆေးရေးအဖွဲ့မှ ဆီအခြင်အတွယ် ထပ်မံလျှော့နည်းကြောင်း စစ်ဆေးတွေ့ရှိရပါက စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း ပထမအကြိမ် သတိပေးစာအား တရားဝင်ပေးပို့ ထားပြီးဖြစ်သော်လည်း--
ကုမ္မဏီမှ ပြည်သူလူထုအား ရောင်းချရန် ချထားပေးသော စက်သုံးဆီဂါလံများထဲမှ ဂါလံ(၁၀၀)ခန့်ကိုသာ အိမ်စီးကားများအား ရောင်းချပေးပြီး ကျန်ဆီများအား ဆိုင်မန်နေဂျာမှ ပြင်ပဆီပွဲစားများနှင့်ပေါင်းကာ မိမိအကျိုးစီးပွားအတွက် ပြုလုပ်နေခြင်း၊
စွမ်းအင်ဝန်ကြီးဌာနမှ ၁ဂါလံလျှင် ၄.၅၄၆လီတာရှိရမည်ဟု အောက်တိုဘာ ၁၁ ရက်နေ့တွင် စံနှုန်းသတ်မှတ်ခဲ့သော်လည်း ၄.၅လီတာပင်မပြည့်ကြောင်း၊ ဆီများလျှော့နေသဖြင့် ပြည်သူများမှာ နစ်နာလျှက်ရှိပါသည်။
အမှန်တကယ်လိုအပ်သဖြင့် လာထည့်သော ကားများမှာ ဆီမရရှိခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ပြည်သူလူထုများမှာ "စစ်ဆေးရေးအဖွဲ့မှ လာစစ်ပြီး ကာစလေးပဲ ဆီအပြည့်ရလိုက်ကြောင်း၊ တစ်ပတ်လောက်ကြာတော့လဲ အရင်အတိုင်းပဲ ပြန်ဖြစ်သွား တာပါပဲလို့" ပြောဆိုနေကြပါတယ်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ နှင့် ကုမ္မဏီမှာ တာဝန်ရှိသူများမှ ဆီပွဲစားများနှင့် ပေါင်းကာကိုယ်ကျိုးရှာနေသော အဆိုပါဆိုင်မန်နေဂျာအား ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားအပ်ပါသည်။
ဇော်ဇော် - လမ်းမတော်မြို့ နယ်

သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ဆီအခြင်အတွယ် မပြည့်မှု အားတိုင်ကြားခြင်း
Reviewed by သစ်ထူးလွင်
on
20:47
Rating:
7 comments:
တစ်ပတ်လောက်နေတော့ အရင်လို ပြန်ဖြစ်သွားရောဆိုတာ အမှန်ပဲဗျ.. ကျွန်တော်ထည့်နေတဲ့ သိမ်ဖြူကွင်းနားလေးက မက်စ်ဆီဆိုင်မှာ ဆီဂိတ် လေးပုံတစ်ပုံရောက်လို့ တိုင်ကီအပြည့် ပြန်ဖြည့်တိုင်း ငါးသောင်းဝန်းကျင် အမြဲတမ်းကျသင့်ပါတယ်။ စစ်ဆေးမှုတွေ ပြီးတဲ့ရက်ပိုင်းမှာ ဆီသွားဖြည့်တော့ ခါတိုင်း ငါးသောင်းလောက်ကျသင့် နေတာကနေ လေးသောင်းအောက်ကို ဆင်းသွားပါတယ်။ အဲလိုနဲ့ လေးငါးခါလည်း ထည့်ပြီးရော အရင်လိုပဲ ငါးသောင်းဝန်းကျင် ပြန်ဖြစ်သွားတာပါပဲ။ ဒါဟာ ကိုယ်တွေ့ပါ။ စစ်ဆေးရေး လုပ်တဲ့ တစ်ခဏပဲ ဆီအချင်အတွယ် မှန်ပေမယ့် တစ်ပတ်ဆယ်ရက်လောက် ကြာတော့ ဒုံရင်းက ဒုံရင်းပါပဲ။
တကယ်တော့ အစိုးရက အသိအမှတ်ပြုပြီး ဆီဆိုင်ဖွင့်ခွင့်ရထားသူတွေဟာ ဦးဇော်ဇော်တို့လို ဦးတေဇတို့လို နိုင်ငံအကြီးအကဲတွေနဲ့ တိုက်ရိုက်ဆက်ဆံမှုရှိတဲ့ တိုင်းသိပြည်သိ သူဌေးကြီးတွေပါ။ ဒီလိုလူတွေ လုပ်တဲ့ လုပ်ငန်းတွေမှာ ပြည်သူအပေါ် တိုက်ရိုက်ခေါင်းပုံဖြတ်ပြီး သူခိုးကျင့် သူခိုးကြံလုပ်တာမျိုးကတော့ စက်ဆုပ်ရွံရှာဖွယ် ကောင်းလွန်းလှပါတယ်။
လောဘသားများကို ထိရောက်စွာအရေးယူပါ
လိုင်စင်ရသူခိုးများကိုထိရောက်စွာအရေးယူပါ
တိုင်စာရေးတဲ့သူက ဘယ်သူကိုအားကိုးပြီး ရေးလိုက်တာလဲတော့ မသိဘူး စစ်ဆေးရေးအဖွဲ့ကတော့ ပျော်နေမှာဘဲ ဆီဆိုင်မနိနေဂျာကို ရုံးကိုအရင်ခေါ်တွေ့ မှာပေါ့ သိတယ်မဟုတ်လား လာထားဆိုတာကို...
ဆိုင်တွေအာလုံးကဒီအတိုင်းပါဘဲ တာဝန်၇ှိတဲ့သူတွေလာစစ်ချိန်
မှာဘဲပြည်အောင်ရောင်းပြီးနောက်ပိုင်းမှာခိုးတောတာပါဘဲ
ဓါတ်ဆီကိုမနက်ပိုင်းလေး ၁၀ နာရီလောက်သာအရောင်းပြပြီး
နောက်ပိုင်းမှာဓါတ်ဆီကုန်ပြီဆိုပြီး ပွဲစားတွေနဲအပြင်ထုတ်ရောင်းတောတာပါဘဲ။
နိုင်ငံတော်ကပြည်သူတွေသက်သာအောင်လုပ်ပေးပေမဲပြည်သူတွေ
အတွက်အရာမရောက်ဘဲဆီဆိုင်ပိုင်ရှင်တွေဘဲကြီးပွါကုန်တာပါဘဲ။
ယခင်အစိုးရပိုင်အချိန်တုန်းကဆီဆိုင်တွေမှဝန်ထမ်းများကဆီခိုးရောင်းတယ်ဆိုတာကိုလက်ခံပါတယ်။မန်နေဂျာမှအစ,ဝန်ထမ်းများအားလုံးပေါင်းလုပ်စား/ခိုးစားတာဆိုင်တော်တော်များများပါဘဲ။အခုဆီဆိုင်များကိုအစိုးရကပုဂ္ဂလိက,သို့လွှဲပြောင်းရောင်းချစေသည်မှာဆိုင်ပေါင်းအားလုံးနီးပါးဖြစ်ပါတယ်။ဘာကြောင့်အရင်အကျင့်တွေမပျောက်သေးဘဲ၊ဆီလာထည့်သောကားများအားဆီ
ချိန်မပြေည့်ခြင်းကိစ္စများသည်လုံးဝမဖြစ်သင့်သောကိစ္စဖြစ်ပါသည်။ ကုမ္မဏီပိုင်ရှင်သူဌေးက,ဒီအကြောင်းတွေမသိတာလား,လုပ်ခိုင်းထားတာလား,ဒါမှမဟုတ်-ဝန်ထမ်းတွေကပိုင်ရှင်မသိအောင်,ဆီခိုးနေကြတာလား။
ကုမ္မဏီပိုင်ရှင်သူဌေးများအားလုံးကဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်အောင်
လုပ်သင့်ပါသည်။ဆီရောင်းတာမကိုက်ဘူးဆိုသည့်ကုမ္မဏီရှိပါကအခြားလုပ်
နိုင်သည့်ကုမ္မဏီသို့လွှဲပြောင်းပေးသင့်ပါတယ်။ ကုမ္မဏီပိုင်ရှင်များမကိုက်
ဘူးဆိုရင်ပြောပါ။ လွှဲယူဖို့အတွက်အဆင်သင့်ရှိပါတယ်။ ယခုလုပ်ချင်ကြတဲ့
သူတွေ,တန်းစီနေပါတယ်။ အခုလုပ်နိုင်/ကိုင်နိုင်တဲ့နိုင်ငံခြားကုမ္မဏီတွေက
ကျွန်တော်တို့ကိုကမ်းလှမ်းနေပါတယ်။ မှန်မှန်ကန်ကန်မလုပ်စားတတ်ရင်လွှဲ
ပေးလိုက်ပါ။
စက်သုးံဆီဆိုင်များအခြင်အတွယ်ပြည့်ခြင်းမပြည့်ခြင်းထက် ရောင်းချနိုင်သောဈေးထက်ပိုသောနုန်းထားဖြင့်ရောင်းချနေခြင်းကိုကြပ်မတ်ပေးရန်လူထုမှပိုမိုလိုလားလျက်ရှိပါသည်....တနည်းအားဖြင့်စွမ်းအင်ဝန်ကြီးဌာနမှဆိုင်ရာပုဂလိကဆိုင်များအားစက်သုးံဆီဈေးနုန်းသတ်မှတ်ပေးစေလိုခြင်းဖြစ်ပါသည်။မယောင်ရာဆီမလူးစေလိုပါ...ယောင်ကိုင်းနေသည့်နေရာကိုသာထိထိမိမိဆေးလူးပေးစေလိုရင်းဖြစ်ပါသည်။ လွတ်လပ်စွာ(အမှန်တကယ်ကိုတာဖြင့်)၀ယ်ယူနိုင်သည်ဟုရေးထားပါလျက်ဆီထည့်ကားများကိုနံပါတ်မှတ်ခြင်းကိုလည်းအများသူငါမှနားမလည်နိုင်ကြောင်းသိရပါသည်။
Post a Comment