ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အမာကျေးရွာ အုပ်စုမှာ ၁ ရက်ကို လျှပ်စစ်မီး ၄ နာရီ ပြန်ရရေး အတွက် ဒီနေ့ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြပါတယ်။
ဆန္ဒ ထုတ်ဖော် သူတဦးက “ကျနော်တို့ အချက် ၄ ချက်ကို တောင်းဆိုတာပါ။ အဓိကအချက်ကတော့ တညကို ၄ နာရီ ပေးနေကျ မီးပေးနေတာကို ပြန်ပေးဖို့ပါ။ အရင်က ည ၆ နာရီကနေ ၁၀ နာရီအထိ မီးပေးပါတယ်။ နောက်ပိုင်း ၃ နာရီပဲ ပေးတယ်။ အခု ၂ နာရီပဲ ပေးတော့တယ်” လို့ ပြောပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် တောင်းဆိုချက် ၄ ချက်မှာ တညကို ၄ နာရီ လျှပ်စစ်မီးပြန်ရရှိရေး၊ မီးအားပြည့်မီရေး/မီးပြတ်တောက်မှုမရှိစေရေး။ မီသုံးစွဲသူ ပြည်သူတွေထံက အပိုကောက်ခံမှုမရှိစေရေး။ စက်မောင်းဆီအပြည့်အ၀ရရှိရေး။ မီးသုံးစွဲခွင့်ရှိသူတိုင်း လျှပ်စစ်မီးသုံးစွဲခွင့်ရရှိစေရေးတို့ ဖြစ်ပါတယ်။
ပြည်သူတွေထံက မီးသုံးစွဲခ ကောက်ခံရာမှာ တလကို တရားဝင် ကျပ် ၁၀၀၀ နဲ့ တီဗွီတလုံးအတွက် ၇၅၆ ကျပ် သတ်မှတ်ထားပေမယ့် တာဝန်ရှိသူတွေက ပိုမိုကောက်ခံနေတယ်လို့ ပြောပါတယ်။
“တလကို တီဗွီတလုံးအတွက် ၃၀၀၀ ကျပ်၊ ရေခဲသေတ္တာအသုံးပြုခ ၃၅၀၀ ဆိုပြီး အပိုကောက်ခံပါတယ်။”
တောင်းဆိုချက်တွေ ရရှိရေးအတွက် ဒေသခံပြည်သူ ၅၀ က လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ စာရေးသားပေးပို့ထားတယ်လို့ ဆိုပါတယ်။
တောင်းဆိုချက်တွေကို သက်ဆိုင်ရာက ဖြေရှင်းမပေးပါက ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ် လို့ ဒေသခံက ပြောပါတယ်။
by ဒီဗွီဘီ

၁ ရက် လျှပ်စစ်မီး ၄ နာရီ ပြန်ရရေး ဘိုကလေး ဒေသခံများ ဆန္ဒထုတ်ဖော်
Reviewed by သစ်ထူးလွင်
on
20:38
Rating:
No comments:
Post a Comment