မင်းမဲ့စရိုက် ဆန်ဆန် ရမ်းကားခဲ့သည့် လူတစုအား ဖမ်းဆီးရမိ

၂၈.၁၀.၁၂ နေ့ ၂၃း၃၀ အချိန် ဆူးလေးလမ်းနှင့် အနော်ရထာလမ်း မီးပွိုင့်တွင် ဦးကျော်မိုးခိုင် မောင်းလာသည့် ယာဉ် မီးပွိုင့်မိနေစဉ် ယာဉ်(၂)စီးပေါ်မှ လူ (၄/၅)ဦး ဆင်းလာပြီး ဦးကျော်မိုးခိုင် အား လက်သီးနှင့်ထိုး တုတ်နှင့်ရိုက် ယာဉ်မှန်များအားလည်း ရိုက်ခွဲဖျက် ဆီးခဲ့မှုတွင် ပါဝင်သည့် စည်သူမျိုးဇင် ၊ စည်သူထွဋ် ၊ နေဇော် နှင့် ပြည့်ဖြိုးဟိန်း(ခ) ကိုဖြိုး တို့ အား ဖမ်းဆီးရမိ ခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာလ (၃) ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မှာ ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ်

မင်းမဲ့စရိုက် ဆန်ဆန် ရမ်းကားခဲ့သည့် လူတစုအား ဖမ်းဆီးရမိ မင်းမဲ့စရိုက် ဆန်ဆန် ရမ်းကားခဲ့သည့် လူတစုအား ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 02:44 Rating: 5

18 comments:

bango said...

ဒီအမှု၇ဲ့ စံပြ ပြစ်ဒါဏ်ပေးလိုက်တဲ့ နောက်ဆက်တွဲသတင်း ကြားချင်ပါတယ်။

Kalaw Thar said...

သူတို့တွေကဘယ်သူတွေလည်း၊ဘယ်သူ့ အားကိုးနဲ့ ဒီလိုရမ်းကားရဲတာလည်း၊ဒီလိုအုပ်စုဖွဲ့ ရမ်းကားနေတာဒီနှစ်ထဲမှာအရမ်းများနေပြီအဲဒါကြောင့်မီဒီရာမှတဆင့်စုံစမ်းစေချင်ပါတယ်

Unknown said...

နောက်လူတွေ လိုက်မလုပ်အောင် စံပြအဖြစ် ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။

driver said...

အုပ်စုလိုက်ရမ်ကားခြင်း/မင်းမဲ့စရိုက်ဆန်စွာဗိုလ်ကျအနိုင်ကျင့်ခြင်း လုပ်ရပ်တွေ အခုတလောတော်တော်ဆိုးလာတယ်..ဒီမိုကရေစီနိုင်ငံတော်အသွင်းကူး
ပြောင်းရေးကာလရောင်ခြည်ကိုမှေးမှိန်စေပါတယ်..ပြောင်းလဲတာကိုမကြိုက်
လို့ဖျက်လိုဖျက်ဆီးလုပ်နေကြတာ အရင်ကအခွင့်ထူးခံလူတန်းစားအသိုင်းအ၀န်းက ငွေကြေးပံ့ပိုးမှု့တွေ
ထောက်ပံ့မှု့တွေပေးပြီးမြှောက်ပေးနေလို့ဖြစ်မှာပေါ့ ရဲတွေအနေနဲ့လည်းပတ်သက်ရာပတ်သက်ကြောင်းတွေရှိတယ်..တရားဥပဒေစိုးမိုးရေးကိုသာဦးစားပေးဆောင်ရွက်ပေးပါလို့မေတ္တာရပ်ခံလိုက်ပါ
တယ်..

Unknown said...

ထိထိရောက်ရောက် အရေးယူပေးပါလို့ပြည်သူတစ်ယောက်အနေနဲ့
တောင်းဆိုပါတယ်။ဒါမှသာလျှင် ပြည်သူ့ ချဉ်ဘတ်တွေ နောက်ထပ် မလုပ်ရဲမှာဖြစ်ပါတယ်။

Unknown said...

အရိုက်ခံရ တာ ကိုကျော်မိုးခိုင် လား၊ ကိုကျော်ဝင်းနိုင် လား။ သတင်းဖတ်ရတာ မရှင်းလင်းပါ။

jaboe said...

တရားခံတော့မိပြီဗမာလူမျိုးထုံးစံအတိုင်းတောင်းပန်တော့ကြေအေးလိုက်ကြ၊ ကြားကရဲ၊တရားရုံးတွေက၀ါးကြ၊ဒီလိုနဲ့ဘဲသံသရာလည်နေမှာပါဘဲ၊စံနမူနာပြအ နေနဲ့ဘယ်တုံးကမှမလုပ်ခဲ့ပါဘူး၊တရားဥပဒေစိုးမိုးရေးအတွက်တော့ရင်လေးမိပါ သေးတယ်

than win tun said...

အဲဒီ ကောင်တွေကို ထိရောက်စွာ အရေးယူပါ ... လိုအပ်လျင် လက်ပါ ဖြတ်ပြစ်ပါ ...

thingyan minthar said...

ဒီလူတွေကို တရားနည်းလမ်းမှန်ကန်စွာ စစ်ဆေးပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဖိုလိုပါတယ်။ဘယ်လိုအရေးယူခဲ့တယ်ဆိုတာကို သတင်းစာနဲ့ဂျာနယ်မှာ တရားဝင် ဖော်ပြပေးဖို့လဲ လိုပါတယ်။ဒါမှသာ နောက်လူတွေက ဥပဒေကို လေးစားလိုက်နာ
လာမှာဖြစ်တယ်။ငြိမ်းချမ်းတဲ့ နိုင်ငံ တစ်နိုင်ငံ အမြန်ဆုံးဖြစ်ချင်ပါပြီ။

ဆုလာဘ် said...

တရားခံ များမှာ မိဘများမရှိတော့ဘူးထင်တယ် မပါဘူး တခြားသတင်းတွေမှာပါတယ် သေရင်လည်းထည့်ရမယ် မသေရင်လည်းထည့်ပေရပါမယ် သတင်းသဘောအရပါ နေရပ်လိပ်စာ လည်းမရှိဘူး တော်ပါတယ် လုပ်ရပ်တွေ

ipman said...

ကြိုက်တယ် ဒါမှ ပြည်သူ့ရဲ ပြစ်မှုကြူးလွန်သူတိုင်းကို ဒီလိုဘဲ မြန်မြန်ဆန်ဆန်
ဖမ်းစီးပြီးထိရောက်တဲ့ ပုဒ်မတပ်ပြီး တရားရုံးကလဘ်စား အပြစ်ကလွတ်အောင်
လုပ်မရအောင်သက်သေခိုင်ခိုင်လုံလုံနဲ့ စွဲချင်တင်တရားစွဲပို့ပေးပါ။မြန်မာ့ရဲတွေ
ဘယ်တုံးကမှမညံ့ခဲ့ဘူးဆိုတာ သိပြီးသားပါ။စားဝတ်နေရေးကြောင့်ခောတ်ပျက်
ထဲမှာ အလိုက်သင့်နေ နေကြတာပါ။

zawzaw said...

ဒီလိုလူမျိုးတွေကို ငွေးအားကိုးနဲ့မိုက်နေတဲ့သူတွေကို နောင်မလုပ်ရဲ့အောင်ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူသင့်ပါတယ်

Unknown said...

ဒီလိုအကြောင်းမဲ့ရမ်းကားနေတဲ့ကောင်တွေကိုပြင်းထန်စွာအပြစ်ပေးသင့်ပါတယ်

Unknown said...

ကျန်ကားတစ်စီးနှင့် ဆက်စပ်တရားခံများကိုလဲအမြန်ဆုံးဖမ်းဆီးပြီးထိရောက်စွာအရေးယူပေးပါ

မျီုး ချစ် said...

ဒီအတိုင်း ဖြစ်နေတာ နှစ်ပေါင်းများစွာကြာနေပြီလေ တရားခံအစစ်အမှန် ထောင်ကျသွားတာ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေမှာဘဲ တွေ့ဘူးသေးတယ်။

Unknown said...

ကြိုးမိန်ပေးလိုက်တရားသူကြီးမင်း ဒီလိုကောင်တွေရှိတာဆန်ကုန်မြေလေး မိမစစ်ဖမစစ်မိမဆုံးဖမဆုံးသားသမီးတွေထင်တယ်

mr.moon said...

နာမည်က လွဲနေတယ်။ ပြန်စီစစ်ပြီး အမှားလေးပြင်ပေးပါဦး.. ကောင်းတယ် ထောင်ချပစ်လိုက် နှစ် ၂၀ လောက် ဒါလည်း အကြမ်းဖက်မှုပဲ... မှတ်လောက်အောင်လုပ်လိုက်

အမာ ရွတ်နဲ့ လူသား said...

ကောင်းတယ် သေသေချာ ချာ အပြစ်ပေးလိုက် သေဒဏ်ပဲပဲဖြစ်ဖြစ် ထိရောက်အောင် ဒါမှ နောက်လူတွေ ၈ျို ထပ်မကြွနိုင်မှာ ။ နောက်ကွယ်မှာ ကြိုးကိုင်နေသူတွေကိုရော ဘာမှ မလုပ်ဘူးလား ။ ၀ါးပိုးမျှစ်လိုတော့ မလုပ်ပါနဲ့ ။အဖျားရူး သွားတာမျိုး ။ ဘယ်သူကမှ အထင်မကြီးမလေးစားခံရတဲ့ ရဲတပ်ဖွဲ့ က ထိရောက်အောင်လုပ်ပြတယ်ဆိုတာ လေးမျိုးနဲ့ လူ လေးစားခံရ ယုံကြည်ခံရဖို့ပြန်လုပ်ဆောင်သင့်တယ် လို့ထင်ပါတယ်။ တကယ်ရော လုပ်မှာ လားဟင် ။။။

Powered by Blogger.