ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လွှတ်တော် ကိုယ်စားလှယ် တဦး ၀င်ရောက် စွက်ဖက်မှု့ ကြောင့် ပျက်စီးခဲ့ရ
ကြည့်မြင်တိုင် မြို့ နယ် ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန် သည် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ အစည်း၏ ဥပဒေနှင့် အညီ ၂၈-၁၀-၁၂ ရက်နေ့ တွင် ပြုလုပ်မည် ဖြစ်သော ကြည့်မြင်တိုင် မြို့ နယ် ၊ ဘောဂရပ်ကွက်၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲကို ကြီးကြပ်မည့် အများဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ထားသော ရပ်မိရပ်ဖ ၅ ဦးအား အယုံအကြည် မရှိဟု ကန့် ကွက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲ ကျင်းပခြင်း မပြုရန် ကန့် ကွက်ခဲ့ပါသည်။----
ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လွှတ်တော် ကိုယ်စားလှယ် တဦး ၀င်ရောက် စွက်ဖက်မှု့ ကြောင့် ပျက်စီးခဲ့ရ
Reviewed by သစ်ထူးလွင်
on
16:11
Rating:
3 comments:
ကိုယ်စိတ်နှင့်နှိုင်းလူတိုင်ရိုင်း
အဲဒီ ဦးသန်းစိန်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဥပဒေအသိ မရှိ၊ နိုင်ငံတော်က သွားနေတဲ့ စနစ်ရဲ့ အနှစ်သာရကိုတောင် တစ်လုံးတစ်ပါဒမျှ နားမလည်ဘဲ ညစ်ချင်၊ ကလိန်ကကျစ်ကျချင်၊ အာဏာအလွဲသုံးစားလုပ်ချင်တဲ့ အသိဥာဏ်ပဲ ရှိနေတာ သိသာလွန်းလှတယ်။ ဒီလို အရည်အချင်းမဲ့လွန်းတဲ့ မြေခွေးလိုလူက လွှတ်တော်ထဲရောက်နေတာ တိုင်းပြည်နစ်နာလွန်းလှပါတယ်။
ရန်ကုန်လို နေရာမျိုးမှာတောင် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အလုပ်တွေအပေါ် လွှတ်တော်အမတ်ဆိုပြီး ဒီလို ညစ်ပတ်စုပ်ပဲ့စွာ ၀င်ရောက်ချယ်လှယ် အာဏာပြဖို့ ကြိုးစားတဲ့ လုပ်ရပ်ဟာ ပြည်သူ့အသံ လွှတ်တော်အသံ၊ ဒီမိုကရေစီ ဘက်တော်သားဆိုတဲ့ လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနဲ့ ဒီမိုကရေစီကို ယုံကြည်တဲ့ ပြည်ခိုင်ဖြိုးဥက္ကဌ သမ္မတကြီးဦးသိန်းစိန်ရဲ့ မျက်နှာကို ခွေးချေးနဲ့ပက်ဖို့ ကြိုးစားတာနဲ့ အတူတူပါပဲ။
ဦးသန်းစိန်ဆိုတဲ့ ကြည့်မြင်တိုင်အမတ်ဟာ မိမိနေရာနဲ့ မထိုက်တန်စွာ အသိဥာဏ် နုံနဲမိုက်ရိုင်းလွန်းလှပါတယ်။
ဒီလို မိခင်ပါတီရဲ့ မျက်နှာကိုမှ မထောက် မိမိအတ္တကို ရှေ့တန်းတင်လွန်းတဲ့ အာဏာအလွဲသုံးစား လုပ်ဖို့ကြိုးစားတဲ့ ဦးသန်းစိန်ကို ပြည်ခိုင်ဖြိုးပါတီကနေ အမြန်ဆုံးထုတ်ပယ်ခြင်းဖြင့် ပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူသင့်ပါတယ်။
အဲဒီကိစ္စနှင့်ပတ်သက်၍ဘောဂ ရပ်ကွက်သားတစ်ဦးအနေနဲ့ Comment ပေးပါရစေ။
ဒီကိစ္စဟာ ဆရာဦးသန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ မနာလို မရှုစိမ့်တဲ့သူတွေက အဖြစ်မှန်ကိုလီဆယ်ပြီး ပို့ထားတဲ့သတင်းပါ။ အဖြစ်မှန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ဆယ်အိမ်စုမှူးတွေကို ဘယ်လိုရွေးချယ်ထားတာလဲ ဆိုတာဟာ သက်မှတ်စည်းကမ်းတွေနဲ့မညီကြောင်း ဆရာဦးသန်းစိန်ထံ ရပ်ကွက်သူရပ်ကွက်သား (၆ဝ)က လက်မှတ်ရေးထိုးပြီး အကူညီတောင်းခံခဲ့ပါတယ်။ အဲဒီတော့ဆရာဦးသန်းစိန်က အဲဒီလို မကျေနပ်သံတွေတစိုးတစိမရှိ လုံးဝ သန့်ရှင်းတဲ့ရွေးချယ်ပွဲလည်းဖြစ်၊ အများပြည်သူရပ်ကွက်သားတွေအားလုံးလည်း ညီညာပြေလည်သွားတာ ဖြစ်စေလိုတဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးစီကို အဲဒီရွေးချယ်ပွဲ နဲ့ပတ်သက်ပြီး စီစစ်ပေးနိုင်ပါရန်အကြံပြုတာပါ။ အဲဒါကို ခရိုင်ကရွေးချယ်ပွဲကို ပိုပြီးလွတ်လပ်ပြီးတရားမျှတအောင် တစ်ပါတ်လောက်ရွှေ့ဆိုင်းစေခဲ့တာပါ။
အဲဒီရွေးချယ်ပွဲကို ကန့်ကွက်တာလည်းမလုပ်။ ဖျက်သိမ်းပေးဖို့လည်း (တရားဥပဒေအရကို)မဖြစ်နိုင်ပါဘူး။ အဲဒါကို ပြည်သူတွေကို သိအောင်မပြောပဲ လွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဆရာကပဲ သူ့ Power နဲ့လုပ်လို့ ဖျက်သိမ်းရသလိုပြောပြီး ဆရာဦးသန်းစိန်ကို ရပ်ကွက်သားတွေ အထင်လွဲအောင်၊ သိက္ခာကျအောင်လုပ်တဲ့သူတွေက ဘာကြောင့်လုပ်တာလဲဆိုတာကို စဉ်းစားတတ်သူတိုင်းမြင်သိနိုင်ပါတယ်ခင်ဗျား….။ ထိုသို့ပုတ်ခတ်နေသူများကကျွန်တော်တို့ဘောဂရပ်ကွက်အကျိုးကို ဘယ်လောက်များဆောင်ရွက်ထားပြီးပြီလဲ မေးခွန်းထုတ်လိုက်ချင်ပါတယ်။
ဆရာဦးသန်းစိန်ဟာ လွတ်တော်ကိုယ်စားလှယ်လစာတွေကိုမှတစ်ပြားမှမသုံးပဲ လှူဒါန်းနေတဲ့လူဆိုတာ အားလုံးအသိပါ။ သူ့ရဲ့စာသင်တဲ့လုပ်ငန်းကသာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအဖြစ်သတ်မှတ်ထားသူပါ။ သူ ဟာနဂိုကတည်းက ရိုးသားတဲ့ စာသင်ပေးရတဲ့ ဆရာဘဝကို တစ်သက်လုံးမြတ်နိုးခဲ့တဲ့သူပါ။ ဒါကြောင့်ဆရာ့ကို လေးစားကြပါတယ်။
*****ဆရာကအခုလိုအပြောအဆို အပုတ်အခတ် အတိုင်အတောခံပြီး ဆောင်ရွက်တော့မှပဲ ရပ်ကွက်သူရပ်ကွက်သားတွေသိအောင် ဆယ်အိမ်စုမှူးစာရင်းများကို ဒီနေ့ည (၃-၁၁-၂ဝ၁၂)မှာ သိရတာပါ။ အဲဒီဆယ်အိမ်စုမှူးစာရင်းကိုတောင်မှ ပေါ်ပေါ်တင်တင်မရွေးရနိုင်အောင် လုပ်နေတဲ့သူများက ဘာကြောင့် ဆရာကို ဒီလို ဂျာနယ်တွေ အင်တာနက်တွေမှာ လုပ်ကြံဝါဒဖြန့်ရသလဲဆိုတာ မြင်နိုင်ကြပြီထင်ပါတယ်ခင်ဗျား…။ နေရာနဲ့လုပ်ပိုင်ခွင့်ဆိုတာကို အကြောင်းပြုပြီး စိတ်ယုတ်မာစွာ ရပ်ကွက်သိက္ခာကျဆင်းစေသူ မနာလိုသူများကိုလည်း သနားမိပါကြောင်းနဲ့ ထပ်မံသတင်းပေးပို့လိုတာက
မနက်ဖြန်(၄-၁၁-၂ဝ၁၂)မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ဆယ်အိမ်စုမှူး(တရားလဲကျပါရဲ့) အားလုံးအခွင့်အရေးတန်းတူ ရွေးကောက်ပွဲကြီးကို စတင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျား။
Post a Comment