ကြို့ပင်ကောက်မြို့မှ အုပ်စုဖွဲ့ရမ်းကားမှု

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ရံပုံငွေဈေးရောင်း ပွဲတော်ကျင်းပရာ(15.11.12) ညပိုင်းတွင် ဆိုးသွမ်း လူငယ်တစ်စုမှ ပွဲတော်တွင် လာရောက် ရောင်းချနေသော ဈေးသည် လူတစ်ဦးအား လူအများရှေ့တွင် အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ကြောင်း သိရှိရသည်။ မျက်နှာတွင် သွေးထွက်ဒဏ်ရာ ရစေယုံသာမက ဆိုင်ရှိ ပစ္စည်းအချို့ကိုလည်း ဖျက်ဆီးသွားကြသည်။

ထိုအချိန်သည် ဈေးပွဲတော် လုံခြုံရေးများ ရှိနေချိန်လည်းဖြစ်သည်။ သို့ရာတွင် ပြစ်မှု့ ကျူးလွန်သူများအား တစ်စုံတရာ အရေးယူခြင်း မရှိဘဲ ကျူးလွန်ခံရသူကိုသာ ဈေးဆက်မရောင်းဘဲ အိမ်ပြန်ရန် ပြောကြားခဲ့ပါသည်။

ထိုလူငယ်များသည် မြို့ပေါ်တွင် ထိုကဲ့သို့သော ပြစ်မှုများ မကြာခဏ ကျူးလွန်လေ့ရှိကြသည်။ သူတို့၏ မိဘများမှာ အာဏာပိုင်များနှင့် မကင်းရာ မကင်းကြောင်း ရှိကြသည်။ ထို့ကြောင့် နောက်နောင် ထိုသို့မဖြစ်စေရန် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူသင့် ကြောင်း ကြို့ ပင်ကောက်မြို့ ခံများက Myanmar News Now ကို ပြောပြပါသည်။



ကြို့ပင်ကောက်မြို့မှ အုပ်စုဖွဲ့ရမ်းကားမှု ကြို့ပင်ကောက်မြို့မှ အုပ်စုဖွဲ့ရမ်းကားမှု Reviewed by သစ်ထူးလွင် on 05:43 Rating: 5

3 comments:

Unknown said...

တော်တော်ဆိုးတဲ့စိတ်ဓါတ်ရှိတဲ့လူတွေမြန်မာပြည်မှာအဓွန့်မရှည်
ပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်။

Supergenius said...

လုံခြုံရေးတွေက ကြောက်နေတာလား။ အာဏာပိုင်မကလို့ ဘာဖြစ်ဖြစ် ဂရုစိုက်စရာမလိုပါဘူး။ မိမဆုံးမ ဖမဆုံးမ ကောင်တွေကို ဖမ်းဆီးအပြစ်ပေးရမှာဘဲလေ။ ဒီလိုဆန်ကုန်မြေလေးတွေရှိနေသရွေ့ ငါတို့နိုင်ငံ ဘယ်လိုလုပ်တိုးတက်မှာလဲ။ ရှင်းလင်းသုတ်သင် သင့်ရင် ရှင်းပစ်လိုက်ရမှာဘဲ။

silvercuteboy said...

ယခုလိုမင်းမဲ့စရိုက်ဆန်တာတွေကို ရပ်သင့်သလို သတင်းကိုဖော်ပြပေးတဲ့ သစ်ထူးလွင် ကိုလဲကျေးဇူးတင်ပါတယ်

Powered by Blogger.