တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ" ၌ ရှမ်းတိုင်းရင်းသား တေးရေးဆရာ စိုင်းခမ်းလိတ်ကို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သီချင်းတစ်ပုဒ် ရေးသားပေးရန် နိုဝင်ဘာလ ၂၆ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ သမ္မရုံးဝန်ကြီး ဦးအောင်မင်းက တောင်းဆို ခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သမ္မတရုံး ဝန်ကြီး စိုင်းခမ်းလိတ်ကို ငြိမ်းချမ်းရေး သီချင်းစပ်ပေးရန် တောင်းဆို
Reviewed by သစ်ထူးလွင်
on
21:01
Rating:
3 comments:
လူတိုင်း ခံစားတတ်ကြပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကြီးငယ်မဟူ အားလုံးခံစားတတ်တယ်။
ဒီခံစားရမ၍ကို တိတိပပ အောင်မြင်အောင် အကောင်အထည် ဖေါ်ဆောင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။
မြော်လင့်နေကြပါတယ်။
သီချင်းစပ်ရုံလောက်နဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး..စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ မြန်မာတွေရဲ့ အာဏာခွဲဝေမှုစနစ် ဗဟို အုပ်ချုပ်မှုစနစ်တွေ လျော့ချသင့်တယ်
အလွန်လိုအပ်သော ကိစ္စဖြစ်ပါသည်။ ငြိမ်းချမ်းရေးသံစဉ်များနှင့်တကွ ဒီမိုကရေစီသံစဉ်များကို ထုတ်လွင့်ပေးသင့်ပါသည်။ အာဏာရှင်ခေတ်ဟောင်းကို ခဝါချဖို့လည်း လိုပါသည်။ `တပ်မတော်သာလျှင် တိုင်းပြည်အတွက်ကို အကျိုးပြုနိုင်လိမ့်မည်` ဟူသော သီချင်းမျိုးတွေ မထုတ်လွှင့်သင့်တော့ပါ။ ဒီမိုကရေစီခေတ်နှင့်လုံးဝမလိုက်ဖက်တော့ပါ။ တိုင်းပြည်ကိုတည်ဆောက်ရာမှာ တပ်မတော်လည်းအရေးပါသလို အခြားအခြားသော အသိပညာရှင် အတတ်ပညာရှင်များ လုပ်သားပြည်သူများ သူ့နေရာနှင့်သူ အရေးပါကြပါသည်။ ကိုယ်ယုံကြည်လို့ ရွေးချယ်ထားသော ဒီမိုကရေစီသဘော၊ ငြိမ်းချမ်းရေးသဘော စသည်တို့ကို တိုင်းရင်းသားပြည်သူအများ၏ စိတ်ထဲရောက်အောင် ပို့ပေးရာမှာ စာပေ အနုပညာရှင် မီဒီယာများက အလွန်အရေးပါနေပါသည်။ ဒီမိုကရေစီသီချင်းများကိုလည်း ရေးစပ်သီဆိုပေးစေချင်ပါသည် ခင်ဗျား။
Post a Comment