လက်ပံတောင်း တောင် သပိတ် လူစုခွဲ

လက်ပံတောင်း တောင် သပိတ် စခန်း ၆ ခု အနက် ဝမ်ပေါင် ကုမ္ပဏီ ရုံးရှေ့က သံဃာ တွေရဲ့ သပိတ်စခန်းကို ကြာသပတေး နေ့ မနက် ၃ နာရီက စပြီး မျက်ရည်ယိုဗုံး ပစ်ခတ်ပြီး ရိုက်နှက် လူစု ခွဲခဲ့ပါတယ်။ သံဃာတော် ၆ ပါး လောက်ကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်း တောင် သပိတ် စခန်း လူစု ခွဲခံရ
လက်ပံတောင်း တောင် သပိတ် လူစုခွဲ လက်ပံတောင်း တောင် သပိတ် လူစုခွဲ Reviewed by သစ်ထူးလွင် on 05:54 Rating: 5

3 comments:

Maymyochit said...

လူ့ အသက်တွေသေဆုံးတဲ့အထိမလုပ်ကြဖို့တောင်းဆိုပါတယ်။

diplomat said...

အမေစုမရောက်ခင်လုပ်တယ်ဆိုတော့ ထင်ရှားပါတယ်...မတရားလုပ်ထားတွေပေါ်မှာစိုးလို့ပေါ့
ကလေးအတွးပါ

နိုင်မွန်အောင်သွင် said...

ရိုးရိုးလေးဆင်ခြင်ကြည့်ကြစေချင်ပါတယ်။ရိုဟင်ဂျာနဲ့ဖြစ်တော့လည်း ကိုယ့်မြန်မာလူမျိုးပြည်သူလူထုကိုပဲ ပစ်ခဲ့ ခတ်ခဲ့ပြီး အခု တရုတ်နဲ့ပါတ်သက်ပြန်တော့လည်း ဒီအချိုးအတိုင်း ကိုယ့်မြန်မာလူမျိုး ရဟန်း သံဃာနဲ့ ပြည်သူလူထုကိုပဲ အကြမ်းဖက်နှိမ်နင်းပြန်တော့ ဒီ တာဝန်ရှိသူနေရာမှာရှိနေတဲ့ အာဏာပိုင်များရဲ့လုပ်ရပ်ကို အမှန်အတိုင်းမြင်တွေ့နေနိုင်ကြပါပြီ။ဘီလူးဆိုင်းနဲ့ ဘီလူးကကွက်ဟာ သူတို့ရဲ့ တစ်ခုတည်းသောစရိုက်အမှန်ဖြစ်လေတယ်။ဒေါ်စု နိုင်ငံတကာကို သတိပေးပြောပြောနေတဲ့ ဒီအစိုးရကို သိပ်အကောင်းမမြင်သင့်သေးကြောင်းဆိုတာ အလွန်သတိကြီးသော ဆင်ခြင်တုံတရားကလာတယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပါပဲ။ဒေါ်စု သပိတ်စခန်းကိုရောက်သွားရင် ဆိုတဲ့ သူတို့ရဲ့စိုးရိမ်ရေချိန်မှတ်ဟာ နောက်ဖြစ် နောင်မှရှင်း ဆိုသလို အကြမ်းဖက်မှုတွေနဲ့ လက်ဦးမှုယူလိုက်ပုံက မတတ်သာလို့ သူတောင်ကောင်းယောင်ဆောင်ခဲ့သမျှ ဘူးပေါ်သလို ပေါ်ရတော့တာပါပဲ။နိုင်ငံရေးနယ်ပယ်ကရော ကျွန်တော်တို့အနုပညာနယ်ပယ်ကရော မိတ်ဆွေများကို အကြံပြုလိုတာက အရာရာအားလုံးအပေါ်မှာ သိပ်ပြီး အတင့်မရဲကြသေးဖို့ပါပဲ။အခြေအနေက ဟိုမှာ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့မတူပဲ မူကွဲနေလေတော့ အတွေ့အကြုံများပေါ်မှာ သတိများများကပ်ထားပါမှ တော်ကာကျပါမယ်။မြန်မာ့နွေဦးဟာ သိပ်တော့မဝေးလှတော့ပါဘူး။အလှည့်အပြောင်းတွေတော့ များနေဦးမှာပါ။

Powered by Blogger.