နေပြည်တော်၊ နိုဝင်ဘာ ၁၅
ယနေ့ ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေး သို့ အမျိုးသား လွှတ်တော်က ပေးပို့ လာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဆိုင်ရာ ဥပဒေကြမ်း ပါ အသစ် ဖြည့်စွက် ရမည့် စာသားကို တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် များနှင့် အရပ်သား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့က မတ်တတ် ရပ်ကာ ကန့်ကွက် ခဲ့ကြောင်း နေပြည်တော် The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။
အဆိုပါ စာသားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဆိုင်ရာ ဥပဒေကြမ်းပါ ပုဒ်မ-၁၂/ (ဇ) အောက်တွင် အသစ် ဖြည့်စွက် ရမည့် စာသား ဖြစ်သော မိမိတို့၏ လုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ မိမိတို့အား ရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ (သို့မဟုတ်) အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသိပေး အစီရင် ခံခြင်းနှင့် ပတ်သက်သော စာသား ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ခုံရုံး ဆိုတာက လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် အစီရင်ခံစရာ မလိုဘူး၊ အကယ်၍ အစီရင်ခံမယ် ဆိုရင် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ လက်အောက် ကို ရောက်သွားမှာ ဖြစ်တာကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်’’ ဟု ကန့်ကွက် ရာတွင် ပါဝင်သည့် သီပေါ မြို့နယ် အရပ်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးရဲထွန်းက ဆိုသည်။
ယနေ့တွင် ယင်းစာသားနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက သဘောတူ၊ မတူ ဆန္ဒ တောင်းခံ ခဲ့ရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၀၁ ဦးနှင့် အရပ်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး တို့က ကန့်ကွက် ဆန္ဒမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ဆယ့်သုံးရက် မြောက် နေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသူ ၄၂၉ ဦးတွင် ၃၈၀ ဦးတက်ရောက် ခဲ့ပြီး တက်ရောက်မှု ရာခိုင်နှုန်း ၈၈.၅၈ ရာခိုင်နှုန်း ရှိကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကိုးဦး ခွင့်ဖြင့် ပျက်ကွက်ကြောင်း လွှတ်တော် ရောက် The Voice Weekly သတင်းထောက် က သတင်း ပေးပို့သည်။
The Voice Weekly

အခြေခံဥပဒေ ခုံရုံးဥပဒေကြမ်း ဖြည့်စွက်စာသားအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
Reviewed by သစ်ထူးလွင်
on
21:44
Rating:
6 comments:
ကန့်ကွက်တာ မှန်ပါတယ်
ဖက်ဒရယ်တို့PRတို့ပြောမယ်ဆိုဒီဖြည့်စွက်ဥပဒေကိုလက်ခံသင့်ပါတယ်။
မလိုဘူးဆိုဖက်ဒရယ်ကိစ္စမပြောကြနဲ့ပေါ့။
လွတ်ချင်တိုင်းလွတ်လို့ကောင်းတဲ့အချိန်မဟုတ်သေးပါဘူးအထိန်းအကွပ်လေးတော့ရှိရမယ်။
တိုင်းပြည်အတွတ်အမှန်တကယ်အလုပ်လုပ်မပေးနိုင်တဲ့သူတွေကတော့တနေ့ဂျောင်းကုန်
ကြမှာဘဲ။
အလုပ်နဲ့အရင်သက်သေပြကြပါတော့။
လွှတ်တော်က တင်ရင် တပ်မတော်သားတွေက ကန့်ကွက်မယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတင်ရင် ကျန်တဲ့ကိုယ်စားလှယ်တွေက ကန့်ကွက်မယ်။ အားလုံး ပုံသေနည်းထဲက မထွက်နိုင်တော့ဘူးလား။ ဥပဒေ အပေါ်မှာ ဘယ်သူမှမရှိစေချင်ဘူးဆိုရင် ဘာလို့ မကန့်ကွက်ကြတာလဲ။ ကန့်ကွက်တဲ့သူက တပ်ကလူတွေဖြစ်နေတယ်။ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ ကြည့်လုပ်ကြပါအုန်း။ အကြောင်းအရာပေါ်မှာဘဲ ထောက်ခံတာ ကန့်ကွက်တာ လုပ်စေချင်ပါတယ်။ နောင်လာနောက်သားတွေရဲ့မျက်နှာ ထောက်ပါအုန်း။
ကန့်ကွက်သင့်ပါတယ်။နောက်ခုံရုံးဥက္ကဋ္ဌကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ညှိနှုင်းပြီးမှခန့်အပ်ရမယ်ဆိုတဲ့အချက်ကိုကိုလဲကန့်ကွက်သင့်ပါတယ်။နောက်ပြီးလွှတ်တော်အမတ်တွေရဲ့ပိုင် ဆိုင် မှုတွေကိုဖေါ်ပြရပါမယ်။ဒါမှပြည်သူကယုံကြည်မှာပေါ့။ရိုးသားတဲ့သူက တော့ရဲရဲထုတ်ဖေါ်ရဲတာပေါ့။
လွတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ် ပြီး တရားစီရင်ရေး ကိုစွတ်ဖက်လွှမ်းမိုးရန်မဟုတ်ပါ။ တရာစီရင်ရေးအာဏာအပ်နှင်းခံရသော အဖွဲ့ အစည်းသည် လွှတ်တော်ကိုကြောက်၊ အုပ်ချုပ်ရေးအဖွဲ့ ကိုေုကာက်နေပါက တရားမျှတသော ဆုံးဖြတ်ချက်များဖြစ်လာမည်ဟုတ်ပါ၊ တရားစီရင်ရေးအဖွဲ့မှဥပဒေ အပ ဆုံးဖြက်ချက်များချမှတ်ပါကဥပဒေအတိုင်းသာ အရေးယူရမည်ဖြစ်ပါသည် ၊တရားစီရင်ရေးအဖွဲ့အပေါ် လွှမ်းမိုးမှုများရှိနေမည်ဆိုပါက ပြည်သူများအတွက်ကာကွယ်ပေးမည့် အဖွဲ့အစည်း ကိုဖျက်ဆီးသည်နှင့်အတူတူဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူုတို့ ကယုံ ကြည်စွာအပ်နှင်းထာသော လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုရာရောက်၍ ပြည်သူုတို့အားသစ္စာဖောက်သည် နှင့်အတူတူသာဖြစ်ပါသည်။ထိုသူများကိုသိစေချင်သည်မှာ ဘယ်သူမှမွေးကတည်းက အာဏာ လုပ်ပိုင်ခွင့် များပါမလာပါ ပြည်သူများအပ်နှင်းထားသောလုပ်ပိုင်ခွင့်အာဏာသာရှိကြောင်းသိစေလိုပါသည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှတဆင့်ပြည်သူများက လုပ်ပိုင်ခွင့်ကိုခွဲ့ဝေပေးထားသည်ကိုသိရှိရန်လိုပါအပ်ပါသည်။အခြေခံဥပဒေကိုဖောက်ဖျက်သည့်အဖွဲ့အစည်းအားအခြေခံဥပဒေအရရေးယူရန်သာဖြစ်ပါ ကြောင်းရေးသားလိုက်ရပါသည်။
အုပ်စုစွဲ၊အဖွဲ့အစည်းစွဲ၊ဝါဒစွဲ တွေရှိနေသမျှ စစ်မှန်တဲ့ ဒီမိုကရေစီကိုမရောက်နိုင်သေးဘူး..။MRTV မှာ လွှတ်တော် သတင်းကိုကြည့်လိုက်ကတည်းက"လက်ညိုးထောင် ခေါင်းညိတ် " အမတ် အတော်များများကိုတွေ့လိုက်ရတယ်....။ စိတ်မဝင်စားတာလား ၊ အချိန်ကုန်မခံနိုင်တာလား ၊ တကယ်မသိ နားမလည်တာလား ၊ ဝေလေလေ ပဲလား လို့ MRTVကြည့်နေရင်း တွေးမိတယ်...။ဒါကြောင့်အဘဦးသိန်းစိန်၊အမေစုတို့ပြောနေကြတဲ့ပြည့်ဝ စစ်မှန်တဲ့ ဒီမိုကရေစီ ပန်းတိုင် ရောက်ဖို့ အတော်ကြိုးစားရဦးမယ်ဆိုတာ..။ရိုးသား
ကြပါ ၊ကြိုးစားကြပါ။သမိုင်းမှတ်တမ်း များကောင်းစေချင်သည့်
စေတနာနဲ့ပါ....။
Post a Comment