မန္တလေး တရားစီရင်ရေး စနစ် ယိမ်းယိုင် ပြိုလဲနေပြီ ဟူသော ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးသိန်းညွှန့် |
မန္တလေး တရားစီရင်ရေး ပြိုလဲ
Reviewed by သစ်ထူးလွင်
on
20:09
Rating:
11 comments:
ယုံကြည်လက်ခံပါတယ်ဦးသိန်းညွန့် ၊တတ်နိင်သလောက်ဆက်ပြီးကြိုးစားပေးလိုက်ပါအုံးဗျာ။
တရားသူကြီးနဲ့ပက်သပ်တဲ့ဆွေမျိုးတွေကအမှူပွဲစား
လုပ်နေကြတာ။
ဆရာသိန်းရယ်မန္တလေးမှမဟုတ်ပါဘူး။တနိုင်ငံလုံးဌာနဆိုင်ရာတွေပျက်စီးခဲ့ကြ
တာပါ။ခောတ်ကိုကမပျက်ချင်လဲပျက်။ပျက်ချင်လဲပိုပျက်ခောတ်ဖြစ်ခဲ့တာကို။မပျက်ချင်တဲ့သူလဲမရပ်တည်နိင်အောင်ဝိုင်းလုပ်တော့မိသားစုအရေးကြည့်ပြီးမထူး
ဇာတ်ခင်းတဲ့သူလဲအများပါဘဲ။အဓိက ကတော့ လစာလုံလောက်အောင်မပေးတာ
ရယ်၊မှန်မှန်ကန်ကန်လုပ်သူကိုကာကွယ်မပေးတာရယ်၊ကျူးလွန်သူကိုထိထိ ရောက်ရောက်အရေးမယူဘဲအားပေးသလိုဖြစ်နေတာတွေကြောင့်ပိုဆိုးသွားတာ
ပါ။ဒီအချက်တွေကိုထိန်းသိမ်း လိုက်ရင် ၇၀%လောက်ကောင်းသွားမှာပါ။
ယိမ်းယိုင်ပြိုလဲနေပြီဆိုရင်လဲ အသစ်ပြန်ဆောက်ပေးတော့
လေ....လက်ညိုးထိုးတာနဲ့တင်ကောင်းသွားမယ်ထင်လား??
ယိမ်းယိုင်ပြိုလဲနေပြီဆိုရင်လဲ အသစ်ပြန်ဆောက်ပေးတော့
လေ....လက်ညိုးထိုးတာနဲ့တင်ကောင်းသွားမယ်ထင်လား??
ဆရာကြီးတို့လေ့လာတာနဲသေးတယ် ၊ ရန်ကုန်မြို့ လသာမြို့နယ်က ကန်ထရိုက်တာ သူဌေးကြီး တစ်ဦး (ဆရာတော်ကြီးတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ အာဏာပိုင်ခေါင်းဆောင်တွေ ရှေ့မှာ အလှူအတန်းတွေလုပ်ပြီး သူတော်ကောင်းကြီးလုပ်ပြနေတာ) ဆိုရင် တရားရုံးပေါင်းများစွာကနေ အမှုပေါင်းများစွာကို အနိုင်ရပြီး ပိုင်ဆိုင်မှုတွေလုပ်ထားတာ ။ အဲဒီလူမျိုးတွေ နဲ့ ဘယ်လိုလူမျိုးတွေ ဘယ်လိုပေါင်းစားနေလဲ ဖော်ထုတ်ပါ
ကျွန်တော်ဆိုရင် လက်ရှိခံနေရတယ် ၊ တရားရုံးအမိန့်နဲ့ဒီဂရီရဲ့ မှတ်ချက်တွေမှာ လွဲမှားတဲ့ (ကောက်ချက်တွေ၊ သုံးသပ်ချက်တွေ၊ ယူဆချက်တွေ) နဲ့ ဖြစ်ရပ်မှန်တွေကို လက်မခံမှုတွေ၊ ကြောင့်ပိုင်ဆိုင်မှုတွေဆုံးရှုံးနေရပြီး ၊ တဖက်ကမဟုတ် မဟတ်လုပ်ထားတာကို အကုန်မှန်၊ သူပိုင်စေချင်တဲ့ သူဘဲပိုင် အလုပ်ခံထားရပါတယ် ကျွန်တော် ရဲ့ပိုင်ဆိုင်မှုကို တဖက်လှည့်နဲ့ တရားရုံးကနေ ကျွန်တော်မသိအောင် ယူထားတဲ့ သူဟာ ကျွန်တော်လုပ်ငန်းတွေပျက်စီးအောင် ဂျောက်ချ၊ လူကိုအပစ်မရှိ အပစ်ရှာပြီးထောင်ထဲရောက်အောင်လုပ် ဘဝပျက်အောင်လုပ် အသက်ပါဆုံးရှုံးအောင်လုပ် တာတွေခံခဲ့ရပါတယ် ဒီလိုလုပ်နိုင်တာဟာ အဲဒီလူရဲ့ ပရိရာယ် နဲ့ အကွက်ရွှေ့တာတော်လို့ပါ အဲဒီလူကိုကူညီနေတဲ့သူ တွေကလည်း ပျော်ပျော်ကြီး မိုးခါးရေ သောက်နေကြတာပေါ့
ကျွန်တော်တို့သားအမိကို ခြိမ်းခြောက် အကျပ်ကိုင်ပြီး ကျွန်တော်ရဲ့ပိုင်ဆိုင်မှုကို သိသိကြီးနဲ့ ပျက်ပြားအောင်လုပ် နေတဲ့ သူတွေ ဟာ ကျွန်တော့ထံမှာ သံသရာဝဋ်ဒုက္ခခံဘို့အကြွေးလာယူနေတာဘဲ
အဘိဓမ္မာ နားလည်တဲ့ လူကြီးမင်းက ပိုသိပါတယ်
ဒါတွေဟာသမ္မတကြီးမတက်ခင်က ဖြစ်ခဲ့တာ၊ သမ္မတကြီးတက်လာပြီးပြောတဲ့ မိန့်ခွန်းကိုကြားပြီးတဲ့နောက် ကျွန်တော်တို့သားအမိရဲ့ အချိန်ပြည့် မတရားမှုတွေကို ကြောက်နေရ တာတွေ သက်သာခဲ့ရပါတယ်၊ အခုတော့တရားရုံးကို မှန်မှန်ကန်ကန် ရပ်တည်လိမ့်မယ်မျှော်လင့် ရတာဘဲ အားလုံးက အဖြေပေါ်မှသိရတော့ ဘာမှမပြောနိုင်သေးပါဘူး
ဒါကြောင့် ဆရာကြီးတို့လေ့လာသင့်တဲ့အထဲမှာ လူတစ်ယောက်ထဲနဲ့ အမှုပေါင်းများစွာနဲ့ ပိုင်ဆိုင်မှုပေါင်း များစွာဘယ်လောက်လုပ်ထားလဲ စာချုပ်အတုတွေလုပ်ထားလား၊ လက်မှတ်အတုတွေလုပ်ထားလား ဘယ်လိုစစ်ဆေးမလဲ မဟုတ်မဟတ်လျှောက်ယူထားတာကို မှန်တယ်ဖြစ်အောင်ဘယ်လိုလုပ်ထားလဲ မတရားအ လုပ်ခံနေရတဲ့သူတွေ ကိုဆရာကြီးတို့  သိအောင်ဘယ်လို ဆက်သွယ်ရမလဲ ဆရာကြီးတို့က ဘယ်လိုကူညီနိုင်မလဲ ပြည်သူကို အသိပေး ပေးပါ၊
ဒီရက်အတွင်းမှာတော့ မန္တလေးကတရားသူကြီးတွေ
အမှုသည်တွေကငွေသွားပေးတာကို လုံးဝလက်မခံ
ကြဘူးဗျ။
ဒီလိုတွေ လုပ်စားနေတာ ကြာကြာလှပေါ့။
သူ့ကိုသာ တရားသူကြီးချုပ် ခန့်လိုက်ကြပါတော့ဗျာ
သူ့ထက်တော်တဲ့သူ ရှိမယ်မထင်ဘူး
သူသာလျှင် အားလုံးသိသူမို့ပါ
တနိုင်ငံလုံးက တရားရေးဝန်ထမ်းတွေကိုသင်တန်းဖွင့် ပို့ချ
သင့်ပါတယ်
ဒီလောက်တော်တာကို
တရားရုံးကိုမစစ်ခင် မှန်ကြည်သွားရန်မမေ့ပါနဲ့
သူလည်းငယ်ရာကကြီးလာတာပါကွာ
Post a Comment