ဟိန္ဒူသတင်းစာ ။ ။ အိန္ဒိယနိုင်ငံ အနေဖြင့် ရှေ့သို့ ချီတက်နေသည့် နိုင်ငံတခု ဖြစ်ကြောင်း ပြသနိုင်ရန်၊ အစီအစဉ် များစွာ ထည့်သွင်း ထားသည့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒေဝါလီပွဲတော် အတွင်း ၆-ရက်ကြာ ရောက်ရှိလာဖို့ ရှိပြီး၊ အမှတ်ရစရာ အံ့သြစရာ ပြင်ဆင်မှုများလည်း မြင်တွေ့ရမည် ဖြစ်သည်။
နယူးဒေလီ အတွက်မူ ယခင် မိတ်ဆွေဟောင်း တဦးဖြစ်သလို၊ ဒီမိုကရေစီ တောင်းဆိုနေသူ လုပ်ဖော်ကိုင်ဖက် တဦးကို နွေးထွေးလှိုက်လှဲမှုပြသမည့် အခါသမယ ဖြစ်သည်။
အမှတ်ရစရာများ ပြည့်နေသည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ သူကျောင်းတက်ခဲ့ရာ လေဒီ ရှရီရမ်ကောလိပ်သို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး၊ မိတ်ဆွေဟောင်းများနှင့်လည်း တွေ့ဆုံ လိမ့်မည် ဖြစ်သည်။ မြန်မာခေါင်းဆောင်က နိုဝင်ဘာလ ၁၄-ရက်နေ့တွင် နေရူးအထိမ်း အမှတ် ဟောပြောပို့ချမှုလည်းပြုလိမ့်မည် ဖြစ်သည်။
ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌ ဆွန်နီယာ ဂန္ဒီ (Sonia Gandhi) က ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အမှတ် ၁ဝ၊ ဂျန်ပတ် လမ်း နေအိမ်တွင် လက်ခံတွေ့ဆုံမည် ဖြစ်ပြီး၊ ၎င်းအိမ်က ၁၉၆ဝ ခုနှစ်များတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ သူ၏ မိခင် ဒေါ်ခင်ကြည်နှင့်အတူ ယခင်နေထိုင်ခဲ့ရာ အမှတ် ၂၄၊ အက်ကဘာလမ်းနှင့် ကပ်လျက်ပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၃ ခုနှစ်တွင် ဂျဝါဟာလာ နေရူးဆု ပေးအပ်ခဲ့စဉ်က၊ မြန်မာ စစ်အစိုးရခေါင်း ဆောင်တို့က အမျက်သိုမှု ခံခဲ့ကြရသေးသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အန်ဟာရာ ပရာဒေ့ရှ် (Andhra Pradesh) သို့လည်း သွားရောက်လည်ပတ်ဦးမည် ဖြစ်ပြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဂျိုင်ရန် ရာမက်ရှ် (Jairam Ramesh) က ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် အမျိုးသမီးတို့ဘဝ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမည့်အဆင့်များကို မိတ်ဆက်ပြသဦးမည်လည်းဖြစ်သည်။
မြန်မာခေါင်းဆောင်က ဘန်ဂလိုး (Bangalore) တွင်၊ အိန္ဒိယသိပ္ပံ နှင့် သတင်းနည်းပညာ အင်စတီကျု (Indian Institute of Science and the Infosys) ပုရဝုဏ်သို့လည်း သွားရောက်ဦးမည် ဖြစ်သည်။
ဒေလီတွင်မူ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်၊ ဒု-သမ္မတ ဟာမစ် အန်ဆာရီ (Hamid Ansari) နှင့် (လော့ခ် ဆာဘား) အောက်လွှတ်တော် ဥက္ကဋ္ဌ (Lok Sabha speaker) မီရာ ကူးမား (Meira Kumar) တို့နှင့်လည်း
တွေ့ဆုံမည် ဖြစ်သည်။
နယူးဒေလီ (မဇ္ဈိမ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဝယ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသူများအားတွေ့ရစဉ်(ဓာတ်ပုံ - AFP) |
ဒေါ်အောင်ဆန်းစုကြည်၏ ဒေဝါလီပွဲတော်ချိန် အလည်ခရီးက အမှတ်ရစရာများ ပြည့်နေခြင်း
Reviewed by သစ်ထူးလွင်
on
19:34
Rating:
1 comment:
တ၇ုတ်နဲ့ တ၇ုတ်အားကိုးပုဆိန်၇ိုးတွေကလွဲလို့အားလုံးက
ကြိုဆိုတယ်။
Post a Comment