" တရားလွှတ်တော်ကို လွှတ်တော်က စိုးမိုးတယ်လို့ ပြောသံကြားတယ်။ အဲလို ထင်ရင်လည်း ကျနော်တို့ အနေနဲ့ ဆက်ပြီး လုပ်သွားရမှာပဲ၊ ဒီအစိုးရ သက်တမ်းမှာ တရားရေးမဏ္ဍိုင် မှန်ကန်ပြီး အားကောင်း လာအောင် လုပ်ကို လုပ်ရမှာပဲ၊ နောက်ရွေးကောက်ပွဲ ပြီးတဲ့ လွှတ်တော်မှာ ကျနော်တို့ ပြန်ပါလာဖို့လဲ မသေချာသလိုပြန် အရွေးချယ်ခံရရင်တောင် ဒီကော်မတီမှာ ပြန်တာဝန်ထမ်းဆောင် ရဖို့လည်း ပြောလို့မရပါဘူး၊ ဒါကြောင့် စိုးမိုးတယ်ထင်ရင်လည်း ထပ်စိုးမိုးသွားရမှာပဲ"---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တွေ့ရသော တရားရေး ကော်မတီ ဥက္ကဌ နှစ်ဦး ။ ဓါတ်ပုံ - Popular Myanmar News Journal |
တရားရေးကိစ္စကိုင်တွယ်မှုသည် စိုးမိုးသည်ဟုမြင်ပါက ထပ်မံစိုးမိုးသွားမည်ဟု သူရဦးအောင်ကိုပြောကြား
Reviewed by သစ်ထူးလွင်
on
15:11
Rating:
4 comments:
နောက်မဆုတ်နဲ့ ကိုကံချွန် ဆက်လုပ်ပါ။ ခိုးမရ လာဘ်မရဖြစ်လာ တော့ပြောတာမဆန်းပါဘူး။ သခိုးမကြိုက်လည်းနေပါစေ ပြည်သူ့ မျက်နှာကိုဘဲကြည့်ပါ။
မဟုတ်သေးပါဘူး ဆရာသမားရဲ့ ဆရာသမားက ကျွန်တော်တို့ထက်ပိုတတ်ပါတယ်...ဒါပေမယ်ပေါ့လေ
လွှတ်တော်နဲ့အခြား မဏ္ဍိုင်နှစ်ခု တစ်ခုကို တစ်ခု အပြန်အလှန် ထိန်းကျောင်းရင်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်ပြီး ပိုမို ကောင်းမွန်တဲ့ စနစ် တစ်ခုကို ဖန်တီးသွားကြရမှာမဟုတ်လားဗျ။.....ဆရာသမားတို့ ထုတ်ပြန်တဲ့ ဥပဒေတွေ အတိုင်းမလိုက်လာရင် ဆရာသမားတို့က စောင့်ကြည့်ပြီး ထိန်းကျာင်းပေးသွားရမှာလေ။ ၀င်စွက်ဖက်ဖို့မဟုတ်ဘူးလေ။ ပြီးတော့ အုပ်ချုပ်ရေးမဏ္ဍျိင်ကို လည်း ၀င် မစွက်ဖက်သင့်ဘူးလေ။ အကုန်လုံးက သက်တမ်းနုနယ်သေး သော်လည်း ညီညီ ညွတ်ညွတ်နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် သွားရမှာပေါ့။....မဟုတ်ဘူးလား။
ကျွန်တော်ထင်တာ ကျွန်တော်ပြောတာနော်။မှားတာရှိရင်လည်း ထောက်ပြ ပေးပါနော်။
ဥက္ကဌကြီးများခင်ဗျား
ဘယ်သူတွေဘာပြောပြော တကယ်ဘဲ လုပ်ပေးပါ။ ဥပဒေ၊ တရားသူကြီး၊ ရှေ့နေများ ဂိုဏ်းဖွဲ့လုပ်စားနေကြတာ ကြာပါပြီခင်ဗျား။ ပြည်သူများသာနစ်နာနေရပါသည်။ တရားသူကြီးများနှင့်ရှေ့နေများ ပူးပေါင်းထားပြီး ဥပဒေကိုလက်တစ်လုံးခြား လုပ်စားနေကြပါသည်။ တရားသူကြီးနှင့် အစင်ပြေသည့် ရှေ့နေငှား၊ ငွေများများပေးနိုင်သူများ အမှုနိုင်ကြပါသည်။
တောင်ကြီး၊ရှမ်းပြည်နယ်၊ပြည်နယ်တရာလွှတ်တော်အဆိုးဆုံးဖြစ်နေပါသည်။
ပြည်နယ်ဥပဒေ အရာရှိကြီး တစ်ဦးဆိုလျှင် သူမိတ်ဆွေ အတွက် တစ်ဘက်လူများကို သူ့ရုံးခန်းခေါ်ကာ ခြိမ်းချောက်သည် အထိရှိပါသည်။
ကျွန်တော်အတိအကျ တိုင်ခြင်ပါသည်။ မည်သို့တိုင်ရမည်။မည်သည့် လိပ်စာ ကိုပို့ရမည်ကို ဖေါ်ပြပေးပါခင်ဗျား။ ကျွန်တော် ကိုယ်ရေး ရာဇ၀င်၊
နေရပ်လိပ်စာ၊များ အတိအကျ ဖေါ်ပြတိုင်ကြားပါမည်။
ဒီလိုလွတ်တော်အမတ်မျိုးလေးစားပါတယ်၊စိတ်ထားကောင်းတဲ့လွတ်တော်အမတ် များသထက်များလာရင် တိုင်းပြည်ဟာကြီးပွါးတိုးတက်မှာအမှန်ဘဲ၊
Post a Comment