မန္တလေး၊ နိုဝင်ဘာ ၂၆။
လက်ပန်တောင်းတောင် ကြေးနီတောင်စီမံကိန်းကိစ္စနှင့် ပတ်သက်ကာ ကန့်ကွက်သည့်အနေဖြင့်
ဆန္ဒထုတ်ဖော်သွားမည် ဟူသည့် အသံများ ထွက်ပေါ်လာသောကြောင့် မန္တလေးမြို့ရှိ တရုတ်
ကောင်စစ်ဝန်ရုံးရှေ့တွင် လုံခြုံရေးများ ချထား သည့်အထိ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကြေးနီတောင်စီမံကိန်းကိစ္စအား မန္တလေးမြို့ရှိ အဖွဲ့အစည်းအချို့နှင့် အမျိုးသမီးကွန်ယက်တို့
ပူးပေါင်းကာ ယနေ့ နေ့လည်၂နာရီတွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဟု သတင်းများထွက်ပေါ်
လာခဲ့သဖြင့် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည်ဟု ပြောဆိုသော ဗကသအဖွဲ့များထံသို့ မေးမြန်းခဲ့သော်လည်း ၎င်းတို့
သိရှိခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မျိုးသန့် (မြန်မာ့ခေတ်)

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ လုံခြုံရေး ချထား
Reviewed by သစ်ထူးလွင်
on
21:29
Rating:
No comments:
Post a Comment