ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး လူတစ်ယောက်ရဲ့ အကျင့်ဂုဏ်သိက္ခာကို တလွဲအသုံးချသလိုမျိုး မဖြစ်သင့်ဘူး၊ တဘက်ဘက် ရပ်စေချင်တယ်ဆိုတာ သူသိတယ်၊ ဘယ်ဘက်မှ မရပ်လို့ နှစ်ဘက်စလုံးက မကျေနပ်ကြဘူး၊ တကယ်တော့ တရားဥပဒေ စိုးမိုးရေး ရှိအောင် အရင် လုပ်ရမယ်၊ လူတွေ လုံခြုံမှု ရှိအောင် အရင်လုပ်ပြီးမှ တခြား ပြဿနာတွေကို ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
ရခိုင်အရေးမှာ ကြားချပြောဆိုခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် |
|
ရခိုင်တွေလည်း အရင်အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံခဲ့ရတယ်။ |
6 comments:
ရိုဟင်ဂျာလို့မသုံးသင့်ပါ
တိုင်းပြည်နဲ့လူမျိုးအတွတ်ရော၊ဒီမိုကရေစီခေါင်းဆောင်တယောက်အနေနဲ့ရောအမေစု
ပြတ်သားရမှာပါ၊ဒီလိုပြတ်သားမှု့မရှိတာတစုံတယောက်ရဲ့ပယောဂပါနေတယ်လို့ဘဲထင်
မြင်မိပါတယ်၊အနစ်၂၀ကျော်မှာအမေစုရဲ့ကောင်းတဲ့လုပ်ဆောင်မှုတွေအတွတ်ထောက်ခံ
ဂုဏ်ယူလာတာပါ။
ဒီလိုသာပြောလည်းထူးမှာမဟုတ်ဘူးဆိုပြီးပြစ်ထားမယ်ဆိုရင်အနစ်၂၀အမေစုကြိုးစားခဲ့တဲ့
NLDပါတီအတွတ်ဝေဖန်မှုတွေနဲ့အတူအများကြီးထိခိုက်မှာပါ။
မျိုးချစ်စိတ်နဲ့အာဏာရယူမှုဒီနေရာမှာကွဲသွားနိုင်ပါတယ်။
အမေစုရေ။
နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေကြား ဘယ်သူ့ကိုရွေးမှာလဲ....?
ရခိုင်အရေးမှာရိုးသားပြီးမျှတတဲ့အမေစုကိုပြည်သူတွေကအားကိုးကြတာပါ၊အမြော်အမြင်ကြီးစွာနဲ့ ကျနော်တို့ ပြည်သူတွေဖြေရှင်းနိင်ဖို့ လိုလားပါတယ်။
ရခိုင်ကိစ္စက သူ့နေရာမှာ သူ့ဖာသာဖြစ်နေတဲ့ ပြဿနာမဟုတ်မှန်း သိနေကြပါသည်။ ဂိုဏ်းတစ်ဂိုဏ်းက ကျကျနန အစီအစဉ်ဆွဲ ဖန်တီးနေတဲ့ ဇာတ်လမ်းတစ်ခုကို ဒေါ်စုအား အဖြေခက်အောင်လုပ်နေခြင်းဖြစ်ပါသည်။ ဒါကို နိုင်ငံရေးကစားကွက်ဟု ပြောရင်လည်းပြော၍ရပါသည်။ ပြဿနာ၏ အကြောင်းရင်းပေါ်ရင် ဘာလဲဆိုတာ အဖြေထွက်လာပါလိမ့်မည်။ လူ့အခွင့်အရေးအကြောင်းပြ၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကြိုးပမ်းမှုကို နှောက်ယှက်သော အရေးအခင်းဟု ခေါင်းစဉ်တပ်လိုက်ပါ။ ရှင်းပါ၏။
မိဘဆိုတာ ဒီလိုဘဲဖြစ်ရမယ်လေ။
အမျိုးသားရေးကိုအမျိုးသားရေးအမြင်နှင့်ပဲကြည့်စေလိုပါတယ် ။
တိုင်းပြည်လှုပ်လီလှုပ်လဲ့အချိန်မှာ စစ်တပ်မကောင်းကြောင်းပြောတဲ့
စကားလုံးဟောင်းကြီးကိုခဏဘေးချိတ် ပြည်ထောင်စုအတွက်ကြရောက်နေ
တဲ့အန္တရာယ် ဘယ်လိုတွေကာကွယ်လို့ ဘယ်လိုတွေပြုပြင်ကြမယ်ဆိုတာကိုသာ
တာဝန်ရှိခေါင်းဆောင်ပိုင်းတွေနဲ့ တာဝန်သိပြည်သူတွေပူးပေါင်းပြီး အကောင်းဆုံး
လမ်းကိုရွေးချယ်လျောက်လှမ်းကြမယ်ဆိုရင်....
(စစ်တပ်မကောင်းခဲ့ဘူး ၊ ဟုတ်တယ်မှန်တယ်။ ဒါတွေကိုမေ့လိုက်ကြစို့ အငြှိုးအာဃာတတွေနဲ့ ရန်လိုနေကြလျှင် သူ့မကောင်းပြောငါ့မကောင်းပြော ကြားကမြေဇာပင် တိုင်းပြည်နစ်နာလှတယ် ။ )
ရခိုမှာဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာဟာ အမျိုးသားရေးပါ ။ မှန်ကန်တဲ့ ပြုမူလုပ်ဆောင်မှုရှိတဲ့သူတွေ တရားမျှတမှုရှိတဲ့ လုပ်ဆောင်ခြင်းမျိုးတွေကိုပဲလိုလားပါတယ် ။
Post a Comment