နေပြည်တော်တွင်းရှိ မူလတန်းကျောင်း နှင့် သနားစရာကောင်းတဲ့ရွာသားများ

၆.၁၁.၂၀၁၂ က ဘောဂသိဒ္ဒိ ရပ်ကွက်ထဲမှာ ရှိတဲ့ အမက ကျောင်းလေးသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ငါးတန်းရှိပြီး ကျောင်းအုပ် ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း သုံးဦးသာရှိပါတယ်။

 စေတနာ့ဝန်ထမ်း သင်ပေးနေတဲ့ လစာမရရှိတဲ့ ကျောင်းဆရာမ တဦးကို တွေ့ ခဲ့ရတယ်။

ကလေးတွေအတွက် ကျောင်းစာသင်ခုံများ လုံလောက်မှု လုံးဝမရှိဘူး။ ဆရာ၊ ဆရာမအတွက် ထိုင်စရာခုံဆိုတာ ဝေလာဝေးပါပဲ။

သူငယ်တန်းကလေးတွေ အတွက် ကျောင်းစာသင်ခုံအဖြစ် ဘဲဥသေတ္တာအခွံက သစ်သားတွေကို စာသင်ခုံ အဖြစ်ရိုက်ထားတာ တွေ့ရတယ်။

 တနှစ်ပတ်လုံးအတွက် အဲဒီ မူလတန်းကျောင်းလေးအတွက် အစိုးရက ချပေးတဲ့ အသုံးစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းတဲ့။

ဟန်ပြအဖြစ်နဲ့တော့ နွားနို့တခါတိုက်တာ သိခဲ့ရတယ်။

ဒါ့ကြောင့် နေပြည်တော်ထဲမှာ ရှိတဲ့ ကျောင်းတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက် စစ်ဆေးခွင့် မပြုတာဖြစ်မှာပါ။




သနားစရာကောင်းတဲ့ရွာသားများ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းမှာ တည်ဆောက်ရေးလုပ် ငန်းမှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ သူတွေ၊ ၎င်းတို့ကို မှီခိုနေတဲ့ မိသားစုတွေ၊ သူတို့တွေရဲ့ ကလေး ကျောင်းသား၊ ကျောင်းသူတွေ နေထိုင်ကြတဲ့ တောင်ကြားဈေးထဲက ရွာတန်းအသေးလေးကို နေပြည်တော် ကောင်စီက စီမံကိန်းလုပ် ဖို့ ကျူးကျော် အိမ်ယာဟုဆိုကာ အတင်းအဓမ္မ ပြောင်းရွှေ့ခဲ့တာ ကြောင့် ဆင်းရဲသား အလုပ်သမား တွေဟာ အိမ်မဲ့ယာမဲ့ဖြစ်ပြီး တောထဲကို ဝင်ရောက်ထွက်ပြေးနေထိုင်ကြရတယ်။

တောထဲမှာရှိတဲ့ နှမ်းခင်းပိုင်ရှင်တစ်ဦးက လက်ရှိကျောင်းတက်နေတဲ့ ကလေးလေးတွေကို သနားပြီး သူ့ယာခင်းထဲမှာ အဲဒီအိမ်ယာမဲ့ တွေကို တဲထိုးပြီးနေခိုင်းခဲ့တယ်။ အဲဒါကို အုပ်ချုပ် ရေးမှူးက ဧည့်စာရင်းဥပဒေနဲ့ အဲဒီလူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေတယ်။

အဲဒီကိစ္စကိုဖြေရှင်းဖို့ ကျမနဲ့ကိုမင်းသူ (ဥတ္တရသီရိ) တို့နှစ်ယောက်ဟာ ဒက္ခဏသီရိ အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အတွေ့မခံဘဲ အမြဲလိုလိုရှောင်ရှားနေပါတယ်။

 ပြဿနာများကို လည်းဖြေရှင်းပေးခြင်းလည်းမရှိဘူး။ ကျမတို့ကိုယ်စားလှယ်တွေဟာ မိမိတို့မဲဆန္ဒနယ်မြေဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်နေပြည် တော်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရန်ကြိုးစားပါသော်လည်း အစဉ်အမြဲအကြောင်းအမျိုးမျိုးပြကာ ရှောင်ရှားနေတတ်ကြတယ်။

သူတို့က ကျူးကျော်ဆိုပြီး လူတွေရဲ့အိမ်တွေကိုဖျက်မယ်။ လူတွေကို ဒီဒေသကနေ နှင်ထုတ်မယ်။ နေပြည်တော်ဆိုတဲ့ မြို့ကြီးမှာ ဆင်းရဲသားအလုပ်လက်မဲ့များကို ရှိစေချင်ပုံမရပါဘူး။ နှင်ထုတ်ခံရတဲ့ မိသားစုထဲက ကလေးတွေက တော့ ကျောင်းဆက်တက်ဖို့ မလွယ်ကူတော့ဘူး။

သတင်း-ဓါတ်ပုံ ။  ။ Daw Sandar Min (Shwee) (faceboook)


နေပြည်တော်တွင်းရှိ မူလတန်းကျောင်း နှင့် သနားစရာကောင်းတဲ့ရွာသားများ နေပြည်တော်တွင်းရှိ မူလတန်းကျောင်း နှင့် သနားစရာကောင်းတဲ့ရွာသားများ Reviewed by သစ်ထူးလွင် on 20:35 Rating: 5

6 comments:

နေမင်းခေါင် said...

ဒါပေါ့ဗျာသူတို့သားသမီးတွေဒီမှာမှကျောင်းမနေကြတာနိုင်ငံခြားမှာလေဒါတွေထည့်တွက်စရာမလိုဘူး

Unknown said...

ကိုယ်စားလှယ်တော်ကြီးများပြည်သူအတွက်ဘာများလုပ်ပေးနိုင်လို့
လဲပြောပါခင်ဗျာ။အာဏရှင်စနစ်ဆိုးကအောက်ခြေပြည်သူတွေကယခုဒီမိုကရေ
စီရနေပါပြီဆိုပြီးပြောနေတဲ့အထိခံစားနေရတုန်းပါဗျာ၊နေပြည်တော်မှမဟုတ်ပါဘူး
မြန်မာပြည်အနှံရှီနေတာပါခင်ဗျာ။အဲဒါအမှန်တရားပါခင်ဗျာ။

Unknown said...

ကျနော်တို့နိုင်ငံတွင် ဒီလိုမျိုး ပညာရေးကိစ္စများ တော်တော်ဆိုးဆိုးရွားရွားခံစား နေရပါသည်။ ရန်ကုန် အချက်အချာကျသော နေရာများတွင်လဲ စိတ်မကောင်းစရာများမြင်တွေ့နေရပါသည်။ သာကေတ အမှတ်၂၈ အခြေခံ မူလတန်းကျောင်း ကမာကြည်တံတား ထိပ်တွင်လည်း အိမ်သာနံ့များ ရက်ကွက် နေလူများတောင် အနံ့မခံနိုင်သောကြောင့် ရောင်းချပြီးနေရာရွေှ့ သွားကြပါတယ်။ ကလေးများအတွက်တော့ စဉ်းစားသာကြည့်ကြပါ ။ သန့်ရှင်းရေး ၇ံပုံငွေများ ပုံမှန်မပျက်ပါ . အိမ်သာနံ့သည်လည်း ပုံမှန် ဖြစ်နေပါသည်။ ထိုကိစ္စကို ။ကိုသစ်ထူးလွင်အနေဖြင့် ထင်သာမြင်သာသေား သတင်းနေရာတွင် ထဲ့ပေးပါရန် ပန်ကြားပါသည်။

Unknown said...

ခုလောလောဆယ်အစီစဉ်မရှိသေးပါကြောင်း

thunaing61 said...

သစ်/၀ါးပေါတဲ့နေရာနေပြီးစာသင်ကျောင်းတွေ..အမိုးမလုံ/အကာမလုံ..ဆရာမ
တွေမလုံတာကတော့ အဆန်းမဟုတ်အားလုံးအမြင်ပါ(အကန်းတွေမှလွဲ)
စကားပုံ(စကားပို)အရ..လူကကျားကိုသတ်နိုင်..သူရဲကောင်း..
ကျားကလူကိုသတ်လျင်...ရိုင်းစိုင်း/ရက်စက်/ရုတ်မာ/ကောက်ကျစ်/မတရား/
လွန်ကျူး/တာဝန်မဲ့/လူသားမဆန်/သမိုင်းကိုနောက်ပြန်ဆွဲ)
သည်လိုနှင့်မွေးသေဖြစ်ပျက်..
မိမိကိုယ်ကိုအားကိုးရာ...
ကိုယ်သမိုင်းကိုယ်ရေး...

နေတမာန် said...

အယ်ဒီတာခင်ဗျာ ထိုကျောင်းလေး၏ လိပ်စာအတိအကျကို သိလို့ရမလားခင်ဗျာ။ ကျွန်တော်တို့တတ်နိုင်သလောက်ကူညီးချင်လို့ပါ။ ဖြစ်နိုင်မည်ဆိုလျှင်ျွန်တော်၏ မေလ်းလိပ်စာသိ ထိုကျောင်း၏လိပ်စာ အတိအကျအား ပို့ပေးစေချင်ပါသည်ခင်ဗျာ naytamam1988@gmail.com
ကျေးဇူတင်ပါသည်ခင်ဗျာ

Powered by Blogger.