ပြောဆိုဆက်ဆံမှုနှင့် စိတ်ဓါတ်အခံများ (မောင်ဘိုးလှိုင်)

ခိုင်မာသော နေပြည်တော် သတင်းရပ်ကွက်များမှ ကြားသိရသော သတင်းများအရ အထက်ပါ ရုံးဌာနများ၌ တာဝန်ထမ်းဆောင် နေသော၊ ပြည်သူ့ ဝန်ထမ်းကောင်းများဟု ထင်မြင်ယူဆရသော အမှုထမ်း၊ အရာထမ်းများ၏ ပြောဆိုဆက်ဆံမှု မောက်မာရိုင်းစိုင်းခြင်း၊ တင်စီးလွန်ခြင်း၊ ၀န်ထမ်းအချင်းချင်း အနိုင်ကျင့်လွန်းသော လက္ခဏာရပ်များ၊ အာဏာပါဝါ ပြလွန်းခြင်းများကို တွေ့ ရှိနေရပြီး၊ ယင်းကဲ့သို့ ဖြစ်ရပ်များကိုလည်း----

အပြည့်အစုံ  ဖတ်ရန် ဒီနေရာကို နှိပ်ပါ

by Myanmar News Now

ပြောဆိုဆက်ဆံမှုနှင့် စိတ်ဓါတ်အခံများ (မောင်ဘိုးလှိုင်) ပြောဆိုဆက်ဆံမှုနှင့် စိတ်ဓါတ်အခံများ (မောင်ဘိုးလှိုင်) Reviewed by သစ်ထူးလွင် on 06:00 Rating: 5

3 comments:

aristhteinwin said...

ဝဇီကံ မဟုတ်ပါ- ၀စီကံ-ဟုရေးမှမှန်ပါတယ်- ကာယကံ-၀စီကံ-မနောကံ ဆိုသော စကားလုံးများသည် ပါဠိဘာသာမှ ဖြစ်ပေါ်လာသော ပါဠိပျက် ဝေါဟာရဖြစ်ပါတယ်- သို့ ဖြစ်၍ ကာယကံ-၀စီကံ-မနောကံ -ဟု ရေးမှ မှန်ပါကြောင်း ထပ်လောင်း အကြံပြုလိုက်ပါတယ် ခင်ဗျာ-

pyisoe said...

အလွန်အရေးကြီးသော တင်ပြချက်ဖြစ်ပါသည်။ ဟိုးတစ်ချိန် မဆလ ခေတ် နောက်ပိုင်းကစ၍ ဆက်ဆံရေးအဆိုးဆုံး ဝန်ကြီးဋ္ဌာနမှာ သာသနာရေးဋ္ဌာန ဖြစ်ခဲ့ပါသည်။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုက တစ်ခြား မိမိတို့ ပြုမူပြောဆို ဆက်ဆံပုံက တစ်ခြား ဖြစ်နေကြသည်။ အကယ်၍ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လျှင် ဗုဒ္ဓဖာသာဝင်ဟု ပြောင်းလဲခေါ်ရမည့် ဝန်ထမ်းများဖြစ်နေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဖက်ဖက်မှ ယိုယွင်းပျက်စီးမှုများအနက် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုမှာ မခန့်မှန်းနိုင်လောက်အောင် ကြီးမားသည်ဟု ပြော၍ရသည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုကို target ထား၍ ယခုအခါ နိုင်ငံတော်မှ အားသွန်ကြိုးပမ်းနေ
သည်ကို တွေ့မြင်နေရသော်လည်း အလွန်အရေးကြီးသော စိတ်ပိုင်းဘဝ ဆိုးဝါးနေမှုကို ဘယ်ပုံဘယ်နည်း ပြုပြင်ပြောင်းလဲရမည်ကိုလည်း ယနေ့ခေါင်းဆောင်များ မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်သည့်အချက် ဖြစ်သည်။ စိတ္တေန နိယတေ လောကော ဟူသော စကားအရ စိတ်ပိုင်းဘဝ ဆင်းရဲမွဲတေမှုကို မပြုပြင်မပြောင်းလဲနိုင်သေး သမျှကာလပတ်လုံး မြန်မာပြည်ဆင်းရဲတွင်းနက်နေဦးမည်မှာ ယုံမှားမရှိပါနှင့်။ မြေကြီးကို လက်နှင့်ပုတ်လျှင်လွဲရင်လွဲမည် ဒီအချက်ကတော့ မလွဲနိုင်။ ခက်တာက စိတ်ပိုင်းဆိုတာ မျက်စိဖြင့်မြင်နိုင် ထိတွေ့နိုင်သောအရာမဟုတ်၊ ဟန်ဆောင်မှုတွေပြည့်နှက်နေသော လောက၌ လူဆိုးတွေ လူကောင်းယောင် ဆောင်ကာ ကြီးပွားနေကြသည်မှာ ထိုအချက်ကို အခွင်ရေးယူပြီး လုပ်နိုင်သောကြောင့်ဖြစ်သည်။ လက်တွေ့နယ်ပယ်မှာ သူတစ်ပါး၏ စိတ်ဓာတ်ပြုပြင်ပြောင်းလဲအောင်လုပ်ဘို့ဆိုတာ အလွန်ခက်သော အလုပ်ဖြစ်သည်။ မည်သူမဆို လူကြီးများရှေ့တော့ တကယ့်ကို ယဉ်ကျေးလိမ္မာနေပြကြမည် မလွဲပါ။ ကွယ်ရမှာ သူသဘောသူဆောင်တော့မည်။ ကာယကံရှင်ကိုယ်တိုင်က ငါ့စိတ်ကို ကောင်းအောင် ဆောက်တည်ပြီး နေထိုင်ပြောဆိုဆက်ဆံမယ် ဟူသော ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် မိမိဖာသာ ပြောင်းမှရလိမ့်မည်။ ကွယ်ရာမှာ မဟုတ်တာ မမှန်တာလုပ်နေသော်လည်း ဟန်ဆောင်အကောင်းဆုံးသူများ ထိပ်ဆုံးရောက်နေကြသည် ဟူသောစကားအတိုင်း ထိုသူများကြီးပွားချမ်းသာတာကို မိမိပတ်ဝန်းကျင်မှာ မြင်နေသေးသ၍ ထိုသူကိုသာ အတုယူမှားနေကြပေဦးမည်။ အတုယူစရာကို ရှာလျှင် အထက်ကိုသာ မော့ကြည့်ကြစမြဲ။ စံနမူနာယူစရာ တကယ့် လူကောင်းသူကောင်းတွေ ဒီကနေ့ မြန်မာ့လောက ဘယ်နယ်ပယ်မှာ သူကောင်းပြုခံရတာ ဘယ်နှစ်ယောက်များရှိပါသလဲ။ လွတ်လပ်ရေးနေ့မှာ ဘွဲ့တံဆိပ်တွေ ဆက်ကပ်ခံရတဲ့သူတွေကရော တကယ့် အတုယူလောက်တဲ့ စံပြပုဂ္ဂိုလ်တွေ ဟုတ်ကြပါသလား။ ဘယ်သူ့ကို အတုယူပြီး ကိုယ့်ကိုကိုယ် ကောင်းအောင်၊ ကိုယ့်စိတ်ကို ကောင်းအောင်ပြုပြင်ပြောင်းလဲချင်စိတ်တွေ ပေါ်ပေါက်စရာ
ရှိပါသလဲ။ ထိပ်ကလူတွေ မဟုတ်တာလုပ်တာ မြင်နေ တွေ့နေရသေးသမျှကာလပတ်လုံး ရွှေပြည်တော် မျှော်တိုင်းဝေးနေပေဦးမည်။ တကယ့် အရိယာသူတော်ကောင်း ဗုဒ္ဓဘာသာစစ်စစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီးဋ္ဌာန ကိုပါ မဖွဲ့စည်းသင့်ပေဘူးလော။ ဗုဒ္ဓအဆုံးအမတရားတွေက တကယ်ပြည့်ဝစုံလင်ကောင်းမွန်ပါသည်။ သို့သော် စာအုပ်တွေထဲ၌သာ အိပ်ပျော်နေကြသည်ထင်သည်။ အဟောအပြောတွေသာဖြစ်နေသည် ဟုထင်ရသည်။ မြန်မာ့လူနေမှုဘဝထဲ လက်တွေ့လိုက်နာကျင့်ကြံစရာ အဖြစ် ခုန်ပေါက်ပြေးဝင်လာအောင် ဘယ်လိုလုပ်ကြမည်နည်း။

Unknown said...

Reform Process ကိုနိုင်ငံတော်အနေဖြင့်ချီတက်ရာတွင် ၀န်ကြီးဌာနများ၊၀န်ကြီးဌာနအချင်းချင်း
ဝန်ကြီးဌာနရှိဌာနခွဲများအချင်းချင်း၊ခင်ခင်မင်မင်ပွင့်ပွင့်လင်းလင်းညှိနှိုင်းရန်လိုအပ်ပါသည်။ဝန်ကြီးများDG,MD
များ၊ရုံးအဖွဲ့မှူးများ(ပင်စင်သွားခံနီး သက်တမ်းတိုးရရှိရန်အတွက်ဟန်ပြအလုပ်လုပ်ပြနေသူများ)အောက်ခြေ
ဝန်ထမ်းများကိုအကျိုးအကြောင်းတင်ပြမှုကိုလက်မခံပဲ မိမိသာသိ၊မိမိသာတတ်ဟိန်းဟောက်ကြီမ်းမောင်း
နိုင်ထက်စီးနင်းပြုသည့်စနစ်မရှိသင့်တော့ပါ။ပြုပြင်ပြောင်းလဲရေးမူဝါဒများကိုအဓိကအကောင်အထည်ဖော်
ထောက်ပံ့ပေးနေသူများမှာ အောက်ခြေအဆင့်မှအလယ်အလတ်အဆင့်ဝန်ထမ်းများအဓိကပါဝင်နေပါသည်။
ဝန်ထမ်းများကိုလက်ပေးလက်ယူမပြုလုပ်ရန်၊တားဆီးရန်လိုအပ်ပါသည်။တဘက်ကလည်းဝန်ထမ်းများ
နေထိုင်မှုဘ၀အဆင်ပြေစေရေးကိုလည်းကြည့်ရှုရန်လိုအပ်ပါသည်။ဥပမာပြရလျှင်ရာစုနှစ်များစွာဖယ်ရီ
အစုတ်ဖြင့် ရုံးတက်နေရခြင်း၊မိသားစုအတွက်ပင်မဟုတ်ပဲမိမိအတွက်ပင်ခက်ခက်ခဲခဲစားသောက်နေရသော
လစာ၊ရုံးတွင်စာရေးကိရိယာပစ္စည်းမပြည့်စုံမှု၊ကွန်ပျူတာအစုတ်အဟောင်းများဖြင့်သုံးနေရခြင်း၊ရုံးလုပ်ထုံး
လုပ်နည်းများခေတ်မမှီတော့ဌာနတွင်းနိုင်ငံတကာနှင့်ဆက်ဆံရသောရုံးလုပ်ငန်းများ၊အခြားဌာနများမှဖိတ်ကြား
သောအစည်းအဝေးများ၊ပြည်ပအစည်းအဝေးများကိုဒိုင်ခံပြုလုပ်နေရသဖြင့် လုပ်ငန်းမတွင်၊အခက်အခဲကြုံရ
သော်လည်းဖွဲ့စည်းပုံလည်းမပြင်၊ကြုံသလိုလုပ်ဖြစ်သလိုဖြေရှင်းစသည်တို့ကိုလည်းကြားသိနေရပါသည်။)
သို့ဖြစ်ပါသောကြောင့်အောက်ပါအချက်များကိုအမြန်ဆုံးဖြေရှင်းပေးရန်လိုအပ်ပါသည်။
၁။အကြံပေးများထားသော်လည်းလက်တွေ့မကြသည့်အကြံများပေးနေပုံရပါသည်။ဝန်ကြီးဌာနများကိုကွင်းဆင်းပြီးပွင့်ပွင့်လင်းလင်းအောက်ခြေအဆင့်နှင့်ပါတွေ့ဆုံပြီးလိုအပ်ချက်များကိုဆွေးနွေးညှိနှိုင်းအကြံပြုရန်လိုအပ်ပါ
သည်။လူအင်အားလိုကထပ်ဖြည့်ပါ။Englishဘာသာတတ်သည့်လူလိုကရှာဖွေဖြည့်တင်းပါ။
၂။ဝန်ထမ်းများရဲ့စားဝတ်နေရေးကိုစဉ်းစားပါ။ဖယ်ရီတွေပြင်ဆင်ပေးပါ။လိုအပ်ပါကစက်မှု-၁ မှထုတ်သည့်ကား
များကိုဖယ်ရီအတွက်အရစ်ကျစနစ်ဖြင့်ဝယ်သုံးပါ။
၃။အထက်အောက်လေးစားသမှု၊ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်မှုပြုရန်လိုပြီးနိုင်ထက်စီးနင်းငါသိငါတတ်
ကြီမ်းမောင်းပြောဆိုမှုမျိုးကိုရှောင်ပါ။
၎။ပုဂ္ဂလိကလုပ်ငန်းများအဆင်ပြေစေရန်အတွက်ဝန်ကြီးဌာနများမှမလိုအပ်သောအထောက်အထားများတောင်း
ခံခြင်းမပြုလုပ်ရန်နှင့်လပ်ပေးလပ်ယူပြုသူကိုအရေးယူပါ။
၅။ရုံးများတွင်ရာထူးကြီးရယူထားသော်လည်းအလုပ်မလုပ်အောက်ကိုဖိနေရာယူလိုသူအရာရှိများရှာဖွေဖော်
ထုတ်ပါ။အထက်လုကြီးမှအောက်ခြေ၀န်ထမ်းများကိုအနိုင်ကျင့်ဟိန်းဟောက်မှုများကိုရှောင်ရှားပေးပါ။လူသား
အချင်းချင်းကောင်းကောင်းဆက်ဆံပါ။
သို့မှသာပြုပြင်ပြောင်းလဲမှုလမ်းစဉ်မူဝါဒကိုအကောင်အထည်ဖော်နေသောဝန်ကြီးဌာနများသွက်လက်မြန်ဆန်
လာမည်ဖြစ်ပါသည်။

Powered by Blogger.